ထမင်းထုပ်လေးရဲ့ ငိုကြွေးသံ
အေးမြ အမေ ဒေါ်မြကြည်က ဘူတာမှာ ထမင်းထုပ် ရောင်းသူ… အေးမြတို့ရွာကလေးက မန္တလေး မြစ်ကြီးနား ရထားသံလမ်းဘေးတွင် ရှိပြီး ရွာဘူတာငယ်လေး တစ်ခုလဲ ရှိသည်။ သေးငယ်သော ဘူတာ ဖြစ်သောကြောင့် အထူးအမြန်၊ ဒုတိယအမြန်လို အမြန်ရထားများ မရပ်ပဲ စာပို့ရထား၊ ခေါက်ပြန်ရထားများသာ ရပ်နေကျ .. တစ်ခါတစ်လေ ရထားဆုံမည့် နေ့မှသာ အထူးအမြန်ကဲ့သို့ ရထားများ ရပ်တတ်သည်… ထိုအခါမျိုးတွင် ဒေါ်မြကြည်တို့ ဈေးရောင်း ကောင်းတတ်ပါသည်.. ဒေါ်မြကြည်က ဒေါ်ဝတုတ်မ ထမင်းဆိုင်မှ ထမင်းနှင့် ကြက်သားကြော် အပါ တစ်ထုပ်ကို ၄၅၀ နှင့် ၀ယ်၍ ရထားတွဲများတွင် ၅၀၀ ကျပ်နှင့် ပြန်လည်ရောင်းချသည့် အလုပ်ကို သူမ ယောက်ျား ဆုံးကတည်းက လုပ်လာတာ ၂နှစ်ရှိပြီ.. ဈေးရောင်းကောင်းသည့်နေ့တွင် တစ်ရက်ကို တစ်ထောင် ကျော်ကျော်လောက် ကျန်တတ်သော်လည်း ပုံမှန် ရက်များတွင် ၇၀၀ ပတ်ဝန်းကျင်လောက်တော့ ကျန်သည်..ပဲပေါ်သည့်ရာသီချိန်တွင် ဈေးရောင်းသည့်အလုပ်ကို ဒေါ်မြကြည် မလုပ်တော့.. ပဲနှုတ်သည်က ဈေးရောင်းသည်ထက် ပိုက်ဆံပိုရသဖြင့် ပဲနှုတ် လိုက်ဖြစ်သည်က များသည်။ မနေ့က ပဲနှုတ်ပြီးအပြန် ချောင်းထဲတွင် ရေဆင်းချိုးရာ ဒေါ်မြကြည် အပူရှပ်ပြီး အဖျား တက်တော့သည်.. ဒီနေ့တော့ ပဲနှုတ် မလိုက်နိုင်သဖြင့် ၇တန်းကျောင်းသူ သမီး အေးမြကို ကျောင်းမတက်ခိုင်းဘဲ ဘူတာတွင် ထမင်းထုပ် ရောင်းခိုင်းဖို့ကို ဒေါ်မြကြည် စဉ်းစား ရတော့သည်.. အေးမြ ဈေးရောင်း မထွက်လျှင် ညနေ စားစရာ ထမင်းပင် ရှိမည်မဟုတ်.. တစ်ရက်လုပ်မှ တစ်ရက် စားရသော ဒေါ်မြကြည်တို့ ဘ၀တွင် တစ်ရက် ဖျားသည်နှင့် စားစရာမရှိသည့်ဘ၀…. “သမီး အေးမြ ” “ရှင်… အမေ” “သမီး ကျောင်းမသွားနဲ့တော့… အမေ ဒီနေ့ ပဲနှုတ်မလိုက်နိုင်တော့ဘူး.. သမီး ဘူတာမှာ ထမင်းထုပ် သွားရောင်းလိုက်နော်.. မဟုတ်ရင် ညနေကျ အမေတို့ စားစရာမရှိဘဲ နေလိမ့်မယ်.. ခုမနက်တော့ ပဲပြုတ်နဲ့ ထမင်းကြမ်း စားသွားလိုက်နော် သမီး.. သမီး ဈေးရောင်းလို့ ပိုက်ဆံရလာရင် ဆန်နို့ဆီဗူး ၂လုံးလောက် ၀ယ်လာခဲ့ .. ပိုက်ဆံ ပိုရင် ဦးကုလား ဆေးဆိုင်မှာ အမေနေမကောင်းတာ ပြောပြပြီး သောက်ဆေး နည်းနည်း ၀ယ်လာခဲ့နော်…” “ဟုတ်ကဲ့ အမေ.. ဒါဆို သမီး ထမင်းစားပြီး သွားလိုက်တော့မယ် .. အမေ အခုဘာစားမလဲဟင်.. သမီးဆန်ပြုတ်လေး ပြုတ်ထားခဲ့မယ်နော်..” “ အေးအေး ရတယ်သမီး.. အမေ နေ့လည်လောက်မှ သောက်တော့မယ်… ” အေးမြ ထမင်းကြမ်းလေးကို ရေထည့်ပြီး အမေ့အတွက် ဆန်ပြုတ် ပြုတ်ပေးလိုက်ရင်း ထမင်းကို ပဲပြုတ်လေးနှင့် နယ်ကာ ဆီမဆမ်းနိုင်ဘဲ မြိန်ရည်ရှက်ရည် စားရတော့သည်။ စားသောက်ပြီးသည်နှင့် မန္တလေးမှ လာသော စာပို့ရထားကို အမီ ထမင်းထုပ်ရောင်းဖို့ ဘူတာဘက်ကို အပြေးအလွှား ထွက်လာခဲ့သည်။ အေးမြစိတ်ထဲ ထမင်းထုပ်များများ ရောင်းရဖို့ ဆုတောင်းနေမိသည်.. ဒါမှလဲ ညနေအပြန် ဆန်ဝယ်နိုင်မည် အမေအတွက် သောက်ဆေးနဲ့ အားရှိမဲ့ အစားအစာလဲ ၀ယ်ချင်သေးသည်လေ.. သူမအတွက် အမေ ပင်ပင်ပန်းပန်း ပဲနှုတ်လိုက်နေသည်ကို မကြည့်ရက်.. ကျောင်းထွက်ပြီး ဈေးရောင်းမယ် ပြောတိုင်းလည်း အမေက ဘယ်တော့မှ လက်မခံ.. ဒီနေ့တောင် မလွှဲသာလွန်း၍ သူမကို ကျောင်းပျက်ခိုင်းရသည်ကို အေးမြ နားလည်ပါသည်.. ထို့ကြောင့်လည်း အမေ့ကို သူမ လုပ်အားလေးနှင့် ကျွေးမွေးခွင့်ရတုန်း ဈေး ကောင်း ကောင်း ရောင်းရဖို့ ဆုတောင်း မိခြင်းသာ… ဘူတာအနီးက ဒေါ်ဝတုတ်မ ထမင်းဆိုင်မှာ ကြက်သားကြော်နဲ့ ထမင်း စုစုပေါင်း ၁၅ထုပ်ကို ယူလိုက်သည်။ ဒေါ်ဝတုတ်မဆီမှာ အေးမြအမေက ထမင်းထုပ်ယူနေကျ.. ဘူတာမှာရောင်းပြီး အပြန်ကျမှ ပိုက်ဆံဝင်ရှင်းပေးရသည်.. အရင်းအနှီးမလို.. ထမင်းထုပ် ကျန်နေလျှင် ပြန်အပ်ခဲ့လို့ ရသည်.. ဒေါ်ဝတုတ်မက အေးမြတို့ သားအမိကို သနားသဖြင့် ယခုလို အခွင့်အရေးမျိုး ပေးထားခြင်းသာ.. သို့သော် ထမင်းထုပ်က အမြဲတမ်း ရောင်းကောင်းနေတာ မဟုတ်သဖြင့် ပဲနှုတ်လိုက်သည်လောက် ၀င်ငွေမကောင်း. အမေ ပဲနှုတ်သွားလျှင် တစ်ရက် ၃၀၀၀ ရသည်။ ဒါကြောင့်လဲ အမေက ပင်ပန်းသော်လည်း ပိုက်ဆံပိုရသည့် ပဲနှုတ်ခြင်းကိုသာ လုပ်လိုသူ.. အေးမြ ထမင်းထုပ်ထည့်သည့် ဗန်းလေး ခေါင်းပေါ်ရွက်ပြီး ဘူတာအရောက် မကြာခင် မန္တလေးမှ စာပို့ရထားဆိုက်သည်။ ထမင်းထုပ် စုစုပေါင်း ၁၂ထုပ်တော့ ရောင်းလိုက်ရသည်။ နောက် တစ်နာရီလောက်တွင် နဘားကသာ ခေါက်ပြန်ရထား ဆိုက်ဖို့ရှိသေးသည်… ခေါက်ပြန်ရထားတွင်တော့ ထမင်းထုပ် ရောင်းကောင်းလေ့မရှိသဖြင့် သူမ မျှော်လင့်ချက် သိပ်မထားပါ.. မြစ်ကြီးနား စာပို့ရထားသာ မျှော်လင့်စရာ ရှိသည်.. ထင်သည့်အတိုင်း ခေါက်ပြန်ရထားတွင် ထမင်း ၂ထုပ်သာ ရောင်းရသည်။ စာပို့ရထား ဆိုက်ခါနီးတွင် ဒေါ်ဝတုတ်မ ထမင်းဆိုင် ပြန်ပြေးပြီး လက်ကျန် ထမင်းထုပ်များကို ထမင်းထုပ်အသစ် ပူပူ နွေးနွေးနှင့် လဲသည်။ နောက်ထပ် ထမင်းထုပ်အသစ် အထုပ် ၂၀လောက် ထပ်ယူလိုက်သည်။ မနက်က ယူသွားသော ထမင်းထုပ်ဖိုးကိုလည်း ပိုက်ဆံ ရှင်းပေးလိုက်သည်။ မြစ်ကြီးနား စာပို့ရထားဆိုက်ချိန်တွင် သိပ်မဆိုး ထမင်းထုပ် ၁၀ထုပ် ကုန်သွားပြန်သည်။ စုစုပေါင်း ၁၂၀၀ လောက်တော့ အမြတ်ကျန်နေပြီ..အိမ်အပြန် ဆန်ဝယ်ပြီး အမေ့အတွက် ဆေးနဲ့ မုန့်ဝယ်နိုင်တော့ မည်ဟု တွေးပြီး အေးမြ ပျော်ရွှင်နေမိသည်.. ရထားထွက်ခါနီးတွင် ရထားပေါ်မှ သားသားနားနား ၀တ်ဆင်ထားသော အဒေါ်ကြီး တစ်ယောက်က လှမ်းအော် သည်.. “ဟဲ့ကောင်မလေး ထမင်းထုပ်တစ်ထုပ် ဘယ်လောက်လဲ ” ဟု လှမ်းမေးသည်.. “ တစ်ထုပ် ၅၀၀ ပါရှင့် ” “များလိုက်တာအေ… တစ်ထုပ် ၄၀၀ထားလိုက် .. ၃ထုပ်ယူမယ်..” “မရပါဘူးအဒေါ်ရယ်.. ကျွန်မက တစ်ထုပ် ၄၅၀ ၀ယ်ရတာပါ.. တစ်ထုပ်ကို ၅၀ဘဲ အမြတ်တင်ထားတာပါ” “မင်းတို့က ပြောလိုက်ရင် မမြတ်ဘူးမမြတ်ဘူးနဲ့.. ဈေးရောင်းတာ မမြတ်ဘဲ ဘယ်သူကရောင်းမလဲ.. ကဲကဲ ကြာတယ် ၃ထုပ်ကို ၁၄၀၀ ထားလိုက်” ၃ထုပ်မှ ၅၀သာ မြတ်တော့မည်.. သို့သော် ဒေါ်ဝတုတ်ကို ပြန်အပ်ရမည့် အတူတူ ရောင်းလိုက်ဖို့ စိတ်ကူးရသဖြင့် ထမင်း၃ထုပ် ရထားပေါ် လှမ်းပေးလိုက်သည်.. ထိုအချိန်တွင် ရထားဥသြ အချက်ပေးသံ ထွက်လာသည်။ “အဒေါ် ပိုက်ဆံ” “နေပါဦး ပေးမှာပေါ့ ဘယ်လိုဖြစ်နေတာလဲ.. နင်တို့ ထမင်းထုပ်ကို အရင်ကြည့်ရဦးမယ်.. ဈေးရောင်းတဲ့ လူတွေက အကျင့်ကောင်းတာမဟုတ်ဘူး.. ထမင်းအသိုးတွေ ပြန်ထုပ်ပြီး ရောင်းတတ်တာ.. ငါတို့က ပိုက်ဆံပေးပြီး ၀ယ်စားတာ ထမင်းအသိုးတော့ ပိုက်ဆံပေးပြီး ၀ယ်မစားနိုင်ဘူး.. ” ပြောရင်းဖြင့် ရထားပေါ်မှ အဒေါ်ကြီးသည် ထမင်းထုပ်များကို တစ်ထုပ်ချင်း စိမ်ပြေနပြေ ဖြေကြည့်နေသည်။ ထိုစဉ်ရထား ဘီးစတင်လိမ့်နေပြီ.. အေးမြ ရထားပြူတင်းဘေး လျှောက်လိုက်ရင်း “အဒေါ် ရထားထွက်နေပြီ .. ကျွန်မကို ပိုက်ဆံပေးပါတော့..” ထိုအဒေါ်ကြီးမှာ မကြားသလို လုပ်ရင်း ထမင်းထုပ်များကို သာ ဖြေကြည့်နေသည်.. ရထားက တစ်စ တစ်စ အရှိန်ရလာပြီ.. အေးမြလဲ ရထားနဲ့အမီ အပြေးလိုက်နေဆဲ.. သူမရင်လဲ မောဟိုက်ပူပင်လာသည်.. အမေအတွက် ဆေးဝယ်ဖို့… ဆန်ဝယ်ဖို့… သောက ဇောနှင့် ရထားဘေးမှ အပြေးကလေး လိုက်နေဆဲ… သို့သော် ပိုပိုပြီး မြန်လာသော ရထားအရှိန်ကို သူမ တစ်ဖြေးဖြေး အရှုံးပေးရတော့မည်.. ဒီပိုက်ဆံမရလျှင် တစ်နေကုန် ဈေးရောင်းထားသမျှ အလကားဖြစ်ပြီ.. ကျောင်းပျက်ရတာလည်း အလာကား ဖြစ်ရ တော့မည်.. စိတ်ကို အားတင်းရင်း ရထားကို အမီ လိုက်ပြန်သည်.. “အဒေါ်.. အဒေါ်.. ထမင်းဖိုးပိုက်ဆံ .. ” အေးမြ တစ်ကြော်ကြော် အော်ရင်း.. ရထားနောက်က ပြေးလိုက်နေဆဲ.. ပြေးရင်း ကျောက်ခဲ တစ်လုံးကို ခလုတ်တိုက်ကာ မှောက်ရက် လဲလေသည်.. ရထားမှာ တစ်ရွေ့ရွေ့နှင့် သူမမြင်ကွင်းမှ ဝေးကွာသွားပေပြီ.. အေးမြမျက်ဝန်းထဲမှာ မျက်ရည်များ အဆီးအတားမရှိ စီးကျလာသည်.. ရထားပေါ်မှ အဒေါ်ကြီးသည် အ၀တ်အစား အဆင့်အတန်းမြင့်မြင့် ၀တ်ဆင်ထားပြီး ယခုလို လုပ်ရပ်မျိုး လုပ်မည်ဟုပင် ထင်စရာမရှိ.. သူမကဲ့သို့သော ဈေးသည်လေး အပေါ်တွင်ပင် အညှာအတာမရှိ လိမ်ညာ လှည့်ဖျား ရက်သော ထို မိန်းမကြီးကို နာကျင်မုန်းတီးမိသည်.. ဒီနေ့တော့ ဆန်မ၀ယ်နိုင်တာထက် အမေ့အတွက် ဆေးမ၀ယ်နိုင်တော့မှာကို သူမ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်.. မျက်ရည်များစွာနှင့် ဘူတာဘက်သို့ ပြန်လျှောက်လာရင်း တစ်ရှုံ့ရှုံ့ ငိုကြွေးနေမိသည်.. ထိုစဉ် အ၀တ်အစား ခပ်နွမ်းနွမ်း ၀တ်ဆင်ထားသော လူကြီးတစ်ဦး သူမအနား လာရပ်ရင်း “သမီး ခုနက ရထားပေါ်မှာ သမီး ပိုက်ဆံဘယ်လောက် ပါသွားလဲ..” “၁၄၀၀ ပါ ဦးလေး.. ကျွန်မက အမေနေမကောင်းလို့ ဈေးလာရောင်းတာပါ.. ခုတော့ တစ်နေ့လုံး ရောင်းလို့ မြတ်တဲ့ပိုက်ဆံ အကုန်ပါသွားပြီ.. ထမင်းဆိုင်မှာ ထမင်းထုပ်ဖိုး ပေးလိုက်ရင် ဆန်ဝယ်ဖို့ မပြောနဲ့ အမေအတွက် ဆေးဝယ်ဖို့တောင် ပိုက်ဆံမရှိတော့ဘူး..ဦးလေးရယ်” သူမ ငိုရှိုက်ရင်း ပြောပြနေမိသည်.. “ကဲ မငိုနဲ့ သမီးရယ် .. သမီးပါသွားတဲ့ ပိုက်ဆံ ဦးလေး ပြန်ပေးမယ်.. အခု ဦးလေး လက်ထဲမှာ ၅၀၀၀ရှိတယ်.. သမီးကို ၄၀၀၀ပေးခဲ့မယ်.. ၁၀၀၀ က ဦးလေးအပြန်စရိတ် ချန်ရဦးမယ်.. ဦးလေးက ဟိုဘက်ရွာကပါ ဒီရွာကို ခနလာရင်း အခု ရထားမမှီလိုက်လို့ ကားကြုံနဲ့ ပြန်ရမှာ.. ဘူတာထဲ ၀င်ဝင်ချင်း ရထားထွက်နေတာ တွေ့တယ်.. သမီးကိုလဲ ရထားနဲ့ အပြိုင်ပြေးနေတာ ဦးလေး တွေ့လိုက်ပါတယ်.. သားသမီးချင်း ကိုယ်ချင်းစာပါတယ်ကွယ်.. သမီးလဲ မိဘအပေါ် စေတနာရှိတဲ့သူတစ်ယောက်ဘဲ .. မိဘကျေးဇူး သိတတ်တာ အရမ်း ကောင်းပါတယ်.. ဒုက္ခရောက်ရင် ကူညီမဲ့သူ ပေါ်လာမှာပါ.. ရော့ရော့ ပိုက်ဆံ ၄၀၀၀ သမီးယူထားလိုက်.. ဆန်လဲဝယ် သမီးအမေအတွက် ဆေးလဲ ၀ယ်သွားလိုက်နော်… ဦးလေးသွားတော့မယ်.. ” သူမလက်ထဲ ပိုက်ဆံ ၄၀၀၀ကို ထည့်ပေးပြီး ထိုဦးလေးမှာ ဘူတာတွင်းမှ ထွက်ခွာ သွားပါတော့သည်… အေးမြ မျက်ဝန်းမှာ ၀မ်းသာ ကြည်နူး မျက်ရည်များ ကျဆင်းလာပြန်သည်.. အမေ့အတွက် ဆေးဝယ်ပေးခွင့်၊ အမေအားရှိအောင် အစာတစ်ခုခု ကျွေးခွင့် ရတာကိုဘဲ သူမ ၀မ်းသာလွန်းလှပါပြီ… “ ကျေးဇူးတင်လိုက်တာ ဦးလေးကြီးရယ်…” စိတ်ထဲမှ အထပ်ထပ်အခါခါ ရွတ်ဆိုရင်း သွက်လက်သော ခြေလှမ်းများက အိမ်အပြန် လမ်းဆီသို့…..
