Home

ကာတွန်း ဦးဘဂျမ်းရဲ့ ရှားရှားပါးပါး ရှုမ၀ နှစ်တစ်ရာပြည့်မှာ ဖော်ပြထားတဲ့ အချစ်ကြောင့်ဆိုတဲ့ ၀တ္ထုရှည်

ဒေါ်အုံးမြသည် မညီမညာလောင်ကျွမ်းသော ဆေးပေါ့လိပ်ကို တံတွေးဖြင့်တို့ ရင်း ပြတင်းပေါက်တွင် ကျောက်တိုင်ကျောက်ရုပ်ပမာ မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေသော မောင်နိပ်အား လှမ်း၍ကြည့်လိုက်လေဧ။် ။ သွပ်ခေါင်ပေါ်မှ တံစက်မြိတ်ပေါ်သို့ တဖြောက်ဖြောက်ကျရောက်လျက်ရှိသော နှင်းပေါက်တို့ဧ။်
အသံမှတပါး ထူးထူးခြားခြားတိတ်ဆိတ်လျက်ရှိပေဧ။် ။ အားနည်းသောနေရောင်ခြည်ကို ဖြတ်လျက် ၀င်းဝင်းလက်လက် ခေါင်ပေါ်မှ ဆင်းသက်လျက်ရှိသော ဆီးနှင်းပေါက်များကို အတန်ကြာ စူးစိုက်ကြည့်ရှုနေရာမှ တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်ချလိုက်သကဲ့သို့ သက်မကြီး ရှူ၍ထုတ်လိုက်ကာ မျက်နှာကို မလှည့်ဘဲ "ကဲ....မေမေရယ် တစ်ယောက်တည်းနေခဲ့ပါပီတဲ့။ဘာများ စိတ်မချစရာရှိသလ"ဲ ဟု ခပ်လေးလေး မေးလိုက်လေဧ။် ။

ဒေါ်အုံးမြဧ။် ထူထပ်သော မျက်ခုံးများမှာ အံ့သြသောအမူအရာဖြင့် အထက်သို့ ညီညီညာညာ မြင့်တက်၍သွားကြလေဧ။် ။
"မေးမှ မေးပလေကွယ်၊ မင်းတစ်ယောက်တည်း တစ်လကိုးသတင်း ပစ်ထားခဲ့လို့ဖြစ်နိုင်ပါ့မလား၊ ထင်သလိုနေ၊ထင်သလိုစားပြီး မတော်တဆဖျားနာနေရင် မခက်ပါလား"
"ဒါတော့ မေမေရယ်...၊ကလေးသူငယ်မှ မဟုတ်ဘဲ၊နားမလည်ဘဲ နေပါ့မလား၊ ဒီအသက်ဒီအရွယ် အသက်ပဲ သုံးဆယ်ကျော်မှ မအေခရီးသွားလို့ သူများအိမ်မှာ အပ်ထားခဲ့ရတယ်ဆိုတာ လူကြားရင်တောင် ရှက်စရာကောင်းလှတယ်"
"အံမယ် ဘယ်သူ့ ရှက်ရမှာလဲ၊ကိုယ့်ဘကြီးအိမ် ကိုယ်သွားနေတာ၊ ဘယ်သူက ဘာပြောဦးမှာလဲ၊
ကဲပါကွယ်....လျှာရှည်မနေစမ်းပါနဲ့ ၊ မင့်ဘကြီးနဲ့ ကြီးတော်ကိုလဲ ငါပြောပြီးပါပြီ၊ မနက်ဖန် ခုနစ်နာရီခွဲရထားကို မေမေတို့ လိုက်ပို့ ပြီး မင့်ကြီးတော်တို့ အိမ်ကို တစ်ခါတည်းသွား၊ အိမ်ကို တစ်ခါထဲ သော့ခတ်ထားခဲ့မယ်၊ဟိုကပဲနေပြီး အလုပ်တက်၊ ငါလဲ မင့်ဒေါ်လေးနေကောင်းလို့ ရှိရင် ချက်ချင်း ပြန်ခဲ့မှာပဲ"

မောင်နိပ်ဧ။်မျက်နှာမှာ စိတ်ပျက်လှသော အမူအရာဖြင့်သိသိသာသာရှုံမဲ့သွားလေဧ။် ။ "သိပ်ခက်တာပဲဗျာ"ဟု လေရှည်ဆွဲ၍ ညည်းလိုက်ရာ ဒေါ်အုံးမြဧ။်မျက်နှာ မှာအနည်းငယ်ပြုံးသလို ဖြစ်လာ၍လာကာ "ဒါကြောင့်မေမေပြောတာ၊ သူများတကာမှာ ဒီအရွယ်ဆိုရင် သားနဲ့မယားနဲ့ တင့်တင့်တယ်တယ်ဖြစ်နေကြပြီ၊ မင့်မှာတော့ ကြည့်စမ်း၊
ဘယ်လမ်းသွားသွား စိတ်မချစရာ၊တကယ်လို့သာ မင့်မှာ အိမ်ထောင်ရက်သားနဲ့ ဆိုရင်၊ ဘာ...မေမေ ပူစရာရှိမလဲ၊ ဘယ်သွားသွား" ဟု စကားမဆုံးမီ ပြတင်းပေါက်ကို မျက်နှာမူနေရာမှ ချာခနဲလှည့်လိုက်ကာ "တော်ပါ...မေမေ့မှာဖြင့် တစ်ခါလာဒါပဲ၊တော်တော်ကြာရင် ဟိန္ဒူနဲ့  မူစလမန်တွေမတည့်တာဟာ ကျွန်တော်သားမယားမယူတဲ့အတွက်ကြောင့်လို့  မေမေပြောဦးမယ်"

