Home

ဆရာဇော်ဂျီဆုံးမခဲ့တဲ့ စာပေလောက သြ၀ါဒကဗျာ

“စာပေလောက၊ ကျယ်ပြောလှ၏
သူကတဖြာ၊ ငါက တဖုံ
ထုံတတ်သည်မှာ၊ ဓမ္မတာတည့်။

အထုံအဖီ၊ စုံညီအတွဲ
ရှိစမြဲတည့်။

ငါစွဲမသို၊ ကိုယ်စွဲမထား
စာပေအားသာ၊ ပွားပါစေချင်
တိုးစေချင်သည်
ငါ့တွင် ဆန္ဒကြီးနိုင်မှ ..” တဲ့..။

ဆရာဇော်ဂျီဆုံးမခဲ့တဲ့ စာပေလောက သြ၀ါဒကဗျာပါ။ ကျယ်ပြောလှတဲ့ စာပေလောကကြီးထဲမှာ အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး ထွေပြားပွားများတတ်ကြတာ ဓမ္မတာထုံးစံပဲ ဖြစ်ပါတယ်။

အလိုတူတာလည်းရှိ၊ ဖီလာဆန့်ကျင်ဖြစ်တာလည်း ရှိပါတယ်။

ဘာပဲပြောပြော “ငါစွဲ” ကိုဖြုတ်ဖို့လိုပါတယ်။ ငါလုပ်သမျှ ဟုတ်ရမယ်။ ငါကြံသမျှမှန်ရမယ်ဆိုတဲ့ ငါစွဲ အတ္တစွဲ တင်းလင်းခံနေရင် အမှန်ကိုရောက်မှာ မဟုတ်ပါ။ ငါစွဲ အတ္တစွဲဖြုတ်ပြီး အဟုတ်အမှန်ကို မြင်အောင်ရှုတတ်မှသာ နေရာကျပေမယ်။

နေရာခပ်သိမ်းမှာ ငါစွဲအတ္တ ကြီးမားနေကြတဲ့အတွက် ဒိဋ္ဌဓမ္မကို မမြင်နိုင်ဘဲ လမ်းလွဲ လမ်းမှား ရောက်သွားကြရခြင်း ဖြစ်ပါတယ်။

ငါတလုံးနယ် အနှုန်းကျယ်နိုင်ပါပေ့။

(၂)
ငါစွဲကိုမြင်နိုင်ဖို့ ခက်ခဲတယ်။ သိမ်မွေ့လွန်းသဖြင့် ငါမဏ္ဍိုင်စိုက် အမှောင်တိုက်ဖုံးနေတာကို မမြင်နိုင်။ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာမတွေ့နိုင်ဖြစ်တတ်ပုံကို တခါက ဒီလိုကဗျာဖွဲ့ခဲ့ဖူးပါတယ်။

“ငါစွဲမရှိ ငါက၀ိ” ဆိုတဲ့ကဗျာမှာ …

“ငါစွဲကို ငါပယ်
ငါနှယ်လူမရှိ
သူတကာ ငါ ... ငါစွဲတာ
ငါပဲမြင်၏” တဲ့။

ငါစွဲကို ငါသာလျှင်ပယ်နိုင်တယ်။ ငါစွဲကို ပယ်နိုင်စွမ်းရှိတဲ့ ငါလိုလူ ဇမ္ဗူမှာ ရှိနိုင်ရိုးလား။ တပါးသူငါတွေ ငါစွဲအတ္တ ကြီးမားနေတာတွေကို ငါပဲမြင်နိုင်စွမ်းရှိတယ်။ ငါဆိုတဲ့အကောင်ဟာ အဲသည်လောက် ဥာဏ်မြင်ကြီးမားတဲ့ ပုဂ္ဂိုလ်ဟာ ငါကိုယ်ပါကလားနော် … လို့ လှောင်ရယ် ရယ်မိတဲ့ ကဗျာပါ။

မြန်မာနိုင်ငံသားတွေ ရပ်ခြားမြေခြားမှာ အသင်းအဖွဲ့ဖွဲ့လေတိုင်း တွဲရင်ခဏ၊ ကွဲတာ ထာဝရလို ဖြစ်နေတာ။ မြန်မာ့သဘာဝလို့ဆိုချင်စရာ။

“ငါနှင့်ငါသာ နှိုင်းစရာဟု
ပညာမုန်ယို၊ အရွယ်ပျိုက
မဆိုစလောက်၊ မာန်စောင်မြောက်၍
နှုတ်ငေါက်လွန်မိ၊ ဒေါသရှိ” လို့ …
ရှင်မဟာရဋ္ဌသာရက မိမိရဲ့မာနကို သတိရနှိမ့်ချပြီး ကန်တော့ပန်း ဆင်ခဲ့ဖူးပါတယ်။ ပညာရှိပီသလှပါတယ်။

“ငါသာ ငါ့ထက်၊ မာန်မတက်နှင့်
အထက်နေမင်း၊ လေးကျွန်းချဉ်းလည်း
မလင်းတိမ်တိုက်၊ တကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ ဤအရာကို
ပညာရှိက၊ သတိရလိမ့်” လို့ …

ရှင်မဟာသီလ၀ံသဆရာတော်က အမြော်အမြင်ရှိရှိ ဆုံးမခဲ့ဖူးပါတယ်။ အတ္တမာန ဟုန်းဟုန်းထနေတဲ့ သူတွေ သတိရစရာဖြစ်ပါတယ်။

ထောင်ထဲမှာ “မာန်တက်တယ်” ဆိုတဲ့စကား အသုံးတွင်ကျယ်လှပါတယ်။ အရာရာမှာ တက်လာတတ်တဲ့ မာန်စွယ်ကို သတိပြုဖွယ်အသုံးအနှုန်းမို့ နှစ်သက်ဖွယ်ကောင်းလှပါတယ်။

“ငါစွဲ အတ္တ၊ မာန်နှိမ့်ချလျက်
လောကချမ်းသာ၊ ငါချမ်းသာလိမ့်။
ငါသူတပါး၊ လူအများတို့
တသားတည်းပင်၊ သွေးစိတ်ဝင်လျက်
ချစ်ခင်ကြင်နာ၊ လက်တွဲပါမူ
ငါကောင်း သူကောင်း၊ အများကောင်းလိမ့်။
ပေါင်းဖော်များစွာ၊ လူ့ကမ္ဘာကို
စုကာဖန်တီး၊ ဥာဏ်ဆီမီးဖြင့်
ခရီးရှေ့သို့၊ တက်ကြစို့ …” လို့ …

တယောက်တလက် လက်ချင်းဆက်ပြီး လူ့လောကတည်ဆောက်ကြဖို့ လှုံ့ဆော်ရေးသားမိပါတယ်။
လက်တချောင်းနဲ့ ဓားကောင်းကိုဆုပ်ကိုင်နိုင်မယ်မဟုတ်။ နှမ်းတလုံးတည်းနဲ့ ဆီရွှဲရွှဲဆမ်းလို့မရနိုင်။

“ငါမပါ၊ ဘယ်ဟာမှ မပြီး၊
ငါပါပြန်တော့လဲ
ဘယ်ဟာမှ မပြီး”
ဆိုတဲ့ ခေတ်သုံးဆိုရိုးစကားလို အမှားကိုမြင်ပြီး စိတ်ယဉ်အောင် ဆုံးမနိုင်မှ နှလုံးလှနိုင်မှာ မုချ။

ခေတ်သီချင်းတပုဒ်မှာ “အတ္တက တောင်လိုမှောက်၊ ကမ္ဘာကြီးဟာ မီးလိုတောက်” လို့ဆိုသံကို ကြားလိုက်ရဖူးပါတယ်။ မှန်လိုက်ပလေ ဟုတ်ပလေ။ ဒီနေ့ ကမ္ဘာကြီးတခုလုံးမှာ မငြိမ်းနိုင် မသိမ်းနိုင် အောင် တောက်လောင်နေတဲ့ မီးတောက်မှာ အတ္တမီးတောက် မဟုတ်ပါလား။ ။

“ပတ္တမြားရွှေဂူ” ( မန်လည်ဆရာတော် )

ပြစ်မရှိ ပြစ်ရှာ။
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်လည်း။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။ ။

မန်လည်ဆရာတော်

ကာတွန်း ဦးဘဂျမ်းရဲ့ ရှားရှားပါးပါး ရှုမ၀ နှစ်တစ်ရာပြည့်မှာ ဖော်ပြထားတဲ့ အချစ်ကြောင့်ဆိုတဲ့ ၀တ္ထုရှည်

ဒေါ်အုံးမြသည် မညီမညာလောင်ကျွမ်းသော ဆေးပေါ့လိပ်ကို တံတွေးဖြင့်တို့ ရင်း ပြတင်းပေါက်တွင် ကျောက်တိုင်ကျောက်ရုပ်ပမာ မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေသော မောင်နိပ်အား လှမ်း၍ကြည့်လိုက်လေဧ။် ။ သွပ်ခေါင်ပေါ်မှ တံစက်မြိတ်ပေါ်သို့ တဖြောက်ဖြောက်ကျရောက်လျက်ရှိသော နှင်းပေါက်တို့ဧ။်
အသံမှတပါး ထူးထူးခြားခြားတိတ်ဆိတ်လျက်ရှိပေဧ။် ။ အားနည်းသောနေရောင်ခြည်ကို ဖြတ်လျက် ၀င်းဝင်းလက်လက် ခေါင်ပေါ်မှ ဆင်းသက်လျက်ရှိသော ဆီးနှင်းပေါက်များကို အတန်ကြာ စူးစိုက်ကြည့်ရှုနေရာမှ တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်ချလိုက်သကဲ့သို့ သက်မကြီး ရှူ၍ထုတ်လိုက်ကာ မျက်နှာကို မလှည့်ဘဲ "ကဲ....မေမေရယ် တစ်ယောက်တည်းနေခဲ့ပါပီတဲ့။ဘာများ စိတ်မချစရာရှိသလ"ဲ ဟု ခပ်လေးလေး မေးလိုက်လေဧ။် ။

ဒေါ်အုံးမြဧ။် ထူထပ်သော မျက်ခုံးများမှာ အံ့သြသောအမူအရာဖြင့် အထက်သို့ ညီညီညာညာ မြင့်တက်၍သွားကြလေဧ။် ။
"မေးမှ မေးပလေကွယ်၊ မင်းတစ်ယောက်တည်း တစ်လကိုးသတင်း ပစ်ထားခဲ့လို့ဖြစ်နိုင်ပါ့မလား၊ ထင်သလိုနေ၊ထင်သလိုစားပြီး မတော်တဆဖျားနာနေရင် မခက်ပါလား"
"ဒါတော့ မေမေရယ်...၊ကလေးသူငယ်မှ မဟုတ်ဘဲ၊နားမလည်ဘဲ နေပါ့မလား၊ ဒီအသက်ဒီအရွယ် အသက်ပဲ သုံးဆယ်ကျော်မှ မအေခရီးသွားလို့ သူများအိမ်မှာ အပ်ထားခဲ့ရတယ်ဆိုတာ လူကြားရင်တောင် ရှက်စရာကောင်းလှတယ်"
"အံမယ် ဘယ်သူ့ ရှက်ရမှာလဲ၊ကိုယ့်ဘကြီးအိမ် ကိုယ်သွားနေတာ၊ ဘယ်သူက ဘာပြောဦးမှာလဲ၊
ကဲပါကွယ်....လျှာရှည်မနေစမ်းပါနဲ့ ၊ မင့်ဘကြီးနဲ့ ကြီးတော်ကိုလဲ ငါပြောပြီးပါပြီ၊ မနက်ဖန် ခုနစ်နာရီခွဲရထားကို မေမေတို့ လိုက်ပို့ ပြီး မင့်ကြီးတော်တို့ အိမ်ကို တစ်ခါတည်းသွား၊ အိမ်ကို တစ်ခါထဲ သော့ခတ်ထားခဲ့မယ်၊ဟိုကပဲနေပြီး အလုပ်တက်၊ ငါလဲ မင့်ဒေါ်လေးနေကောင်းလို့ ရှိရင် ချက်ချင်း ပြန်ခဲ့မှာပဲ"

မောင်နိပ်ဧ။်မျက်နှာမှာ စိတ်ပျက်လှသော အမူအရာဖြင့်သိသိသာသာရှုံမဲ့သွားလေဧ။် ။ "သိပ်ခက်တာပဲဗျာ"ဟု လေရှည်ဆွဲ၍ ညည်းလိုက်ရာ ဒေါ်အုံးမြဧ။်မျက်နှာ မှာအနည်းငယ်ပြုံးသလို ဖြစ်လာ၍လာကာ "ဒါကြောင့်မေမေပြောတာ၊ သူများတကာမှာ ဒီအရွယ်ဆိုရင် သားနဲ့မယားနဲ့ တင့်တင့်တယ်တယ်ဖြစ်နေကြပြီ၊ မင့်မှာတော့ ကြည့်စမ်း၊
ဘယ်လမ်းသွားသွား စိတ်မချစရာ၊တကယ်လို့သာ မင့်မှာ အိမ်ထောင်ရက်သားနဲ့ ဆိုရင်၊ ဘာ...မေမေ ပူစရာရှိမလဲ၊ ဘယ်သွားသွား" ဟု စကားမဆုံးမီ ပြတင်းပေါက်ကို မျက်နှာမူနေရာမှ ချာခနဲလှည့်လိုက်ကာ "တော်ပါ...မေမေ့မှာဖြင့် တစ်ခါလာဒါပဲ၊တော်တော်ကြာရင် ဟိန္ဒူနဲ့  မူစလမန်တွေမတည့်တာဟာ ကျွန်တော်သားမယားမယူတဲ့အတွက်ကြောင့်လို့  မေမေပြောဦးမယ်"