ချစ်ခြင်းရဲ့ အသံ
မြို့ငယ်ကလေးတစ်မြို့မှာ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိပါတယ်.. သို့သော် မိန်းခလေးရဲ့ မိဘဆွေမျိုး အသိုင်းအ၀ိုင်းက ကောင်လေးနဲ့ တွဲနေတာကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် ကန့်ကွက်ကြပါတယ်… မိန်းခလေးက ချမ်းသာတဲ့ အသိုင်းအ၀ိုင်းက ဖြစ်တာကြောင့် ကောင်လေးနဲ့ လက်ထပ်ခဲ့မယ် ဆိုရင် မိဘဆွေမျိုး တွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းပြီး ၊ သူမဘ၀ တစ်လျှောက်လုံးလည်း ဆင်းရဲပင်ပန်းစွာနဲ့ စိတ်ချမ်းသာမှု ရမှာမဟုတ်ဘူးလို့ ယူဆကြတဲ့ အတွက်ကြောင့်ပါ… သူတို့နှစ်ဦးဟာ ဘယ်လိုပင် မြတ်မြတ်နိုးနိုး ချစ်ခင်ကြပေမဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုကြောင့် အဆင်မပြေဖြစ်ပြီး မကြာခန စကားများ ရန်ဖြစ် ရလေ့ရှိပါတယ်.. ကောင်မလေးက ကောင်လေးကို မကြာခန မေးတတ်တဲ့ စကားလေးတစ်ခွန်းက “နင် ငါ့ကို ဘယ်လောက်အထိ ချစ်လဲ” ဆိုတဲ့စကားလေးပါ.. ကောင်လေးက စကားကို ဖွဲ့နွဲ့ပြောတတ်တဲ့သူမဟုတ်တဲ့အတွက် ကောင်မလေး စိတ် ကျေနပ်လောက်တဲ့ အဖြေစကားမျိုးကို သူ မပြောနိုင်ခဲ့ပါဘူး… မပြောတတ်ခဲ့ပါဘူး… သူမလိုချင်တဲ့အဖြေစကား မကြားရတာကြောင့်ရော၊ မိဘတွေ သဘောမတူတာတွေကြောင့်ပါ ပေါင်းပြီး ကောင်မလေးမှာ မကြာခန စိတ်ပျက် အားငယ်ခြင်း၊ ၀မ်းနည်းခြင်း တွေ ဖြစ်ရပါတယ်.. ဒါကြောင့်လဲ ကောင်လေးအပေါ် ဒေါသနဲ့ဆက်ဆံမိတယ်.. ရန်လုပ်မိပါတယ်.. ကောင်လေးကတော့ သူမလေးကို ဘယ်တော့မှ ပြန်ပြီး ရန်မလုပ်ပါဘူး… မိန်းခလေးပြောသမျှ ခေါင်းငုံ့ခံရင်း သဘောကောင်းပုံ၊ စိတ်ရှည် သီးခံပုံရတဲ့ အမူအရာလေးနဲ့သာ ခပ်မဆိတ် နှုတ်ပိတ်လို့ ငြိမ်သက် နေခဲ့ပါတယ်.. ၂နှစ်လောက်ကြာတဲ့အခါ တက္ကသိုလ်ကနေ သူတို့ဘွဲ့ရပါပြီ.. ဒီတော့ ကောင်လေးက ပညာသင်ဆုလျှောက်ပြီး နိုင်ငံခြားမှာ ပညာဆက်လက် ဆည်းပူးဖို့ ဆုံးဖြတ် လိုက်ပါတယ်.. သူ့ရဲ့ကြိုးစားမှုကြောင့် ပညာသင်ဆုရရှိပြီး နိုင်ငံခြားကို ပညာသင်ဖို့ ထွက်ခွာရပါတော့မယ်.. မသွားခင်မှာ သူက ကောင်မလေးကို လက်ထပ်ခွင့် တောင်းပါတယ်.. “ကောင်မလေးရေ.. ငါက စကားသိပ်မပြောတတ်ပါဘူး.. ဒါပေမဲ့ နင့်ကို ငါမြတ်မြတ်နိုးနိုး ချစ်တယ် ဆိုတာ နင် ယုံကြည် ပေးပါနော်.. နင် ခွင့်ပြု ကြည်ဖြူမယ်ဆိုရင် ငါ့ ဘ၀တစ်လျှောက်လုံး နင့်ကို ဂရုတစိုက်နဲ့ စောင့်ရှောက်သွားချင်ပါတယ်.. တစ်သက်လုံး နင့်ကို ရိုးမြေကျ ပေါင်းသင်းပါ့မယ်.. ပြီးတော့ နင့်မိဘတွေ သဘောတူ လက်ခံလာအောင်လဲ အတတ်နိုင်ဆုံး ငါတို့ကြိုးစားကြမယ်လေ… နင် ငါ့ကို လက်ထပ်ပါနော်…” မိန်းခလေးက ကောင်လေးကို လက်ထပ်ဖို့ သဘောတူ လက်ခံလိုက်ပါတယ်.. သူတို့၂ယောက်ရဲ့ ကြိုးပမ်းမှုကြောင့် မိဘတွေ ကလဲ သဘောတူ အသိအမှတ် ပြုလိုက်ရပါတယ်.. ဒါကြောင့် ကောင်လေး နိုင်ငံခြား မထွက်ခွာခင်မှာ သူတို့၂ယောက် စေ့စပ် ကြောင်းလမ်း ကြပါတယ်.. စေ့စပ်ပွဲ ပြီးတဲ့နောက် ကောင်လေးက နိုင်ငံခြားကို ပညာဆက်သင်ဖို့ ထွက်ခွာသွားပါပြီ. ကောင်မလေးကတော့ သူမလုပ်နေကျ ကုမ္ပဏီမှာ အလုပ် ဆက်လုပ်ပါတယ်… ဝေးကွာနေကြတဲ့အခိုက်မှာ သူတို့၂ဦးဟာ အီးမေလ်း အပြန်အလှန် ပို့ကြခြင်းနဲ့ တယ်လီဖုန်း ထဲကနေ စကားပြောကြခြင်းတို့နဲ့သာ အလွမ်းဖြေကြရပါတယ်.. သူတို့၂ယောက်ရဲ့ အချစ်ခရီးလမ်းက လွယ်လွယ် ကူကူ မဟုတ်ခဲ့ပေမဲ့ လက်လျှော့ အရှုံးပေးကြဖို့တော့ ၂ယောက်လုံးက စိတ်ကူး မရှိကြပါဘူး… တစ်နေ့… ထုံးစံအတိုင်း ကောင်မလေးက အလုပ်ဆင်းဖို့ ကုမ္ပဏီကိုအသွား မမျှော်လင့်ဘဲ လမ်းမှာ ကားတိုက်ခံရပါတယ်.. ကားတိုက်ခံရပြီး ပလက်ဖောင်းနဲ့ သူမဦးခေါင်းတို့ ပြင်းထန်စွာ ထိခိုက်မိပြီး သတိမေ့သွားခဲ့ပါတယ်.. ကောင်မလေး ပြန်သတိရ လာတဲ့အခါ ဦးခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲလို့ နေပါပြီ … သူမ ပြင်းပြင်း ထန်ထန် ဒဏ်ရာရနေပြီ ဆိုတာ သိလိုက်ပါတယ်.. ကုတင်ဘေးမှာတော့ သူမရဲ့ မိဘနှစ်ပါး….. ငိုကြွေးနေတဲ့ သူမအမေကို ကြည့်ပြီး နှစ်သိမ့်စကား ပြောဖို့ ပါးစပ်ကို ကြိုစားပြီး ဖွင့်လိုက်ပါတယ်.. အသံထွက်မလာပါဘူး… အကြိမ်ကြိမ် ကြိုးစား ပါတယ်.. ထပ်ခါတစ်လဲလဲ စကား ပြောကြည့်ပါတယ်.. နောက်ဆုံးတော့ သူမ သဘောပေါက်လိုက်ပါပြီ.. ကောင်မလေးရဲ့ ပါးစပ်က လေသံ သဲ့သဲ့လေးက လွဲလို့ ဘာစကားသံကိုမှ ထွက်နိုင်စွမ်း မရှိတော့ ပါဘူး.. သူမအသံကို ဆုံးရှုံးလိုက်ရပါပြီ.. စကားမပြောနိုင် တော့ပါဘူး.. ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေမှုက သူမရဲ့ အသံကိုပါ ဆုံးရှုံး လိုက်ရတာဖြစ်ကြောင်း ဆရာဝန်က ရှင်းပြပါတယ်.. သူမကို နှစ်သိမ့် နေတဲ့ ဆရာဝန်နဲ့၊ မိဘရဲ့ စကားသံကို နားထောင်နေရင်း တစ်ခုခု ပြန်ပြောချင်စိတ်က ရင်ထဲမှာ ကြီးစိုးလို့လာပါတယ်.. သို့သော်လည်း နာကျည်းဖို့ ကောင်းတာက ဘာစကားသံလေးကိုမှ သူမ ပြောနိုင်တော့ခြင်းပါဘဲ.. အိုး.. ဘယ်လောက်များ ဆိုးဝါး ထားပါသလဲ. သူမလို ငယ်ရွယ်တက်ကြွတဲ့ မိန်းခလေး တစ်ယောက်က စကားမှ မပြောနိုင်တာ့ဘူးဆိုရင် ဒီလောကကြီးဟာ ဘယ်မှာများ နေပျော်စရာ ကောင်းပါဦးမလဲ… သူမရဲ့ အနာဂတ် တစ်ခုလုံး ရိုက်ချိုး ခံလိုက်ရတာနဲ့ ဘာများထူးးဦးမှာလဲ.. ဆေးရုံမှာ ဆေးကုသမှုခံနေတဲ့တစ်လျှောက်လုံး သူမရဲ့ တိုးတိုးဖွဖွ ငိုကြွေးသံလေးကို ကြားရသူတိုင်းက ကရုဏာ သက်ကြပါတယ် သူမမှာ ပိုင်ဆိုင်တဲ့ အသံ ဆိုလို့လဲ ဒီ ငိုရှိုက်သံ တိုးတိုးလေးကလွဲလို့ ဘာမှမရှိတော့ပါဘူး. ဆေးရုံကဆင်းလို့ သူမအိမ် ပြန်ရောက်တဲ့အခါ မြင်သမျှအရာရာက ဘာမှ မပြောင်းလဲပါဘူး… ဖုန်းသံလေး တစ်ခုက လွဲလို့ ယခင်အတိုင်း ပါဘဲ.. ယခင်တုန်း ခါကတော့ ဖုန်းသံလေး မြည်သံကြားတိုင်း ချစ်သူဆီက ဖြစ်လေမလားဆိုတဲ့ မျှော်လင့်ချက် လေးနဲ့ ရွှင်လန်း တက်ကြွစွာ အပြေးအလွှား သွားရောက်ကိုင်နေကျ… ခုချိန်မှာတော့ ထိုဖုန်းသံက သူမရဲ့ အသည်းနှလုံးကို ဓားထက်ထက်နဲ့ ထိုးနှက် နေသလိုပါဘဲ.. သူမရဲ့ သတင်းဆိုးအကြောင်း ချစ်သူလေးကို မသိစေချင်သလို သတင်းကြားလို့ ကောင်လေး စိတ်ဆင်းရဲ ပူဆွေး မှာကိုလည်း သူမ မလိုလားပါဘူး… ကောင်လေးအပေါ်ချစ်တဲ့ အချစ်က ပျော်ရွှင်စရာတွေကိုသာ မျှဝေချင်ပြီး စိတ်ဆင်းရဲ ပူဆွေးစရာ သောကများကိုတော့ သူမ တစ်ယောက်တည်းသာ ကြိတ်မှိတ်လို့ ခံယူချင်တဲ့ အချစ်မျိုးနဲ့ပါ.. သူမလို စကားမပြောနိုင်တော့တဲ့ မိန်းခလေး တစ်ယောက်ကြောင့်လဲ သူမ သိပ်ချစ်ရတဲ့ ကောင်လေးရဲ့ ဘ၀မှာ ဆူးငြောင့်ခလုပ် တစ်ခုလို မဖြစ်စေချင်တော့ပါဘူး… ဒါကြောင့် မိန်းခလေးက ကောင်လေးဆီကို စာတစ်စောင်ရေးလိုက်ပါတယ်.. စာထဲမှာတော့ သူမ ကောင်လေးကို မစောင့်နိုင် တော့တဲ့ အတွက် အခြားသူ တစ်ဦးနဲ့ လက်ထပ်သွားပြီ ဖြစ်ကြောင်း၊ သူမကို မေ့လိုက်ဖို့ အကြောင်းကို ရေးလိုက်ပါတယ်.. စာနဲ့အတူ သူတို့၂ဦး စေ့စပ် ကြောင်းလမ်းစဉ်က ကောင်လေး ၀တ်ဆင် ပေးခဲ့တဲ့ လက်စွပ်လေးကိုပါ ထည့်ပေးလိုက်ပါတယ်.. ကောင်လေးဆီကနေ အီမေလ်းနဲ့ရော၊ စာတိုက်ကနေပါ စာအစောင်ပေါင်း မြောက်မြားစွာ ရောက်လာပါတယ်.. ဖုန်းအကြိမ်ပေါင်း မရေ မတွက်နိုင်အောင် နေ့စဉ် နေ့တိုင်း ခေါ်နေခဲ့ပါတယ်.. ကောင်လေး မယုံကြည်နိုင်ပါဘူး…သူ့ကို ထားခဲ့ပြီး တစ်ခြားသူ တစ်ဦးနဲ့ ကောင်မလေး လက်ထပ်သွားမယ်ဆိုတာ သူဘယ်လိုမှကို မယုံကြည်ပါဘူး.. ရောက်လာတဲ့စာတွေ အီမေလ်းတွေကို ဖတ်တိုင်း၊ ဖုန်းခေါ်သံတွေ ကြားရတိုင်း မိန်းခလေးမှာ အသံမထွက်ဘဲ ငိုကြွေးလို့သာ နေပါတော့တယ်.. ဒီ ဖုန်းခေါ်သံတွေ စာတွေက သူမရင်ကို ပြင်းပြင်းထန်ထန် နှိပ်စက်လို့ နေပါတော့တယ်.. နောက်ဆုံးတော့ ကောင်လေးကို မိန်းခလေးက တစ်ဖြေးဖြေးနဲ့ မေ့သွားအောင် တစ်ခြားမြို့ရွာကို ပြောင်းရွေ့ဖို့ မိန်းခလေးရဲ့ မိဘတွေက ဆုံးဖြတ်လိုက်ကြပါတယ်.. နေရာအသစ်၊ ပါတ်ဝန်းကျင် အသစ်မှာ နေသားကျဖို့ ကောင်မလေး ကြိုးစားပါတယ်.. အဲဒီမြို့ကလေးမှာ သူမတို့လို ဆွံ့အ စကား မပြော နိုင်သူများအတွက် ဖွင့်လှစ်ထားတဲ့ ခြေဟန်လက်ဟန်နဲ့ စကားပြောနည်းကို လေ့လာသင်ယူခဲ့ပါတယ်.. သူမနေ့စဉ် ရင်ထဲကပြောနေတဲ့ စကားတစ်ခွန်းက “ကောင်လေးကို ငါ မေ့ပစ်ရမယ်” ဆိုတဲ့ စကားလေးပါ.. သူမအသိဆုံးပါ ကောင်လေးကို မေ့ဖို့ဆိုတာ သူမအတွက် ဘယ်လောက် ခက်ခဲ ပင်ပန်းတယ်ဆိုတာ.. တစ်နေ့မှာတော့ သူမနေခဲ့တဲ့ မြို့လေးက သူငယ်ချင်း မိန်းခလေးတစ်ယောက် သူမထံ အလည် ရောက်လာပါတယ်.. အဲဒီ သူငယ်ချင်း ဆီကနေ ကောင်လေး ပြန်ရောက်နေကြောင်းကို မမျှော်လင့်ဘဲ သိခွင့်ရလိုက်ပါတယ်.. မိန်းခလေးက သူငယ်ချင်း ဖြစ်သူကို သူမရဲ့ အဖြစ်အပျက်အားလုံး ကောင်လေးကို လုံးဝ အသိမပေးဖို့ အတန်တန် ကတိတောင်းပါတယ်..