ဒေါ်အုံးမြမှာ အသံထွက်အောင် ရယ်မိလေဧ။် ။
"ငါက အကောင်းပြောတာဟဲ့"
"တော်ပါ မေမေရယ်...၊မေမေပြောတဲ့ဟာတွေနဲ့ဖြင့် အေးအေးပဲနေပါရစေ"
" မင်းတစ်သက်လုံး ဒီလိုပဲနေမှာလား"
"တစ်သက်လုံးတော့ ဘယ်ဒီလိုနေမှာလဲ မေမေ၊ ကျွန်တော် ယူချင်တဲ့ တစ်နေ့ ကျတော့ ယူမှာပေါ့၊ အဲဒီတော့ကျမှ မေမေသဘောတူတဲ့ဟာတွေနဲ့ဘယ်လောက်ကွာတယ်ဆိုတာ ကြည့်ပေတော့"
"ယူပါမောင်...ယူပါ၊ကြည့်လိုက်ဦးမယ်၊ ရွေးအားကြီးတော့သာ..."
"အမေပြောတဲ့ဟာတွေထက်တော့သာမှာပါပဲဗျာ" ဟု စကားမဆုံးမီ ခပ်မြန်မြန် ၀င်၍ပြောလိုက်လေဧ။် ။ မခံချင်သဖြင့် ပြောလိုက်ရသော်လည်း မောင်နိပ်အဖို့ ကား လုံးလုံးလျားလျား ကြွားလုံးမျှဖြစ်ပေဧ။် ။ အသက်သုံးဆယ်ကျော် ခဲ့သော်လည်း ရည်းစားဟူ၍ တစ်ယောက်တစ်လေမျှမရှိ။
စိတ်လည်း မကူးခဲ့သော မောင်နိပ်သည် ရည်းစားမထားလို၍လည်းမဟုတ်။ အချစ်အတွက်နှင့် ပတ်သက်၍ စိတ်မကူးချင်၍လည်းမဟုတ်၊ မိန်းကလေးမြင်လျှင်ကြောက်ချင်သော သဘော၊ တွေ့ လျှင် မျက်နှာချင်းဆိုင်ဝံ့သော သတ္တိမရှိခြင်းကြောင့် ဖြစ်ဧ။် ။
မိန်းကလေးများသောနေရာဆိုလျှင် ရှောင်နိုင်သမျှ ရှောင်ဧ။် ။ မိန်းကလေးထိုင်သော ဈေးဆိုင်ကိုပင် ၀င်၍မ၀ယ်ဝံ့။ တစ်ခါတစ်ရံမှား၍၀င်မိလျှင် စကားပြောတွေ
အမှားမှား အယွင်းယွင်း ဖြစ်ကာ လိုချင်တာတစ်မျိုး ပြောမိကာ မျက်နှာပျက်ပျက်နှင့် မလိုချင်သော ပစ္စည်းကိုဝယ်ကာ ဆိုင်တွင်းမှ ကတိုက်ကရိုက် ထွက်ခဲ့ရသည်မှာလည်း အခါပေါင်းများပေပြီ။ မောင်နိပ်အဖို့ ကား သားမယားယူဖို့ ကိစ္စတွင် ကြားလူဝင်၍ မဆောင်ရွက်ပါက ဤတစ်သက်တွင်မက နောင်ဆယ်သက်တိုင်အောင် သောင်ပြင်တွင် စိုက်သောငုတ်ကဲ့သို့ ငှက်မနား၊လူမလှုပ်၊ခပ်ကုတ်ကုတ်ပင်၊တစ်ကိုယ်တည်း နေရတော့မည်မှာ မြေကို လက်ဖြင့်ပုတ်ခြင်းက လွဲနိုင်စရာအကြောင်း ရှိပေဧ။် ။

"ကဲပါကွယ် ငါပြောတာတွေထက် သာတယ်ဆိုရင်လေ မေမေက ငါ့ချွေးမကလေးကို ကလပ်ပေါ်တင် စိန်တွေဝေနေအောင်ဆင်ပြီး ဟောသလို...ဖူး..ဖူး..၀ူး..၀ူးနဲ့
မှုတ်ထားပါ့မယ်"ဟု လက်ဟန်ခြေဟန်နှင့် ပြောလိုက်ရာ မောင်နိပ်ဧ။် မျက်နှာမှာ ပြုံး၍လာရာမှ သွားများဖြီးလျက် "ဟီး..ဟီး"ဟု အသံထွက်မိလေဧ။် ။
ဒေါ်အုံးမြသည် ကုလားထိုင်ပေါ်မှ ထရင်း "ကဲ..ထမင်းမစားခင် အလကားနေမဲ့အတူတူ မင်းကြီးတော်တို့ အိမ်ကို ယူဖို့  အ၀တ်အစားတွေဘာတွေ သွားပြင်၊ မေမေလဲ နက်ဖန်သွားဖို့ အတွက် ပြင်ရဆင်ရဦးမယ်.."ဟု ပြောလိုက်မှ ပြောင်းရွှေ့ ရမည့် ကိစ္စကိုပြန်၍ သတိရကာ..."ဟာဗျာ...ဘကြီးတို့ အိမ်မှာနေရတာ ကျွန်တော်ဖြင့် နေကိုမနေချင်ဘူး၊ သိပ်စိတ်ညစ်စရာကောင်းတာပဲ..."
"ဘာဖြစ်လို့ လဲကွယ် ငါ...ပြောထားပြီးပါပြီ၊ အစ်မကလဲ ၀မ်းသာလို့ ..၊မင်းဘကြီးကလဲ ဒီနေ့ လာပါစေလားတဲ့..."
"အဘိုးကြီးကလား..ဟီ..ဟိ"
"ဘာလဲဟဲ့...အဘိုးကြီးက သူ့ ဘာသာ အေးဆေးနေတာပါ"
" အံမာ..မေမေကလဲ အသိသားနဲ့ ..အဘိုးကြီးက သိပ်ဆူတဲ့အဘိုးကြီးဗျ၊နာမည်ကသာ ဦးအေး.. လူကမီးခဲထက်ပူသေးတယ"်
ဒေါ်အုန်းမြသည် မသိမသာပြုံးရင်း "မင်းတို့ ဒါတွေခက်တာပဲ...ဆူတယ်ဆိုတာ မင်းတို့ အတွက် ပူလို့ ဆူတာ.. အသက်ကြီးလာတော့ နေရာတကာမှာ ပူပင်တတ်တယ်ကွဲ "့
"ခက်တာပဲဗျာ..၊ကဲပါလေ...မေမေ ဒါလောက်နေစေချင်ရင်လဲ...နေခဲ့တာပေါ့.."ဟု ညည်းညည်းညူညူ ပြောဆိုလိုက်ရာ
"ဒေါ်အုံးမြမှာ မေမေလဲများများ မကြာပါဘူးကွယ်၊လေးငါးဆယ်ရက်ပေါ့"ဟု ပြောဆိုကာ အခန်းတွင်းမှ ထွက်မည်ပြုစဉ်
မောင်နိပ်မှာ တစ်စုံတစ်ရာကို ရုတ်တရက် သတိရသကဲ့သို့ မျက်လုံးမျက်ဆန်များ ပြူး၍သွားကာ "ဟာ...နေဦးမေမေ၊နေပါဦး၊ မဖြစ်ဘူးထင်တယ်၊ ဟိုအိမ်မှာ ဧည့်သည်တွေရောက်နေတယ်လို့ မနက်က မဏိပြောသွားတယ်"ဟု အရေးတကြီးပြောလိုက်သော်လည်း ဒေါ်အုန်းမြက ပေါ့ဆဆမျက်နှာထားဖြင့် "သြော်..မမမြင့်တို့  သားအမိတစ်တွေလား..၊ဟဲ့..ဒါ..ဧည့်သည်မှမဟုတ်ဘဲ၊ငယ်ငယ်ကတည်းက ညီအစ်မလိုနေလာတဲ့လူတွေ..၊မတွေ့ တာကြာလို့  ဘုရားလဲဖူးရင်း ခဏအလည်လာတာပါ..၊ကြာလှရင် သုံးလေးရက်ပေါ့ကွယ်..."
"မဏိပြောတော့ အပျိုတွေပါတယ်ဆိုပဲ၊အဲဒါက ခက်တယ် သူတို့ သွားကြမှာပဲ ကျွန်တော်ပြောင်းမယ် မေမေ၊ ကျွန်တော်ရောက်သွားရင် သူတို့ တွေအနေရအထိုင်ရ ကြပ်ကုန်မယ်"

မောင်နိပ်ဧ။်အကြောင်းကို ကောင်းကောင်းသိသဖြင့် ပြုံးရယ်ကာ "ကိစ္စမရှိပါဘူးကွယ်..အပျိုတွေ အများကြီး မဟုတ်ပါဘူး၊တစ်ယောက်တည်းပါ၊ကြာကြာနေမှာမှ မဟုတ်ပဲ၊ကဲပါကွယ်..သွားပါ၊ပြင်စရာဆင်စရာတွေ ပြင်ချေပါ "ဟုပြောဆိုကာ နောက်ထပ် စောဒကမတက်ရန် ခပ်မြန်မြန် ဧည့်ခန်းထဲမှ ထွက်၍ အပေါ်ထပ်သို့  တက်သွားလေဧ။်