ဒေါ်အုံးမြမှာ အသံထွက်အောင် ရယ်မိလေဧ။် ။
"ငါက အကောင်းပြောတာဟဲ့"
"တော်ပါ မေမေရယ်...၊မေမေပြောတဲ့ဟာတွေနဲ့ဖြင့် အေးအေးပဲနေပါရစေ"
" မင်းတစ်သက်လုံး ဒီလိုပဲနေမှာလား"
"တစ်သက်လုံးတော့ ဘယ်ဒီလိုနေမှာလဲ မေမေ၊ ကျွန်တော် ယူချင်တဲ့ တစ်နေ့ ကျတော့ ယူမှာပေါ့၊ အဲဒီတော့ကျမှ မေမေသဘောတူတဲ့ဟာတွေနဲ့ဘယ်လောက်ကွာတယ်ဆိုတာ ကြည့်ပေတော့"
"ယူပါမောင်...ယူပါ၊ကြည့်လိုက်ဦးမယ်၊ ရွေးအားကြီးတော့သာ..."
"အမေပြောတဲ့ဟာတွေထက်တော့သာမှာပါပဲဗျာ" ဟု စကားမဆုံးမီ ခပ်မြန်မြန် ၀င်၍ပြောလိုက်လေဧ။် ။ မခံချင်သဖြင့် ပြောလိုက်ရသော်လည်း မောင်နိပ်အဖို့ ကား လုံးလုံးလျားလျား ကြွားလုံးမျှဖြစ်ပေဧ။် ။ အသက်သုံးဆယ်ကျော် ခဲ့သော်လည်း ရည်းစားဟူ၍ တစ်ယောက်တစ်လေမျှမရှိ။
စိတ်လည်း မကူးခဲ့သော မောင်နိပ်သည် ရည်းစားမထားလို၍လည်းမဟုတ်။ အချစ်အတွက်နှင့် ပတ်သက်၍ စိတ်မကူးချင်၍လည်းမဟုတ်၊ မိန်းကလေးမြင်လျှင်ကြောက်ချင်သော သဘော၊ တွေ့ လျှင် မျက်နှာချင်းဆိုင်ဝံ့သော သတ္တိမရှိခြင်းကြောင့် ဖြစ်ဧ။် ။
မိန်းကလေးများသောနေရာဆိုလျှင် ရှောင်နိုင်သမျှ ရှောင်ဧ။် ။ မိန်းကလေးထိုင်သော ဈေးဆိုင်ကိုပင် ၀င်၍မ၀ယ်ဝံ့။ တစ်ခါတစ်ရံမှား၍၀င်မိလျှင် စကားပြောတွေ
အမှားမှား အယွင်းယွင်း ဖြစ်ကာ လိုချင်တာတစ်မျိုး ပြောမိကာ မျက်နှာပျက်ပျက်နှင့် မလိုချင်သော ပစ္စည်းကိုဝယ်ကာ ဆိုင်တွင်းမှ ကတိုက်ကရိုက် ထွက်ခဲ့ရသည်မှာလည်း အခါပေါင်းများပေပြီ။ မောင်နိပ်အဖို့ ကား သားမယားယူဖို့ ကိစ္စတွင် ကြားလူဝင်၍ မဆောင်ရွက်ပါက ဤတစ်သက်တွင်မက နောင်ဆယ်သက်တိုင်အောင် သောင်ပြင်တွင် စိုက်သောငုတ်ကဲ့သို့ ငှက်မနား၊လူမလှုပ်၊ခပ်ကုတ်ကုတ်ပင်၊တစ်ကိုယ်တည်း နေရတော့မည်မှာ မြေကို လက်ဖြင့်ပုတ်ခြင်းက လွဲနိုင်စရာအကြောင်း ရှိပေဧ။် ။

"ကဲပါကွယ် ငါပြောတာတွေထက် သာတယ်ဆိုရင်လေ မေမေက ငါ့ချွေးမကလေးကို ကလပ်ပေါ်တင် စိန်တွေဝေနေအောင်ဆင်ပြီး ဟောသလို...ဖူး..ဖူး..၀ူး..၀ူးနဲ့
မှုတ်ထားပါ့မယ်"ဟု လက်ဟန်ခြေဟန်နှင့် ပြောလိုက်ရာ မောင်နိပ်ဧ။် မျက်နှာမှာ ပြုံး၍လာရာမှ သွားများဖြီးလျက် "ဟီး..ဟီး"ဟု အသံထွက်မိလေဧ။် ။
ဒေါ်အုံးမြသည် ကုလားထိုင်ပေါ်မှ ထရင်း "ကဲ..ထမင်းမစားခင် အလကားနေမဲ့အတူတူ မင်းကြီးတော်တို့ အိမ်ကို ယူဖို့  အ၀တ်အစားတွေဘာတွေ သွားပြင်၊ မေမေလဲ နက်ဖန်သွားဖို့ အတွက် ပြင်ရဆင်ရဦးမယ်.."ဟု ပြောလိုက်မှ ပြောင်းရွှေ့ ရမည့် ကိစ္စကိုပြန်၍ သတိရကာ..."ဟာဗျာ...ဘကြီးတို့ အိမ်မှာနေရတာ ကျွန်တော်ဖြင့် နေကိုမနေချင်ဘူး၊ သိပ်စိတ်ညစ်စရာကောင်းတာပဲ..."
"ဘာဖြစ်လို့ လဲကွယ် ငါ...ပြောထားပြီးပါပြီ၊ အစ်မကလဲ ၀မ်းသာလို့ ..၊မင်းဘကြီးကလဲ ဒီနေ့ လာပါစေလားတဲ့..."
"အဘိုးကြီးကလား..ဟီ..ဟိ"
"ဘာလဲဟဲ့...အဘိုးကြီးက သူ့ ဘာသာ အေးဆေးနေတာပါ"
" အံမာ..မေမေကလဲ အသိသားနဲ့ ..အဘိုးကြီးက သိပ်ဆူတဲ့အဘိုးကြီးဗျ၊နာမည်ကသာ ဦးအေး.. လူကမီးခဲထက်ပူသေးတယ"်
ဒေါ်အုန်းမြသည် မသိမသာပြုံးရင်း "မင်းတို့ ဒါတွေခက်တာပဲ...ဆူတယ်ဆိုတာ မင်းတို့ အတွက် ပူလို့ ဆူတာ.. အသက်ကြီးလာတော့ နေရာတကာမှာ ပူပင်တတ်တယ်ကွဲ "့
"ခက်တာပဲဗျာ..၊ကဲပါလေ...မေမေ ဒါလောက်နေစေချင်ရင်လဲ...နေခဲ့တာပေါ့.."ဟု ညည်းညည်းညူညူ ပြောဆိုလိုက်ရာ
"ဒေါ်အုံးမြမှာ မေမေလဲများများ မကြာပါဘူးကွယ်၊လေးငါးဆယ်ရက်ပေါ့"ဟု ပြောဆိုကာ အခန်းတွင်းမှ ထွက်မည်ပြုစဉ်
မောင်နိပ်မှာ တစ်စုံတစ်ရာကို ရုတ်တရက် သတိရသကဲ့သို့ မျက်လုံးမျက်ဆန်များ ပြူး၍သွားကာ "ဟာ...နေဦးမေမေ၊နေပါဦး၊ မဖြစ်ဘူးထင်တယ်၊ ဟိုအိမ်မှာ ဧည့်သည်တွေရောက်နေတယ်လို့ မနက်က မဏိပြောသွားတယ်"ဟု အရေးတကြီးပြောလိုက်သော်လည်း ဒေါ်အုန်းမြက ပေါ့ဆဆမျက်နှာထားဖြင့် "သြော်..မမမြင့်တို့  သားအမိတစ်တွေလား..၊ဟဲ့..ဒါ..ဧည့်သည်မှမဟုတ်ဘဲ၊ငယ်ငယ်ကတည်းက ညီအစ်မလိုနေလာတဲ့လူတွေ..၊မတွေ့ တာကြာလို့  ဘုရားလဲဖူးရင်း ခဏအလည်လာတာပါ..၊ကြာလှရင် သုံးလေးရက်ပေါ့ကွယ်..."
"မဏိပြောတော့ အပျိုတွေပါတယ်ဆိုပဲ၊အဲဒါက ခက်တယ် သူတို့ သွားကြမှာပဲ ကျွန်တော်ပြောင်းမယ် မေမေ၊ ကျွန်တော်ရောက်သွားရင် သူတို့ တွေအနေရအထိုင်ရ ကြပ်ကုန်မယ်"

မောင်နိပ်ဧ။်အကြောင်းကို ကောင်းကောင်းသိသဖြင့် ပြုံးရယ်ကာ "ကိစ္စမရှိပါဘူးကွယ်..အပျိုတွေ အများကြီး မဟုတ်ပါဘူး၊တစ်ယောက်တည်းပါ၊ကြာကြာနေမှာမှ မဟုတ်ပဲ၊ကဲပါကွယ်..သွားပါ၊ပြင်စရာဆင်စရာတွေ ပြင်ချေပါ "ဟုပြောဆိုကာ နောက်ထပ် စောဒကမတက်ရန် ခပ်မြန်မြန် ဧည့်ခန်းထဲမှ ထွက်၍ အပေါ်ထပ်သို့  တက်သွားလေဧ။်

ဦးအေးဧ။် ဇနီး ဒေါ်အုံးလှသည် ၀မ်းသာအားရ စားပွဲမှထရင်း သားရေအိတ်တစ်လုံးဆွဲဝင်လာသော မောင်နိပ်အား"...ရထားထွက်သွားပလားဟေ့..၊ကဲ..လာ...ကာဖီသောက်ဦးဓဟဲ့ မဏိရေ..ဟောဒီ မောင်နိပ်ရဲ့ သားရေအိတ်ကို
အပေါ်ထပ် မနေ့ က မင်းတို့  ရှင်းထားတဲ့အခန်းကို ပို့ လိုက်၊ငါတောင် ဘူတာရုံလာမလို့ ဟာ မအားနိုင်တာနဲ့  မရောက်တော့ဘူး၊နေရာကို ချောင်ချောင်ချိချိရရဲ့လား" ဟု ပြောဆိုကာ ကော်ဖီခရားကို ငှဲ့ သဖြင့် "ကျွန်တော်မသောက်တော့ဘူး ကြီးတော်...ဘူတာရုံကသောက်ခဲ့ပါပြီ၊ မေမေတို့ လဲ နေရာကောင်းရသွားပါတယ်.." ဟုပြောဆိုရင်း ဦးအေးဧ။်အနီးတွင်
ပေါင်မုန့် ထောပတ်သုတ်တစ်ချပ်ကို ၀ါးကာ ပြူးကျယ် စူးရှသော မျက်လုံးကြီးများဖြင့် စူးစူးဝါးဝါး မိမိအား ကြည့်နေသော ကလေးမကလေးတစ်ယောက်ကို တွေ့ ရသဖြင့် "သူက ဘယ်ကလဲ.."ဟူသော မျက်နှာထားဖြင့် ဒေါ်အုံးလှအား
လှမ်း၍ ကြည့်လိုက်ဧ။် ။

"ဒါက ချစ်ချစ်ကွဲ့ ..၊မမမြင့်ရဲ့ သမီးအငယ်၊သူတို့ လဲ အလည်ရောက်နေကြတယ်"
"မလှ..မြောက်ဘက်ကအခန်းကိုရှင်းထားရဲ့မဟုတ်လား"ဟု ကော်ဖီသောက်ရင်း ဦးအေးက လှမ်း၍မေးလိုက်လေဧ။် ။
"ရှင်းထားပါတယ်..၊မနေ့ ကတည်းက မဏိနဲ့ ဘဌေးက ရွှေ့ စရာရှိတာတွေ ရွှေ့ ၊ အေးစိန်က တံမြက်စည်း လှဲ ရှင်းလို့ ပါပဲ"

မောင်နိပ်သည် ဦးအေးဧ။်ဘေးတွင်ထိုင်နေသော ချစ်ချစ်အား နောက်တစ်ခါ ထပ်၍ကြည့်လိုက်လေဧ။် ။
အသက်မှာ ငါးနှစ်ကျော် ခြောက်နှစ်၊အသားညိုညို၊နဖူးမောက် နှာတံတို၊ဇီးကွက် နီးနီး ၀ိုင်းစက်သော မျက်လုံးကြီးများဖြင့် ပင်ကိုလည်းမလှ ဆင်လိုက်ပြင်လိုက်လျှင်လည်း သာလွန်၍ဂွကျမည့် ကလေးမပေတကား ဟု စဉ်းစားမိလေဧ။်

"ကဲ..ကော်ဖီမသောက်ချင်ရင်လဲ မင်းအခန်းကိုသွား၊ရေမိုးချိုးပြီး အ၀တ်အစားလေးဘာကလေးလဲ၊ကိုးနာရီခွဲလောက်ကို "ထမင်းစားရအောင်၊ ဟဲ့..မဏိ၊မောင်နိပ်ကို သူ့ အခန်းလိုက်ပြလိုက"် ဟု ဒေါ်အုံးလှက ပြောသဖြင့် မဏိနှင့်အတူ အပေါ်ထပ်သို့ တက်ခဲ့လေဧ။် ။
"ဟောဟိုဘက် အခန်းပဲ..အစ်ကိုကြီးဖို့ ၊မနေ့ က ကျွန်တော်တို့ ရှင်းထားတာ" ဟု မဏိကပြောသဖြင့် အစွန်ဆုံး
အခန်းဘက်သို့ လျှောက်ခဲ့ရင်း..

"မင်းပြောတဲ့ ဧည့်သည်တွေကကော ဘယ်အခန်းမှာလဲ"ဟု မေးလိုက်ရာ မဏိက ပါးစပ်ဟကာ လက်ဖြင့်ကာရင်း
"ခပ်တိုးတိုး...အစ်ကိုကြီး၊ဟောဟိုအခန်းထဲမှာ ဘုရားသွားကြမလို့  အ၀တ်အစား လဲနေကြတယ်၊ သိပ်နိပ်တာပဲ အစ်ကိုကြီးရာ၊
ချောတာမှ တကယ်ချောတာ.."ဟု လေသံဖြင့်ပြောရင်း မောင်နိပ်အတွက် သီးသန့် ထားသော အခန်းတွင်း သို့ ဝင်မိကြသဖြင့်
တော်ပါကွာ၊အောက်ထပ်မှာ အငယ်မကလေးကို တွေ့ ခဲ့ပြီးပါပြီ ဟု ပြောရင်း သားရေအိတ်ကို ဆွဲ၍ ဖွင့်လေဧ။်

မဏိမှာ ဘေးမှ ရပ်၍ကြည့်နေရာမှ "ဘာဟုတ်မလဲ အစ်ကိုကြီးရယ်၊ အငယ်ကလေးက သရဲမပဲ၊ သူ့ အစ်မနဲ့ တော့ ကွာချင်တိုင်း ကွာပါတယ်၊တော်တော်ကြာတော့ မြင်ပါလိမ့်မယ်"ဟု ပြောဆိုကာ အောက်ထပ်သို့  ဆင်းမည် ပြုပြီးမှ မောင်နိပ်က "နေပါဦးကွ၊သူတို့ က
ဘယ်တော့သွားကြမှာလဲ၊ဒီမှာ ဘယ်လောက်ကြာမှာလဲ"
"သိပ်ပြီးကြာမယ်မထင်ဘူး"
"ကောင်းပါလေ့ကွာ၊ မြန်မြန်ကြွကြပါစေ"

မဏိကား ဘာမျှပြန်မပြောဘဲ သားရေအိတ်ထဲမှ အ၀တ်အစားများကို ဆွဲထုတ်နေသော မောင်နိပ်အား အတန်ကြာ ကြည့်၍နေလေဧ။် ။ မောင်နိပ်ကား ကိုယ်လုံးကိုယ်ပေါက်ထွားထွား၊အသားညိုသော်လည်း ပင်ကိုယ်ရုပ်မခေလှ၊မျက်လုံးမျက်ဖန် နှာတံမှစ၍ မချောသော်လည်း အရုပ်မဆိုးလှ။ ယောကျာ်းပီပီသသ ကြည့်ကောင်း၍ ကောင်းသူတစ်ယောက်ဖြစ်သဖြင့် မိမိသာ လှော်ရလျှင် မကော်နိုင်စရာ အကြောင်းမရှိဟု စဉ်းစားမိကာ ပညာရှိတို့ ဧ။် ပြုံးခြင်းဖြင့် ပြုံးလိုက်ရာ ကျယ်လှသော ပါးစပ်ကြီးဧ။် ထောင့်နှစ်ဖက်မှာ
နားရွက်နှစ်ခုကို ထိလုမတတ်ဖြစ်၍သွားလေဧ။် ။ မဏိကားငယ်စဉ်ကပင် ထွားလွန်းအားကြီးသော ဦးခေါင်းကို အစွဲပြုကာ မဏိဟူသော
ဘွဲ့ ထူးဖြင့် ချီးကျူးခြင်းကို ခံခဲ့ရသူဖြစ်ပေရာ ခေါင်းကြီးသလောက် အကြံအစည်တွေ မှိုပေါက်သလိုများလှရကား ဤမျှကြီးမားသော ခေါင်းထဲမှာပင် မထားလောက်သဖြင့် ရံဖန်ရံခါ ဘဌေးနှင့်အေးစိန်အား မျှတပေးဝေခဲ့ရဧ။် ။ အစေအပါးချင်းတူသော်လည်း မဏိမှာ ဘဌေးနှင့် အေးစိန်တို့ ဧ။် က၀ိတစ်ဆူမက ဗဟုသုတပဒေသာပင်ကြီးပင် ဖြစ်ပေဧ။် ။ ဦးခေါင်းကြီးသလောက် မဏိဧ။် ပါးစပ်မှာ မြင်သူတကာ အံ့သြလောက်စရာ ပါးစပ်ဖြစ်ပေဧ။် ။ သဘောကျ၍ ပြုံးလိုက်သောအခါ ပါးစပ်ထောင့်နှစ်ခုမှာ နားရွက်များနှင့် ထိလုမတတ် ဖြစ်၍သွားတတ်ဧ။် ။အားရပါးရရယ်လိုက်သော အခါမူကား မဏိဧ။် မျက်နှာမှာ ထက်ခြမ်းကွဲ၍ သွားမည်လောဟု
စိုးရိမ်မကင်းစရာပင် ဖြစ်လေသည်။ လက်သီးဆုပ်၍ ပါးစပ်တွင်းသို့ ချောင်ချောင်ချိချိသွင်းနိုင်၍ ဤကဲ့သို့  ပြုလုပ်နိုင်သူမှာ သေနတ်နှင့် ပစ်လျှင် မီးမကူးနိုင်ဟု ပြောဖူးရာ ဘဌေး
အဖို့ ကား မဏိမှာ ဧရာမလူစွမ်းကောင်းကြီး ဖြစ်၍နေလေဧ။် ။

"ကြည့်ကြသေးတာပေါ့ အစ်ကိုကြီးရာ၊ နောင်တော့သာ.."ဟု စကားကို အဆုံးမသတ်ဘဲ ပြုံးလျက်
အခန်းတွင်းမှ ထွက်ခွာ၍ သွားလေဧ။် ။
မောင်နိပ်သည် ရေချိုးဆင်းစဉ် တစ်ခါ၊ အပြန်တစ်ကြိမ် အိမ်ပေါ်ထပ် ခန်းမကြီးကိုရောက်တိုင်း ဧည့်သည်များနှင့် တွေ့ မည် စိုးသဖြင့် မိမိ အခန်းသို့ ရောက်အောင် ခပ်မြန်မြန် လျှောက်မိလေဧ။် ။
အ၀တ်အစားများ လဲလှယ်စဉ် အပြင်မှ တံခါးကို ညင်သာစွာ ခေါက်လိုက်သဖြင့် ဖွင့်လိုက်ရာ မဏိကို တွေ့ လေဧ။် ။ မဏိသည် အလုပ်သွားရန် အ၀တ်အစား လဲလှယ်ထားသော မောင်နိပ်အား သဘောကျသော မျက်နှာထားဖြင့် စကားမပြောဘဲ ခဏမျှ ကြည့်နေပီးနောက် "အောက်ကခေါ်နေတယ်၊ထမင်းစားဖို့ လာပါတဲ့"
"အေး..အေး လာပြီ ဟု ပြောလိုက်ပြီးမှ ဟ...နေဦး၊ ဧည့်သည်တွေကော စားပြီးကြပလား.."
"ဘယ်စားဦးမလဲ အစ်ကိုကြီးရဲ့၊တစ်ဝိုင်းတည်း စားကြတာပဲ"
"မဖြစ်ဘူး၊ ငါအလုပ်တိုင် ကျမှပဲ စားတော့မယ်၊ ခုဘူတာရုံက မုန့် တွေ စားခဲ့လို့  ရင်ပြည့်နေတယ် ပြောလိုက်"
"မဟုတ်တာ အစ်ကိုကြီးရာ၊နောက်တော့လဲ တစ်ဝိုင်းတည်းဝင်စားရမှာပဲ၊ မထူးပါဘူး၊သူတို့ ဒီမှာနေသရွေ့ ဒီလိုပဲ မစားဘူးဆိုပြီး ရှောင်နေလို့ ဖြစ်နိုင်ပါ့မလား"

မောင်နိပ်မှာ အတော်ကြာ တွေ၍ နေလေဧ။် ။ မဏိ ပြောသောစကားမှာ အမှန်ပင်ဖြစ်သော်လည်း တစ်ခါမှ မမြင်ဖူးသော မိန်းမပျိုတစ်ယောက် ပါဝင်သော ထမင်းပွဲတွင် ၀င်၍စားရမည်မှာ အစဉ်းစားရ အတော်ခက်သော ပြသနာ တစ်ရပ် ဖြစ်၍နေသဖြင့် စိတ်ရှုပ်၍သွားကာ "သွားကွာ..ပြောသာ ပြောလိုက်စမ်းပါ၊နောက်မှ ငါကြည့်ပြီး လုပ်ပါ့မယ်"ဟု ဆိုသဖြင့် မဏိမှာ မကျေနပ်သော မျက်နှာဖြင့် ထွက်ခွာသွားလေဧ။် ။
အတန်ငယ်ကြာမှ အောက်ထပ်သို့  ဆင်းခဲ့ရာ ထမင်းစားခန်းသို့ ဝင်မည့်ဆဲဆဲ လုပ်နေသော ဦးအေးနှင့် ပက်ပင်းပါ တွေ့ လေဧ။် ။
"ဟေ့..လာ..ထမင်းစားမယ်လေ"
"ကျွန်တော် မစားတော့ဘူး ဘကြီး"
"ဟ...ဘာဖြစ်လို့ လဲ"
"ရင်နည်းနည်း ပြည့်နေလို့  ဘကြီးရဲ့ "
ဦးအေးအဖို့ ကား သတင်းကောင်းတစ်ခုကို ကြားသဖြင့် ကိုယ့်နားကို ကိုယ် မယုံနိုင်သကဲ့သို့  "ဘာပြောတယ်" ဟု ထပ်၍မေးလိုက်လေဧ။် ။
"ရင်ပြည့်နေလို့ ..ဘကြီး"
ဦးအေးဧ။် မျက်နှာကား ၀င်းထိန်၍ သွားလေဧ။် ။
"နေရာကျသကွာ၊ အဆင်သင့်လိုက်တာ၊ ကဲ..လာ လာ" ဟု ပြောပြောဆိုဆို လက်ကို အတင်းဆွဲကာ ထမင်းစားခန်းသို့  ခေါ်သဖြင့် မောင်နိပ်တွင် အံ့အားသင့်သော မျက်နှာဖြင့် ပါသွားလေဧ။် ။
ထမင်းပွဲတွင် အားလုံးအဆင်သင့် ထိုင်မိကြပြီ ဖြစ်သဖြင့် ဦးအေးက ဆွဲလျက် အခန်းတွင်းသို့  သွင်းလာသော မောင်နိပ်အား ၀ိုင်း၍ ကြည့်ကြလေဧ။် ။
ဝင်လျှင် ၀င်ချင်း ကြော့ကြော့ရှင်းရှင်း ကြည်ကြည်လင်လင် လှပသော မိန်းမပျိုဧ။် မျက်နှာကို မြင်လိုက်ရာ ရင်ထဲ ဖိုခနဲဖြစ်၍သွားကာ မျက်နှာ မထားတတ်ဖြစ်လျက် အနေရခက်နေစဉ် ဒေါ်အုံးလှက စတင်၍ "ဟောဒါပဲ..မမမြင့်ရေ..၊ညီမရဲ့သား မောင်နိပ်ဆိုတာ၊ကဲ..လာထိုင်၊ ဟောဒီက မမမြင့်ကတောင် မေးနေသေးတယ်"
"အေးကွယ်...တို့ က လူချင်းကွဲသွားတာ ကြာတော့ မင်းတို့ လူငယ်တွေကို မသိတော့ဘူး၊မောင့်မေမေနဲ့ တော့ မနေ့ က တွေ့ ပါတယ်၊ သူတို့ ဒီကနေ့ ရထားနဲ့ သွားကြပြီနော် "ဟု နှုတ်ဆက်စကားပြောသဖြင့် ဒေါ်မြင့်အား ဟုတ်ကဲ့ဟု တစ်ခွန်းမျှ ပြန်ပြောလိုက်မိဧ။်။
"ကဲ...လာ..ထိုင်လေ"
"ဟေ့..နေဦး..နေဦး..ထမင်းမစားပါစေနဲ့ ဦး၊ရင်ပြည့်လို့ တဲ့"
ဦးအေးက ပျာပျာသလဲ ပြောဆိုပြီးနောက် "ဟဲ့..အေးစိန်၊သွား ငါ့အခန်းထဲက ကြောင်အိမ်ကလေး အပေါ်ထပ်မှာ ဟောသလောက် ဆေးပုလင်း ပုပုဝိုင်းဝိုင်းကြီးရှိတယ်၊ အဲဒါ ချယူ ခဲ့စမ်း" ဟု ပြောဆိုပြီး နောက် မောင်နိပ်ဘက်သို့  လှည့်၍ "မင်း..တယ် ကံကောင်းတယ်၊ငါ့ဆေးက ဒီနေ့ မနက်မှ ဖော်လို့  လက်စသတ်တယ်၊ အဲ့ဒါ ဘကြီးကိုယ်တိုင် သေသေချာချာ ဆေးကျမ်းတွေကို ကြည့်ပြီး ဖော်ထားတဲ့ လေမျိုးရှစ်ဆယ်ဆေးရည်ကွဲ့ ၊ရင်ပြည့်ရင်ကယ်၊အစာမကြေလေထ၊အားလုံးရတယ်ကွဲ့ ၊ဒီလို ရင်ပြည့်တာလောက်တော့ကွာ တစ်ခါသောက်ပါပဲ၊ ရင်ထဲမှာ တစ်ခါထဲ ချောင်သွားတာပေါ့၊ မင်းသောက်ကြည့်တော့ သိပါလိမ့်မယ်၊ ငါ့သာ..ကျကျနနဖော်ရောင်းရရင် မင့်ဇီဝကတို့ ဒီဆူဇာတို့ က ဆေးတွေထက် ရောင်းရတော့မပေါ"့ ဟု ပြောရာမှ ခပ်ပြုံးပြုံး လုပ်၍နေသော ဒေါ်အုံးလှဘက် လှည့်ကာ "ဘာ..မင်းက ရယ်တာလဲ၊မင်းတို့ လို ဆေးကြောက်တဲ့ လူတွေသာ ဆေးဆိုရင် ဘယ်ဆေးမှအကောင်းမထင်ဘူးဟု" ပြောဆိုနေစဉ် အေးစိန်သည်
ဆေးပုလင်းကြီးကိုင်ကာ ၀င်လာပြီး ဦးအေးအနီးတွင် လာ၍ ချထားလေဧ။် ။

ထမင်းပွဲတွင် လူစုံပြီဖြစ်သော်လည်း မစားကြသေးဘဲ ခပ်မည်းမည်း ဆေးရည်များကို ဖန်ခွက်ထဲသို့ လောင်းထည့်နေသော ဦးအေးအား ကြည့်၍နေကြလေဧ။် ။ ဧည့်သည်များနှင့် အတူ ထမင်းစားရမည်စိုးသဖြင့် လီဆယ်၍
ပြောဆိုမိသည်မှာ မောင်နိပ်အဖို့  ဦးအေးဧ။် ဆေးကို မသောက်လိုသော်လည်း မဖြစ်နိုင်၊ ကိုယ့်အတတ်နှင့် ကိုယ့်ကို စူးနေပြီ ဖြစ်လေရာ လွတ်ပေါက်ကို ရှာမတွေ့ ရကား ဦးအေးငှဲ့ နေသော
ဆေးများကိုသာ ကြောက်ရွံ့ သော မျက်နှာ ဖြင့် ကြည့်၍ နေမိလေဧ။် ။ ကြက်သီးများ ထ၍သွားကာ...
"နေပါစေတော့ ဘကြီးရယ်..တော်တော်ကြာ ချောင်သွားမှာပါပဲ"
"ဘယ်ဟုတ်မလဲကွ၊ဆေးသောက်မှ ချောင်တော့မပေါ့၊ရော့..သောက်လိုက်စမ်း" ဟုဆိုကာ ဆေးခွက်ကိုလှမ်း၍ပေးလေဧ။် ။
"ရင်မပြည့်ပါဘူး၊ကျွန်တော် အလကား ပြောတာပါ "ဟု ဖွင့်၍ပြောရန်မှာ ခက်၍
နေသဖြင့် ဦးအေးလက်မှ ဆေးခွက်ကို ယူကာ ပါးစပ်တွင်တေ့လိုက်ရာ ခေါင်းမှာ နောက်သို့ ဆတ်ခနဲ လန်၍
သွားမိလေဧ။် ရှုံ့ မဲ့သော မျက်နှာ ဖြင့် "ဘကြီးဆေးဟာ ကဇော်ပေါက်နေပြီ ထင်တယ်၊တယ်ပြင်းပါကလား"