တစ်ရက် နှစ်ရက် နေပြီးတော့ သူမ သူငယ်ချင်းလဲ ပြန်သွားပါတယ်.. အဲဒီချိန်က စလို့ ကောင်လေးရဲ့သတင်းကို မိန်းခလေး ထပ်မကြား ရတော့ပါဘူး… တစ်နှစ်လောက်အကြာမှာ ယခင်နှစ်က အလည်ရောက်ခဲ့ဖူးတဲ့ သူမရဲ့ သူငယ်ချင်း ပြန်ရောက်လာပါတယ်.. သူငယ်ချင်းဖြစ်သူရဲ့ လက်ထဲမှာ တော့ မင်္ဂလာဆောင် ဖိတ်စာလေးတစ်ခုပါ… ဘယ်သူ့မင်္ဂလာဆောင်လဲလို့ သူမက ခြေဟန်လက်ဟန်နဲ့ မေးလိုက်တဲ့ အခါ သူမ သူငယ်ချင်းက ကောင်လေးရဲ့ မင်္ဂလာဆောင်လို့ ပြန်ဖြေပါတယ်.. ဖိတ်စာလေးက မိန်းခလေးရဲ့ လက်ကနေ လွှတ်ကျ သွားခဲ့ပါတယ်.. တကယ်တမ်းတော့ ကောင်လေးကို သူမ ခုချိန်ထိ မေ့လို့ မရနိုင်ခဲ့ပါဘူး… ကောင်လေး လက်ထပ်တော့မယ်လဲ ကြားရော သူမ တင်းထားသမျှ ပြိုလဲသွားပါပြီ.. သူမပါးပြင်ပေါ်မှာ ၀မ်းနည်းခြင်း မျက်ရည်စက်များ စီးကျလာပါတယ်.. သူမသူငယ်ချင်းက ဖိတ်စာလေးကို ပြန်ကောက်ပေးပြီး ဖွင့်ကြည့်လိုက်ဖို့ တိုက်တွန်းပါတယ်.. သူမ ဖိတ်စာလေးကို တုန်ယင်နေတဲ့ လက် အစုံနဲ့ ဖွင့်လိုက်ပါတယ်… သတို့သားက သူမ ချစ်လှစွာသော ကောင်လေးနံမည်ပါ… သတို့သမီး နံမည်နေရာမှာတော့ အံ့သြ ထူးဆန်းပါဘိ……….. မမှားပါဘူး.. သူမ အထပ်ထပ် အခါခါ ပြန်ကြည့်မိပါတယ်.. သူမရဲ့ နံမည်ပါ… အံ့သြစိတ်နဲ့ သူငယ်ချင်းဖြစ်သူကို မေးဖို့ ခေါင်းပြန်အမော့မှာ သူမရှေ့မှာ ရပ်နေခဲ့သူက သူမရဲ့ ကောင်လေးပါ. ကောင်လေးက သူမသုံးနေတဲ့ ခြေဟန်လက်ဟန် အမူအရာ စကားနဲ့ သူမကို လှမ်းပြောပါတယ်… “ငါက တစ်နှစ်လုံးလုံး ဒီ အမူအရာ သုံးတဲ့ ဘာသာစကားကို လေ့လာနေခဲ့တာပါ.. နင့်ကို ငါဘယ်လိုမှ မမေ့ဘူးဆိုတာ နင်သိစေချင်တယ်.. ပြီးတော့ နင့်ကို ပေးထားခဲ့တဲ့ ငါ့ရဲ့ ကတိစကားကိုလဲ ဘယ်တော့မှ မမေ့ပါဘူး… နင့်ကို တစ်သက်လုံး စောင့်ရှောက်သွားမယ် ဆိုတာလေ…ခုချိန်မှာ နင် စကားမပြောနိုင်တော့ပေမဲ့ စိတ်မပျက်ပါနဲ့.. ငါရှိနေပါတယ်.. ငါ့ကို နင့်ရဲ့အသံလေး အဖြစ်နဲ့ နင့်ဘေးနားမှာ တစ်သက်လုံး နေခွင့်ပေးပါနော်… ငါ နင့်ကို အရမ်း ချစ်တယ်.. တစ်ဘ၀လုံးစာ ချစ်ပါတယ်..” ကောင်လေးက အိတ်ထဲက လက်စွပ်လေးတစ်ကွင်းကို ထုတ်လိုက်ပြီး မိန်းခလေးရဲ့ လက်သူကြွယ်လေးမှာ ပြန်စွပ်ပေးလိုက်ပါတယ် ဒီလက်စွပ်လေးဟာ ကောင်လေးကို သူမ ပြန်ပို့ပေးလိုက်တဲ့ လက်စွပ်လေးပါ… မိန်းခလေးရဲ့ ပါးပြင်မှာတော့ ချမ်းမြေ့ခြင်း ပီတိတို့နဲ့အတူ မျက်ရည်စလေးများ စီးကျလာပါတယ်.. ကောင်လေးက စီးကျလာတဲ့ မျက်ရည်စတို့ကို တယုတယ ဖယ်ရှားပေးလိုက်ပါတယ်.. အသံမထွက်ဘဲ ငိုရှိုက်နေတာ ဖြစ်ပေမဲ့ ဒီတစ်ခါတော့ မထွက်နိုင်တော့တဲ့ သူမ အသံ အတွက် ၀မ်းနည်း ကြေကွဲမနေတော့ပါဘူး… သူမဘေးမှာ သူမရဲ့ အသံလေးအဖြစ် တစ်သက်လုံး ရှိနေတော့မဲ့ ချစ်သူကောင်လေး ရှိနေခဲ့ပြီဘဲလေ…. ———————————————————————————————————————— ကိုယ့်ချစ်သူ မိန်းခလေးက စကားမပြောနိုင်တဲ့သူ တစ်ယောက်ဖြစ်သွားခဲ့တာတောင် သစ္စာရှိစွာနဲ့ မေတ္တာမပျက် ချစ်ခင်နိုင်တဲ့ ကောင်လေးရဲ့ အချစ်ကလည်း ချီးကျူး လေးစားစရာနော်…လူတိုင်းဟာ မိမိချစ်တဲ့သူကို စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတို့နဲ့ ချစ်နိုင်ဖို့ဆိုတာ တကယ်တမ်းတော့ မလွယ်လှပါဘူး… အဲဒီလို မလွယ်တာကို လုပ်နိုင်တဲ့ လူတွေကို ကျွန်မတို့က လေးစားစရာအဖြစ် တန်ဖိုးထား ရမှာပါ.. မိမိချစ်သူအပေါ် ဘယ်လို စောင့်ရှောက် ဖေးမရမယ်ဆိုတဲ့ ကောင်လေးရဲ့ အချစ်ကို အတုယူသင့်လှပါတယ်… သူရဲ့ အချစ်ကြောင့် အားငယ်နေတဲ့ ချစ်သူ မိန်းခလေး ဘယ်လောက်တောင် ကျေနပ် ပျော်ရွှင်သွားမလဲနော်.. ဒီိလို အချစ်မျိုးတွေနဲ့သာ လောကကို အလှဆင် ထားမယ်ဆိုရင်ဖြင့် ကမ္ဘာကြီးဟာ အချစ်ရဲ့ စွမ်းအားတို့နဲ့ သာယာလှပနေတော့မှာပါ… မူရင်း ရေးသားသူ Cutie Mermaid ရဲ့ A Silent Love ကို ချစ်တတ်ကြသူများအတွက် ဘာသာပြန် ဝေငှ ပါတယ်ရှင်.. ချော (အစိမ်းရောင်လွင်ပြင်)
ချစ်သူရဲ့ နှင်းဆီလက်ဆောင်
သူမရဲ့နံမည်လေးက မနှင်းဆီ.. နံမည်နဲ့လိုက်အောင် ပန်းလေးတစ်ပွင့်လို နူးညံ့ သိမ်မွေ့စွာ လှပသူ… သူမ အနှစ်သက်ဆုံး ပန်းဟာလည်း အနီရောင်နှင်းဆီပန်းသာ ဖြစ်ပါတယ်.. မနှင်းဆီလေးရဲ့ ခင်ပွန်းက နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ သူမ နှစ်သက် သဘောကျတဲ့ အနီရောင် နှင်းဆီပန်းတွေကို အလွန်လှပ ချစ်စရာကောင်းတဲ့ ပန်းစည်းလေး ပြုလုပ်ပြီး လက်ဆောင်ပေးလေ့ ရှိပါတယ်.. သူမတို့ အိမ်ထောင်ရေးဟာ ပျော်ရွှင်သာယာပြီး လူတကာ အားကျရတဲ့ စံပြ အိမ်ထောင်ရေးဖြစ်ခဲ့ပေမဲ့ ကံတရားရဲ့ ရက်စက်စွာ ထိုးနှက်မှုကြောင့် သူမချစ်တဲ့ ခင်ပွန်းဟာ မမျှော်လင့်တဲ့ မတော်တဆမှု တစ်ခုနဲ့ တိမ်းပါး သွားခဲ့ရပါတယ်.. အရူးတစ်ပိုင်း ဖြစ်ကျန်ခဲ့တဲ့ မနှင်းဆီလေးဟာ ၀မ်းနည်း ဆွေးမြေ့ခြင်း၊ အထီးကျန် အားငယ်ခြင်းတို့ကိုသာ အဖော်ပြုလို့ ဘ၀ကို ငြီးငွေ့စွာ ဖြတ်သန်းရပါတော့တယ်.. ဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့ဖြစ်ပါတယ်… မနက်စောစော အိပ်ရာနိုးနိုးခြင်း မနှင်းဆီ အရင်ဆုံး သတိရမိတာက သူ့ခင်ပွန်းကိုပါ.. ဒီနေ့ရောက်တိုင်း သူ့ဆီကနေ မနှင်းဆီချစ်တဲ့ နှင်းဆီနီလေးတွေ လက်ဆောင် ရနေကျ.. ခုတော့ တစ်ယောက်တည်း ကြေကွဲ လွမ်းဆွတ် နေရတဲ့ အထီးကျန် ဘ၀ကို တွေးမိရင်း ၀မ်းနည်းစိတ်က ရင်ထဲမှာ တစ်လှိုက်လှိုက်နဲ့ ဆို့တက်လို့ လာပါတယ်.. အဲဒီချိန်လေးမှာဘဲ အိမ်တံခါးခေါက်သံကို သူမကြားလိုက်ရပါတယ်.. အိပ်ရာက အသာထလို့ အိမ်ရှေ့တံခါးအဖွင့်မှာ အံ့သြစရာ မြင်ကွင်းလေးတစ်ခုက ထူးဆန်းစွာ ဆီးကြို လိုက်ပါတယ်.. အလွန်လှပတဲ့ နှင်းဆီပန်းကြီးတစ်စီး သူမရဲ့ အိမ်တံခါးအနီးမှာ .. သူမကြိုက်တဲ့ အနီရောင်ရင့်ရင့် နှင်းဆီတွေ… မွှေးပျံ့တဲ့ ရနံ့လေးတွေကလည်း ကြူကြူသင်းလို့… နှင်းဆီပန်းလေးမှာ ချိတ်ထားတဲ့ ကဒ်လေးပေါ်မှာတော့ “ချစ်တဲ့ နှင်းဆီလေးအတွက် ချစ်လက်ဆောင်” တဲ့… အခါတိုင်း သူမခင်ပွန်းရှိစဉ်က ချစ်သူများနေ့မှာ ပေးနေကျ ပန်းလက်ဆောင် အတိုင်းပါဘဲ.. ရေးထားတဲ့စာက အစ ခါတိုင်းနှစ်တွေနဲ့ တစ်ပုံစံတည်း…. မနှင်းဆီ သိလိုက်ပါပြီ.. သူမခင်ပွန်းဟာ မကွယ်လွန်ခင်ကတည်းက သူမကို ဒီနေ့မှာ ပန်းလက်ဆောင်ပေးဖို့ ပန်းဆိုင်မှာ ကြိုတင်ငွေချေပြီး မှာထားခဲ့ပုံရပါတယ်… ဒီနှစ်ဟာ သူမအတွက် ချစ်ခင်ပွန်းဆီက နောက်ဆုံးရတဲ့ နှင်းဆီပန်း လက်ဆောင်လဲ ဖြစ်ပါလိမ့်မယ်.… သူမချစ်တဲ့ ယောက်ျားဟာ သူသေဆုံးမှာကို ကြိုသိလို့ အော်ဒါမှာထားခဲ့တာမျိုး မဖြစ်နိုင်ပါဘူး.. သူဟာ အလုပ်တစ်ခု လုပ်ရင် အချိန်မကျခင်ကတည်းက အမြဲတမ်း ကြိုတင်စီစဉ်တတ်တဲ့ အကျင့် ရှိသူတစ်ယောက်ပါ… တကယ်လို့ အလုပ်သိပ်များလို့ မေ့လျော့သွားခဲ့ ရင်တောင် ကြိုတင် စီစဉ်ထားခြင်း အားဖြင့် အရာရာဟာ ပုံမှန် လည်ပတ်သွားနိုင်အောင် သူမယောက်ျားဟာ စေ့စပ်သေချာလှသူ ဖြစ်ပါတယ်… မနှင်းဆီက နှင်းဆီပန်းစည်းလေးကို အိမ်တွင်းသို့ တယုတယ ယူဆောင်လာပြီး ပန်းအိုး လှလှလေး တစ်ခုထဲ ထိုးစိုက်လိုက်ပါတယ်.. သူမယောက်ျားရဲ့ ပြုံးရွှင်နေတဲ့ ဓာတ်ပုံဘေးမှာ ပန်းအိုးလေးကို ချထားလိုက် ပြီးတော့ ယောက်ျားဖြစ်သူ ထိုင်နေကျ ခုံလေးမှာ ထိုင်ကာ ဓာတ်ပုံလေးနဲ့ ပန်းစည်းလေးကို အတော်ကြာအောင် စိုက်ကြည့် နေမိပါတယ်… သူမတို့ ၂ယောက်ရဲ့ အတိတ်က ပျော်စရာအချိန်တွေကို တစ်ရေးရေးနဲ့ ပြန်မြင်ယောင်လာရင်း ကြည်နူး ပျော်ရွှင်စိတ်နဲ့အတူ ကြေကွဲ ၀မ်းနည်းစိတ်ပါ တစ်ပြိုင်တည်း ခံစားရပါတယ်… သူဟာ ဘာလို့များ သူမအနားကနေ စောစောစီးစီး ထွက်ခွာသွားရတာပါလဲ.. ခုလိုချိန်မှာ သူမရဲ့ ဘေးနားမှာ ရှိနေပြီး ဒီပန်းစည်းလေးဟာ သူမ ယောက်ျား ကိုယ်တိုင် ပေးတဲ့ ပန်းစည်းလေးဖြစ်ခဲ့ရင် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲနော်.. ဒီလိုနဲ့ တစ်နှစ် ကုန်ဆုံးသွားပြန်ပါပြီ.. ချစ်သူနဲ့ သေကွဲကွဲပြီး တစ်ယောက်တည်းနေရသူအဖို့ ပျင်းရိငြီးငွေ့စရာ၊ ခြောက်ခြားစရာ ကောင်းလောက်အောင် လောကကြီးတစ်ခုလုံးဟာ သူမအတွက်တော့ အထီးကျန် လွန်းလှပါတယ်.. ပျော်ရွှင်မှု ဆိုတာ ရှာဖွေလို့ မတွေ့တော့လောက်အောင် အရာရာဟာ ကြေမွ ဆိတ်သုန်းလို့၊ ယုံကြည်ချက် အနာဂတ်မဲ့နေတဲ့ သူလို ဖြစ်နေပါတော့တယ်… ဒီတစ်နှစ်လဲ ထုံးစံအတိုင်း ချစ်သူများနေ့ ရောက်လာပြန်ပါတယ်.. မနက်ခင်းလေးမှာ အိမ်ရှေ့တံခါး ခေါက်သံလေး မြည်လာတဲ့အတွက် အပြေးအလွှား သွားရောက်လို့ တံခါးဖွင့်ကြည့်တဲ့အခါမှာ လှပ နီရဲနေတဲ့ နှင်းဆီပန်းတွေ.. နှင်းဆီပန်းတွေကို ကြည့်ပြီး မနှင်းဆီလေးမှာ ထူးဆန်းအံ့သြခြင်း မယုံကြည်နိုင်ခြင်းများနဲ့ မှင်သက်မိလို့.. ဘယ်ချိန်ထိ ကျောက်ရုပ်လေးလို ရပ်နေမိတယ် မသိ.. သတိရတဲ့အချိန်မှာ နှင်းဆီပန်းစည်းကို ကိုင်ဆောင်လို့ အိမ်ထဲကို အပြေးအလွှား ၀င်ရောက်ကာ ပန်းစည်း စီစဉ်ပေးပို့တဲ့ ဆိုင်ကို ဖုန်းဆက်ပါတော့တယ်… ဆိုင်ရှင်ဖြစ်သူ ဖုန်းလာကိုင်တဲ့အချိန်မှာ သူမက မေးခွန်းတွေ မေးမိပါတယ်…. ဘယ်သူက ခုလို ဒီပန်းစည်းတွေကို သူမကို နာကျင်ခံစားစေလိုတဲ့စိတ်နဲ့ ပို့ပေးနေတာလဲ.. သူမကို ရှင်းပြပေးပါလို့ တောင်းဆိုပါတယ်… ပန်းဆိုင်ပိုင်ရှင်က “ခင်ဗျားယောက်ျား လွန်ခဲ့တဲ့ တစ်နှစ် လောက်က ဆုံးသွားပြီဆိုတာ ကျွန်တော် သိပါတယ်.. ခင်ဗျား ဖုန်းဆက်မေးလိမ့်မယ် ဆိုတာလဲ ကျွန်တော် မျှော်လင့်ပြီးသားပါ.. ခင်ဗျား အရမ်းကို သိချင်လိမ့်မယ်ဆိုတာလဲ ကျွန်တော် တွေးမိပါတယ်.. ခံစား နားလည်ပေးလို့ ရပါတယ်.. ခင်ဗျား ဒီနေ့ လက်ခံရရှိတဲ့ပန်းတွေဟာ ခင်ဗျား ခင်ပွန်း ကိုယ်တိုင် ငွေချေပြီး ကြိုတင်စီစဉ် ထားတဲ့ပန်းတွေပါ.. ဒီလို နှင်းဆီပန်းတွေကို နှစ်စဉ်နှစ်တိုင်း ခင်ဗျား လက်ခံရဦးမှာပါ.. ခင်ဗျားယောက်ျားဟာ အရာရာကို ကြိုတင် တွက်ချက်ပြီး ခင်ဗျားအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးသွားခဲ့ပါတယ်… ပန်းစည်းမှာ ချိတ်ဖို့ ကဒ်ပြားလေးနဲ့ အတူ စာလေးတွေကိုလည်း သူကိုယ်တိုင်ရေးပြီး ထားရစ်ခဲ့ပါတယ်.. တကယ်လို့များ သူမရှိတော့ရင်တောင် နှင်းဆီပန်းတွေကို ခင်ဗျားဆီကို ဆက်ပြီး ပို့ပေးဖို့ သူမှာခဲ့ပြီးသားပါ.. ဒီနောက်ပိုင်းမှာ သူကိုယ်တိုင် ဆိုင်ကို တစ်ခေါက်မှ ရောက်မလာတော့ဘူး ဆိုကတည်းက သူမရှိတော့ဘူးဆိုတာ ကျွန်တော် သိလိုက်ပါတယ်.. ဒီတော့ သူမှာကြားခဲ့တဲ့ အတိုင်း နှင်းဆီပန်းလေးတွေနဲ့ ခင်ဗျားအတွက် အထူး စီစဉ် ရေးသားထားတဲ့ စာလေးကို ဒီနေ့ ခင်ဗျားဆီ မပျက်မကွက် ကျွန်တော် အရောက်ပို့ပေး လိုက်ပါတယ်.. နောင်နှစ်တွေမှာလဲ ခင်ဗျားဆီ ကျွန်တော် ပို့ပေးဦးမှာပါ.. ဒါဟာ ခင်ဗျား ခင်ပွန်းရဲ့ အစီအစဉ်တွေကြောင့်ပါဗျာ….” မနှင်းဆီ ပန်းဆိုင်ပိုင်ရှင်ကို ကျေးဇူးစကားဆိုရင်း ဖုန်းကို ချလိုက်ပါတယ်.. သူမရဲ့ တုန်ယင်နေတဲ့ လက်အစုံနဲ့ ပန်းစည်းလေးပေါ်က စာအိတ်လေးကို ဖြုတ်ယူလိုက်ပါတယ်.. စာအိတ်လေးထဲမှာတော့ စာလေးတစ်စောင် .. စာထဲမှာက သူမယောက်ျားရဲ့ လက်ရေးတွေနဲ့ အချစ်ရေ.. မင်းအနားမှာ ကိုယ်မရှိနိုင်တော့ဘူးနော်… ကိုယ်မရှိတဲ့အခါ ဘ၀ကြီးကို မင်းတစ်ယောက် တည်း ရင်ဆိုင်ဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကိုယ်သိပါတယ်.. မင်းတစ်ယောက်တည်း ဘယ်လောက်တောင် အထီးကျန်မယ်.. ကြေကွဲ ပူဆွေးနေမယ် ဆိုတာလည်း ကိုယ်နားလည်စာနာပါတယ်.. မင်းကို ကိုယ် ဘယ်လောက်တောင် ချစ်ခဲ့တယ်ဆိုတာလဲ မင်းသိခဲ့မှာပါနော်… ကိုယ်တို့၂ယောက်ရဲ့ အချစ်တွေ၊ အကြင်နာတွေနဲ့ ကိုယ်တို့ဘ၀ကို လွှမ်းခြုံလို့ ပျော်ရွှင်သာယာဖွယ် ကမ္ဘာလေးကို တည်ဆောက်ခဲ့ကြတယ် . သိပ်ပျော်ဖို့ ကောင်းတဲ့အချိန်တွေကို ကိုယ်တို့ရရှိခဲ့ကြတယ်လေ… ဘ၀မှာ အချစ်တွေနဲ့ ပြီးပြည့်စုံ ခဲ့ကြတယ်… အချစ်ရယ်.. မင်းဟာ ကိုယ့်ဘ၀ရဲ့ အကောင်းဆုံး အမွန်မြတ်ဆုံး ဇနီးမယားကောင်းတစ်ဦးပါ.. မင်းကို ပြောပြစရာ စကားလုံး ရှာမတွေ့လောက်အောင် ကိုယ်ချစ်မြတ်နိုးခဲ့ပါတယ်.. ကိုယ့်ရဲ့ လိုအင်ဆန္ဒ မှန်သမျှကို သိတတ်စွာ အမြဲတမ်းဖြည့်ဆည်းပေးပြီး ကိုယ့်စိတ်ကို အမြဲ နားလည်ပေးခဲ့တဲ့ မင်းဟာ ကိုယ့်အတွက် သူငယ်ချင်းကောင်းတစ်ဦး ဖြစ်သလို အကောင်းဆုံး ချစ်သူ တစ်ယောက်လဲ ဖြစ်ပါတယ်.. မင်းကို ကိုယ် သိပ်တန်ဖိုးထားခဲ့ပါတယ်.. ကိုယ်ဟာ မင်းအနားမှာ မရှိတော့ပေမဲ့ ၀မ်းနည်း ပူဆွေးမနေပါနဲ့ အချစ်ရယ်. မျက်ရည်တွေကို သုတ်လိုက်ပါ နော် မင်းကို အမြဲတမ်း ပျော်ရွှင်စေချင်တယ်.. ဒါကြောင့်လဲ မင်းအတွက် နှင်းဆီပန်းလေးတွေ နှစ်စဉ်ပေးနိုင်ဖို့ ကိုယ်စီစဉ် ခဲ့တာပါ.. ဒီနှင်းဆီပန်းလေးတွေကို မင်းလက်ခံရတဲ့အခါတိုင်း ကိုယ်တို့၂ယောက်ရဲ့ အပျော်ဆုံး အချိန်တွေကို သတိရ လိုက်ပါ… ပြီးတော့ ကိုယ်တို့၂ယောက် ဘယ်လောက်တောင် ချစ်ခဲ့ကြတယ်ဆိုတာကို ပြန်စဉ်းစားပြီး ပျော်ရွှင်နိုင်အောင် ကြိုးစားပါ.. ကိုယ် မင်းကို သိပ်ချစ်ခဲ့တယ်.. အမြဲတမ်းလဲ ချစ်နေမှာပါ… ကိုယ်မရှိတော့တဲ့ အခါ မင်း ၀မ်းနည်းပူဆွေးပြီး ကျန်နေမှာကို ကိုယ်မလိုလားပါဘူး. ဒါကြောင့် ကျန်နေသေးတဲ့ မင်းဘ၀ရဲ့ အချိန်တွေကို ပျော်ပျော်နေနိုင်အောင် ကြိုးစားပါနော်.. မလွယ်ဘူးဆိုတာတော့ ကိုယ်လဲသိပါတယ်.. ဒါပေမဲ့ ကြိုးစားပြီးနေပါအချစ်ရယ်…. ဒီနှင်းဆီနီလေးတွေဟာ မင်းပျော်ရွှင်စေဖို့ မင်းဆီကို နှစ်စဉ်နှစ်တိုင်း ရောက်လာပါလိမ့်မယ်… ပန်းဆိုင်က တစ်ယောက်ယောက် မင်းရဲ့အိမ်တံခါးကို နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့တိုင်းမှာ တံခါးလာခေါက်မှာပါ… မင်းဆီက ဘာတုံ့ပြန်မှုမှ မရတော့တဲ့ နောက်ဆုံးတစ်နေ့ရောက်မှသာ နှင်းဆီပန်းလေးတွေ မင်းဆီပို့တာ ရပ်မှာပါ..… အဲဒီနေ့မှာ မင်းအိမ်တံခါးကို သူဟာ ၅ ကြိမ်တိုင်တိုင် အရောက်လာပြီး လာခေါက်ပါလိမ့်မယ်.. မင်းဆီက တုံ့ပြန်မှု မရတာ လုံးဝ သေချာပြီ ဆိုရင်တော့ မင်းမရှိတော့တာ သူတို့သဘောပေါက်ကြမှာပါ… အဲဒီလိုဆိုရင် နှင်းဆီနီလေးတွေကို ကိုယ်ညွှန်ကြားထားတဲ့ နေရာကို သူတို့ ဆက်ပြီး ပို့ပါလိမ့်မယ်.. အဲဒီနေရာလေးဟာ မင်းနဲ့ကိုယ်နဲ့ လှဲလျောင်း အိပ်စက်အနားယူတဲ့ အုတ်ဂူလေး၂ခုပေါ့ကွယ်.. ဒီလို ချစ်သူများနေ့မှာ ကိုယ်တို့၂ယောက်ရဲ့ အုတ်ဂူလေးဟာ မင်းချစ်တဲ့ နှင်းဆီရနံ့တွေနဲ့ သင်းပျံ့ မွှေးမြနေပါလိမ့်မယ်.. ကိုယ်တို့၂ယောက်ကတော့ ပြန်လည်ဆုံစည်းခွင့် ရတဲ့အတွက် ပျော်ရွှင်နေကြမှာပေါ့အချစ်ရယ်.. ခုချိန်မှာတော့ ကျန်နေသေးတဲ့ မင်းရဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်အောင် အားတင်းထားလိုက်ပါ ကိုယ့်အချစ်ဆုံးရယ်….. အိုး… ဒီလိုဆိုရင်ဖြင့် သူမဘာများ ၀မ်းနည်း ကြေကွဲနေစရာ လိုသေးသလဲနော်… သူမ သက်ရှိထင်ရှား ရှိနေသမျှကာလပတ်လုံး သူမ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းဆီက သူမချစ်တဲ့ နှင်းဆီပန်းတွေ နှစ်စဉ်နှစ်တိုင်း မလွဲမသွေ ရနေဦးမယ်ဆိုရင် သူ့ရဲ့ အချစ်တွေဟာ သူမဘေးနား ထာဝစဉ်ရှိနေတာနဲ့ အတူတူပါဘဲလေ… မနှင်းဆီ ရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်က ကြည်စင်ဝင်းပလို့.. သူမရဲ့ မျက်ဝန်းလေးတွေ ဟာလည်း ရွှန်းလက်တောက်ပလို့.. ဒါတွေဟာ ချစ်ခြင်းရဲ့ အင်အားထက်မြက်တဲ့ အစွမ်းကြောင့်ဘဲ မဟုတ်ပါလား…. —————————————————————————————————————————– ဇာတ်လမ်းလေးက စိတ်ကူးယဉ်ဆန်ကောင်း ဆန်နေပါလိမ့်မယ်.. ဒါပေမဲ့ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေလိုတဲ့ စိတ်ကလေးဟာ အရမ်းကို နှစ်သက်စဖွယ် လေးစားအားကျစဖွယ် ကောင်းလှပါတယ်… ကိုယ်သေဆုံးပြီး ချိန်မှာတောင် ချစ်သူကို ပျော်ရွှင်ပြီး ကျန်ရစ်စေလိုတဲ့ ဒီလိုစိတ်ထားမျိုးက ချစ်သူတိုင်းမှာသာ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်.. ချစ်တတ်ကြသူတိုင်း စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်သူများ ဖြစ်ကြပါစေ… ချစ်သူတိုင်းလည်း ပျော်ရွှင်ကြပါစေရှင်.. ဖေဖော်ဝါရီ ၁၄ရက် ချစ်သူများနေ့ မှာ ကျွန်မရဲ့ စာဖတ်သူ မိတ်ဆွေ၊ သူငယ်ချင်းများကို ဒီဇာတ်လမ်းလေး လက်ဆောင် ပေးလိုက်ပါတယ်နော်… Chicken Soup for the Gardener’s Soul မှ James A.Kisner ရဲ့ Valentine Roses ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်.. ချစ်သူတိုင်း ပျော်ရွှင်စွာ ဆုံဆည်းနိုင်ကြပါစေရှင်.. ချော (အစိမ်းရောင်လွင်ပြင်)
လိုအပ်ချိန်တိုင်း
ကျင့်ဝေ နှင့် ရင်ရင် မှာ တစ်မြို့ထဲတွင် ကြီးပြင်းလာကြသူများ ဖြစ်ပြီး ငယ်စဉ်ထဲက ကျောင်းအတူတူ တက်လာကြတဲ့ သူများလည်းဖြစ်သည်။ အရွယ်ရောက်လာချိန်မှာတော့ သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အလွန်ချစ်ကြသော ချစ်သူများ ဖြစ်လာခဲ့သည်။ ယောက်ျားပီသပြီး သူမအပေါ် နုညံ့စွာ ဆက်ဆံတတ်သူ ကျင့်ဝေကို ရင်ရင် က ယုန်ကလေးလို့ ခေါ်လေ့ရှိပြီး၊ ကျင့်ဝေကတော့ ရင်ရင်လို့ပဲ ခေါ်လေ့ရှိကာ တစ်ခါတစ်ရံ မှာတော့ အရူးမလေးလို့လည်း ချစ်စနိုးဖြင့် ခေါ်တတ်ပြန်သည်။ တက္ကသိုလ် တက်တော့လည်း ဇာတိမြို့နှင့် အနည်းငယ်ဝေးသော မြို့ကြီးတစ်ခုမှာ သူတို့ နှစ်ယောက် အတူတူ တက်ခဲ့ကြသည်။ နှစ်ယောက်သား တက္ကသိုလ်ရက်များကို ပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ်လာကြပြီးသည့် နောက်မှာတော့ ဘွဲ့တစ်ခုစီ အသီးသီး ရသွားခဲ့ကြလေပြီ။ ဘွဲ့ယူပြီး နောက်တစ်နေ့မှာ ရင်ရင်မှ ယုန်ကလေးကို ရှေ့ရေးကိစ္စ တိုင်ပင်စကား ဆိုလေသည်။ “ယုန်ကလေးရေ ငါတော့ ပီကင်းမြို့နားမှာ ရှိတဲ့ ဆီလီကွန်တောင်ကြားမှာ သွားပြီး အလုပ် လုပ်တော့မယ် အဲဒီနေရာက နောက်ကို ဒီထက် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ အများကြီး ရှိနေတယ်… အလုပ်အကိုင်လဲ မရှားဘူးလေ နင်ရော ဘယ်လို စဉ်းစားထားလဲ ”