ဦးအေးဧ။် ဇနီး ဒေါ်အုံးလှသည် ၀မ်းသာအားရ စားပွဲမှထရင်း သားရေအိတ်တစ်လုံးဆွဲဝင်လာသော မောင်နိပ်အား"...ရထားထွက်သွားပလားဟေ့..၊ကဲ..လာ...ကာဖီသောက်ဦးဓဟဲ့ မဏိရေ..ဟောဒီ မောင်နိပ်ရဲ့ သားရေအိတ်ကို
အပေါ်ထပ် မနေ့ က မင်းတို့  ရှင်းထားတဲ့အခန်းကို ပို့ လိုက်၊ငါတောင် ဘူတာရုံလာမလို့ ဟာ မအားနိုင်တာနဲ့  မရောက်တော့ဘူး၊နေရာကို ချောင်ချောင်ချိချိရရဲ့လား" ဟု ပြောဆိုကာ ကော်ဖီခရားကို ငှဲ့ သဖြင့် "ကျွန်တော်မသောက်တော့ဘူး ကြီးတော်...ဘူတာရုံကသောက်ခဲ့ပါပြီ၊ မေမေတို့ လဲ နေရာကောင်းရသွားပါတယ်.." ဟုပြောဆိုရင်း ဦးအေးဧ။်အနီးတွင်
ပေါင်မုန့် ထောပတ်သုတ်တစ်ချပ်ကို ၀ါးကာ ပြူးကျယ် စူးရှသော မျက်လုံးကြီးများဖြင့် စူးစူးဝါးဝါး မိမိအား ကြည့်နေသော ကလေးမကလေးတစ်ယောက်ကို တွေ့ ရသဖြင့် "သူက ဘယ်ကလဲ.."ဟူသော မျက်နှာထားဖြင့် ဒေါ်အုံးလှအား
လှမ်း၍ ကြည့်လိုက်ဧ။် ။

"ဒါက ချစ်ချစ်ကွဲ့ ..၊မမမြင့်ရဲ့ သမီးအငယ်၊သူတို့ လဲ အလည်ရောက်နေကြတယ်"
"မလှ..မြောက်ဘက်ကအခန်းကိုရှင်းထားရဲ့မဟုတ်လား"ဟု ကော်ဖီသောက်ရင်း ဦးအေးက လှမ်း၍မေးလိုက်လေဧ။် ။
"ရှင်းထားပါတယ်..၊မနေ့ ကတည်းက မဏိနဲ့ ဘဌေးက ရွှေ့ စရာရှိတာတွေ ရွှေ့ ၊ အေးစိန်က တံမြက်စည်း လှဲ ရှင်းလို့ ပါပဲ"

မောင်နိပ်သည် ဦးအေးဧ။်ဘေးတွင်ထိုင်နေသော ချစ်ချစ်အား နောက်တစ်ခါ ထပ်၍ကြည့်လိုက်လေဧ။် ။
အသက်မှာ ငါးနှစ်ကျော် ခြောက်နှစ်၊အသားညိုညို၊နဖူးမောက် နှာတံတို၊ဇီးကွက် နီးနီး ၀ိုင်းစက်သော မျက်လုံးကြီးများဖြင့် ပင်ကိုလည်းမလှ ဆင်လိုက်ပြင်လိုက်လျှင်လည်း သာလွန်၍ဂွကျမည့် ကလေးမပေတကား ဟု စဉ်းစားမိလေဧ။်

"ကဲ..ကော်ဖီမသောက်ချင်ရင်လဲ မင်းအခန်းကိုသွား၊ရေမိုးချိုးပြီး အ၀တ်အစားလေးဘာကလေးလဲ၊ကိုးနာရီခွဲလောက်ကို "ထမင်းစားရအောင်၊ ဟဲ့..မဏိ၊မောင်နိပ်ကို သူ့ အခန်းလိုက်ပြလိုက"် ဟု ဒေါ်အုံးလှက ပြောသဖြင့် မဏိနှင့်အတူ အပေါ်ထပ်သို့ တက်ခဲ့လေဧ။် ။
"ဟောဟိုဘက် အခန်းပဲ..အစ်ကိုကြီးဖို့ ၊မနေ့ က ကျွန်တော်တို့ ရှင်းထားတာ" ဟု မဏိကပြောသဖြင့် အစွန်ဆုံး
အခန်းဘက်သို့ လျှောက်ခဲ့ရင်း..

"မင်းပြောတဲ့ ဧည့်သည်တွေကကော ဘယ်အခန်းမှာလဲ"ဟု မေးလိုက်ရာ မဏိက ပါးစပ်ဟကာ လက်ဖြင့်ကာရင်း
"ခပ်တိုးတိုး...အစ်ကိုကြီး၊ဟောဟိုအခန်းထဲမှာ ဘုရားသွားကြမလို့  အ၀တ်အစား လဲနေကြတယ်၊ သိပ်နိပ်တာပဲ အစ်ကိုကြီးရာ၊
ချောတာမှ တကယ်ချောတာ.."ဟု လေသံဖြင့်ပြောရင်း မောင်နိပ်အတွက် သီးသန့် ထားသော အခန်းတွင်း သို့ ဝင်မိကြသဖြင့်
တော်ပါကွာ၊အောက်ထပ်မှာ အငယ်မကလေးကို တွေ့ ခဲ့ပြီးပါပြီ ဟု ပြောရင်း သားရေအိတ်ကို ဆွဲ၍ ဖွင့်လေဧ။်

မဏိမှာ ဘေးမှ ရပ်၍ကြည့်နေရာမှ "ဘာဟုတ်မလဲ အစ်ကိုကြီးရယ်၊ အငယ်ကလေးက သရဲမပဲ၊ သူ့ အစ်မနဲ့ တော့ ကွာချင်တိုင်း ကွာပါတယ်၊တော်တော်ကြာတော့ မြင်ပါလိမ့်မယ်"ဟု ပြောဆိုကာ အောက်ထပ်သို့  ဆင်းမည် ပြုပြီးမှ မောင်နိပ်က "နေပါဦးကွ၊သူတို့ က
ဘယ်တော့သွားကြမှာလဲ၊ဒီမှာ ဘယ်လောက်ကြာမှာလဲ"
"သိပ်ပြီးကြာမယ်မထင်ဘူး"
"ကောင်းပါလေ့ကွာ၊ မြန်မြန်ကြွကြပါစေ"