မောင်နိပ်သည် ဆေးဖန်ခွက်ကို ပါးစပ်တွင်အပ်ကာ လျင်မြန်စွာ တစ်ရှိန်တည်း မော့၍သောက်လိုက်လေဧ။် ။
ဒေါ်မြင့်နှင့်ဒေါ်အုံးလှမှာ မောင်နိပ်ဧ။် မချိတရိ ရှုံ့ မဲ့သွားသော မျက်နှာကိုကြည့်ပြီး တညီတညာတည်း ကြက်သီးထကာ
တုန်လှုပ်သွားကြရာမှ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်မိကြလေဧ။် ။

ချစ်ချစ်မှာ သဘောကျလှသော အမူအရာဖြင့် ပုခုံးလေးနှစ်ဖက် လှုပ်အောင် ရယ်နေရာမှ မိန်းမပျိုအား လက်ကုတ်၍ မောင်နိပ်ဧ။်ရှုံ့ မဲ့နေသော မျက်နှာကို လက်ညှိုး ထိုးကာ "ဟိုမှာ မမ..သရဲရုပ်..သရဲရုပ"် ဟု ပြောလိုက်လေဧ။် ။
မောင်နိပ်တွင်ကား ရှုံ့ မဲ့ရမည်ကိုပင် မေ့လျော့သွားကာ တစ်ကိုယ်လုံး တုန်လှုပ်၍သွားလေဧ။် ။
နင်သာ သရဲရုပ်ဟု ဆိုကာ ခေါင်းကို လှမ်း၍ ခေါက်လိုက်ချင်ဧ။် ။
"ဟဲ့..ဘာလဲ၊ဒီလိုမပြောရဘူး၊ကိုကို ရိုက်လိမ့်မယ်" ဟု ဒေါ်မြင့်က ငေါက်လိုက်သံနှင့် မိန်းမပျိုက "ဟင်း..ဘာလ"ဲဟုကြိမ်းမောင်းလိုက်သံများ ကို ကြားလိုက်ရသော်လည်း ချစ်ချစ်တွင်ကား မထူးခြား၊
မောင်နိပ်အား ကြည့်ရင်း တခိခိ ရယ်၍ နေလေဧ။် ။
ဦးအေးက.. "ဘယ့်နှယ်လဲ..၊၀မ်းထဲမှာ ပူရှိန်းရှိန်း ကလေး ဖြစ်မသွားဘူးလား.."ဟုပြန်မေးသဖြင့်..
"ဘယ်နှယ့်နေမှန်းတောင် မသိဘူး၊ ဘကြီးဆေးက ခါးလဲခါး၊ ချဉ်လဲချဉ်.."
'ဒါလောက် အ၀င်မဆိုးပါဘူးကွာ၊သက်တက်တက် ချဉ်ပြုံးပြုံးပါ၊ဟဲ့..ဘဌေး ရေနည်းနည်းပေးလိုက်"
မောင်နိပ်အဖို့ ကား ထူးထူးခြားခြား တစ်ပါးစပ်လုံးခါးနေသဖြင့် ဘဌေးလက်မှ ရေခွက်ကိုယူကာ လေးငါးကျိုက်မျှသောက်၍
ချလိုက်ရလေဧ။် ။

ထမင်းစားပွဲ တစ်ဘက်တွင် ဒေါ်မြင့်နှင့် သမီးနှစ်ယောက်၊တစ်ဘက်တွက် ဒေါ်အုံးလှနှင့် မောင်နိပ်မှာ မိန်းမပျိုနှင့်
မျက်နှာချင်းဆိုင်နေ၍ နေသဖြင့် မော်၍မကြည့် ၀ံ့ဘဲ မိမိနှင့်နီးသော ဟင်းခွက်ကိုသာ စားရလေဧ။် ။
စိတ်ထဲတွင်ကား စားရသည်ထက် မိမိအား သရဲရုပ်ဟုဆိုခြင်းကို အခဲမကြေ၊ဒေါသထွက်ကာ မျက်နှာမှာ နီမြန်းလျက်ရှိလေဧ။် ။
"မမြမူ..ကြက်သားကြော်တွေ ထည့်စားလေ..၊ချစ်ချစ် ပန်းကန်ထဲလဲ ထည့်ပေးပါ၊မမမြင့်..အားမနာနဲ့ နော်၊ မောင်နိပ်
စားကွယ်..ဧည့်သည်လုပ်မနေနဲ့ .."ဆိုသော ဒေါ်အုံးလှဧ။် စကားကို ကြားဖြတ်၍ တစ်ခါတစ်ခါ " မအုံးမြမှာ သားသမီးဆိုလို့ 
မောင်တစ်ယောက်ပဲနော်" စသည်ဖြင့် ဒေါ်မြင့်ဧ။် မေးခွန်းများမှာ မောင်နိပ်အား ရင်တွင်း ၌ ဒိတ်ခနဲ ဖြစ်သွားစေလေဧ။် ။
အမှန်အားဖြင့်ဆိုသော် ဒေါ်မြင့်ကဲ့သို့ သော ကဲ့သို့ သော အဒေါ်ကြီး တစ်ယောက်နှင့် စကားပြောရခြင်းမှာ ၀န်လေးလှသော
အရာ မဟုတ်သော်လည်း ဒေါ်မြင့်မှာ ဘေးချင်းယှဉ်၍ ထိုင်နေသော မြမူဧ။် မိခင်ဖြစ်သဖြင့် မောင်နိပ်အဖို့  ကြောက်စရာ အလိုလိုဖြစ်၍နေလေဧ။် ။