“အင်း ဒါဆိုရင် ငါကတော့စီချွမ်းကိုဘဲ ပြန်တော့မယ်.. ငါတို့ ဇာတိဒေသက အလှအပတွေ ပေါတယ်၊ သာလည်းသာယာတယ်.. နောက်ကိုလဲ ဒီထက် ဖွံ့ဖြိုး တိုးတက်လာဦးမှာ.. ပြီးတော့ ကောင်မလေး တွေလည်း ချောတယ်.. တကယ်လို့ နောက်ကို နင်ငါ့ကို မယူလဲ ငါပူစရာမလိုဘဲ တစ်ခြားကောင်မလေး ချောချောလေးတွေကို ရနိုင်သေးတယ်လေ” ပြုံးရယ်ရင်း ပြောလိုက်သော ယုန်ကလေးရဲ့ စ နောက်မှုကြောင့် ရင်ရင်က သူ့ရင်ဘတ် ကလေးကို လက်သီးဆုတ်ကလေးနှင့် ခပ်ဖွဖွ ထုလိုက်ရင်း “နင်ကလေ အားနေရင် ဒါဘဲ စဉ်းစားနေတယ် မိန်းမယူဖို့ အကြောင်းဘဲ.. ဘယ်ရမလဲ… ငါနင့်ကိုမယူတောင်မှ နင်တစ်ခြားကောင်မလေးတွေကို မကြိုက်ရပါဘူး.. ငါ့ကိုဘဲချစ်ရမယ်.. ငါ့အကြောင်းဘဲ စဉ်းစားရမယ်.. နင်တစ်ခြားကောင်မလေး တစ်ယောက် ယောက်နဲ့ ပတ်သက်ဖို့ လုံးဝခွင့်မပြုနိုင်ပါဘူး.. ဟွန့် ” လို့ ချစ်စဖွယ် အမူအရာလေးနဲ့ ပြန်ပြောလိုက်တော့သည်။
ယုန်ကလေးက ရင်ရင့်ရဲ့ လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး နဖူးကို ညင်ညင်သာသာ ဖွဖွရွရွလေး နမ်းရှိုက်လိုက်ရင်း “ အရူးမလေး… ငါတို့မိဘတွေက စီချွမ်းမှာ ရှိနေတယ်ဆိုတာ မေ့လို့ မဖြစ်ဘူးလေ… နင်က တိုးတက်ချင်တဲ့သူ ဆိုတော့ ပီကင်းသွားပြီး အလုပ်လုပ်မယ်ဆိုရင် ငါမပြန်လို့ ဘယ်ဖြစ်မလဲ.. နင့် မိဘတွေကိုလဲ နင့်ကိုယ်စား ငါက စောင့်ရှောက်ပေးရမှာပေါ့.. ဒါမှ သမက်ကောင်း တစ်ယောက် ဖြစ်လာမယ်လေ မဟုတ်ဘူးလား… နင့်ကိုလဲ ငါယုံကြည်စိတ်ချပါတယ်.. နင်လုပ်ချင်တာကိုလဲ မတားမြစ်ချင်ဘူး.. ဘာဘဲဖြစ်ဖြစ် အကြာကြီးတော့ မခွဲချင်ဘူးဟာ နင်မြန်မြန် ပြန်လာခဲ့နော် ” ယုန်ကလေးရဲ့ စကားအဆုံးမှာ ရင်ရင့်ရဲ့မျက်ဝန်းမှ မျက်ရည်များ ရစ်ဝိုင်းလာပြီး ရင်ခွင်ထဲကို တိုးဝင်လိုက်ကာ ချုံးပွဲချ ငိုကြွေးနေတော့သည်။
………………………………………………………။
နှစ်ဦးသား အနေဝေးသွားကြသော်လည်း အဆက်အသွယ်က အမြဲမပြတ် ရှိနေခဲ့ကြသည်။ ဖုန်းဖြင့် အမြဲ အဆက်အသွယ် ရှိသလို မက်ဆေ့လေးတွေပို့ကာ ချစ်သူနှစ်ဦးရဲ့ သံယောဇဉ်ကြိုးတွေ ခိုင်မြဲအောင် တည်ဆောက်ထားကြသည်။ တစ်နေ့တွင် ရင်ရင်က အလွန်ချစ်ကြသော ချစ်သူနှစ်ဦးအကြောင်း ရေးထားသော ဇာတ်လမ်းလေးတစ်ခုကို အင်တာနက်ကနေ ဖတ်လိုက် ရပါသည်။ ဇာတ်လမ်းထဲတွင် ကောင်မလေးက သူ့ချစ်သူ ကောင်လေးနှင့် ဖုန်းပြောပြီးတိုင်း ကောင်လေးကို အရင်ဆုံး ဖုန်းချစေသည့် အကြောင်းလေးက ပါဝင်နေသည်။ ထိုကဲ့သို့ ဖုန်းချခိုင်းခြင်းသည် ကောင်မလေးက ကောင်လေးကို အရမ်း ချစ်လွန်း၍ ဆိုသည့် အဓိပ္ပါယ်နှင့် ကောင်လေးကို ဖုန်းအရင် ချစေသည်တဲ့လေ။ ထိုနံမည်ကျော် လူငယ်ကြိုက် အချစ်ဇာတ်လမ်းလေးကို ဖတ်ပြီး ရင်ရင်က သူ့ချစ်သူကို ထူးထူးကဲကဲ သတိရနေမိသည်။
ထိုညက ခါတိုင်းကဲ့သို့ ဖုန်းပြောပြီးချိန်တွင် ရင်ရင်က သူဖတ်ထားသော ဇာတ်လမ်းလေး ထဲက အတိုင်း ယုန်ကလေးကို တောင်းဆိုလိုက်သည်။ “ဖုန်းကို နင်အရင်ချနော်.. ” “အရူးမလေး ဘာအရူးထပြန်ပြီလဲ .. ဘယ်သူအရင်ချချပေါ့ ဘာထူးမှာမို့လဲ” “အိုး မရပါဘူး.. နင်အရင်ချရမယ်.. နင်ငါ့စကား နားမထောင်ဘူးလား ဒါဆို နောက်နေ့ကစပြီး နင့်ကို ငါမခေါ်တော့ဘူး.. ငါ့ဆီလဲ ဖုန်းမဆက်နဲ့တော့.. နင်လဲ ဘယ်တော့မှ မိန်းမရတော့မှာ မဟုတ်ဘူး.. ” ရင်ရင့် စကားကြောင့် ယုန်ကလေး ခေတ္တအသံတိတ်သွားသည်။ ထို့နောက်
“အင်း အိုကေ အိုကေ ငါရန်မဖြစ်ချင်ပါဘူး.. ငါအရင်ဖုန်းချပါ့မယ် .. ”ဟု ပြောပြီး ဖုန်းကို ချသွားတော့သည်။
ဖုန်းချပြီးမှ ထွက်ပေါ်လာတဲ့ Busy သံလေးကို သေချာနားထောင်ပြီး ရင်ရင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ သူမမျက်နှာပေါ်တွင် လှိုက်လှိုက်လှဲလှဲ အပြုံးလေးနှင့်အတူ “အချစ်ရေ မင်းထက်ကို ငါက ပိုချစ်လို့ ဖုန်းကို အရင် ချခိုင်းတာပါကွယ်.. ” လို့ တီးတိုးလေး ပြောလိုက်ပါတော့သည်။ အဲဒီနောက်ပိုင်း ဖုန်းတွေပြောတိုင်းလည်း တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်ပြီးကြတဲ့ အချိန်မှာ ကောင်မလေးဟာ ယုန်ကလေး၏ ဖုန်းချသံလေးကို နားထောင်ပြီးမှသာ ဖုန်းကို ပိတ်လေ့ရှိသည်။ သို့သော်လည်း အချိန်ကြာလာသော အခါတွင်တော့ ကောင်မလေး၏ ရင်ထဲတွင် ယုန်ကလေး ဖုန်းအရင်ချသည့် ကိစ္စနှင့်ပါတ်သက်ကာ တစ်စုံတစ်ရာ ခံစားချက်ကြောင့် ၀မ်းနည်းစိတ် ဖြစ်ပေါ်လာမိပါသည်။ သူ့ကို ဖုန်းအရင် ချခိုင်းတာဟာ သူမက ပိုချစ်လို့ဆိုတာ သိမှသိပါ့မလား ဟုလည်း စိတ်ထဲမှာ တွေးတောလာမိသည်။ ယုန်ကလေးကိုလည်း ထိုအချစ်ဇာတ်လမ်းလေးကို တွေ့ပြီး ဖတ်စေချင်မိကာ သူမကို ဖုန်းအရင်ချဖို့ ပြောလာတာကို မျှော်လင့်ချင်မိသည်လေ။ ဘာဘဲဖြစ်ဖြစ် ရင်ရင့်စိတ်ထဲတွင်တော့ သူမဟာ ယုန်ကလေးကို သိပ်ချစ်လွန်းသူ၊ ယုန်ကလေး ချစ်တာထက်ပိုပြီး သူမက ပိုချစ်ရသူရယ်လို့ စိတ်ထဲမှာ ယူဆထားလိုက်သည်။ ……………………………………………………..။ တိုးတက်ချင်သည့် စိတ်ကြောင့်သာ အလုပ်လုပ်နေရသော်လည်း မြို့နှင့် အနည်းငယ် အလှမ်းဝေး ချောင်ကျပြီး လုံခြုံရေး သိပ်မကောင်းလှသော ရင်ရင် လက်ရှိရောက်နေရာ အရပ်ဒေသသည် မိန်းခလေးများ အနေနှင့် နေထိုင်ဖို့ သိပ်ပြီး မသင့်တော်လှပေ။ လူဆိုး သူခိုးလည်း ပေါများလှသည်။ ယုံကြည်ချက်၊ မျှော်လင့်ချက်တို့ကြောင့်သာ နေနေရပေမဲ့ သူမစိတ်ဓာတ်တွေက တစ်ဖြေးဖြေး ကျဆင်း လာသည်။ နေပျော်ချင်စရာ အရပ်လို့ သူမက မထင်တော့ပေ။ အားငယ်စိတ်များ၊ မွန်းကြပ်သည့်စိတ်များလည်း တစ်စစ တိုးပွားလာ နေသည်။ သို့သော်လည်း ယုန်ကလေးကို သူမ ဖြစ်နေသည့် ခံစားချက်များကို တစ်စွန်းတစ်စမျှ မပြောပြဖြစ်ပေ။ သူမက ကိုယ့်ကိုယ်ကို စိတ်ဓာတ် ခိုင်မာသူရယ်လို့လဲ သူ့ကို သိစေချင် နေမိသည်။
တစ်နေ့ သူမ၏ အခန်းဖော် ကောင်မလေး မိသားစုကိစ္စကြောင့် အိမ်ပြန်သွားသောအခါ သူမတစ်ယောက်တည်း အခန်းတွင် ကျန်ရစ်ခဲ့လေသည်။ ခုတစ်လောတွင် သူခိုးများက မိန်းခလေးတွေချည်း နေထိုင်သော နေရာများတွင် ပိုပြီး သောင်းကျန်းနေသည် ဆိုသည့်သတင်းကို ကြားနေရသည့်အတွက်လည်း ကြောက်ရွံ့စိတ် ဖြစ်ပေါ်နေမိသည်။ ညရောက်ချိန် ယုန်ကလေးနှင့် ဖုန်းပြောသောအခါတွင်တော့ ပုံမှန်အတိုင်း ခါတိုင်းလိုသာ ဖုန်းပြောဖြစ်ပေမယ့် သူမရင်ထဲက ကြောက်ရွံ့စိတ်ကို ယုန်ကလေး မသိအောင် ဖုန်းကွယ် ထားခဲ့သည်။ ညသန်းကောင် သူမ အိပ်ပျော်နေစဉ်မှာ တီးတိုးသံတစ်ခုကြောင့် ရုတ်တရက် လန့်နိုးလာခဲ့သည်။ သေချာ နားစိုက် ထောင်သည့်အခါ သူမ အခန်းတံခါးကို အပြင်ဘက်က ဖွင့်ဖို့ ကြိုးစားနေသံကို ကြားလိုက်ရသဖြင့် ကြက်သီးမွေးညင်းများ ထောင်ထလာပြီး သူမတစ်ကိုယ်လုံး တစ်ဆတ်ဆတ် တုန်ယင်လာမိသည်။ ဘေးဝန်းကျင် အခန်းများတွင်လည်း လူမရှိကြသည်ကို သူမ သတိရလိုက်မိသဖြင့် မျက်ဝန်းမှ မျက်ရည်များ စီးကျလာကာ ကြံရာမရ ဖြစ်ပြီး ထိတ်လန့် တုန်လှုပ်နေမိသည်။ သူမ ပထမဆုံး သတိရမိသည်မှာ ချစ်သူ ယုန်ကလေး ကိုသာ ဖြစ်သည်။ ထို့ကြောင့် ခေါင်းအုံးအောက်က ဖုန်းကလေးကို ဆွဲထုတ်ကာ ယုန်ကလေးရေ… ငါအခုချိန်မှာ အရမ်းကြောက်နေတယ် ဆိုသည့် မက်ဆေ့တစ်စောင် အမြန်ဆုံးရိုက်ပြီး ကောင်လေးဆီ ပို့လိုက်မိသည်။ ဒီချိန်ဆို သူ့ချစ်သူ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ပါက မက်ဆေ့ဝင်သောအသံကို ကြားနိုင်မှာ မဟုတ်သည့်အပြင်၊ ဖုန်းကိုပိတ်ထားခဲ့လျှင်လည်း မက်ဆေ့ကို မည်သို့မျှ တွေ့နိုင်မှာ မဟုတ်ဟု တွေးမိသဖြင့် သူမရင်ထဲမှာ မျှော်လင့်ချက်များ ကင်းမဲ့ကာ ကူကယ်ရာမဲ့သူ တစ်ယောက်၏ ခံစားချက်မျိုးနှင့် တုန်လှုပ်လို့ နေမိသည်။