မဏိကား ဘာမျှပြန်မပြောဘဲ သားရေအိတ်ထဲမှ အ၀တ်အစားများကို ဆွဲထုတ်နေသော မောင်နိပ်အား အတန်ကြာ ကြည့်၍နေလေဧ။် ။ မောင်နိပ်ကား ကိုယ်လုံးကိုယ်ပေါက်ထွားထွား၊အသားညိုသော်လည်း ပင်ကိုယ်ရုပ်မခေလှ၊မျက်လုံးမျက်ဖန် နှာတံမှစ၍ မချောသော်လည်း အရုပ်မဆိုးလှ။ ယောကျာ်းပီပီသသ ကြည့်ကောင်း၍ ကောင်းသူတစ်ယောက်ဖြစ်သဖြင့် မိမိသာ လှော်ရလျှင် မကော်နိုင်စရာ အကြောင်းမရှိဟု စဉ်းစားမိကာ ပညာရှိတို့ ဧ။် ပြုံးခြင်းဖြင့် ပြုံးလိုက်ရာ ကျယ်လှသော ပါးစပ်ကြီးဧ။် ထောင့်နှစ်ဖက်မှာ
နားရွက်နှစ်ခုကို ထိလုမတတ်ဖြစ်၍သွားလေဧ။် ။ မဏိကားငယ်စဉ်ကပင် ထွားလွန်းအားကြီးသော ဦးခေါင်းကို အစွဲပြုကာ မဏိဟူသော
ဘွဲ့ ထူးဖြင့် ချီးကျူးခြင်းကို ခံခဲ့ရသူဖြစ်ပေရာ ခေါင်းကြီးသလောက် အကြံအစည်တွေ မှိုပေါက်သလိုများလှရကား ဤမျှကြီးမားသော ခေါင်းထဲမှာပင် မထားလောက်သဖြင့် ရံဖန်ရံခါ ဘဌေးနှင့်အေးစိန်အား မျှတပေးဝေခဲ့ရဧ။် ။ အစေအပါးချင်းတူသော်လည်း မဏိမှာ ဘဌေးနှင့် အေးစိန်တို့ ဧ။် က၀ိတစ်ဆူမက ဗဟုသုတပဒေသာပင်ကြီးပင် ဖြစ်ပေဧ။် ။ ဦးခေါင်းကြီးသလောက် မဏိဧ။် ပါးစပ်မှာ မြင်သူတကာ အံ့သြလောက်စရာ ပါးစပ်ဖြစ်ပေဧ။် ။ သဘောကျ၍ ပြုံးလိုက်သောအခါ ပါးစပ်ထောင့်နှစ်ခုမှာ နားရွက်များနှင့် ထိလုမတတ် ဖြစ်၍သွားတတ်ဧ။် ။အားရပါးရရယ်လိုက်သော အခါမူကား မဏိဧ။် မျက်နှာမှာ ထက်ခြမ်းကွဲ၍ သွားမည်လောဟု
စိုးရိမ်မကင်းစရာပင် ဖြစ်လေသည်။ လက်သီးဆုပ်၍ ပါးစပ်တွင်းသို့ ချောင်ချောင်ချိချိသွင်းနိုင်၍ ဤကဲ့သို့  ပြုလုပ်နိုင်သူမှာ သေနတ်နှင့် ပစ်လျှင် မီးမကူးနိုင်ဟု ပြောဖူးရာ ဘဌေး
အဖို့ ကား မဏိမှာ ဧရာမလူစွမ်းကောင်းကြီး ဖြစ်၍နေလေဧ။် ။

"ကြည့်ကြသေးတာပေါ့ အစ်ကိုကြီးရာ၊ နောင်တော့သာ.."ဟု စကားကို အဆုံးမသတ်ဘဲ ပြုံးလျက်
အခန်းတွင်းမှ ထွက်ခွာ၍ သွားလေဧ။် ။
မောင်နိပ်သည် ရေချိုးဆင်းစဉ် တစ်ခါ၊ အပြန်တစ်ကြိမ် အိမ်ပေါ်ထပ် ခန်းမကြီးကိုရောက်တိုင်း ဧည့်သည်များနှင့် တွေ့ မည် စိုးသဖြင့် မိမိ အခန်းသို့ ရောက်အောင် ခပ်မြန်မြန် လျှောက်မိလေဧ။် ။
အ၀တ်အစားများ လဲလှယ်စဉ် အပြင်မှ တံခါးကို ညင်သာစွာ ခေါက်လိုက်သဖြင့် ဖွင့်လိုက်ရာ မဏိကို တွေ့ လေဧ။် ။ မဏိသည် အလုပ်သွားရန် အ၀တ်အစား လဲလှယ်ထားသော မောင်နိပ်အား သဘောကျသော မျက်နှာထားဖြင့် စကားမပြောဘဲ ခဏမျှ ကြည့်နေပီးနောက် "အောက်ကခေါ်နေတယ်၊ထမင်းစားဖို့ လာပါတဲ့"
"အေး..အေး လာပြီ ဟု ပြောလိုက်ပြီးမှ ဟ...နေဦး၊ ဧည့်သည်တွေကော စားပြီးကြပလား.."
"ဘယ်စားဦးမလဲ အစ်ကိုကြီးရဲ့၊တစ်ဝိုင်းတည်း စားကြတာပဲ"
"မဖြစ်ဘူး၊ ငါအလုပ်တိုင် ကျမှပဲ စားတော့မယ်၊ ခုဘူတာရုံက မုန့် တွေ စားခဲ့လို့  ရင်ပြည့်နေတယ် ပြောလိုက်"
"မဟုတ်တာ အစ်ကိုကြီးရာ၊နောက်တော့လဲ တစ်ဝိုင်းတည်းဝင်စားရမှာပဲ၊ မထူးပါဘူး၊သူတို့ ဒီမှာနေသရွေ့ ဒီလိုပဲ မစားဘူးဆိုပြီး ရှောင်နေလို့ ဖြစ်နိုင်ပါ့မလား"