ဘာစကားတွေကို ပြော၍ ဘာကိုစားမိသည်မသိ၊ ပန်းကန်ထဲတွင်ရှိ ထမင်းတစ်ဝက်လောက် အကုန်တွင် "ရင်ပြည့်နေလို့ 
နည်းနည်းပဲစားတော့မယ်"ဟု ဆိုကာ ထမင်းပွဲမှ ထလိုက်ရာ "စားသာစားပါကွာ၊ ငါ့ဆေးသောက်ပြီးရင် ဘာမှမဖြစ်စေရပါဘူး၊
စားချင်သလောက်သာ စားပါ" ဟု ဦးအေးက ပြောသော်လည်း "တော်ပါပြီ ဘကြီးရယ်..၀လဲဝပါပြီ.."ဟု ပြောပြောဆိုဆိုနှင့်ပင်
ထမင်းပွဲမှ ခပ်သုတ်သုတ် ထွက်ခဲ့ရလေဧ။်။
မောင်နိပ်သည် သောက်နေသော ကော်ဖီပန်းကန်ပေါ်မှ ကျော်ကာ ခပ်လှမ်းလှမ်း ဆိုဖာပေါ်တွင်
ထိုင်နေသော မြမူအား မကြာခဏကြည့်မိလေသည်။ ပြောင်းရွှေ့ ၍လာသည်မှာ သုံးလေးရက်မှ ကြာပြီဖြစ်သော်လည်း မြမူအား စကားပြောဝံ့ဖို့ ဝေးစွ၊သေသေချာချာပင် မျက်နှာချင်းမဆိုင်ဝံ့သေးပေ။ သို့ သော် ထမင်းစား၊လက်ဖက်ရည်သောက်သော အချိန်များတွင် တစ်စားပွဲတည်း
ဝင်၍ သောက်ဝံ့ စားဝံ့သော သူရသတ္တိဖြင့်ပြည့်စုံ၍ လာခဲ့ပြီ ဖြစ်လေဧ။် ။ ပြတင်းပေါက်မှ
ဝင်ရောက်လာသော နံနက်ခင်း နေရောင်သည် ထိုင်နေသော ဆိုဖာအပြာ ပေါ်သို့ ကျရောက်ရာမှ
အရောင် ပြန်၍ဟပ်ကာ..မြမူဧ။် ဖြူဖွေးသော ပါးကလေးတစ်ခြမ်းကို အပြာရောင်သမ်းနေစေရာ လွန်စွာ ပနံရသည်ဟု မောင်နိပ်စိတ်တွင် ကြိတ်၍ ပီတိဖြစ်စေဧ။် ။ ချစ်ချစ်မှာ မြမူဧ။် ရှေ့တွင် ထိုင်ကာ တစ်ထွာသာသာ ရှိသော ဆံပင်ကို ဘီးစိပ်တိုက်၍နေသည်ကို မုန့် သေတ္တာတစ်ချပ်ကို
ဝါးရင်း ခံနေလေဧ။် ။ ၀ါးရာမှ မကြာခဏ မောင်နိပ်အားလှမ်း၍ ကြည့်လေရာ မကြာမကြာ မျက်နှာချင်းဆိုင်၍ နေမိလေဧ။် ။ ချစ်ချစ်ဧ။် မျက်လုံးများကား မသင်္ကာသောသဘောဖြင့် မျက်မှောင်ကုပ်ကာ မြမူအား မော်၍ကြည့်လိုက်ဧ။် ။ မောင်နိပ်အား လှမ်း၍ကြည့်လျက်ရှိလေဧ။် ။
ပြူးကျယ်စူးရှသော မျက်လုံးများကား စူးစိုက်၍ကြည့်ရှုလိုက်သော အခါတိုင်း မောင်နိပ်တွင် ရင်ထဲ၌ ဒိတ်ခနဲဖြစ်၍သွားကာ အသက်ရှူမှားပြီး တရားသူကြီးဧ။် မျက်လုံးဒဏ်ကိုမခံနိုင်သော သူခိုးကဲ့သို့  တစ်ကိုယ်လုံးရိုးရိုးရွရွ ဖြစ်မိလေဧ။် ။
ကော်ဖီပန်းကန်ကိုချ၍ ထမည်ကဲ့သို့ ရှိစဉ် ချစ်ချစ်ကကျယ်လောင်သော အသံဖြင့် "မမမူ...ဟိုလူကြီးကမမကိုကြည့်ကြည့်နေတယ်၊နောက်ပိုးနေတာနော်..မမမူ.." ဟု ပြုံးရယ်ကာ ပြောလိုက်ရာ မောင်နိပ်မှာ မျက်လုံးများ ပြာ၍သွားကာ "ဟာ.. "ခနဲအော်ရင်း ခုန်၍ထမိလေပြီး လူမိသောကျီးကဲ့သို့  မျက်လုံးများဝိုင်း၍ ဟိုကြည့်ဒီကြည့် ဖြစ်နေလေဧ။် ။ မကြား၍လားမသိ၊ဦးအေးကား ပြတင်းပေါက်နားရှိ ကုလားထိုင်တွင် သတင်းစာဖတ်လျက်ပင်ရှိဧ။် ။ ဒေါ်မြင့်နှင့်ဒေါ်အုံးလှမှာ ခေါင်းရင်းစားပွဲနားတွင် ဆေးလိပ်တစ်လိပ်စီကိုင်ကာ စကားလက်ဆုံကျ၍နေရာမှ လှည့်၍ကြည့်ကြလေဧ။် ။
မြမူမှာ မျက်နှာကလေးနီမြန်း၍သွားကာ "ဘာလဲ..ပေါက်ပေါက်ရှာရှာ..ငါ..ခေါက်လိုက်ရ" ဟု ကြိမ်းမောင်းလိုက်လေဧ။် ။ မောင်နိပ်အဖို့ ကား ဘာကိုမျှမကြား၊ တစ်ကိုယ်လုံး ပူတစ်ခါ အေးတစ်လှည့် ဖြစ်၍သွားပြီး ဘယ်ပုံဘယ်နည်း အခန်းထဲမှ ထွက်ခဲ့သည်မသိ၊ မိမိအခန်းသို့ ရောက်မှ "သရဲမကလေး..တယ် အသေသာ သတ်ဖို့ ကောင်းတယ်၊ထွီ...ခွေးမလေး" စသည်ဖြင့် ကြိမ်းမောင်းကာ ထိုင်မလို ထမလို ဒေါသတွေ ပို၍နေလေဧ။် ။
အိပ်ရာကိုပြင်ဆင် ၍ ခင်းနေသော မဏိမှာ အံ့အားသင့်သောမျက်နှာဖြင့် မောင်နိပ်အား ကြည့်၍ နေရာမှ "ဘယ့်နှယ်ဟာလဲ အစ်ကိုကြီး၊ဘာဖြစ်လာတာလဲ.."
"ဟာ...မပြောချင်ပါဘူးကွာ၊ဘယ်လိုဟာနဲ့ များ လာတွေ့ ရတယ် မပြောတတ်ပါဘူး"
"ဘယ်သူလဲ အစ်ကိုကြီးရဲ့ ..."
"ဟိုသူငယ်မလေးပေါ့၊ဘယ်သူရှိဦးမလဲ.."
"သြော်..ချစ်ချစ်လား..အစစ်ပဲအစ်ကိုကြီးရာ..ဒီကောင်မကလေးဟာ နေရာတကာမှာ ၀င်
်ဝင်ပါတယ်၊ဂွလဲတော်တော်ပြောတယ်၊ တော်တော်ချဉ်စရာ ကောင်းတယ်..၊အခု အစ်ကိုကြီးကို ဘယ်လိုပြောလွှတ်လိုက်သလဲ"
"မပြောချင်ပါဘူးကွာ၊တစ်ခြားဟာပြောရင် တော်သေးရဲ့ ၊ခုတော့ငါ့မှာ သူ့ အစ်မကို ပိုးသလေး ဘာလေးနဲ့  လူတွေရှေ့ မှာ ပြောလိုက်တာ ကောင်းသေးရဲ့လား၊လူကြီးများကလဲကွာ အသေဆော်ပေးဖို့ ကောင်းတယ်၊ ဒါ..ကလေးစကားလားကွာ၊ကလေးပြောရမယ့်စကားလား"
မဏိသည် မောင်နိပ်ပြောသောစကားများကို နားထောင်နေရာမှ ရုတ်တရက် တွေဝေ၍ သွားလေဧ။် ။ မျက်မှောင်ကုပ်ကာ အတန်ကြာ စဉ်းစားသကဲ့သို့  တိတ်ဆိတ်နေရာမှ..
"သူ့ အစ်မကော ရှိသလား..."
"ရှေ့ တင်ပြောတာပဲ"
"ကြားကောကြားရဲ့လား"
"နားထိုင်းနေတာမှမဟုတ်ဘဲ၊ မကြားဘဲနေမလား၊အကျယ်ကြီးအော်ပြောတာ.."
"ဒါဆိုလဲကောင်းသားပဲ"
မောင်နိပ်သည် ရုတ်တရက် နားမလည်သကဲ့သို့  တွေ၍သွားရာမှ..
"ဘာ...ဘာဖြစ်တယ်.."
"ဒီလိုဆိုရင်လဲ ကောင်းတာပေါ့ အစ်ကိုကြီးရဲ့ ၊နားဖောက်ပြီးသား ဖြစ်တာပေါ့"
"တော်စမ်းပါကွာ၊ ဒါတွေ လျှောက် ပြော မနေစမ်းပါနဲ "့ ဟုဆိုကာ စိတ်လိုက်မာန်ပါ
အင်္ကျီများကို ချွတ်၍ အိပ်ရာပေါ်တွင် ပစ်တင်ပြီးနောက် ရေချိုးရန် အောက်ထပ်သို့ ဆင်းသွားလေဧ။် ။ ထို နေ့ အဖို့ ထမင်းစားပြီးနောက် အ၀တ်အစားလဲလှယ်ကာ အလုပ်သွားရန် အောက်ထပ်သို့ ဆင်းခဲ့ရာ မြမူနှင့်တွေ့ နေပြန်သဖြင့် ခပ်မြန်မြန် အိမ်ထဲမှ ထွက်ခဲ့လေဧ။် ။ ခြံဝသို့ ရောက်လျှင် စီးကရက် တစ်လိပ်ကိုထုတ်၍ မီးညှိရင်း အိမ်ဘက်သို့  ပြန်၍ကြည့်လိုက်ရာ ဧည့်ခန်းပြတင်းပေါက်တွင် ရပ်နေသော မြမူနှင့် တစ်ခါ မျက်နှာချင်းဆိုင် နေပြန်သဖြင့် လျင်မြန်စွာ မျက်နှာလွှဲလျက် ထွက်သွားမည်ပြုစဉ် စာပို့ သမားတစ်ယောက် ပေါ်ပေါက်လာကာ လက်ထဲသို့ စာတစ်စောင်ထည့်၍ သွားလေဧ။် ။ စာအိတ်ပေါ်မှ လိပ်စာကိုကြည့်လိုက်ရာ မိမိအတွက် မဟုတ်၊ ပင်ရှင်ရ ငွေတိုက်ဝန်ထောက်မင်း ဦးအေးက ကျေးဇူးပြု၍ မမြမူပေးရန် ဟု တွေ့ ရသဖြင့် "ဟာ...ဒီခွေးကုလား အိမ်ထဲကို ၀င်ပေးတာမဟုတ်ဘူး" ဟု ကြိမ်းဝါးရေရွတ်ရင်း ခြံတွင်းသို့  လှည့်၍ ကြည့်မိလေဧ။် ။
မြမူမှာ ပြတင်းပေါက်တွင် ရှိသေးသဖြင့် စာကို မပေးဘဲ ချ၍ထားခဲ့ရမည် မှာလည်း အခက်၊လက်ထဲသို့ သွားထည့်ရန်မှာလည်း ရွံ့ တွန့် တွန့်  နေသဖြင့် အတန်ကြာ တွေဝေ၍နေမိလေဧ။် ။ နောက်ဆုံး ၌ သူ့ စာသူ့ ကို ပေးတာ ဘာဖြစ်ရဦးမှာလဲ ဟု ရဲဆေးတင်ကာ ပြတင်းပေါက်ဘက်သို့  ပြန်ခဲ့ပြီး"ဒီမှာ စာ"ဟု လှမ်း၍ ပေးလေဧ။် ။ မြမူကလှမ်းယူရင်း"သြော်..ကျွန်မစာလား"ဟုမေးသဖြင့်"ဟုတ်ကဲ့ ပြောဆိုပြီး ပြန်၍ထွက်တော့မည် ပြုစဉ်"ဒီမှာ ခဏ..."ဟု မြမူက တားလိုက်ရာ မောင်နိပ်အဖို့ မှာ ပါးစပ်ဟ၍ သွားကာ လျင်မြန်စွာ လှည့်၍ကြည့်လိုက်မိလေဧ။် ။
ကိုမောင်နိပ် ခု အလုပ်သွားမလို့ လား"
ဟုတ်ကဲ့.."
ကျွန်မ စာအိတ်ခေါင်း တစ်ကျပ်ဖိုးလောက်မှာချင်လို့ "
ဟုတ်ကဲ့.."
အားနာစရာပဲရှင်"
ဟုတ်ကဲ့... ဟင်..ဟုတ်ပေါင်..နာစရာမရှိပါဘူး"
ဒီမှာ ပိုက်ဆံ"ဟု ဆိုကာ သားရေအိတ်ကလေးထဲမှ ပိုက်ဆံထုတ်သဖြင့်
နေပါစေဗျာ၊အားနာစရာ၊ အေးလေ..နောက်မှပေးပါ၊ညနေကျမှ ပေးပါ"
မြမူမှာ ထွက်မိထွက်ရာ ပြောလိုက်သော မောင်နိပ်အား မျိုသိပ်၍မထားနိုင်အောင် ရယ်ချင်၍လာသဖြင့် ပါးကလေးနှစ်ဖက် တွင် ခွက်ဝင်သွားအောင် ပြုံးလိုက်လေဧ။် ။
မောင်နိပ်မှာလည်း ၀မ်းသာသလိုလို ဘာလိုလို ဖြစ်ပြီး အကြောင်းမရှိဘဲ ဟီး...ဟီး ဟုရယ်ရင်း လှည့်သွားမည် ပြုစဉ်"တို့ သိပါတယ်ဟယ်..တို့ သိပါတယ်ဟယ်..ဟယ်.."ဟုကြွေးကြော်လိုက်သော အသံကိုကြားလိုက်ရာ မျက်လုံးများ ၀ိုင်း၍ သွားမိလေဧ။် ။ အသံလာရာသို့ လှမ်း၍ကြည့်လိုက်ရာ ၀ါရံတာပေါ်မှ ဖျာလိပ်ကို ချိုင်းတွင်ညှပ်လျက် မိမိတို့ ဘက်သို့  ကြည့်နေသော ချစ်ချစ်ကို ကို မြင်ရလေဧ။် ။"ဟာ..တယ်ခက်ပါကလား"ဟု ပြောပြောဆိုဆို ခြံဝသို့  အရောက် ကဆုန်ပေါက်ရလေဧ။် ။
ညနေမှ အလုပ်ပြန်လာသောအခါ တံခါးဝအနီးရှိ ကုလားထိုင် ပေါ်တွင် မဂ္ဂဇင်းတစ်အုပ်ကို ဖတ်နေသော မြမူအား တွေ့ သဖြင့် ဟောဒီမှာ စာအိတ်ခေါင်း ဟု ပြောရင်း ကတ်ကလေးစားပွဲ ပေါ်သို့  တင်၍ အပေါ်ကိုတက်မည် ပြုစဉ် မြမူက"ပိုက်ဆံယူပါဦး "
အို..နေပါစေဗျာ"
မဟုတ်တာပဲ ရော့ပါ"ဟုဆိုကာ တစ်ကျပ်တန် တစ်ရွက်ကို အိတ်ထဲမှ ထုတ်၍ပေးရင်း ဒါနဲ့ 
့နေ့ လယ် က ကိုမောင်နိပ်ဖို့ စာတစ်စောင်လာတယ်၊ ဒီစားပွဲ ပေါ်မှာ ကျွန်မတင်ထားတာ ချစ်ချစ်သွားပြီး ဖောက်လိုက်တယ်ရှင်၊ သိပ်အားနာစရာကောင်းတာပဲ"ဟု မျက်နှာကလေးညိုညိုနှင့်တောင်းပန်သလို ပြောလိုက်ရာ စာရွက်များကို ဆုတ်ဖဲ့၍ ဆေးလိပ်လိပ်နေသော ချစ်ချစ်က မျက်နှာရှစ်ခေါက်ချိုးနှင့် အောက်သိုးသိုးကြည့်နေရာမှ မမမူပဲဖောက်တာ..ချစ်ချစ်လာမပြောနဲ့ "
အဲ့ဒါသာ ကြည့်တော့ ကိုမောင်နိပ်၊ သိပ်အားနာစရာကောင်းတာပဲ"
ကိစ္စမရှိပါဘူးဗျာ"
မျက်နှာထားခပ်ဆိုးဆိုးနှင့် ပါးစပ်မှ တိုးတိုး ပြောရင်း ကြည့်၍နေရာမှ ထကာ သူများကို လာလာပြောတယ်၊ဟုတ်လဲမဟုတ်ဘဲနဲ့ ..သွားတိုင်မယ်၊သူတို့ တစ်ယောက်နဲ့ တစ်ယောက် စာပေးကြတာ သွားပြောမယ် ဟုဆိုကာ ဆောင့်ဆောင့်အောင့်အောင့် နှင့်သွားတော့မည် လုပ်သဖြင့် မောင်နိပ်မှာ ထိတ်ထိတ်ပျာပျာဖြစ်၍ သွားလျက်"ခက်တာပဲဗျာ၊ လုပ်ပါဦး၊လုပ်ပါဦး"ဟု မြမူအားပြောနေရာမှ လျင်မြန်စွာ အပေါ်ထပ်သို့  တက်ပြေးလေဧ။် ။

အသံထွက် ကုထုံး( မင်းလူ )

အသံထွက် ကုထုံး

သူ(စာရေးဆရာ)သည် ညနေတိုင်းလိုလို လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်လေ့ရှိ၏။ သူ့လိုပင် ပုံမှန်လာထိုင်တတ်သူအချို့ နှင့်
စကားဝိုင်းဖွဲ့တတ်သည်။ ရုံးပိတ်ရက်ဆိုလျှင် ၀န်ထမ်းတွေပါ လာထိုင်တတ်သဖြင့် လူပိုစုံသည်။
ပြောကြတဲ့ အကြောင်းအရာတွေကတော့ မျိုးစုံပဲ။ တစ်ခါတစ်လေ ဦးတည်ချက်မရှိဘဲ ထွေရာလေးပါးဖြစ်တတ်သည်။
တစ်ခါတစ်လေတော့လည်း တစ်ယောက်ယောက်က မိမိအတွေ့အကြုံ သို့မဟုတ် မိမိစိတ်ကူးတစ်ခုကို ပြောပြရာမှ ထိုအကြောင်းကို ခေါင်းစဉ်တတ်ပြီး ၀ိုင်းဝန်းဆွေးနွေးကြသည်။ များသောအားဖြစ်တော့ လတ်တလေဖြစ်ပေါ်နေသော စိတ်ဝင်စားစရာ သတင်းထူးတွေအကြောင်းပြောဖြစ်ကြ၏။
ခုလောလောဆယ် မပါမဖြစ်တဲ့ကိစ္စကတော့ ငလျင်အကြောင်းပင်ဖြစ်၏။ အရှေ့ တောင်အာရှနှင့် တောင်အာရှအရှေ့ ခြမ်းတစ်လျှောက်လူသိန်းချီပြီးအသက်ဆုံးရှုံးခဲ့ကြရသော ကပ်ဆိုးကြီးဖြစ်၏။ ငလျင်ဒဏ်ထက် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သော
ဆူနာမီရေလှိုင်းဒဏ်ကြောင့် သေဆုံးရသူတွေက ပိုပြီးများပြားခဲ့၏။

ဒီထဲမှာမှ မြန်မာနိုင်ငံသည် ကံကောင်းထောက်မစွာ လူအသေအပျောက် အနည်းဆုံးဖြစ်ခဲ့၏။ ခုလိုဖြစ်ရတာကတော့ အပြင်းထန်ဆုံး ငလျင်ကြီး၏ ဗဟိုချက်နှင့်ဝေးကွာနေခြင်း၊ ကမ်းရိုးတန်းဒေသများတွင် လူနေကျဲပါးခြင်း၊ ရေတိမ်ပိုင်းများ
ဖြစ်နေခြင်း၊ ဆူနာမီလှိုင်းကြီး၏အရှိန်ကို ဟန့်တားကာကွယ်ပေးသော သန္တာကျောက်တန်းများ သဘာဝအတိုင်းရှိနေသေးခြင်း တို့ကြောင့်ဖြစ်သည်ဟု တချို့ ကသုံးသပ်ကြသည်။

'' အဲဒီနေ့မနက် ကျွန်တော်က အုန်းနို့ခေါက်ဆွဲ ထိုင်စားနေတာ မိုက်ခနဲ၊မိုက်ခနဲ ဖြစ်သွားတော့ အုန်းနို့ကြောင့် သွေးတက်ပြီလို့
ထင်တာပေါ့ '' ဟု တစ်ယောက်ကပြောတော့ နောက်တစ်ယောက်က....
'' ကျွန်တော်လည်း ဒီလိုပဲ၊ ဟတ်အတက်ဝင်ပြီလို့ ထင်နေတာ၊ ဘေးကပစ္စည်းတွေပါ သွက်သွက်ခါနေတာ တွေ့တော့မှ
ငလျင်လှုပ်မှန်းသိတာ ''
'' ကျွန်တော်ကတော့ လမ်းလျှောက်နေရင်း လူက ယိမ်းထိုးလာတော့ လေဖြတ်ပြီထင်ပြီး လန့်သွားတာပဲ ''
'' ဒီကြားထဲ ကောလဟာလတွေက ဖြစ်လိုက်သေးတယ်၊ ဘယ်အချိန် ဘယ်နှနာရီမှာ ငလျင်ထပ်လှုပ်မယ် ဆိုပြီးတော့လေ....''
'' ငလျင်ဘယ်တော့လှုပ်မယ်ဆိုတာကို ခေတ်အမီဆုံး အတိုးတက်ဆုံးနိုင်ငံကြီးတွေမှာတောင် ကြိုတင်ခန့်မှန်းနိုင်တာမှ မဟုတ်တာ။ အဲဒီလိုသာ ရကြေးဆိုရင် ဟိုတစ်ခါ ဂျပန်မှာလှုပ်သွားတဲ့ ကိုဘေးငလျင်ကြီးကို ရှောင်နိုင်ရမှာပေါ့၊ မဟုတ်ဘူးလား '' စာရေးဆရာကပြောသည်။
'' ဆူနာမီရေလှိုင်းကတော့ ငလျင်ဗဟိုချက်နဲ့ ခရီးအကွာအဝေးကို လိုက်လို့ မိနစ်ပိုင်း၊ နာရီပိုင်းလောက်ကြိုတင်သိနိုင်တယ်တဲ့။
အဲဒီအချက်နဲ့ ရောထွေးပြီး တောင်ထင်မြောက်ထင် ဖြစ်ကုန်တာလည်း ပါတယ်ဗျ။ ''
'' လူတွေကတော့ သူများပြောရင် ယုံကြတာပဲ။ အိမ်ပေါ်မှာမနေရဲလို့ဆိုပြီး လမ်းပေါ်မှာတစ်ချိန်လုံးဒုက္ခ ခံပြီးထွက်ထိုင်နေတဲ့
လူတွေကို ကျွန်တော်က ငလျင်လှုပ်မယ်ဆိုတာ ဘယ်သူမှကြိုတင်ခန့်မှန်းနိုင်တာ မဟုတ်ဘူးလို့ပြောတော့ မိန်းမကြီးတစ်ယောက်က ဘာပြန်ပြောသလဲ သိလား ''...
'' ဘာတဲ့လဲ..... ''
'' ငလျင် ဘယ်တော့လှုပ်မယ်ဆိုကြိုမပြော နိုင်သလို နောက်ထပ်မလှုပ်တော့ပါဘူးလို့လည်း ကြိုတင်ပြီး အာမခံနိုင်လို့လားတဲ့။ ''
စာရေးဆရာက ခေါင်းတစ်ချက်ဆတ်ပြီး...........
'' အင်းလေ.......ကြောက်တယ်ဆိုတာကို အပြစ်လို့ပြောဖို့ကတော့ ခက်သားကလား၊ လူတွေမှာကလည်း ဒီအသက်ကလေးတစ်ချောင်းပဲ ရှိကြရှာတာကိုး '' ဟုပြောသည်။