သို့သော် သူမ မက်ဆေ့ ပို့ပြီး စက္ကန့်အနည်းငယ်အကြာမှာ ယုန်ကလေး ထံမှဖုန်း ဝင်လာသည့်အတွက် ဝမ်းသာလွန်း၍ သူမလက်တွေတောင် တုန်ယင်နေခဲ့သည်။ “ယုန်ကလေးရေ ငါ့ကိုကယ်ပါဦးဟယ်.. အခု ငါ့အခန်းရဲ့ အပြင်ဘက်မှာ သူခိုး ရောက်နေတယ် နဲ့တူတယ်.. တံခါးကို ဖွင့်ဖို့ ကြိုးစားနေတယ်လို့ ငါထင်တယ်.. ငါ ငါ အရမ်းကြောက်နေတယ်” လို့ လေသံတိုးတိုးလေးနဲ့ သနားစဖွယ် အားကိုးတကြီး ပြောလိုက်သည်။ ရင်ရင့်ရဲ့ တုန်လှုပ်နေသော အသံလေးနှင့် ဆန့်ကျင်စွာ ယုန်ကလေးမှ တည်ငြိမ် စွာဖြင့် “ ရင်ရင် နင်မကြောက်နဲ့နော် နင့်ဘေးမှာ ငါရှိနေတယ်လို့ တွေးထား အခု ငါပြောတာ သေချာနားထောင်.. ဖုန်းရဲ့ စပီကာကို အကျယ်ဆုံးဖွင့်လိုက် ပြီးတော့ တံခါးနားကို ကပ်သွား တံခါးနားရောက်တာနဲ့ ငါ့ကိုပြော… သိပ်မကြောက်နဲ့ ငါ့ကို ယုံကြည်တယ်ဆိုရင် တည်တည်ငြိမ်ငြိမ်လုပ်…” ဟု ပြောလိုက်သည်။ ယုန်ကလေးရဲ့ရည်ရွယ်ချက်ကို သူမ သဘောပေါက်သွားသည်။ တစ်ဖြေးဖြေးနှင့် တည်ငြိမ်လာပြီး တံခါးနားကို တိတ်ဆိတ်စွာ တိုးကပ်သွားသည်။ တံခါးနားကို ရောက်လျင် “ငါတံခါးနားရောက်ပြီ စပီကာလဲဖွင့်ထားပြီးပြီ” ဟု ယုန်ကလေးကို တိုးတိုးလေး ပြောလိုက်သည်တွင် ဖုန်းထဲမှ ယုန်ကလေးအသံက ဟိန်းထွက်လာသည်။ “ ဟေ့ တံခါးအပြင်ဘက်မှာ ဘယ်သူလဲကွ… အစ်ကိုတို့ ထကြထကြ.. အပြင်မှာ ဘယ်သူတွေလဲမသိဘူး.. ” ကျယ်လောင်ပြီး မာကြောလှသော လေသံကြောင့် ရင်ရင် ကိုယ်တိုင်ပင် ရုတ်တရက် လန့်ဖြန့် သွားမိသလို အပြင်ဘက်မှာလည်း ထွက်ပြေးသွားသော ခြေသံကို ကြားလိုက်ရသည်။ သူခိုးသည် ရင်ရင်တို့အခန်းတွင် ယေက်ျားလေးများသာ နေသည်ဟု ထင်ပြီး ကြောက်ရွံ့ကာ ထွက်ပြေးသွားပုံရလေသည်။ ရင်ရင်လည်း ဒီတွင်မှသာ အသက်ကို ပြင်းစွာရှူရှိုက်လိုက်ပြီး ခြေလက်တွေပင် ပျော့ခွေသွားကာ တံခါးဝမှာတင် ခြေပစ်လက်ပစ် လဲကျ သွားလေတော့သည်။ အနည်းငယ်ကြာမှ ရင်ရင့်ထံက “အချစ်ရယ် နင့်ကို ငါ ကျေးဇူး တင်လိုက်တာဟာ.. ” ဆိုသော အသံထွက်လာသဖြင့် ယုန်ကလေးကလည်း အားပေးစကားပြောရင်း ပြန်နှစ်သိမ့် ပေးနေသည်။ ထိုညက တစ်ညလုံး မိုးလင်းချိန်ထိ ယုန်ကလေးက သူမကို စကားတွေ ပြောကာ အဖော်လုပ်ပေးနေသည်မှာ မိုးစင်စင်လင်းတော့မှသာ “ အချစ်လေး.. အရူးမလေးရေ အလုပ်ကို သတိနဲ့သွားနော်.. အလုပ်မှာ အိပ်မငိုက်အောင်လဲ ဂရိုစိုက်ဦး.. တော်ကြာ နင့်သူဌေးရှေ့မှာ အိပ်ငိုက်နေဦးမယ်” ဟုပြောပြီး ဖုန်းချသွားသည်။
ဖုန်းချလိုက်ပြီးသည့် နောက်မှာလည်း သူမ၏ ရင်ထဲတွင် ကြည်နူးနစ်သိမ့်ခြင်း၊ ကျေနပ် ပီတိဖြစ်ခြင်းများ အတိုင်းမသိ ဖြစ်ကာ ယုန်ကလေးသည် သူမ ဘ၀တစ်လျှောက်လုံးကို လုံခြုံမှု ပေးသွားနိုင်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်လိုက်မိသည်။ ယုန်ကလေးသည် သူမအပေါ်မှာ သိပ်ကောင်းသည် ဆိုသည့်အချက်ကို သံသယမရှိသော်လည်း သူမကို ဖုန်းအရင်ချဖို့ ဘယ်တော့မှ ပြောတော့မှာ မဟုတ် ဆိုသည့် အတွေးကိုတော့ သူမ ဖျောက်လို့ မရသေးပေ။ ယုန်ကလေးသည် သူမချစ်သလောက် မချစ်လို့သာ ဖုန်းအရင်ချဖို့ ဘယ်တော့မှ မပြောတာပဲ ဟူ၍လည်း ရူးရူးနမ်းနမ်း တွေးနေဆဲပဲ ဖြစ်သည်။ ……………………………………………….။ နွေဦး ရာသီကို ရောက်လာသဖြင့် တစ်ဖြေးဖြေး ပူပြင်းလာပြီ။ သူမဝတ်သော အင်္ကျီပါးလေးတွေမှာ ထည့်စရာအိတ် မပါသည့်အတွက် ဖုန်းကို သွားလေရာ ယူသွားဖို့ မကြာခန မေ့လျော့တတ်လာသည်။ တစ်ခါတစ်ရံ ရုံးကိုလာသောအခါ အိမ်ခန်းထဲတွင် ဖုန်းကိုမေ့ခဲ့တတ်သည်၊၊ ကင်တင်းတွင် ထမင်းသွားစားသော အချိန်တွင်လည်း ဖုန်းကို ရုံးခန်းထဲက သူမစားပွဲထဲတွင် မေ့ကျန်ခဲ့တတ်ပြန်သည်။ သူ့အခန်းဖော် ကောင်မလေးက ဖုန်းကိုငှားပြီး အပြင် ထွက်သွားသည့်အခါတွင်လည်း ပြန်တောင်းဖို့ သတိမေ့နေတတ်သည်။ ထို အချိန်တွေမှာ ကောင်လေးဆီက ရောက်နေတတ်သော မက်ဆေ့ပေါင်း များစွာ၊ ကိုင်သူမရှိသဖြင့် ပြန်မထူးဖြစ်သော Missed Calls များစွာအတွက် သူမစိတ်ထဲမှာ ကျေနပ်မှုလေး တစ်မျိုး ခံစားရသည်။ သူမကို ဘယ်တုန်းကမှ ဖုန်းအရင်ချပါလို့ မပြောတတ်ခဲ့သော ယုန်ကလေးအတွက် ထိုက်တန်သော အပြစ်ပေးခြင်း တစ်မျိုးဟု သူမစိတ်ထဲ ကျေနပ်မိတတ်သည်။ ဒီလိုနှင့် သူမ၏ ဘဝကို ပြောင်းလဲစေမည့် မေလ ၁၂ ရက်နေ့သို့ ရောက်လာခဲ့သည်။ ထူးခြားမှုမရှိသော သာမန်နေ့လေး တစ်နေ့အဖြစ်နှင့် ရုံးတွင် လုပ်စရာရှိသောအလုပ်များကို လုပ်နေခဲ့မိချိန်မှာ မမျှော်လင့်သော သတင်းတစ်ခု သူမ ကြားလိုက်ရသည်။ အလွန် ပြင်းအားကြီးသော ငလျှင်တစ်ခုသည် စီချွမ်းဒေသကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့ကြောင်းနှင့် ထိခိုက်ပျက်စီးမှု များပြားလွန်းလှသည် ဆိုသော သတင်းများ ဆက်တိုက်ဝင်လာသောအခါ သူမ ထိတ်လန့် တုန်လှုပ်သွားတော့သည်။ ရုတ်တရက် အသိစိတ်ဖြင့် သူမ၏ အိတ်ထဲတွင် လက်ကိုင်ဖုန်းကို လိုက်ရှာသည့်အခါမှ အိမ်တွင် မေ့ကျန်နေခဲ့မှန်း သိလိုက်ရတော့သည်။ သူမချက်ခြင်းဘဲ ရုံးဖုန်းကို ကောက်ကိုင်ကာ ယုန်လေးဆီကို ဖုန်းခေါ်လိုက်သည်။ ထပ်ခါထပ်ခါ အကြိမ်ပေါင်းများစွာ ခေါ်ဆိုသော်လည်း တစ်ဖက်က ဖုန်းလိုင်းက လုံးဝကို အလုပ်မလုပ်တော့ပေ။ သူမ၏ မိဘအိမ်ကို ခေါ်ပြန်တော့လည်း ထို့အတူပဲ ဖြစ်နေသည်။ စီချွမ်းဒေသ၏ ဖုန်းဆက်သွယ်မှု ကွန်ယက် တစ်ခုလုံး ငလျှင်ဒဏ်ကြောင့် ဆိုးဝါးစွာ ပျက်စီးသွားခဲ့လေပြီလား။ စိုးရိမ်ပူပန်ခြင်း ထိတ်လန့် တုန်လှုပ်ခြင်းတို့ကြောင့် ဆောက်တည်ရာမရအောင် ဖြစ်နေမိသည်။ ကြားရသော သတင်း မှန်သမျှကလည်း သူမရင်ကို မီးတစ်စလို ပူပြင်း လောင်မြိုက်နေစေသည်။ အလုပ်ကိုလဲ ဆက်မလုပ်နိုင်တော့သလို ရုံးဆင်းချိန်ထိ စောင့်နေဖို့ရန်လည်း သူမ မတည်ငြိမ်တော့ပေ။ တက္ကစီတစ်စီးကို တားလိုက်ကာ သူမနေထိုင်ရာ အခန်းကို ပြန်ပြေးလာမိတော့သည်။ အခန်းရောက်လို့ ဖုန်းကိုတွေ့သည့်အချိန်မှာတော့ သူမမျှော်လင့်ထားသလို Missed Calls ပေါင်း ၅၀ ကျော် ရှိနေသည်။ အားလုံးသည် ယုန်ကလေး ထံမှ လာထားသော ဖုန်းများသာ ဖြစ်သည်။ ထို့ပြင် Voice Message နှစ်ခုကိုလည်း တွေ့လိုက်ရသည်။ သူမရဲ့လက်တို့ တုန်ယင်စွာဖြင့် ဖွင့်ကြည့်လိုက်သည့်အခါ…..
အရူးမလေး ငါရဲ့ အချစ်လေးရေ.. မင်းကို ချစ်ခဲ့သမျှ တစ်ဘ၀လုံးစာ အချစ်တွေနဲ့ မင်းဖုန်းကို ငါခေါ်နေတာပါကွယ်.. မင်းဘာလို့များ ဖုန်းမကိုင်ရတာလဲကွယ်။ မင်းကို ငါချစ်တယ်.. အရမ်းချစ်တယ်.. မင်းထင်မှတ်မထား လောက်အောင်ကို ချစ်ပါတယ်.. မင်းချစ်တာထက်လည်း အဆများစွာ ပိုချစ်ပါတယ်.. မင်း ငါ့ကို ဖုန်းအရင်ချခိုင်းကတည်းက ဟိုဇာတ်လမ်းလေးကို မင်းဖတ်လိုက်ရပြီဆိုတာ ငါသဘောပေါက်ပါတယ်.. ဒါပေမဲ့အချစ်ရယ် ငါမင်းကိုပြောပြချင်ပါတယ်.. မင်းချစ်တာထက် များစွာ ငါက မင်းကို ချစ်ရတာပါ.. ငါလဲ အဲဒီဇာတ်လမ်းကလေးကို ဖတ်ရပါတယ်.. အကြိမ်ကြိမ်အခါခါ ဖတ်ခဲ့ပြီးပါပြီ.. ကြေကွဲစရာနဲ့ အဆုံးသတ်ထားတဲ့ ဒီဇာတ်လမ်းကလေးက ငါတို့နဲ့ ဘာများသက်ဆိုင်လို့လဲကွယ်.. ငါက မင်းကို ဒီလို နာကျင် ကြေကွဲမှုတွေ ပေးမဲ့သူမဟုတ်ပါဘူး.. မင်းစိတ်ချမ်းသာအောင် မင်းပျော်ရွှင်အောင် လုပ်ပေးမဲ့သူပါ.. မင်းနဲ့ ရာသက်ပန် ရိုးမြေကျပေါင်းလို့ တစ်ဘ၀လုံးအတွက် မင်းကို စောင့်ရှောက် ကာကွယ်ပေးမဲ့သူပါ..
တုန်ယင်စွာနှင့် ထွက်ပေါ်နေသော ယုန်ကလေး၏ အသံသည် ဖြည်းညင်းစွာဖြင့် သူမ နှလုံး အိမ်ထဲ အထိ တိုးဝင်လာနေသည်။ ရင်ခွင်တစ်ခုလုံး တဆစ်ဆစ်ဖြင့် နာကျင်လွန်းလှသည်။ အရာဝတ္ထုများ ပြိုကျနေသော နောက်ခံသံတို့ကြောင့် သူမလက်များ တဆတ်ဆတ် တုန်ယင်နေသည်။ ယုန်ကလေး နင်ဘာတွေများ ဖြစ်နေပြီလဲကွယ်….။ ဖုန်းကို နားထဲ ဝင်မတတ် တိုးကပ်လိုက်မိသည်။ ပြီးတော့လဲ စိတ်ကူုးယဉ် ဇာတ်လမ်းတွေနဲ့ မင်းကို နစ်မြောမနေစေချင်ဘူး.. ငါတို့က တကယ့်လက်တွေ့ဘ၀ကို ထူထောင်ကြမှာဖြစ်လို့ လက်တွေ့ဆန်တဲ့ ပျော်ရွှင်မှုမျိုးကိုဘဲ မင်းကို ငါက ပေးချင်ခဲ့တာပါ.. ငါလေ ငါဘယ်သွားသွား ဖုန်းကို ယူသွားဖို့ မမေ့ခဲ့ဘူး.. တကယ်လို့ မင်းသိပ်လိုအပ်လို့ ငါ့ကိုဖုန်းခေါ်လိုက်တဲ့အခါ ငါအဆင်သင့်ဖြစ်မနေခဲ့မှာကို သိပ်ကြောက်မိတယ်. မင်း အားငယ်နေတဲ့အခါ ကြောက်ရွံ့နေတဲ့အခါ ငါ့ကိုခေါ်မရမှာ ငါသိပ်စိုးရိမ်တယ်.. အဆုံးစွန် အိမ်သာထဲ ရောက်တဲ့အချိန်တောင် ဖုန်းကို မမေ့မလျော့ ငါယူသွားခဲ့တယ်.. ညအိပ်တဲ့အခါလည်း ဖုန်းကို ဘယ်တော့မှ ငါမပိတ်ခဲ့ဘူး.. ဘက်ထရီအသစ်လဲပြီး ဖုန်းသံကို ကျယ်ထားခဲ့တယ်… ငါအိပ်မောကျနေတုန်း မင်းဖုန်းလာခဲ့ရင် ငါမသိလိုက်မှာ စိုးလို့ပါ. ညသန်းကောင်ကြီး ကြောက်လန့်လို့ မင်းဖုန်းခေါ်တဲ့အခါ ငါမသိလိုက်မှာ၊ မကြားလိုက်မှာကို သိပ်စိုးရိမ်မိပါတယ်.. ပြီးတော့ ဖုန်းပိတ်ပြီး ငါအိပ်တဲ့အခါ တစ်နယ်တစ်ကျေးမှာ မင်းတစ်ယောက်တည်း ပိုပြီး အထီးကျန် အားငယ်နေမယ်လို့ ငါ့စိတ်ထဲမှာ ခံစားမိတယ်..
ငါ့ကို ဖုန်းအမြဲ အရင်ချခိုင်းတတ်တာ မင်းငါ့ကိုသိပ်ချစ်လို့ဆိုတာ ငါသိပါတယ်.. ဒါကိုသိရတော့ ငါ ၀မ်းသာ မိပါတယ်.. မျက်ရည် လည်မိအောင်ကို ၀မ်းသာ ကြည်နူးမိတာပါ.. ဒါပေမဲ့ ငါဟာ ဘယ်သွားသွား ဖုန်းကို ဘယ်တော့မှ မမေ့တာ၊ ဘယ်တော့မှ ဖုန်းကို မပိတ်ခဲ့တာတွေဟာ မင်းချစ်တာထက် ငါက ပိုချစ်လို့ပေါ့ကွယ်.. ဒါပေမဲ့ မင်းကို မသိစေချင်ပါဘူး။ သိအောင်လဲ ကိုယ်မပြောပြခဲ့ပါဘူး.. ဘာလို့လဲ မင်းသိလား .. အချစ်ရေ.. ငါတို့၂ယောက် အတူတူနေကြတဲ့အခါ၊ အသက်တွေကြီးလို့ အချစ်အကြောင်း ပြန်ပြောကြတဲ့အခါ ဒီအကြောင်းတွေကို အဲဒီချိန်ရောက်မှ ငါက မင်းကို ပြောပြချင်လို့ ပါကွယ်..