မောင်နိပ်မှာ အတော်ကြာ တွေ၍ နေလေဧ။် ။ မဏိ ပြောသောစကားမှာ အမှန်ပင်ဖြစ်သော်လည်း တစ်ခါမှ မမြင်ဖူးသော မိန်းမပျိုတစ်ယောက် ပါဝင်သော ထမင်းပွဲတွင် ၀င်၍စားရမည်မှာ အစဉ်းစားရ အတော်ခက်သော ပြသနာ တစ်ရပ် ဖြစ်၍နေသဖြင့် စိတ်ရှုပ်၍သွားကာ "သွားကွာ..ပြောသာ ပြောလိုက်စမ်းပါ၊နောက်မှ ငါကြည့်ပြီး လုပ်ပါ့မယ်"ဟု ဆိုသဖြင့် မဏိမှာ မကျေနပ်သော မျက်နှာဖြင့် ထွက်ခွာသွားလေဧ။် ။
အတန်ငယ်ကြာမှ အောက်ထပ်သို့  ဆင်းခဲ့ရာ ထမင်းစားခန်းသို့ ဝင်မည့်ဆဲဆဲ လုပ်နေသော ဦးအေးနှင့် ပက်ပင်းပါ တွေ့ လေဧ။် ။
"ဟေ့..လာ..ထမင်းစားမယ်လေ"
"ကျွန်တော် မစားတော့ဘူး ဘကြီး"
"ဟ...ဘာဖြစ်လို့ လဲ"
"ရင်နည်းနည်း ပြည့်နေလို့  ဘကြီးရဲ့ "
ဦးအေးအဖို့ ကား သတင်းကောင်းတစ်ခုကို ကြားသဖြင့် ကိုယ့်နားကို ကိုယ် မယုံနိုင်သကဲ့သို့  "ဘာပြောတယ်" ဟု ထပ်၍မေးလိုက်လေဧ။် ။
"ရင်ပြည့်နေလို့ ..ဘကြီး"
ဦးအေးဧ။် မျက်နှာကား ၀င်းထိန်၍ သွားလေဧ။် ။
"နေရာကျသကွာ၊ အဆင်သင့်လိုက်တာ၊ ကဲ..လာ လာ" ဟု ပြောပြောဆိုဆို လက်ကို အတင်းဆွဲကာ ထမင်းစားခန်းသို့  ခေါ်သဖြင့် မောင်နိပ်တွင် အံ့အားသင့်သော မျက်နှာဖြင့် ပါသွားလေဧ။် ။
ထမင်းပွဲတွင် အားလုံးအဆင်သင့် ထိုင်မိကြပြီ ဖြစ်သဖြင့် ဦးအေးက ဆွဲလျက် အခန်းတွင်းသို့  သွင်းလာသော မောင်နိပ်အား ၀ိုင်း၍ ကြည့်ကြလေဧ။် ။
ဝင်လျှင် ၀င်ချင်း ကြော့ကြော့ရှင်းရှင်း ကြည်ကြည်လင်လင် လှပသော မိန်းမပျိုဧ။် မျက်နှာကို မြင်လိုက်ရာ ရင်ထဲ ဖိုခနဲဖြစ်၍သွားကာ မျက်နှာ မထားတတ်ဖြစ်လျက် အနေရခက်နေစဉ် ဒေါ်အုံးလှက စတင်၍ "ဟောဒါပဲ..မမမြင့်ရေ..၊ညီမရဲ့သား မောင်နိပ်ဆိုတာ၊ကဲ..လာထိုင်၊ ဟောဒီက မမမြင့်ကတောင် မေးနေသေးတယ်"
"အေးကွယ်...တို့ က လူချင်းကွဲသွားတာ ကြာတော့ မင်းတို့ လူငယ်တွေကို မသိတော့ဘူး၊မောင့်မေမေနဲ့ တော့ မနေ့ က တွေ့ ပါတယ်၊ သူတို့ ဒီကနေ့ ရထားနဲ့ သွားကြပြီနော် "ဟု နှုတ်ဆက်စကားပြောသဖြင့် ဒေါ်မြင့်အား ဟုတ်ကဲ့ဟု တစ်ခွန်းမျှ ပြန်ပြောလိုက်မိဧ။်။
"ကဲ...လာ..ထိုင်လေ"
"ဟေ့..နေဦး..နေဦး..ထမင်းမစားပါစေနဲ့ ဦး၊ရင်ပြည့်လို့ တဲ့"
ဦးအေးက ပျာပျာသလဲ ပြောဆိုပြီးနောက် "ဟဲ့..အေးစိန်၊သွား ငါ့အခန်းထဲက ကြောင်အိမ်ကလေး အပေါ်ထပ်မှာ ဟောသလောက် ဆေးပုလင်း ပုပုဝိုင်းဝိုင်းကြီးရှိတယ်၊ အဲဒါ ချယူ ခဲ့စမ်း" ဟု ပြောဆိုပြီး နောက် မောင်နိပ်ဘက်သို့  လှည့်၍ "မင်း..တယ် ကံကောင်းတယ်၊ငါ့ဆေးက ဒီနေ့ မနက်မှ ဖော်လို့  လက်စသတ်တယ်၊ အဲ့ဒါ ဘကြီးကိုယ်တိုင် သေသေချာချာ ဆေးကျမ်းတွေကို ကြည့်ပြီး ဖော်ထားတဲ့ လေမျိုးရှစ်ဆယ်ဆေးရည်ကွဲ့ ၊ရင်ပြည့်ရင်ကယ်၊အစာမကြေလေထ၊အားလုံးရတယ်ကွဲ့ ၊ဒီလို ရင်ပြည့်တာလောက်တော့ကွာ တစ်ခါသောက်ပါပဲ၊ ရင်ထဲမှာ တစ်ခါထဲ ချောင်သွားတာပေါ့၊ မင်းသောက်ကြည့်တော့ သိပါလိမ့်မယ်၊ ငါ့သာ..ကျကျနနဖော်ရောင်းရရင် မင့်ဇီဝကတို့ ဒီဆူဇာတို့ က ဆေးတွေထက် ရောင်းရတော့မပေါ"့ ဟု ပြောရာမှ ခပ်ပြုံးပြုံး လုပ်၍နေသော ဒေါ်အုံးလှဘက် လှည့်ကာ "ဘာ..မင်းက ရယ်တာလဲ၊မင်းတို့ လို ဆေးကြောက်တဲ့ လူတွေသာ ဆေးဆိုရင် ဘယ်ဆေးမှအကောင်းမထင်ဘူးဟု" ပြောဆိုနေစဉ် အေးစိန်သည်
ဆေးပုလင်းကြီးကိုင်ကာ ၀င်လာပြီး ဦးအေးအနီးတွင် လာ၍ ချထားလေဧ။် ။

ထမင်းပွဲတွင် လူစုံပြီဖြစ်သော်လည်း မစားကြသေးဘဲ ခပ်မည်းမည်း ဆေးရည်များကို ဖန်ခွက်ထဲသို့ လောင်းထည့်နေသော ဦးအေးအား ကြည့်၍နေကြလေဧ။် ။ ဧည့်သည်များနှင့် အတူ ထမင်းစားရမည်စိုးသဖြင့် လီဆယ်၍
ပြောဆိုမိသည်မှာ မောင်နိပ်အဖို့  ဦးအေးဧ။် ဆေးကို မသောက်လိုသော်လည်း မဖြစ်နိုင်၊ ကိုယ့်အတတ်နှင့် ကိုယ့်ကို စူးနေပြီ ဖြစ်လေရာ လွတ်ပေါက်ကို ရှာမတွေ့ ရကား ဦးအေးငှဲ့ နေသော
ဆေးများကိုသာ ကြောက်ရွံ့ သော မျက်နှာ ဖြင့် ကြည့်၍ နေမိလေဧ။် ။ ကြက်သီးများ ထ၍သွားကာ...
"နေပါစေတော့ ဘကြီးရယ်..တော်တော်ကြာ ချောင်သွားမှာပါပဲ"
"ဘယ်ဟုတ်မလဲကွ၊ဆေးသောက်မှ ချောင်တော့မပေါ့၊ရော့..သောက်လိုက်စမ်း" ဟုဆိုကာ ဆေးခွက်ကိုလှမ်း၍ပေးလေဧ။် ။
"ရင်မပြည့်ပါဘူး၊ကျွန်တော် အလကား ပြောတာပါ "ဟု ဖွင့်၍ပြောရန်မှာ ခက်၍
နေသဖြင့် ဦးအေးလက်မှ ဆေးခွက်ကို ယူကာ ပါးစပ်တွင်တေ့လိုက်ရာ ခေါင်းမှာ နောက်သို့ ဆတ်ခနဲ လန်၍
သွားမိလေဧ။် ရှုံ့ မဲ့သော မျက်နှာ ဖြင့် "ဘကြီးဆေးဟာ ကဇော်ပေါက်နေပြီ ထင်တယ်၊တယ်ပြင်းပါကလား"

မောင်နိပ်သည် ဆေးဖန်ခွက်ကို ပါးစပ်တွင်အပ်ကာ လျင်မြန်စွာ တစ်ရှိန်တည်း မော့၍သောက်လိုက်လေဧ။် ။
ဒေါ်မြင့်နှင့်ဒေါ်အုံးလှမှာ မောင်နိပ်ဧ။် မချိတရိ ရှုံ့ မဲ့သွားသော မျက်နှာကိုကြည့်ပြီး တညီတညာတည်း ကြက်သီးထကာ
တုန်လှုပ်သွားကြရာမှ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်မိကြလေဧ။် ။