ထိုစဉ်မှာ ဆရာဝန်ရောက်လာသည်။ ဆရာဝန်သည် ပုံမှန်လာနေကြမဟုတ်။ ဆေးရုံကတာဝန်ပြီးလျှင် ဆေးခန်းကို တန်းပြေးရသူဖြစ်၏။ ဆေးရုံနားရက်ရမှ ဆေးခန်းမသွားခင် ၀င်လာတတ်သူဖြစ်၏။ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန်ကြီးတစ်ဦး၏ ဆေးခန်းမှာ လက်ထောက်အဖြစ်ဝင်လုပ်ရင်း ပညာဆည်းပူးနေသူလည်း ဖြစ်၏။
'' ငလျင်အကြောင်း ပြောနေကြတာမှ ဟုတ်ရဲ့ လား '' ဟု ဆရာဝန်က မေးသည်။
“ ဒါပဲပြောစရာရှိတာကိုး ဆရာရဲ့  ”
“ အေးဗျာ.....ကျွန်တော်လည်း ဒါပဲပြောမလို့ပါပဲ။ ငလျင်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့ လူနာတစ်ယောက် တွေ့ခဲ့ရတယ်ဗျ ”
အားလုံးက စိတ်ဝင်စားသွားသည်။ ဆရာဝန်က ဆက်ပြော၏။
“ ဦးနှောက်မှာ တစ်စုံတစ်ခုကြောင့် ဒဏ်ရာရပြီး အတိတ်မေ့သွားတဲ့ လူနာတစ်ယောက်ဟာ နောက်တစ်ခါ ခေါင်းကို မတော်တဆ ထိခိုက်မိပြီး ပြန်ကောင်းသွားတယ် ဆိုတာမျိုးတွေ ရုပ်ရှင်တွေထဲမှာ တွေ့ဖူးတယ် မဟုတ်လား ”
ခေါင်းညိတ်ကြသည်။
“ တကယ်တော့ အဲဒါမျိုးတွေဖြစ်တတ်တယ်ဆိုပေမယ့် ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲမှာလောက်တော့ မလွယ်ပါဘူး။ အတော်ဖြစ်တောင့်ဖြစ်ခဲပါဗျာ။ ဒါပေမယ့် ဆေးခန်းမှာ ဒါမျိုးဆန်ဆန် တွေ့ခဲ့ရတယ်ဗျ။ ”
“ ဘယ်လိုမျိုးလဲ ဆရာ ”
“ ခါးဆစ်ရိုးထိခိုက်မိပြီး အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့ လူနာဗျ၊ အရိုးအနေအထားပျက်သွားလို့ အာရုံကြောမကြီးကို ဖိမိပြီးဖြစ်တာ၊ ခွဲစိတ်ကုသလို့လည်း ရကောင်းရနိုင်ပေမယ့် တပ်အပ်ကောင်းသွားမယ်လို့ မပြောနိုင်ဘူး။ ဒါနဲ့ သောက်ဆေး၊ ထိုးဆေးနဲ့ ကုနေရတာ ”
ထိုလူနာက ရှစ်ထပ်တိုက်ခန်းမှာနေခြင်းဖြစ်၏။ ငလျင်လည်းလှုပ်ရော သူ့ရောဂါကို မေ့ပြီး ကြောက်လန့်တကြား ရုန်းကန်ထပြေးရာက ကြောရိုးအနေအထား ပြန်မှန်ကောင်းသွားခြင်း ဖြစ်သည်ဆို၏။
“ ခုဆိုရင် လူကောင်းမကတိလို လမ်းမလျှောက်နိုင်သေးပေမယ့် အမှီအတွယ်နဲ့ဆိုရင် သွားလို့ရနေပြီ။ ”
“ တကယ်ကံကောင်းတဲ့လူပဲနော် ”
“ ကံကောင်းတယ်မပြောနဲ့ဦးဗျ၊ ခြေထောက်ပြန်ကောင်းသွားပေမယ့် ငလျင်လှုပ်တဲ့အချိန်မှာ ရှစ်ထပ်တိုက်က သွက်သွက်ခါနေတော့ သေတော့မှာပဲလို့ အရမ်းထိတ်လန့်ပြီး စကားမပြောနိုင်တော့ဘဲ ဖြစ်သွားတယ်။ ”
“ ဟာဗျာ...ဖြစ်ပုံကလည်း ”
“ အရမ်းကြောက်လန့်စရာ အဖြစ်နဲ့ကြုံရတာတို့၊ အလွန်တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းကိုမြင်ရတာတို့ ဖြစ်တဲ့အခါ
အဲဒီလိုပဲ ဆွံ့အသွားတတ်တယ်။ များသောအားဖြင့်တော့ ဒါမျိုးဟာ ယာယီပဲဖြစ်တတ်တာပါ။ တချို့ ကတော့ အချိန်တော်တော်ကြာတဲ့အထိ ပြန်မကောင်းပဲ ဖြစ်နေတတ်တယ်။ ”
“ အခု ဆရာပြောတဲ့လူကတော့၊ သူ့ခမျာ သနားပါတယ်၊ ခြေထောက်ပြန်ကောင်းသွားပြီးမှ ဆွံ့အ သွားရရှာတယ်။ ”
“ အခုတော့ ပြန်ကောင်းသွားပါပြီ။ စကားပြန်ပြောနိုင်ပါပြီ။ ”
“ ဟုတ်လား၊ ဆရာတို့ ဘယ်လိုကုထုံးကို သုံးလိုက်လို့လဲ ”
“ ဘာကုထုံးမှ မသုံးလိုက်ရဘူး၊ သူ့ဘာသာ ပြန်ကောင်းသွားတာ ”
“ ဘယ်လိုလဲ ဆရာရဲ့  ”
“ ဒီလိုဗျ....ရုပ်မြင်သံကြားက တိုက်ရိုက်ပြတဲ့ တိုက်ဂါးဖလားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းကန်နေပုံကို ကြည့်နေရင်း အားမလိုအားမရဖြစ်ပြီး ထအော်လိုက်ရာက အသံပြန်ထွက်လာတာပဲ။ ”
ဆရာဝန်က နာရီကိုကြည့်ပြီး...........
“ ဟာ....ဆေးခန်းသွားဖို့ အချိန်တောင်နီးနေပြီ။ ” ဆိုပြီး ထထွက်သွားသည်။

နားထောင်နေသူများ ဆတ်တငံ့ငံ့ဖြစ်ကျန်ခဲ့၏။ တကယ်ပဲပြောသလား၊ စိတ်ကူးတည့်ရာပဲ လျှောက်ပြောသွားသလား ဆိုတာကတော့ နောက်တစ်ခါလာမှပဲ မေးကြည့်ရတော့မည်။ ဒီဆရာဝန်ကလည်း ခပ်နောက်နောက်ရယ်။ ။

လူနာ ကုတင်နံပါတ် (၁၉)

လူနာ ကုတင်နံပါတ် (၁၉)

ကုတင်နံပါတ်(၁၉)ကလူနာ ဆေးရုံစတက်တဲ့နေ့မှာ သားဖွားမီးယပ်က ဆရာဝန်
နပ်စ်တွေအားလုံး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြတယ်။ ဒါဟာ ဆေးရုံနဲ့
ဆေးတက္ကသိုလ်က ကျောင်းသားတွေ ပူးပေါင်းပြီး "အေအိုင်ဒီအက်စ်ရောဂါ
ခံစားနေရတဲ့ မိခင်မှ ရင်သွေးငယ်သို့ မကူးစက်ဘဲ ဖွားမြင်ရေး" ဆိုတဲ့
ရောဂါမကူးစက်ရေး အကြောင်းကို ရှာဖွေဆွေးနွေးကြဖို့ဖြစ်တယ်။

အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းက
အိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို သားဖွားဆောင်တစ်ခုလုံး
ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေ့မှာ ဘာမှ
မဟရဲခဲ့ကြပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်း
ဝိုင်းအုံဖွဲ့ကြပြီး "ရောဂါကူးခဲ့ရင် ဘယ်သူတာဝန်ယူမလဲ?" လို့
ငြင်းခုံခဲ့ကြတယ်။

ဆရာဝန်တစ်ချို့ကတောင် "လူနာသုံးတဲ့ ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေ
ကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင် ဘယ်လိုလုပ်မလဲ?" လို့
ညည်းတွားနေကြတယ်။

ညည်းခဲ့ ငြင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လူနာနေဖို့ အခန်းကို
စီစဉ်ခဲ့ကြရတယ်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် လူနာအတွက် စပ္ပါယ်ရှယ်အခန်းက
ကုတင် နံပါတ် (၁၉)ကို ရွေးပေးခဲ့တယ်။ လာဘ်နံပါတ်လို့ ပြောပါတယ်။
နပ်စ်မှူး တာဝန်ခွဲတော့ ကုတင် (၁၉)က လူနာကို ဘယ်သူမှ
သွားမကြည့်ချင်ခဲ့ကြဘူး။ နောက်ဆုံး ကျောင်းပြီးတာ သုံးလတောင်
မပြည့်သေးတဲ့ကျွန်မ ကုတင် (၁၉) အတွက် မားမားမတ်မတ် ထွက်ရပ်ခဲ့တယ်။

အခန်းထဲ စဝင်တဲ့နေ့မှာ လက်ရှည်အကျီင်္၊ မျက်နှာဖုံး၊ ဦးထုပ်ဆောင်းရုံသာမက
အထူဆုံး လက်အိတ်တစ်စုံကိုပါ ကျွန်မရွေးခဲ့မိတယ်။ ကုတင်(၁၉)ကလူနာ
ကုတင်ဘောင်ကိုမှီပြီး မွေးဖွားခါနီး ဗိုက်ကို ပွတ်သပ်လို့
အခန်းထဲဝင်လာတဲ့ ကျွန်မကို ပြုံးပြကြိုဆိုနေတယ်။ ဒီလိုရောဂါရထားတဲ့
အမျိုးအမီးတစ်ယောက်က တစ်ခြားလူတွေထက် တမူထူးခြားနေမယ်လို့ ကျွန်မ
ထင်ခဲ့မိတယ်။ တကယ်တမ်း သူ့ကိုတွေ့တော့ သာမန်အမျိုးသမီး တစ်ဦးပါပဲ။
ဆံပင်ခပ်တိုတို၊ ဂါဝန် ပွပွကြီးကြီးကို ဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ်
အနက်ရောင်ကို စီးထားတယ်။ ပါးပြင်တစ်ဖက်တစ်ချက်မှာ တင်းတိတ်တွေနဲ့
ပြည့်နေတဲ့ သူ့ပုံစံက လုံးဝစံမီတဲ့ မိခင်လောင်းတစ်ဦးဖြစ်တယ်။

"မင်္ဂလာပါ"

ဖော်ဖော်ရွေရွေ နှုတ်ဆက်လာတဲ့သူ့ကို လှိုက်ဖိုနေတဲ့ ရင်အစုံနဲ့ အေးစက်စက်
ကျွန်မ ပြန်ပြုံးပြလိုက်မိတယ်။ ပထမဆုံးရက်မှာပဲ လူနာကို သွေးစစ်ရတယ်။
သွေးက ရောဂါကူးစက်ရမှာ အဓိကဖြစ်တဲ့အတွက် သူ့ကို သွေးစုတ်ဖို့ရာ
ကျွန်မတစ်ကိုယ်လုံး ထုံကျင်နေမိတယ်။

ကျွန်မ စိတ်လှုပ်ရှားလွန်းလို့လားမသိ! သွေးစုတ်ဖို့ အပ်ကို သွေးကြောထဲ
ရောက်အောင် မထိုးနိုင်ခဲ့ဘူး။ လွဲချော်သွားတဲ့ အပ်ကြောင့် သူ့မျက်ခုံး
တွန့်သွားတာကို ကျွန်မမြင်လိုက်တယ်။ သွေးစုတ်ဖို့ ဖန်ပြွန်တွေ၊
ဂွမ်းစတွေနဲ့ ကျွန်မ ပျာများနေမိတယ်။ သူ့သွေးတွေ ကျွန်မကိုယ်ပေါ် လုံးဝ
မပေကျံဖို့ ဂရုစိုက်ရသေးတယ်။ သွေးစုတ်ပြီးနောက် သူ့မျက်နှာကို
ကျွန်မကြည့်လိုက်မိတယ်။ မျက်နှာက ပကတိ အေးချမ်းတည်ငြိမ်လို့......