အိုးးး သူမ အံ့သြတကြီး ရေရွတ်လိုက်မိသည်။ ယုန်ကလေးရေ နင်သိပ်ပြီး ထိန်းချုပ်နိင် လွန်းတာ ပါပဲလားဟာ။ ငါချစ်သလောက် နင်က ငါ့ကိုမချစ်ဘူးလို့ ထင်ခဲ့မိတယ်.. ငါတော့ အထင်တွေမှားခဲ့မိပြီ။ ယုန်ကလေးရေ နင်ဘာဖြစ်နေပြီလဲ ။ နင်ဘာမှ မဖြစ်ပါဘူးနော်။ နင်ပြောပြမယ့် အချစ်အကြောင်းတွေ ငါနားထောင်ပါရစေအုံးးး။ ယုန်ကလေးရဲ့ အသံက ပို၍တိုးညင်း သွားသည်။ ဒါပေမဲ့ အရူးမလေးရေ.. ငါတို့ကံဆိုးပါတယ်ကွယ် ငါဟာမင်းနဲ့အတူတူ အနာဂတ်မှာ မရှိနိုင်တော့ပါဘူး.. ငါ့ကျောပေါ်မှာ ထုတ်တန်းကြီးတစ်ခုက ပိကျနေခဲ့တာ ၂နာရီကျော်ခဲ့ပါပြီ.. ငါ့ခြေထောက်ပေါ်မှာလဲ အင်္ဂတေတုံးကြီးက ပိလို့… ငါ့ရင်ဘတ်တစ်ခုလုံးလဲ ကြေမွနေပြီထင်ပါတယ်.. နာလိုက်တာလဲ ပြောမပြတတ်အောင်ပါဘဲကွယ်.. သွေးညှီနံ့တွေလဲ ငါ့နှာခေါင်းထဲမှာ နံစော်နေတာပါဘဲ.. ငါသိပါတယ်.. ငါ့ကိုယ်က ထွက်တဲ့ သွေးတွေဘဲဖြစ်မှာပါ.. ငါ့သွေးတွေ ဘယ်လောက်တောင် ယိုစီးကျကုန်ပြီလဲ ငါမသိတော့ပါဘူး.. သေချာပါတယ်.. အချစ်ရယ် ငါဟာမင်းကို နောက်ထပ် အဖော်လုပ်ပေးနိုင်တော့မှာ မဟုတ်သလို၊ ကာကွယ် စောင့်ရှောက် ပေးနိုင်တော့မှာလည်း မဟုတ်ပါဘူးကွယ်.. Voice message ဆုံးသွားသဖြင့် သူမရင် တစ်ခုလုံး ကြေမွမတတ် ခံစားလိုက်ရသည်။ ယုန်ကလေးရယ် နင်သိပ်နာကျင်နေမှာပဲနော် ။ ငါဘယ်လိုလာကယ်ရမလဲ ။ သူမ ဆောက်တည်ရာမဲ့စွာ ဖြစ်နေတော့သည်။ ထိုင်ရာမှထသည်။ အခန်းထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်သည်။ ပြန်ထိုင်သည်။ အသက်ရှူရသည်မှာလည်း မဝတော့ပေ။ နောက်ထပ် Voice message တစ်ခုကို တုန်ယင်စွာဖြင့် ဖွင့်သည် ။ ရှိုက်ကာ ရှိုက်ကာ အသက်ရှူသံကို ကြားရပြီးနောက်…. အချစ်လေးရေ.. ငါမင်းအသံကို ပြင်းပြင်းပြပြကို ကြားချင်လိုက်တာကွယ်.. ငါအကြိမ်ကြိမ် ခေါ်ပေမဲ့ ဖုန်းကို ဘာကြောင့်မကိုင်ရတာလဲ.. မင်း ဘယ်ကိုများ ရောက်နေသလဲ.. ထုံးစံအတိုင်း ဖုန်းကို မေ့ထားခဲ့ပြန်ပြီ လားကွယ်.. အရူးမလေး.. ငါ့ အချစ်လေးရေ မင်းကို ခေါ်နေတဲ့ ငါ့အသံကို ကြားရဲ့လားကွယ်.. ငါချမ်းလိုက်တာ… ဒီအပျက်အစီးတွေအောက်မှာ နောက်ထပ် ဘယ်လောက်ကြာကြာ ငါနေနေရဦးမလဲ မသိတာ့ဘူး ခုချိန်မှာ မင်းကို ဖက်ထားခွင့်ရမယ်ဆိုရင် ဘယ်လောက်များကောင်းမလဲ.. ငါအရမ်းချမ်းနေလို့ပါ.. အချစ်ကလေးရေ မင်းကို ငါချစ်တယ်.. ခုချိန်မှာ သေခြင်းဆိုတာ ငါနဲ့မဝေးတော့ဘူးဆိုတာ သိပေမဲ့ ငါကြောက်ရွံ့နေမိတယ်.. ဘာကြောင့်လဲ ဆိုတော့ မင်းအနားမှာ ငါမရှိနိုင်တော့မှာ စိုးမိတယ်လေ.. ဒါပေမဲ့ ငါသိပါတယ်.. ငါ မနေရတော့ပါဘူး.. ငါသွားရတော့မှာပါ… အချစ်ရေ.. မင်းအတွက် ငါ စိတ်ပူတယ်.. ငါမရှိတဲ့အခါ မင်းတစ်ယောက်တည်း အထီးကျန်နေမှာ၊ ကြေကွဲနေမှာ မလိုလားပါဘူး.. ငါမရှိတော့ရင်လေ မင်းဘ၀အတွက် အကောင်းဆုံး လူတစ်ယောက်ကို ရွေးချယ်ပါ. ငါ့ကိုကတိပေးပါနော်.. ငါ့လို မင်းအပေါ် ကောင်းတဲ့သူ ကြင်နာမဲ့သူ၊ မင်းကို သိပ်ချစ်နိုင်မဲ့သူကို ရွေးပါနော်.. သူ့ကိုလဲ မင်းက ဂရုစိုက်လိုက်ပါ။ သူနဲ့ဆိုရင် မင်းရဲ့ဖုန်းကိုလဲ ဘယ်သွားသွား ယူသွားဖို့ မမေ့ပါနဲ့နော် အချစ်လေး.. အရူးမလေးရေ.. ငါ…. ငါအသက်ရှုလို့ မဝတော့ဘူး.. .. ငါနှုတ်ဆက်ရတော့ မယ်ထင်တယ် နောက်ဘ၀မှာ ငါတို့ ပြန်ဆုံကြပါစို့နော်. ငါပြောခဲ့ပါရစေဦး အချစ်ဆုံး အရူးမလေးရေ.. မင်းချစ်တာထက် အဆများစွာ ငါက ပိုချစ်ပါတယ်ကွယ်..အိုးးး အချစ်ရယ်…ငါမင်းကို သိပ်ချစ်…. အသံပြတ်တောက် သွားသော ဖုန်းကို လက်က ကိုင်ကာ သူမ ငြိမ်သက်သွားသည်။ ထို့နောက် အသက် မရှုနိုင်လောက်အောင် ရှိုက်ကြီးတငင် ငိုကြွေးနေမိတော့သည်။ သူမကိုယ်ကို ခွင့်မလွှတ်နိင်ပေ။ သူမပေါ့ဆမိပါသည်။ ကိုယ့်ကိုယ်ကို ယုန်ကလေးထက်ပိုချစ်တယ် လို့ အမြဲတမ်း ထင်ခဲ့ပေမဲ့ ယုန်ကလေး ခုလိုဖြစ်တဲ့အချိန်မှာ နှစ်သိမ့်စကားလေး တစ်ခွန်းတောင်မှ ပြောခွင့်မရလိုက်အောင် ပေါ့လျော့မိတဲ့ သူမအပြစ်က ခွင့်လွှတ်ဖို့မျှပင် မထိုက်တန်လောက်အောင် ဆိုးဝါးလွန်းလှသည်။ နာရီပေါင်းများစွာ မထတမ်း သူမ ငိုကြွေးနေမိသည်။
နောက်တော့ မျက်စိကိုစုံမှိတ်လိုက်ရင်း ယုန်ကလေး ကြားနိုင်အောင် သူမရင်ထဲ အသည်းထဲကနေ အော်ဟစ်လိုက်မိသည်။ “အချစ်ရေ.. နောက်ဘ၀မှာ ပြန်ဆုံကြမယ်.. နောက်ဘ၀မှာလည်း နင့်ကို ငါ အရမ်းချစ်ပါ့မယ်.. ပြီးတော့.. ပြီးတော့ … ဘယ်တော့မှလဲ ဖုန်းကို မေ့မထားတော့ပါဘူး… ငါကတိပေးပါတယ် အချစ်ရယ်…. နင်လိုအပ်ချိန်တိုင်း အဆင်သင့်ရှိနေအောင် ငါဂရုစိုက်ပါ့မယ်… ငါလည်း နင့်ကို သိပ်ချစ်ပါတယ်.. ” အနာဂါတ်တစ်လျှောက်လုံး သူမ တစ်ယောက်ထဲသာ မွမွကြေသော နှလုံးသား တစ်စုံဖြင့် ရှင်သန်ရပေဦးတော့မည်။ ———————————————————————————————————————————- နှစ်ဦးသား ချစ်ကြတဲ့အခါမှာ ဖွင့်မပြောတဲ့ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှု၊ ကြင်နာတတ်မှုတို့ကို နားလည်အောင်၊ မြင်တွေ့အောင် ကြည့်တတ်ဖို့လဲ လိုပါသေးတယ်.. အချိန်နှောင်းသွားတဲ့အခါမှ သိလိုက်မယ်ဆိုရင် အရာရာ နောက်ကျလို့ သွားပါပြီ.. ဒါကြောင့် ချစ်သူများအားလုံး ကိုယ့်ချစ်သူရဲ့ အပြုအမူ၊ အကျင့်စရိုက်လေးတွေကို တစ်ဦးနဲ့တစ်ဦး သိနိုင် မြင်နိုင်အောင်၊ ပိုပြီး နားလည်နိုင်အောင် ကြိုးစားသင့်လှပါတယ်နော်.. တစ်ခါတစ်ရံမှာ ထုတ်ဖော်မပြလို့ အပေါ်ယံကြည့်ယုံနဲ့ မမြင်ရတဲ့ ကိုယ့်အပေါ် ဂရုစိုက် ကြင်နာမှုလေးတွေကိုလဲ မြင်အောင်ကြည့်ပြီး တန်ဖိုးထားတတ်အောင်လည်း ကြိုးစား ကြပါဦးစို့နော်.. ချစ်သူ ခင်သူများအားလုံး နားလည်မှုလေးတွေ ကိုယ်စီနဲ့ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေရှင်.. သူငယ်ချင်းတစ်ယောက် ပို့ပေးလာတဲ့ တရုတ်ဇာတ်လမ်းလေး တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်.. ကျွန်မက တရုတ်စာမတတ်တဲ့အတွက် မိတ်ဆွေတစ်ယောက်က ဖတ်ပြပြီး မြန်မာလိုရှင်းပြတာရယ်၊ Google မှာ တရုတ်ကနေ အင်္ဂလိပ်လို ဘာသာပြန်ထားတာရယ်ကို ပေါင်းစပ်ပြီး အတတ်နိုင်ဆုံး ဆီလျှော်အောင် ဖြည့်တွေး ဖြည့်ရေးကာ ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်ရှင်.. မှားယွင်းမှုများ ပါခဲ့ရင် ကျွန်မရဲ့ ချွတ်ချော်မှုသာ ဖြစ်ပါကြောင်း ကြိုတင် ၀န်ခံ ထားပါရစေ… ဒီဇာတ်လမ်းလေး ရေးသားနိုင်ဖို့ ပါဝင်ကူညီ အားဖြည့်ပေးသော သူငယ်ချင်းများကို အထူးကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားပါရစေရှင်…. စာဖတ်သူများအားလုံးကို ချစ်ခင်လေးစားစွာဖြင့် ချော(အစိမ်းရောင်လွင်ပြင်)

ချစ်တတ်သူများရဲ့  နေ့
အခန်း(၁)
ညီမလေးကို “ ကိုကို” သိပ်ချစ်တယ်..
နွေးထွေးတဲ့ ကိုကို့ အပြုံးနဲ့ မြတ်နိုးမှု ၊ တန်ဖိုးထားမှုတွေ ပြည့်နေတဲ့ ကိုကို့ရဲ့ မျက်ဝန်းက ဘယ်တော့မှ မလိမ်တတ်တဲ့ ကိုကို့ ရဲ့ ပုံရိပ်ကို ကိုယ်စားပြုနေတာမို့ ကိုကို့ စကားကို ကျွန်မ နှလုံးသားက အစစ်အမှန်ဆိုတာ ခံစားမိပါတယ်။ အဲဒီနေ့က လွန်ခဲ့တဲ့ ( ၁၀ ) နှစ်က ချစ်သူများနေ့ပေါ့...။
အခုလည်း ကိုကို့ရဲ့ သားကြီးကို ကျွန်မ လာမယ့် ချစ်သူများနေ့မှာ ကိုကို ပြောခဲ့တဲ့ စကားကို ပြန်ပြောရတော့မယ် ကိုကို ...။ ကိုကို့ လိုပဲ ကျွန်မ သူ့ကို ပြောပြနိုင်မယ် ထင်ပါရဲ့ ချစ်မြတ်နိုးမှု အပြည့်နဲ့လေ…။ ကိုကို့ရဲ့ သားကြီးကိုလည်း ညီမလေး တကယ့်ကို ချစ်တယ် ကိုကို...။
အခန်း ( ၂)
“မမ နင် သွားကောက်ပေး..”
“ ဟာ ငါရှက်တယ်.. အဲဒီ အိမ်က လူသစ်တွေ .. နင်သွားကောက် မောင်လေးရာ”
မောင်နှမ နှစ်ယောက် ဘောလုံးကန်ရင်း ညီမလေး ကန်တဲ့ ဘောလုံးက ဘေးက ကိုကို တို့ ခြံထဲ ဝင်သွားရာက စတဲ့ ဇာတ်လမ်းလေးပေါ့နော်..။
“ဟေး... ”
ဟိုဘက်ခြံက လှမ်းခေါ်သံကြောင့် ညီမလေးတို့ နှစ်ယောက် ငြင်းနေတဲ့ အသံက တိကနဲ ရပ်သွားတယ်..
“ မင်းတို့ ဘောလုံးလားကွ..”
ညီမလေးက ကိုကို့ ကိုပဲ ငေးနေမိတယ်.. စိတ်ထဲကလဲ ချောလိုက်တာလို့…။
“ အား.. ဟုတ်တယ် ဗျ .. သားတို့ဟာ.. အဟဲ အစ်ကိုကြီး .. သားတို့ကို ကောက်ပေးတာလား.. ကျေးဇူးဗျာ…” ပြောလဲပြော ပြေးလဲပြေးသွားသူက မောင်လေး...။
နောက်တော့… ကိုကို့ မေမေနဲ့ ညီမလေးတို့ မေမေက သူငယ်ချင်းတွေတဲ့လေ။
ဒီလိုနဲ့.. နှစ်အိမ့်တစ်အိမ်.. ပျော်စရာကောင်းအောင် လမ်းသလားကြတာပေါ့။
အစ်ကိုရလို့ မောင်လေးက အရမ်းကိုပျော်နေတယ်။
နဂိုကတည်းက ဘောလုံးကစားရင် အမေ မသိအောင် ခိုးကစားရတဲ့ ညီမလေးကို မောင်လေးက အဖော်မရှိလို့သာ ခေါ်ပေမယ့် အခု ကိုကို နဲ့ ကစားရတော့ မခေါ်ချင်တော့ဘူးလေ။
ဒါကိုတော့ ညီမလေးက .. ကိုကို့ ကို မကြည်ပါဘူး။
ဒါကို သိတဲ့ ကိုကိုက ချာတိတ်လေး လာကွာ ..လူများအောင် လာဆော့လို့ ခေါ်တတ်တယ်နော်.. သိပ်သိတတ်တဲ့ ကိုကို့ကြောင့် .. ညီမလေး မေမေ့ အဆူ့ပါလွတ်ရောပေါ့.. သိပ်သိတတ်တဲ့ ညီမလေးရဲ့ ကိုကိုပါ။
အခန်း( ၃)
အသားဖြူဖြူ အရပ်မြင့်မြင့် နဲ့ အမြဲ ပြုံးနေတတ်တဲ့ “ ကိုကို”။
အမြဲ တက်ကြွ လန်းဆန်း နေတတ်တဲ့ ဆက်ဆံရေး ပြေပြစ်လှတဲ့ ဆေးကျောင်း နောက်ဆုံးနှစ် တက်နေတဲ့ ကိုကို့ သတင်းက လမ်းထဲမှာ၊ ရပ်ကွက်ထဲမှာ အရမ်းမွှေးနေတယ်…။
လမ်းထဲက အပျိုကြီးမမတွေ ညီမလေး စာအုပ်အငှားဆိုင် သွားတိုင်း ကိုကို့ အကြောင်း လာလာမေးတတ်၊ စပ်စုတတ်ကြတာ .. ညီမလေး မကြိုက်ဘူး.. ကိုကို။
ကိုကိုကျောင်းသွားရင် ကချင်ပုဆိုးလေးနဲ့ ရှပ်အကျီလက်ရှည် ရောင်စုံ အရောင် နုနုလေးတွေကို လက်ခေါက် ဝတ်တတ်တယ်၊ ကတ္တီပါ ဖိနပ်လေးစီးလို့ .. ကိုကိုက ပဲများတာကိုး။ ဒါကြောင့် ဟိုမှာ သဲသဲလှုပ်နေကြတာလို့ ညီမလေး စိတ်ထဲက မျက်စောင်းထိုးချင်ပေမယ့် .. ကိုကို သိပ်ခန့်တယ် ညီမလေး ကြည့်လို့ကို မဝဘူး သိရဲ့လား။
ကိုကို လှေလှော်လေ့ကျင့်တိုင်း ညီမလေးနဲ့ ညီမလေးရဲ့ မောင်လေး ကိုတွတ် တို့ လိုက်ရှုပ်ရတဲ့ အင်းယားရဲ့ စနေ၊ တနင်္ဂနွေ ရက်တွေ။ ကိုကို အင်္ဂလိပ်စာ သင်ပေးတဲ့ ညနေပိုင်း အချိန်တွေက ဆယ်တန်းဖြေပြီး အိမ်မှာ နေနေရတဲ့ ညီမလေးအတွက် အပျော်ရွှင်ရဆုံး နေ့တွေပေါ့ ကိုကိုရာ..။
အခန်း(၄)
“ဟိတ်ကောင်မလေး... ကြည့်စမ်း ညည်းတော်တော် လှနေပါလား”
ကိုကို့ သူငယ်ချင်း ကိုလှမင်းရဲ့ စကားကြောင့် ညီမလေး မျက်နှာ ဘယ်နားထားရမှန်း မသိဖြစ်သွားတယ်။ ဒီနေ့မှ နိုင်ငံခြားက အန်တီလေး လက်ဆောင် ပို့လိုက်တဲ့ နှုတ်ခမ်းနီဆိုးထားမိတာကိုး
ခံစားပေးသူ အားလုံးကို ကျေးဇူးတင်စွာဖြင့်...