ချစ်ချစ်မှာ သဘောကျလှသော အမူအရာဖြင့် ပုခုံးလေးနှစ်ဖက် လှုပ်အောင် ရယ်နေရာမှ မိန်းမပျိုအား လက်ကုတ်၍ မောင်နိပ်ဧ။်ရှုံ့ မဲ့နေသော မျက်နှာကို လက်ညှိုး ထိုးကာ "ဟိုမှာ မမ..သရဲရုပ်..သရဲရုပ"် ဟု ပြောလိုက်လေဧ။် ။
မောင်နိပ်တွင်ကား ရှုံ့ မဲ့ရမည်ကိုပင် မေ့လျော့သွားကာ တစ်ကိုယ်လုံး တုန်လှုပ်၍သွားလေဧ။် ။
နင်သာ သရဲရုပ်ဟု ဆိုကာ ခေါင်းကို လှမ်း၍ ခေါက်လိုက်ချင်ဧ။် ။
"ဟဲ့..ဘာလဲ၊ဒီလိုမပြောရဘူး၊ကိုကို ရိုက်လိမ့်မယ်" ဟု ဒေါ်မြင့်က ငေါက်လိုက်သံနှင့် မိန်းမပျိုက "ဟင်း..ဘာလ"ဲဟုကြိမ်းမောင်းလိုက်သံများ ကို ကြားလိုက်ရသော်လည်း ချစ်ချစ်တွင်ကား မထူးခြား၊
မောင်နိပ်အား ကြည့်ရင်း တခိခိ ရယ်၍ နေလေဧ။် ။
ဦးအေးက.. "ဘယ့်နှယ်လဲ..၊၀မ်းထဲမှာ ပူရှိန်းရှိန်း ကလေး ဖြစ်မသွားဘူးလား.."ဟုပြန်မေးသဖြင့်..
"ဘယ်နှယ့်နေမှန်းတောင် မသိဘူး၊ ဘကြီးဆေးက ခါးလဲခါး၊ ချဉ်လဲချဉ်.."
'ဒါလောက် အ၀င်မဆိုးပါဘူးကွာ၊သက်တက်တက် ချဉ်ပြုံးပြုံးပါ၊ဟဲ့..ဘဌေး ရေနည်းနည်းပေးလိုက်"
မောင်နိပ်အဖို့ ကား ထူးထူးခြားခြား တစ်ပါးစပ်လုံးခါးနေသဖြင့် ဘဌေးလက်မှ ရေခွက်ကိုယူကာ လေးငါးကျိုက်မျှသောက်၍
ချလိုက်ရလေဧ။် ။

ထမင်းစားပွဲ တစ်ဘက်တွင် ဒေါ်မြင့်နှင့် သမီးနှစ်ယောက်၊တစ်ဘက်တွက် ဒေါ်အုံးလှနှင့် မောင်နိပ်မှာ မိန်းမပျိုနှင့်
မျက်နှာချင်းဆိုင်နေ၍ နေသဖြင့် မော်၍မကြည့် ၀ံ့ဘဲ မိမိနှင့်နီးသော ဟင်းခွက်ကိုသာ စားရလေဧ။် ။
စိတ်ထဲတွင်ကား စားရသည်ထက် မိမိအား သရဲရုပ်ဟုဆိုခြင်းကို အခဲမကြေ၊ဒေါသထွက်ကာ မျက်နှာမှာ နီမြန်းလျက်ရှိလေဧ။် ။
"မမြမူ..ကြက်သားကြော်တွေ ထည့်စားလေ..၊ချစ်ချစ် ပန်းကန်ထဲလဲ ထည့်ပေးပါ၊မမမြင့်..အားမနာနဲ့ နော်၊ မောင်နိပ်
စားကွယ်..ဧည့်သည်လုပ်မနေနဲ့ .."ဆိုသော ဒေါ်အုံးလှဧ။် စကားကို ကြားဖြတ်၍ တစ်ခါတစ်ခါ " မအုံးမြမှာ သားသမီးဆိုလို့ 
မောင်တစ်ယောက်ပဲနော်" စသည်ဖြင့် ဒေါ်မြင့်ဧ။် မေးခွန်းများမှာ မောင်နိပ်အား ရင်တွင်း ၌ ဒိတ်ခနဲ ဖြစ်သွားစေလေဧ။် ။
အမှန်အားဖြင့်ဆိုသော် ဒေါ်မြင့်ကဲ့သို့ သော ကဲ့သို့ သော အဒေါ်ကြီး တစ်ယောက်နှင့် စကားပြောရခြင်းမှာ ၀န်လေးလှသော
အရာ မဟုတ်သော်လည်း ဒေါ်မြင့်မှာ ဘေးချင်းယှဉ်၍ ထိုင်နေသော မြမူဧ။် မိခင်ဖြစ်သဖြင့် မောင်နိပ်အဖို့  ကြောက်စရာ အလိုလိုဖြစ်၍နေလေဧ။် ။