"ကျေးဇူးတင်ပါတယ်"

ယဉ်ယဉ်ကျေးကျေးနဲ့ နွေးနွေးထွေးထွေး ဆက်ဆံလာတဲ့ သူ့ကို ပညာတတ်
လူတန်းစားထဲကမှန်း ကျွန်မရိပ်မိလိုက်တယ်။

" ဟို .. ကုတင်(၁၉)က လူနာလေ ဘယ်လိုကြည့်ကြည့် အဲဒီရောဂါရှိတဲ့ လူနာနဲ့ကို
မတူဘူး သိလား" နပ်စ်နားနေဆောင် ရောက်ရောက်ချင်း ကျွန်မ မအောင့်နိုင်ဘဲ
ပြောလိုက်မိတယ်။

"ဒီလိုရောဂါရတဲ့ လူနာကို ဘယ်လိုပုံစံနဲ့ မြင်ချင်လို့လဲ?" တာဝန်ကျ
ဒေါက်တာတစ်ဦးရဲ့ စကားက ကျွန်မ စကားလမ်းကြောင်းကို ပိတ်ပစ်လိုက်တယ်။

"နပ်စ် .. ဒါကို ကြည့်လိုက်ဦး"

ဒေါက်တာက ပြောပြောဆိုဆို လူနာရဲ့ဆေးမှတ်တမ်းတွေ ကျွန်မကို ကမ်းပေးတယ်။

ဆေးမှတ်တမ်းကို ကျွန်မတစ်ရွက်ချင်း လှန်ကြည့်လိုက်တယ်။ သူ ကံတော်တော်
မကောင်းခဲ့ရှာဘူး။ သူဟာ တက္ကသိုလ်ကျောင်း တစ်ခုက ဆရာမပါ။
ငယ်ရွယ်ထက်မြက်တဲ့သူက အသက် ၃ဝမှာ တွဲဖက်ပါမောက္ခ ဖြစ်နေပါပြီ။
သူ့အနာဂတ်လမ်းက ဖြောင့်ဖြူးနေခဲ့ပါတယ်။ ဒါပေမယ့် ခရီးတစ်ခုမှာ မတော်တဆ
ယာဉ်တိုက်မှုဖြစ်ပြီး အရေးတကြီး သွေးသွင်းခဲ့ရတယ်။ အဲဒီမှာ HIV ရောဂါ
ကူးစက်ခံခဲ့ရတာပါပဲ။

သွေးသွင်းခဲ့လို့ ရောဂါကူးစက်ခံရမယ်လို့ ဘယ်သူမှ တွေးမထားခဲ့မိဘူး။
သူကိုယ်ဝန်ရပြီး စစ်ဆေးမှုတွေ ပြုတဲ့အချိန်ကျမှ ကူးစက်ခံရမှန်း သိခဲ့ရတယ်။
အဲဒီနောက် သူ့ဘဝ တစ်မျိုးတစ်ဖုံ ပြောင်းခဲ့ရတယ်။ လောကကြီးကို
မျက်နှာမပြရသေးတဲ့ ရင်သွေးငယ်ကိုလည်း သနားမိတယ်။ အေအိုင်ဒီအက်စ်
ရောဂါသည်မွေးဖွားတဲ့ ကလေးငယ်ဟာ ရောဂါကူးစက်ဖို့ ၂ဝ% ကနေ ၄ဝ% ထိ
ရှိနိုင်တယ်လို့ ဆိုပါတယ်။ မွေးဖွားချိန်မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲနဲ့
ရောဂါ ကာကွယ်စက်စနစ်တွေ (Immune System) ပျက်စီးခဲ့ရင်
အသက်ပါဆုံးရှုံးနိုင်ပါတယ်။

အခုချိန်မှာ သူဟာ မွေးဖွားချိန်ကို တစ်ဖက်ကစောင့်ရင်း
သူ့ကိုသွေးသွင်းပေးခဲ့တဲ့ ဆေးရုံနဲ့ သွေးလှူဌာနကို တရားစွဲဆိုထားပါတယ်။
လျှော်ကြေးငွေရမယ်လို့ ခန့်မှန်းထားပေမယ့် သူ့အတွက်
ဘာများအသုံးဝင်တော့မလဲ?

ကုတင်(၁၉)ရဲ့ အမျိုးသား ရောက်လာတဲ့အချိန်မှာ သားဖွားဆောင်တစ်ခုလုံး
လှုပ်လှုပ်ရှားရှား ဖြစ်သွားသေးတယ်။ အေအိုင်ဒီအက်စ် ဝေဒနာသည်တစ်ဦးရဲ့
ခင်ပွန်းဟာ ဘယ်လိုပုံစံများပါလိမ့်? ကျွန်မသိချင်၊ မြင်ချင်ဇောနဲ့
အခန်းကို စစ်ဆေးမယ့်ဟန်ပြုပြီး ဝင်ရောက်စပ်စုခဲ့တယ်။ လူနာက
ကုတင်ခေါင်းရင်းမှာ ထိုင်နေပြီး ခြေထောက်ကို ကုတင်နဲ့
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ခင်ပွန်းပေါင်ပေါ် ဆန့်ထားတယ်။ ပြီးတော့
ငယ်ထိပ်ကနေ ဆံဖျားအထိ ဆံပင်ကို စိတ်အေးလက်အေး ဖြီးသင်နေတယ်။
ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ကြောင့် ဖောရောင်နေတဲ့ သူ့ခြေထောက်ကို
ညင်ညင်သာသာ ဖိနှိပ်ပေးနေတယ်။ ဇနီးသည်ကို သနားကြင်နာမြတ်နိုးတဲ့ အပြုံးနဲ့
နွေးထွေးမှုတွေကို သူ့လက်ဖဝါးကနေ တစ်ဆင့် ဇနီးရဲ့ ကိုယ်ထဲကို
အရောက်ပို့နေခဲ့တယ်။

နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲမှာရှိတဲ့ ခင်ပွန်းရဲ့
လက်ပေါ်၊ ဇနီးရဲ့ ခြေပေါ်ကို အစက်အပျောက်အဖြင့်နဲ့ ထိုးကျလာခဲ့တယ်။
နေရောင်အောက်မှာ သူတို့ဟာ တကယ့် ပျော်ရွှင်စရာကောင်းတဲ့ ဇနီးမောင်နှံအဖြစ်
ပိုအသက်ဝင်နေခဲ့ပါတယ်။

"ကလေးက ဘယ်သူနဲ့ ပိုတူမယ်လို့ ထင်လဲ?"

ကုတင်ထက်က အိပ်ရာခင်းကို ဆွဲဆန့်ရင်း သူတို့ပြောတဲ့စကားကို ကျွန်မ
စိတ်မကောင်းစွာ နားထောင်နေမိတယ်။ တကယ်တော့ သူတို့ဟာ ပျော်စရာကောင်းတဲ့
မိဘလောင်းတွေပါလား?

"ကျွန်မနဲ့ ပိုတူမှာ " ခပ်ချွဲချွဲ အမှုအရာနဲ့ သူပြောတယ်။

"အသားအရေတော့ တူလို့ မဖြစ်ဘူးနော်" ခင်ပွန်းက တစ်ဟားဟား ရယ်ရင်း
"ကြည့်စမ်း... ပါးပြင်ပေါ်မှာ အစက်အပျောက်တွေနဲ့ ကျားသစ်မနဲ့ တူနေပြီ"
သူ့ကိုစတယ်။ မျက်ရည်တွေ ပါးပြင်ပေါ် စီးမကျလာခင် အခန်းထဲကနေ
ကျွန်မထွက်လာခဲ့တယ်။

HIV ရောဂါ ထိန်းချုပ်ပေးတဲ့ ဆေးတွေကို ကုတင်(၁၉) နေ့တိုင်းသောက်နေရတယ်။
နေ့တိုင်း သွေးစစ်ရတယ်။ ဆီးစစ်ရတယ်။ ဖြူဖွေးပြည့်ဝတဲ့
သူ့လက်မောင်းနှစ်ခုလုံး လက်ဖဝါးကနေ လက်မောင်းအထိ အပ်ရာတွေနဲ့
ပြည့်နေခဲ့ပါပြီ။ မကျွမ်းကျင်တဲ့ ကျွန်မမှာ ကြောက်စိတ်တွေ ရောပါနေခဲ့လို့
အမြဲတမ်း အပ်ကို တစ်ချက်တည်းနဲ့ မသွင်းနိုင်ခဲ့ဘူး။ ဒါကို သူက တစ်ခါမှ
စိတ်မဆိုးခဲ့တဲ့အပြင် ကျွန်မကို အေးအေးလေး ပြုံးကြည့်နေတတ်တယ်။

သူ့ကို ပြုစုတဲ့ တစ်ပတ်ကျော်ကျော် အတွင်းမှာ သူ့ကို တဖြေးဖြေး
ကျွန်မနှစ်သက်လာမိတယ်။ အခန်းထဲဝင်ရင် အကာအကွယ် ချပ်ဝတ်တန်ဆာတွေကို ကျွန်မ
ဝတ်ဆင်ထားဆဲဖြစ်ပေမယ့် အပ်စိုက်ရာမှာ ပိုတိကျသေချာအောင်
ကျွန်မဂရုစိုက်လာခဲ့တယ်။ သောက်ဆေးတွေကိုလည်း သူမှတ်မိတဲ့အထိ ထပ်သလဲလဲ
မှာဖြစ်ခဲ့တယ်။ တစ်ခါတလေ သူ့အတွက် လတ်ဆတ်တဲ့ နေကြာပန်းတွေကို ဝယ်ပြီး
သူ့ကုတင်ရှေ့မှာ ကျွန်မ ပန်းအိုးထိုးထားတတ်တယ်။

သူ့ကိုယ်ဝန် အနေအထားအားလုံးက ပုံမှန်ဖြစ်တယ်။ ကလေးက အနည်းငယ် ထွားနေပြီး
ခေါင်းပိုင်းက မွေးဖွားရာလမ်းကြောင်းရဲ့ ၁ဝ စင်တီမီတာမှာ ရှိနေခဲ့တယ်။
ဒါပေမယ့် မွေးဖွားရာမှာ ရောဂါမကူးစက်အောင် ဆရာဝန်က ဗိုက်ခွဲမွေးဖို့၊
ခွဲစိပ်မယ့် အစီအစဉ်တွေ အားလုံးကို စီမံထားပြီးဖြစ်တယ်။

မွေးဖွားရက် နီးလာပါပြီ။ ခန့်မှန်းထားတဲ့ မွေးဖွားရက်က
တစ်ပတ်လိုသေးပေမယ့် ၃၁နှစ် သားဦးဖြစ်တာကတစ်ကြောင်း၊ အေအိုင်ဒီအက်စ်
ရောဂါသည် ဖြစ်နေတာကတစ်ကြောင်းမို့ လူနာခန်း၊ ခွဲစိပ်ခန်းကို အသေးစိပ်
ပြင်ဆင်ထားပြီး အဆင်သင့်အနေအထားမှာ နိုးနိုးကြားကြား ရှိနေခဲ့ကြတယ်။

ကုတင်(၁၉)က တည်ငြိမ်လွန်းတယ်။ နေ့တိုင်း စာဖတ်လိုက်၊
သီချင်းနားထောင်လိုက်နဲ့ မွေးဖွားလာမယ့် ရင်သွေးအတွက် စာတွေ၊ ပုံတွေ
ရေးဆွဲနေခဲ့တယ်။ အခုဆို သူ့ခေါင်းအုံးအောက်မှာ စာတွေ တစ်ထပ်ကြီး
ရှိနေပါပြီ။

အရွယ်လွန်မှ ရတဲ့ ကိုယ်ဝန်ဖြစ်တဲ့အပြင် ရောဂါပါ ခံစားနေရပြီး ဘာဖြစ်လို့
ရင်သွေးငယ်အတွက် ဒီလောက်ထိ အားခဲနေရသလဲလို့ သူ့ကို ကျွန်မ မေးခဲ့တယ်။
ကျွန်မမေးတဲ့ အမေးကို သူ မနှစ်သက်ဟန် မပြတဲ့အပြင် " ကလေးက
ရောက်လာခဲ့ပြီပဲလေ။ သူ့အသက်ကို ကျွန်မ မဆုံးရှုံးသင့်ဘူး" လို့
ခပ်ပြုံးပြုံး ပြန်ဖြေခဲ့တယ်။

ဆက်မေးသင့် မမေးသင့် ကျွန်မတစ်ချက်တွေဝေပြီး "တကယ်လို့ ရောဂါကူးခဲ့ရင်
ဘယ်လိုလုပ်မလဲ?" လို့မေးလိုက်မိတယ်။

နေကြာပန်းကို ပွတ်သပ်ကိုင်တွယ်ပြီး တစ်ဖက်လှည့်လိုက်ရင်း "တကယ်လို့
ကျွန်မတို့သာ မစမ်းသပ်ခဲ့ရင် ကလေးအသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိခဲ့မှာ
မဟုတ်ဘူး" လို့ သူပြန်ဖြေတယ်။

ကျွန်မစိတ်တွေ ပိုလေးလံလာခဲ့တယ်။ အခန်းက အပ်ကျသံတောင် မကြားရလောက်အောင်
တိတ်ဆိတ်ငြိမ်သက် သွားခဲ့တယ်။ အခန်းထဲကနေ လှည့်ထွက်ဖို့ ကျွန်မပြင်တော့
သူက တိုးညှင်းတဲ့ အသံနဲ့.....