ဘာစကားတွေကို ပြော၍ ဘာကိုစားမိသည်မသိ၊ ပန်းကန်ထဲတွင်ရှိ ထမင်းတစ်ဝက်လောက် အကုန်တွင် "ရင်ပြည့်နေလို့ 
နည်းနည်းပဲစားတော့မယ်"ဟု ဆိုကာ ထမင်းပွဲမှ ထလိုက်ရာ "စားသာစားပါကွာ၊ ငါ့ဆေးသောက်ပြီးရင် ဘာမှမဖြစ်စေရပါဘူး၊
စားချင်သလောက်သာ စားပါ" ဟု ဦးအေးက ပြောသော်လည်း "တော်ပါပြီ ဘကြီးရယ်..၀လဲဝပါပြီ.."ဟု ပြောပြောဆိုဆိုနှင့်ပင်
ထမင်းပွဲမှ ခပ်သုတ်သုတ် ထွက်ခဲ့ရလေဧ။်။
မောင်နိပ်သည် သောက်နေသော ကော်ဖီပန်းကန်ပေါ်မှ ကျော်ကာ ခပ်လှမ်းလှမ်း ဆိုဖာပေါ်တွင်
ထိုင်နေသော မြမူအား မကြာခဏကြည့်မိလေသည်။ ပြောင်းရွှေ့ ၍လာသည်မှာ သုံးလေးရက်မှ ကြာပြီဖြစ်သော်လည်း မြမူအား စကားပြောဝံ့ဖို့ ဝေးစွ၊သေသေချာချာပင် မျက်နှာချင်းမဆိုင်ဝံ့သေးပေ။ သို့ သော် ထမင်းစား၊လက်ဖက်ရည်သောက်သော အချိန်များတွင် တစ်စားပွဲတည်း
ဝင်၍ သောက်ဝံ့ စားဝံ့သော သူရသတ္တိဖြင့်ပြည့်စုံ၍ လာခဲ့ပြီ ဖြစ်လေဧ။် ။ ပြတင်းပေါက်မှ
ဝင်ရောက်လာသော နံနက်ခင်း နေရောင်သည် ထိုင်နေသော ဆိုဖာအပြာ ပေါ်သို့ ကျရောက်ရာမှ
အရောင် ပြန်၍ဟပ်ကာ..မြမူဧ။် ဖြူဖွေးသော ပါးကလေးတစ်ခြမ်းကို အပြာရောင်သမ်းနေစေရာ လွန်စွာ ပနံရသည်ဟု မောင်နိပ်စိတ်တွင် ကြိတ်၍ ပီတိဖြစ်စေဧ။် ။ ချစ်ချစ်မှာ မြမူဧ။် ရှေ့တွင် ထိုင်ကာ တစ်ထွာသာသာ ရှိသော ဆံပင်ကို ဘီးစိပ်တိုက်၍နေသည်ကို မုန့် သေတ္တာတစ်ချပ်ကို
ဝါးရင်း ခံနေလေဧ။် ။ ၀ါးရာမှ မကြာခဏ မောင်နိပ်အားလှမ်း၍ ကြည့်လေရာ မကြာမကြာ မျက်နှာချင်းဆိုင်၍ နေမိလေဧ။် ။ ချစ်ချစ်ဧ။် မျက်လုံးများကား မသင်္ကာသောသဘောဖြင့် မျက်မှောင်ကုပ်ကာ မြမူအား မော်၍ကြည့်လိုက်ဧ။် ။ မောင်နိပ်အား လှမ်း၍ကြည့်လျက်ရှိလေဧ။် ။
ပြူးကျယ်စူးရှသော မျက်လုံးများကား စူးစိုက်၍ကြည့်ရှုလိုက်သော အခါတိုင်း မောင်နိပ်တွင် ရင်ထဲ၌ ဒိတ်ခနဲဖြစ်၍သွားကာ အသက်ရှူမှားပြီး တရားသူကြီးဧ။် မျက်လုံးဒဏ်ကိုမခံနိုင်သော သူခိုးကဲ့သို့  တစ်ကိုယ်လုံးရိုးရိုးရွရွ ဖြစ်မိလေဧ။် ။
ကော်ဖီပန်းကန်ကိုချ၍ ထမည်ကဲ့သို့ ရှိစဉ် ချစ်ချစ်ကကျယ်လောင်သော အသံဖြင့် "မမမူ...ဟိုလူကြီးကမမကိုကြည့်ကြည့်နေတယ်၊နောက်ပိုးနေတာနော်..မမမူ.." ဟု ပြုံးရယ်ကာ ပြောလိုက်ရာ မောင်နိပ်မှာ မျက်လုံးများ ပြာ၍သွားကာ "ဟာ.. "ခနဲအော်ရင်း ခုန်၍ထမိလေပြီး လူမိသောကျီးကဲ့သို့  မျက်လုံးများဝိုင်း၍ ဟိုကြည့်ဒီကြည့် ဖြစ်နေလေဧ။် ။ မကြား၍လားမသိ၊ဦးအေးကား ပြတင်းပေါက်နားရှိ ကုလားထိုင်တွင် သတင်းစာဖတ်လျက်ပင်ရှိဧ။် ။ ဒေါ်မြင့်နှင့်ဒေါ်အုံးလှမှာ ခေါင်းရင်းစားပွဲနားတွင် ဆေးလိပ်တစ်လိပ်စီကိုင်ကာ စကားလက်ဆုံကျ၍နေရာမှ လှည့်၍ကြည့်ကြလေဧ။် ။
မြမူမှာ မျက်နှာကလေးနီမြန်း၍သွားကာ "ဘာလဲ..ပေါက်ပေါက်ရှာရှာ..ငါ..ခေါက်လိုက်ရ" ဟု ကြိမ်းမောင်းလိုက်လေဧ။် ။ မောင်နိပ်အဖို့ ကား ဘာကိုမျှမကြား၊ တစ်ကိုယ်လုံး ပူတစ်ခါ အေးတစ်လှည့် ဖြစ်၍သွားပြီး ဘယ်ပုံဘယ်နည်း အခန်းထဲမှ ထွက်ခဲ့သည်မသိ၊ မိမိအခန်းသို့ ရောက်မှ "သရဲမကလေး..တယ် အသေသာ သတ်ဖို့ ကောင်းတယ်၊ထွီ...ခွေးမလေး" စသည်ဖြင့် ကြိမ်းမောင်းကာ ထိုင်မလို ထမလို ဒေါသတွေ ပို၍နေလေဧ။် ။
အိပ်ရာကိုပြင်ဆင် ၍ ခင်းနေသော မဏိမှာ အံ့အားသင့်သောမျက်နှာဖြင့် မောင်နိပ်အား ကြည့်၍ နေရာမှ "ဘယ့်နှယ်ဟာလဲ အစ်ကိုကြီး၊ဘာဖြစ်လာတာလဲ.."
"ဟာ...မပြောချင်ပါဘူးကွာ၊ဘယ်လိုဟာနဲ့ များ လာတွေ့ ရတယ် မပြောတတ်ပါဘူး"
"ဘယ်သူလဲ အစ်ကိုကြီးရဲ့ ..."
"ဟိုသူငယ်မလေးပေါ့၊ဘယ်သူရှိဦးမလဲ.."
"သြော်..ချစ်ချစ်လား..အစစ်ပဲအစ်ကိုကြီးရာ..ဒီကောင်မကလေးဟာ နေရာတကာမှာ ၀င်
်ဝင်ပါတယ်၊ဂွလဲတော်တော်ပြောတယ်၊ တော်တော်ချဉ်စရာ ကောင်းတယ်..၊အခု အစ်ကိုကြီးကို ဘယ်လိုပြောလွှတ်လိုက်သလဲ"
"မပြောချင်ပါဘူးကွာ၊တစ်ခြားဟာပြောရင် တော်သေးရဲ့ ၊ခုတော့ငါ့မှာ သူ့ အစ်မကို ပိုးသလေး ဘာလေးနဲ့  လူတွေရှေ့ မှာ ပြောလိုက်တာ ကောင်းသေးရဲ့လား၊လူကြီးများကလဲကွာ အသေဆော်ပေးဖို့ ကောင်းတယ်၊ ဒါ..ကလေးစကားလားကွာ၊ကလေးပြောရမယ့်စကားလား"
မဏိသည် မောင်နိပ်ပြောသောစကားများကို နားထောင်နေရာမှ ရုတ်တရက် တွေဝေ၍ သွားလေဧ။် ။ မျက်မှောင်ကုပ်ကာ အတန်ကြာ စဉ်းစားသကဲ့သို့  တိတ်ဆိတ်နေရာမှ..
"သူ့ အစ်မကော ရှိသလား..."
"ရှေ့ တင်ပြောတာပဲ"
"ကြားကောကြားရဲ့လား"
"နားထိုင်းနေတာမှမဟုတ်ဘဲ၊ မကြားဘဲနေမလား၊အကျယ်ကြီးအော်ပြောတာ.."
"ဒါဆိုလဲကောင်းသားပဲ"
မောင်နိပ်သည် ရုတ်တရက် နားမလည်သကဲ့သို့  တွေ၍သွားရာမှ..
"ဘာ...ဘာဖြစ်တယ်.."
"ဒီလိုဆိုရင်လဲ ကောင်းတာပေါ့ အစ်ကိုကြီးရဲ့ ၊နားဖောက်ပြီးသား ဖြစ်တာပေါ့"
"တော်စမ်းပါကွာ၊ ဒါတွေ လျှောက် ပြော မနေစမ်းပါနဲ "့ ဟုဆိုကာ စိတ်လိုက်မာန်ပါ
အင်္ကျီများကို ချွတ်၍ အိပ်ရာပေါ်တွင် ပစ်တင်ပြီးနောက် ရေချိုးရန် အောက်ထပ်သို့ ဆင်းသွားလေဧ။် ။ ထို နေ့ အဖို့ ထမင်းစားပြီးနောက် အ၀တ်အစားလဲလှယ်ကာ အလုပ်သွားရန် အောက်ထပ်သို့ ဆင်းခဲ့ရာ မြမူနှင့်တွေ့ နေပြန်သဖြင့် ခပ်မြန်မြန် အိမ်ထဲမှ ထွက်ခဲ့လေဧ။် ။ ခြံဝသို့ ရောက်လျှင် စီးကရက် တစ်လိပ်ကိုထုတ်၍ မီးညှိရင်း အိမ်ဘက်သို့  ပြန်၍ကြည့်လိုက်ရာ ဧည့်ခန်းပြတင်းပေါက်တွင် ရပ်နေသော မြမူနှင့် တစ်ခါ မျက်နှာချင်းဆိုင် နေပြန်သဖြင့် လျင်မြန်စွာ မျက်နှာလွှဲလျက် ထွက်သွားမည်ပြုစဉ် စာပို့ သမားတစ်ယောက် ပေါ်ပေါက်လာကာ လက်ထဲသို့ စာတစ်စောင်ထည့်၍ သွားလေဧ။် ။ စာအိတ်ပေါ်မှ လိပ်စာကိုကြည့်လိုက်ရာ မိမိအတွက် မဟုတ်၊ ပင်ရှင်ရ ငွေတိုက်ဝန်ထောက်မင်း ဦးအေးက ကျေးဇူးပြု၍ မမြမူပေးရန် ဟု တွေ့ ရသဖြင့် "ဟာ...ဒီခွေးကုလား အိမ်ထဲကို ၀င်ပေးတာမဟုတ်ဘူး" ဟု ကြိမ်းဝါးရေရွတ်ရင်း ခြံတွင်းသို့  လှည့်၍ ကြည့်မိလေဧ။် ။
မြမူမှာ ပြတင်းပေါက်တွင် ရှိသေးသဖြင့် စာကို မပေးဘဲ ချ၍ထားခဲ့ရမည် မှာလည်း အခက်၊လက်ထဲသို့ သွားထည့်ရန်မှာလည်း ရွံ့ တွန့် တွန့်  နေသဖြင့် အတန်ကြာ တွေဝေ၍နေမိလေဧ။် ။ နောက်ဆုံး ၌ သူ့ စာသူ့ ကို ပေးတာ ဘာဖြစ်ရဦးမှာလဲ ဟု ရဲဆေးတင်ကာ ပြတင်းပေါက်ဘက်သို့  ပြန်ခဲ့ပြီး"ဒီမှာ စာ"ဟု လှမ်း၍ ပေးလေဧ။် ။ မြမူကလှမ်းယူရင်း"သြော်..ကျွန်မစာလား"ဟုမေးသဖြင့်"ဟုတ်ကဲ့ ပြောဆိုပြီး ပြန်၍ထွက်တော့မည် ပြုစဉ်"ဒီမှာ ခဏ..."ဟု မြမူက တားလိုက်ရာ မောင်နိပ်အဖို့ မှာ ပါးစပ်ဟ၍ သွားကာ လျင်မြန်စွာ လှည့်၍ကြည့်လိုက်မိလေဧ။် ။
ကိုမောင်နိပ် ခု အလုပ်သွားမလို့ လား"
ဟုတ်ကဲ့.."
ကျွန်မ စာအိတ်ခေါင်း တစ်ကျပ်ဖိုးလောက်မှာချင်လို့ "
ဟုတ်ကဲ့.."
အားနာစရာပဲရှင်"
ဟုတ်ကဲ့... ဟင်..ဟုတ်ပေါင်..နာစရာမရှိပါဘူး"
ဒီမှာ ပိုက်ဆံ"ဟု ဆိုကာ သားရေအိတ်ကလေးထဲမှ ပိုက်ဆံထုတ်သဖြင့်
နေပါစေဗျာ၊အားနာစရာ၊ အေးလေ..နောက်မှပေးပါ၊ညနေကျမှ ပေးပါ"
မြမူမှာ ထွက်မိထွက်ရာ ပြောလိုက်သော မောင်နိပ်အား မျိုသိပ်၍မထားနိုင်အောင် ရယ်ချင်၍လာသဖြင့် ပါးကလေးနှစ်ဖက် တွင် ခွက်ဝင်သွားအောင် ပြုံးလိုက်လေဧ။် ။
မောင်နိပ်မှာလည်း ၀မ်းသာသလိုလို ဘာလိုလို ဖြစ်ပြီး အကြောင်းမရှိဘဲ ဟီး...ဟီး ဟုရယ်ရင်း လှည့်သွားမည် ပြုစဉ်"တို့ သိပါတယ်ဟယ်..တို့ သိပါတယ်ဟယ်..ဟယ်.."ဟုကြွေးကြော်လိုက်သော အသံကိုကြားလိုက်ရာ မျက်လုံးများ ၀ိုင်း၍ သွားမိလေဧ။် ။ အသံလာရာသို့ လှမ်း၍ကြည့်လိုက်ရာ ၀ါရံတာပေါ်မှ ဖျာလိပ်ကို ချိုင်းတွင်ညှပ်လျက် မိမိတို့ ဘက်သို့  ကြည့်နေသော ချစ်ချစ်ကို ကို မြင်ရလေဧ။် ။"ဟာ..တယ်ခက်ပါကလား"ဟု ပြောပြောဆိုဆို ခြံဝသို့  အရောက် ကဆုန်ပေါက်ရလေဧ။် ။
ညနေမှ အလုပ်ပြန်လာသောအခါ တံခါးဝအနီးရှိ ကုလားထိုင် ပေါ်တွင် မဂ္ဂဇင်းတစ်အုပ်ကို ဖတ်နေသော မြမူအား တွေ့ သဖြင့် ဟောဒီမှာ စာအိတ်ခေါင်း ဟု ပြောရင်း ကတ်ကလေးစားပွဲ ပေါ်သို့  တင်၍ အပေါ်ကိုတက်မည် ပြုစဉ် မြမူက"ပိုက်ဆံယူပါဦး "
အို..နေပါစေဗျာ"
မဟုတ်တာပဲ ရော့ပါ"ဟုဆိုကာ တစ်ကျပ်တန် တစ်ရွက်ကို အိတ်ထဲမှ ထုတ်၍ပေးရင်း ဒါနဲ့ 
့နေ့ လယ် က ကိုမောင်နိပ်ဖို့ စာတစ်စောင်လာတယ်၊ ဒီစားပွဲ ပေါ်မှာ ကျွန်မတင်ထားတာ ချစ်ချစ်သွားပြီး ဖောက်လိုက်တယ်ရှင်၊ သိပ်အားနာစရာကောင်းတာပဲ"ဟု မျက်နှာကလေးညိုညိုနှင့်တောင်းပန်သလို ပြောလိုက်ရာ စာရွက်များကို ဆုတ်ဖဲ့၍ ဆေးလိပ်လိပ်နေသော ချစ်ချစ်က မျက်နှာရှစ်ခေါက်ချိုးနှင့် အောက်သိုးသိုးကြည့်နေရာမှ မမမူပဲဖောက်တာ..ချစ်ချစ်လာမပြောနဲ့ "
အဲ့ဒါသာ ကြည့်တော့ ကိုမောင်နိပ်၊ သိပ်အားနာစရာကောင်းတာပဲ"
ကိစ္စမရှိပါဘူးဗျာ"
မျက်နှာထားခပ်ဆိုးဆိုးနှင့် ပါးစပ်မှ တိုးတိုး ပြောရင်း ကြည့်၍နေရာမှ ထကာ သူများကို လာလာပြောတယ်၊ဟုတ်လဲမဟုတ်ဘဲနဲ့ ..သွားတိုင်မယ်၊သူတို့ တစ်ယောက်နဲ့ တစ်ယောက် စာပေးကြတာ သွားပြောမယ် ဟုဆိုကာ ဆောင့်ဆောင့်အောင့်အောင့် နှင့်သွားတော့မည် လုပ်သဖြင့် မောင်နိပ်မှာ ထိတ်ထိတ်ပျာပျာဖြစ်၍ သွားလျက်"ခက်တာပဲဗျာ၊ လုပ်ပါဦး၊လုပ်ပါဦး"ဟု မြမူအားပြောနေရာမှ လျင်မြန်စွာ အပေါ်ထပ်သို့  တက်ပြေးလေဧ။် ။

1 comment:

Unknown said...

Can you please upload full novel of this. I really really want to read the whole story.

Home