"ကျွန်မတစ်ခုလောက် တောင်းဆိုချင်ပါတယ်။ တကယ်လို့ မွေးဖွားချိန်မှာ
တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မခင်ပွန်းက လူကြီးအသက်ကို လုပါလို့ ပြောလိမ့်မယ်။
ဒါပေမယ့် ကျွန်မရောဂါ အခြေအနေကို နပ်စ်လည်း သိပါတယ်။ ဒါကြောင့်
ဘာပဲဖြစ်ဖြစ် ကလေးကို ပထမဆုံးနေရမှာ ထားပေးပါနော်"

ကျွန်မပါးပြင်ပေါ် မျက်ရည်တွေ အတားအဆီးမဲ့ စီးဆင်းလာခဲ့တယ်။ အော် .....
ဒါကပဲ မိခင်တဲ့လား ?
ရောက်လာမယ့် နေ့ရက်က ရှောင်လွဲလို့ မရအောင် အရောက်လာခဲ့ပါပြီ။ အဲဒီညက
ကျွန်မနိုက်ဂျူတီ ဝင်ရတယ်။ ကုတင် (၁၉)အတွက် ခွဲစိပ်ဖို့ အားလုံး
ပြင်ဆင်ပြီးနေပြီ။ မိုးလင်းခါနီးမှာ ရုံးခန်းက အရေးပေါ် အချက်ပေး
ခေါင်းလောင်းသံတွေ နားကွဲမတတ် ဆူညံမြည်လာခဲ့တယ်။ ကျွန်မချက်ချင်းထရပ်ပြီး
အချက်ပြနံပါတ်ကို ကြည့်လိုက်တယ်။

"ကုတင် (၁၉) ! "

တာဝန်ကျဆရာဝန်တွေကို တစ်ဖက်ကခေါ်ရင်း ကုတင် (၁၉)ဆီ ကျွန်မ အပြေးပြေးလာခဲ့မိတယ်။

မှိန်ဖျော့နေတဲ့ မီးရောင်အောက်မှာ ကုတင်(၁၉)ရဲ့ မျက်နှာက
ဖြူရော်လို့နေတယ်။ စောင်ကို ဆွဲခွာကြည့်လိုက်တော့ ရေမွှာက
ပေါက်နေခဲ့ပါပြီ။ ပိုဆိုးတာက ရေက အနီရောင်ဖြစ်နေတဲ့အတွက်
သားအိမ်အတွင်းမှာ သွေးထွက်နေပြီဆိုတာကို သိလိုက်တယ်။

ကုတင်(၁၉)ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ လွှမ်းနေတယ်။ သွေးထွက်ပြီ
ဆိုကတည်းက ကလေးကို ရောဂါကူးစက်နိုင်နှုန်းက ဆတိုးသေချာနေပြီ။ တကယ်တော့
အချင်းက ရောဂါမကူးစက်အောင် ရင်သွေးကို ဖုံးအုပ်ထားနိုင်တယ်။ ဒါပေမယ့်
မွေးဖွားချိန် ထွက်တဲ့သွေးနဲ့ ဓာတ်တစ်မျိုး (Secretions) ကြောင့် ကလေးကို
HIV ကူးစက်နိုင်ပါတယ်။

နာကျင်လွန်းလို့ သူ့နှာဖူးမှာ ချွေးသီးချွေးပေါက်တွေ တွဲခိုနေတယ်။
ခံစားနေရတဲ့ ဝေဒနာကို အံကြိတ်ပြီး ခွဲစိပ်ဖို့ပြင်ဆင်မှုတစ်ချို့ကိ

သူခံယူနေတယ်။ ညအချိန်မို့ ထမ်းစင်က ချက်ချင်းရောက်မလာခဲ့ဘူး။ သူ
စကားတစ်ခွန်းမှမပြောဘဲ ကုတင်ပေါ်က ဆင်းလိုက်တယ်။ သူ့ကိုဖေးမရင်း
သွေးတွေရောနေနဲ့ ရေတစ်ချို့ ဂါဝန်ထဲကနေတစ်ဆင့် ရောင်အမ်းနေတဲ့
သူ့ခြေထောက်ပေါ် စီးကျလာတာကို ကျွန်မတွေ့လိုက်တယ်။

သူဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။ ခြေလှမ်းကို မြန်သထက် မြန်အောင်လှမ်းနေတယ်။
သူ့ခြေလှမ်း တစ်စက္ကန့် မြန်ရင် ကလေးအသက်ရှင်မယ်၊ ရောဂါကူးစက်ရာက
လွတ်မယ်လို့ သူမှန်းထားပုံရတယ်။

ခွဲစိပ်ကုတင်ပေါ် သူရောက်တဲ့အချိန် ရေမွှာ ရေက နောက်ကျိနေခဲ့ပါပြီ။ ဒါက
ရင်သွေးငယ် အောက်စီဂျင်ပြတ်နေပြီဆိုတဲ့ လက္ခဏာဖြစ်တယ်။ ထုံဆေးဆရာက သူ့ကို
ထုံဆေးထိုးပေးပြီး ကျွန်မတို့က သူ့ရဲ့ သတိလည်နှုန်းကို
စတင်စမ်းသပ်ခဲ့ကြတယ်။

ခက်တာက အချိန် ၃ မိနစ်ကျော်လွန်သွားပေမယ့် သူနိုးကြားနေတုန်းပဲ။

"နာလိုက်တာ" လို့ သူ ရေရွတ်နေတယ်။

ထုံဆေးဆရာ ချွေးပြန်စပြုလာပါပြီ။ သူ့ထုံဆေး အစွမ်းမပြတဲ့ လူနာဆိုလို့
ဒါပထမဆုံးအကြိမ် ကြုံတာပါပဲ။ ဒါပေမယ့် ကလေးအခြေအနေက ထုံဆေးထပ်ပေးလို့
မသင့်တဲ့အခြေအနေကို ရောက်နေပါတယ်။

ကျွန်မရဲ့လက်ကို သူ့တင်းတင်းလေး ဆုပ်ကိုင်ထားတယ်။ တိုးလျှိုးတောင်းပန်တဲ့
မျက်လုံးနဲ့ ဆရာဝန်တွေကို ကြည့်နေတယ်။ ပါးစပ်ကလည်း " ကျွန်မ ကလေးကို
ကယ်ပါ.... ကျွန်မကို ဂရုမစိုက်ပါနဲ့... ကျွန်မ ကလေးကို ကယ်ပါ" လို့
တိုးတိုးလေး တောင်းဆိုနေခဲ့တယ်။

အချိန် ၁ မိနစ် လွန်မြောက်သွားခဲ့ပါပြီ......

ကုတင်(၁၉)ရဲ့ ခြေလက်တွေကို ကုတင်နဲ့ ကပ်ချည်ထားလိုက်တယ်။ ထုံဆေးဆရာကလည်း
ဆေးထိုးအပ်ကို အသင့်ပြင်ထားပြီးပြီ။ ခွဲစိတ်မှူးဆရာဝန်ကလည်း အံကြိတ်လို့
ခွဲစိပ်ဖို့ရာ လက်တွန့်နေခဲ့တယ်။

ဒါ ကျွန်မနပ်စ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက် "သားဖွားမီးယပ်ပါရဂူ" အဖြစ်
နာမည်ကြီးတဲ့ ဆရာဝန်ရဲ့ မျက်နှာပေါ်က မျှော်လင့်ချက်မဲ့အရိပ်ကို
ပထမဦးဆုံး မြင်ဖူးခြင်းပါပဲ။

ခွဲစိပ်ဓားတွေက ထုံဆေးမစွမ်းတဲ့ ကုတင်(၁၉)ရဲ့ ဗိုက်ပေါ် ခွဲချလိုက်တယ်။
ဗိုက်အရေခွံ အဲဒီနောက် အဆီထပ်၊ ကြွက်သား၊ အချွဲ (Mucosa)၊ သားအိမ်....
ကုတင်(၁၉) ကျွန်မလက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ။ မပီမသ
စကားသံတစ်ချို့နဲ့ ရင်ကွဲလုမတတ် အော်မြည်သံတစ်ချို့ သူ့ပါးစပ်မှာ
ကိုက်ထားတဲ့ ပုဝါကြားကနေ ပလုံးပထွေးထွက်လာခဲ့တယ်။

ခန္ဓာတစ်ခုလုံးက ကုတင်ပေါ်မှာ တစ်ဆတ်ဆတ် တုန်လို့..... အကြောတွေပါ
လိမ်ဆွဲနေတယ်။ သူ့မျက်နှာဟာ နာကျင်လွန်းလို့ ပုံစံပြောင်းနေတယ်။ ကျွန်မ
မကြည့်ရက်ဘဲ မျက်နှာလွဲလိုက်တယ်။ မျက်ရည်တွေ ပါးပြင်ပေါ်
လှိမ့်ဆင်းလာခဲ့ပါတယ်။

ဒါဟာ ဘယ်လိုနာကျင်မှုမျိုးလဲ ! ဒါဟာ ဘယ်အရာနဲ့ နိုင်းပြလို့ရတဲ့ မိခင်မေတ္တာမျိုးလဲ !

နောက်ဆုံး ကလေးကို ဝမ်းထဲကနေ ဆွဲထုတ်ယူနိုင်ခဲ့တယ်။ ကလေးမျက်နှာက
ပြာနှမ်းနေပါပြီ။ ချက်ကြိုးက လည်ပင်းကိုပတ်နေတာကြောင့်
အောက်စီဂျင်ပြတ်ပြီး ပြာနှမ်းခဲ့ပုံရတယ်။

တအောင့်ကြာတော့ ချွေးတွေ ရွှဲနစ်နေတဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံး
ပျော့ခွေကျသွားတယ်။ ဆရာဝန်က ကလေးငယ်ကို ခြေထောက်ကကိုင်ပြီး ကျောကို
တစ်ချက်နှစ်ချက် ပုတ်ပေးလိုက်တယ်။ ပါးစပ်ထဲဝင်နေတဲ့ အညစ်အကြေးတစ်ချို့
အန်ထွက်လာပြီးနောက် ကလေးရဲ့ ပထမဆုံးငိုသံ ထွက်ပေါ်လာခဲ့တယ်။
ငိုသံကတိုးညှင်းပေမယ့် ကြည်လင်နေတယ်။

သတိလက်လွတ် ဖြစ်ခါနီးဆဲဆဲ မိခင်က ကလေးငိုသံကို ကြားလိုက်မိလို့ ထင်ပါရဲ့
ကလေးဖက်ကို အားယူပြီး မျက်လုံးတစ်ချက် ဖွင့်ကြည့်လိုက်တယ်။ အဲဒီနောက်
မျက်ခွံတွေ လုံးဝပိတ်ကျသွားခဲ့တယ်။ သူ့ကိုယ်ပေါ် ပတ်ထားတဲ့ ခါးပတ်တွေကို
ကျွန်မဖြုတ်ပေးလိုက်တယ်။ သူ့လက်ကောက်ဝတ်တွေ၊ ခြေကျင်းဝတ်တွေ
ညိုမည်းပွန်းပဲ့ကုန်ပြီး သွေးတွေ ထွက်နေတာကို ကျွန်မတွေ့လိုက်တယ်။
အဆုပ်ကိုင်ခံထားရတဲ့ ကျွန်မရဲ့ လက်လည်း အရိုးတွေ ကျိုးကြေမတတ်
နာကျင်လို့နေတယ်။

ကုတင်(၁၉) အားယူပြီး ဖွင့်ကြည့်ခဲ့တဲ့ အကြည့်တစ်ချက်က
ကိုယ့်ရင်သွေးငယ်ကို နောက်ဆုံးကြည့်ခြင်းမှန်း ကျွန်မလုံးဝ
တွေးမထားခဲ့မိဘူး။ အဲဒီ ဖော်ရွေမှု အပြုံးတွေပါတဲ့ သူ့မျက်လုံးဟာ
ပိတ်ကျသွားပြီးနောက် လုံးဝ ပြန်ဖွင့်မလာခဲ့တော့ပါဘူး။

၃ရက်အကြာမှာ ခွဲစိပ်မှုကြောင့် သွေးမသန့်ဖြစ်တာရယ်၊ ပေးထားတဲ့ antibiotics
အကျိုးမပြုတာရယ်ကြောင့် လူ့လောကကို သူရာသက်ပန် ခွဲသွားခဲ့တယ်။

ကံကောင်းတာက မွေးထွက်လာတဲ့ ကလေးလေးက HIV negative ဖြစ်နေတယ်။ ကျွန်မတို့
ဆေးပညာမှာ အောင်မြင်တဲ့ ကုသမှုတစ်ခုအဖြင့် အသိအမှတ်ပြုမိပါတယ်။
အေအိုင်ဒီအက်စ် ရောဂါရ မိခင်တစ်ဦးကနေ ကျန်းမာတဲ့ ကလေးငယ်
မွေးထုတ်နိုင်ခဲ့တဲ့အတွက် သတင်းစာအချို့နဲ့ သတင်းဌာနက လူတွေ လာရောက်
မေးမြန်းကြမယ်လို့ ကျွန်မတို့ ကြားမိပါတယ်။

လူနာနေခဲ့တဲ့ အခန်းကို ကျွန်မဝင်ရှင်းတော့ ကုတင်(၁၉)ရဲ့
ခေါင်းအုံးအောက်မှာ ကလေးအတွက် ရေးခဲ့တဲ့ စာတွေကို ကျွန်မတွေ့လိုက်မိတယ်။
စာတွေအပြင်၊ ရုပ်ပုံတွေပါ ဆွဲထားသေးတယ်။ ပထမဆုံးပုံက နေလုံးကြီးပုံကို
ဆွဲထားတယ်။ နေရောင်အောက်မှာ လက်ကလေးတစ်စုံ... အဲဒီအောက်မှာ ကလေးအတွက်
စာတစ်ကြောင်းရေးထားပါတယ်။

"သားရေ..... ဘဝဆိုတာ နေမင်းကြီးနဲ့တူတယ်။ ဒီနေ့ နေဝင်ခဲ့ရင် မနက်ဖြန်
ပြန်တက်လာစမြဲပဲ။ ဒါပေမယ့် နေမင်းကြီးက နေ့တိုင်းတော့ မတူနိုင်ဘူး"
စာကြောင်းရဲ့ အောက်မှာ သပ်ရပ်လှပတဲ့ နာမည်လေးတစ်ခု ထိုးထားတယ်။ သူ့ကို
ကုတင်(၁၉)လို့ပဲ ကျွန်မခေါ်ခဲ့မိတဲ့အတွက် ပထမဆုံးအကြိမ် ကျွန်မ
နောင်တရမိခဲ့တယ်။

ကလေးလေး ဆေးရုံဆင်းတော့ ကလေးအဖေကို ရေးထားတဲ့ စာတွေအားလုံး
ကျွန်မအပ်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်တွေနဲ့ နီရဲနေခဲ့တယ်။
ကလေးငယ်ကလည်း သူ့မိခင် မရှိတော့မှန်း သိတဲ့အလား တစ်ဝါးဝါးနဲ့
အော်ငိုနေခဲ့တယ်။

နေမင်းကြီးပုံ ဆွဲထားတဲ့ ပုံကို ကလေးရှေ့မှာ ကျွန်မဝှေ့ယမ်းပြလိုက်မိတယ်။
ကလေးငယ်ဟာ ငိုရာက ချက်ချင်းတိတ်ပြီး လက်ကလေးကို ဆန့်လို့ ......
ကျွန်မလက်ထဲက စာရွက်ကို လှမ်းဆုတ်ကိုင်လိုက်တော့တယ်။

မဖတ်မမှတ်ရသေးသူများအတွက် မျှဝေချင်တဲ့ ဆန္ဒနဲ့ပါ။

စာအုပ်စာပေ လူ့ မိတ်ဆွေဖြစ်ပေမဲ့...ကျတော်စာအုပ်တွေမဖတ်ဖြစ်တာ အတော်ကြာခဲ့ပါပြီ...ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်က ကျတော်ဖတ်ဖို့ ဆိုပြီး စာအုပ်ကလေးတွေပေးလာပါတယ်...အဲဒီစာအုပ်တွေကို သူငယ်ချင်းများ ဖတ်စေချင်လို့  ကျတော်ဒီ ဘလော့ကလေးလုပ်လိုက်ပါတယ်... သူငယ်ချင်းတို့ ဆီမှာ ရှိတဲ့စာအုပ်ကောင်းများရှိခဲ့ရင် ဝေမျှစေချင်ပါတယ်.....
Home