စစ်မှန်သောမေတ္တာနှင့် ကိုယ်ချင်းစာတရားဖြင့် ချစ်တတ်ပါစေလို့...။
အလွမ်းပြေ

.. ။
ပြုံးစစ လုပ်နေတဲ့ ကိုကို့ သူငယ်ချင်းကို ကိုကို က
“ဟေ့ကောင် .. ကလေးကို ဘာတွေ လာမြှောက်နေတာလဲ”ဲ ဆိုပြီးပြောရင်း..
ညီမလေး သွားသွား .. စာသွားလုပ်ချေ ဆိုပြီး နှင်ထုတ်တယ်။
ကိုကိုတို့ နားက အပြေးတစ်ပိုင်း ထွက်လာပေမယ့်..
ဟေ့ကောင် ဒါလားကွ ကလေး… ငါသိပါတယ်.. မင်း တိုနေတာ.. ဟေ့ကောင် မင်း ဝန်ခံရင်ခံ မခံရင် ငါ လှုပ်ရှားမှာနော် ဆိုတဲ့ ကိုလှမင်းရဲ့ အသံကိုရော..
ဟေ့ကောင်... မင်း ကလေးကိုတော့ ချမ်းသာပေးပါကွာ.. ဒါက ငါ့ ညီမလေးကွ..
ဆိုတဲ့ ကိုကို့ အသံကို ရော ညီမလေး ကြားဖြစ်အောင် ကြားပါသေးတယ်။
ညီမလေး ရင်တွေ ခုန်နေလား.. မပြောတတ်ဘူး…ရင်ထဲမှာတော့ တစ်မျိုးကြီးပဲ။
ကိုလှမင်းက ညီမလေးကို လှတယ်တဲ့။
ကိုကို့ မျက်လုံးထဲမှာ ညီမလေး လှရဲ့လား .. ကိုကိုရယ်..။
အခန်း (၅)
“ကောင်မ.. နင့်ကိုကို ကို ငါ ဒီနေ့ မြို့ထဲမှာ တွေ့ခဲ့တယ်.. သိရဲ့လား ..
သူက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲ.. သူ့ဘေးမှာ အစ်မချောချောတွေ အများကြီးနဲ့.. နင်တော့ ကျန်ရစ်ပြီ ငတုံးမ .. သိရဲ့လား”
ဖုန်းကိုသာ ဆောင့်ချ လိုက်ချင်မိတယ်။
တွေ့မယ်... ငါ့ကိုပြောတဲ့ အစုတ်ပလုတ်မ။ ကွန်ပျူတာ သင်တန်းရောက်မှ သူ့စက်ကို ဖွင့်မရအောင် ကလိပြမယ်လို့..စိတ်ထဲက တေးထားလိုက်တယ်။
“ ဘာလဲဟ.. ငါ့ ကိုကိုက ဒီလောက် ခန့်ချောကြီး.. စွံတာ ဘာဆန်းလဲ”
“ အမယ် မိန်းမ .. ပြန်ပြောသံက ငိုသံပါကြီးနဲ့.. သနားပါတယ်”
“ ဘာမှ လာသနားမနေနဲ့ .. ဘာမှ မဖြစ်ဘူး”
“ကျန်ရစ်ဖြစ်မယ်နော်.. နင် လက်နှေးနေရင်.. သူများနောက် ပါသွားမှ ကောင်မလေးတစ်ယောက် ကျိတ်ငိုနေရပါမယ်ကွယ်.. ငါက စေတနာနဲ့ သတင်းပေးတာနော်.. ဘိုင့်...”
ပြောရင်း ညီမလေး သူငယ်ချင်း စင်ဒီက ဖုန်းချ သွားတယ်။
ခုမှ တွေးရင်း ညီမလေး ပိုငိုချင်လာတယ်..။
ကိုကို့မှာ ချစ်ရတဲ့သူ တကယ် ရှိနေပြီလား..ကိုကို...။
တီ..တီ..
ဖုန်းက ထပ်မြည်လာတယ်..
“ဟယ်လို..”
ကောက်ကိုင်လိုက်တော့ ..
“ မိန်းမ.. ငါ စင်ဒီ.. ငိုနေပြီလား.. ဟာဟ .. ”
“ ဘာမှ မငိုဘူး.. ကြားစကားတွေလဲ မယုံဘူး.. ငါ့ကိုကို က ငါ့ကို ချစ်ပြီးသား..”
“ အေးပါ.. သတိပေးမလို့ .. နင့်ကိုကို မှာ ချစ်သူရှိတာ မှန်ရင် လာမယ့် ဖေဖော်ဝါရီ ( ၁၄) ရက် ချစ်သူများနေ့မှာ လျှောက်လည် ကြမှာ သေချာတယ်.. ”
“ အဲ.. ဒီတော့ ..ဘာဖြစ်လဲ”
“ တုံးပါ့.. နင့်ကိုကို သူ့ကောင်မလေးနဲ့ မလည်ဖြစ်အောင် တစ်နေကုန် ဆွဲထား.. ခြံ အပြင် မရောက်စေနဲ့ပေါ့ဟ.. သူကောင်မလေးလဲ စိတ်ကောက်..သူနဲ့ ပြတ်.. နင် အသဲမကွဲ ရတော့ ဘူးပေါ့ဟ”
“ အာ.. မလုပ်ရဲပါဘူး”
“ အေး နင်မလုပ်ရဲရင် ကျန်ရစ်ဖြစ် ဒါပဲ..ဘိုင့်ဘိုင်.”
စင်ဒီ ဖုန်းချသွားတော့ ညီမလေးလဲ စိတ်တွေ ရှုပ်ကျန်ခဲ့တယ်..။
ညီမလေး ကိုကို့ ကို သူများ ပိုင်သွားမှာတော့ .. မဖြစ်စေချင်ဘူး..။
ညီမလေး ကိုကို့ ကို ချစ်တယ်လေ...။
အခန်း ( ၆ )
ဖေဖော်ဝါရီ ( ၁၄ ) ရက်နေ့ (၂၀၀၀ )
“အမယ်.. ငါ့ သမီးက ဒီနေ့ အစောကြီး ဒီဘက်အိမ် ကူးလာတယ်.. လှလို့ပါလား.. ကိုဆက်ရေ.. ထမင်းကြော် လာစားတော့ ..သားရေ.. လာ သမီးလေးလည်း ဝင်စား ..”
ကိုကို့ မေမေက ညီမလေးကို လှမ်းပြောရင်း ကိုကို့ကို ခေါ်တယ်။
မျက်နှာသစ်ပြီးကာစ ကိုကိုက .. တီရှပ် အဟောင်းလေးနဲ့ ပုဆိုးအဟောင်းလေးနဲ့ အခန်းထဲ ထွက်လာတယ်.. ညီမလေးက ကိုကို ရှိုးအပြည့်ထုတ်ပြီလောက်နြေ ပီ ထင်နေတာ..
“ဟိတ်..သဲသဲ.. ညီမလေး အစောကြီးလာတယ်.. ”
“ ဟုတ်တယ်.. ကိုကို့ ကို စာပြခိုင်းမလို့..” ပြောသာပြောရတာ စိတ်မလုံလို့ ညီမလေး ကိုကို့ မျက်နှာကို မကြည့်ရဲဘူး.. ထမင်းကြော်ကိုပဲ ငုံ့စားနေရတယ်။
ကိုကို ကတော့ အေးအေး ဆေးဆေးပဲ။
“ အေးအေး.. ဘာပြပေးရမှာလဲ..”
“ ညီမလေး.. သင်တန်းဝင်ခွင့် တစ်ခုဖြေဖို့ အင်္ဂလိပ်စာ ပြန်ပြပေးပါ၊ အင်တာဗျူးဖြေဖို့ နည်းနည်းး သင်ပေးနော်..”
“ အိုခေ.. ခဏနေ ခြံထဲဆင်း သင်ကြတာပေါ့”
တစ်နေကုန်.. ကိုကိုက စာတွေ ပြန်သင်ပေး.. အင်တာဗျူး ဖြေရင် ဘယ်လိုဖြေ.. ဘယ်လိုမေးရင် ဘယ်လို ဖြေနဲ့ .. သင်ရှာတယ်..။ သူက က မေးပြလိုက် ဖြေခိုင်းလိုက်နဲ့
ဘယ်မှလဲ သွားမယ့်ပုံ မပေါက်ဘူး။
“ ကိုကို.. ဒီနေ့ ဘယ်မှ မသွားဘူးလားဟင်”
“ ညီမလေး အင်တာဗျူးဖြေဖို့ အရေးကြီးပါတယ်ကွ.. ကိုကို့မှ သွားမယ်ဆို သွားစရာ ရှိပေမယ့် အရမ်း အရေးကြီးတာ မရှိပါဘူး ချာတိတ်ရ.. အားနာလို့လား.. အမယ် ..ဂျီးတော်က အလိုက်တွေ ဘာတွေ သိတတ်လာပြီပဲ.. မကြာခင်.. လူကြီးဖြစ်တော့မယ်..”
ကိုကိုက ညီမလေးကို ချစ်စနိုးကြည့်ပြီး ပြောတယ်..
“အမယ်.. ညီမလေး .. ဆယ်တန်းအောင်ပါပြီနော်.. အပျိုဖြစ်နေပြီ..”
အဲ .. ပြောပြီမှ ရှက်သွားပြီး မျက်နှာဘယ်မှာ ထားရမှန်း မသိ ဖြစ်သွားတယ်..
ညီမလေး ရှက် သွားမှန်းသိတော့ .. ကိုကိုက .. အော်ရယ်တယ်။
“ ဟား..ဟား…. ဒါနဲ့ ကိုကို မေးမယ် မှန်မှန်ဖြေနော်.. ညီမလေးကို ကိုကို့ကို အပြင်မသွားအောင် တားထားလို့ ဘယ်သူက မြှောက်ပေးလိုက်လဲ..”
အယ်…. ညီမလေး အကြံ ကိုကိုက သိနေတော့ ပိုရှက်စရာ ကောင်းသွားတယ်.. ညီမလေး ခေါင်းတောင် မဖော်ရဲ အောင်ပါပဲ။
“ညီမလေး..သဲသဲ.. ဒီမှာ ကြည့်စမ်း…”
ကိုကို့ ခေါ်သံကြောင့် ညီမလေးမော့ကြည့်မိတော့..
“ဒီ နှင်းဆီပန်းအနီလေး မလှဘူးလား..”
ညီမလေး အဆက်အစပ်မရှိတဲ့ ကိုကို့ စကားကြောင့် ကြောင်သွားတယ်..
“ အရမ်းလှတယ် ကိုကို..”
“ဒီအဖူးလေးကို တွေ့လား.. အခု ခူးလိုက်ရင်..ပန်းအိုးထဲ ထည့်ထိုးထားမယ် ဆိုရင်တောင် ဒီလောက် လှတဲ့ ပန်းပွင့် ဖြစ်လာမှာ မဟုတ်ဘူး.. ဒီအချိန် ပိုးကိုက်သွားမယ် ဆိုရင်.. ပွင့်ကို လာနိုင်မှာ မဟုတ်တော့ဘူး။
မိန်းကလေးဆိုတာ.. ပန်းလေးတွေလိုပဲ.. လှပတယ်.. နူးညံ့တယ်.. ဒါပေမယ့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ ကိုယ်ပိုင် အရည်အချင်း ဆူးတွေလည်း ရှိနေတယ်။ ဒီ နှင်းဆီလိုပေါ့ ..
ညီမလေးတို့ အရွယ်လေးတွေက နှင်းဆီ ပန်းဖူးလေးတွေ အရွယ်ပဲ ပွင့်ဖို့ အစွမ်းကုန် အားယူနေတဲ့ အရွယ်ပေါ့..”
ညီမလေးကို ကိုကို “ သိပ်ချစ်တယ်”..
ကိုကို့မှာ ညီမအရင်းလဲ မရှိသလို ညီမလေးမှာ အစ်ကို အရင်း မရှိဘူး အဲဒီတော့ တို့နှစ်ယောက် အပြန်အလှန် တွယ်တာကြတာ မဆန်းပါဘူး... ။ ဒါဟာလည်း ရေစက် တစ်ခုပါပဲ...။
အချစ်တွေဆိုတာ အရောင်ပြောင်းတတ်တဲ့ သဘော ရှိပါတယ်.. ဒါလည်း လောက သဘာဝပဲ ညီမလေး.. အပြစ်မဟုတ်ဘူး။
ဒါပေမယ့် မေတ္တာတရား၊ ကိုယ်ချင်းစာ တရားနဲ့ ပေါင်းစပ်ရင် ပိုတန်ဖိုးရှိပါတယ်။
ကိုကို ညီမလေးကို တကယ့် ညီမလေးအရင်းလို သိပ်ချစ်ပါတယ်။ ညီမလေးကို တစ်နေ့ ဒီနှင်းဆီဖူးလေးကနေ အစွမ်းကုန် ပွင့်လန်းနေတဲ့ နှင်းဆီတစ်ပွင့် အဖြစ် တွေ့ခွင့်ရချင်တယ်.. ကိုကို့ စေတနာကို ညီမလေး အရွယ်ရောက်လာတဲ့ တစ်နေ့ သိလာပါလိမ့်မယ်.. အလိုလို နားလည် လာပါလိမ့်မယ်...
ပန်းတစ်ပွင့် အစွမ်းကုန်း ပွင့်လန်းပြီး လောကကို အလှဆင်နိုင်ဖို့ မျိုးရင်းလည်းမှန်ရတယ်...
ရေခံမြေခံလည်း ကောင်းရတယ်.. သူပွင့်လန်းတဲ့ ပတ်ဝန်းကျင်ပေါ့.. နောက် ဥယျာဉ်မှူးကလည်း ပြုစုပျိုးထောင်တတ်ရတယ်.. ညီမလေးရဲ့..
ကိုကို သိတယ်.. ငါညီမလေးဟာ.. တစ်နေ့ အစွမ်းကုန် ပွင့်လန်းပြီး လောကအလှဆင်မယ့် ပန်းလေးဖြစ်လာမယ် ဆိုတာ.. ”
“ ကဲ.. ညီမလေး.. တစ်နေကုန် စာလုပ်ရတာ ပင်ပန်းပြီး..နားတော့.. ကိုကိုလည်း စာဖတ်တော့မယ်နော်…”
ပြောပြောဆိုဆို.. ကိုကိုက .. ညီမလေး ခေါင်းကို သူ့လက်နဲ့ အုပ်ကိုင် ပြုံးပြပြီး.. အိမ်ဘက်ကို ပြန်လျှောက်သွားတယ်။
အခန်း ( ၇)
ဒီလိုနဲ့..
ကိုကို နယ်ကို အလုပ်နဲ့ ပြောင်းသွားသလို..
ညီမလေးလည်း ညီမလေးမေမေနဲ့ ကိုကို့ မေမေတို့ ဆုံးမမှု ၊ စောင့်ရှောက်မှုအောက်မှာ ..ကျောင်းတက်ရင်း.. ဝါသနာပါတဲ့ လူမှုရေး စေတနာဝန်ထမ်း အလုပ်နဲ့ ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့ တစ်ခုမှ ဝင်လုပ်ရင်း.. အခုတော့ ညီမလေး ဝါသနာပါတဲ့ ဆရာမဖြစ်နေပြီလေ။
ကိုကို နယ်မှာ ၁၀ နှစ်အရွယ် မိဘနှစ်ဦးစလုံး ဆုံးပါးသွားတဲ့ ကလေးကို မွေးစားထားတယ်လို့ ပြောသလို ဓါတ်ပုံတွေလဲ ပို့ပေးတာကြောင့် ကိုကို့ ရဲ့ သားကြီးကို ညီမလေးတို့ ပုံထဲက ရင်နှီးနေကြတယ်။
ကိုကို လက်ထပ်တော့ ညီမလေး ဘွဲ့လွန်ဆက်တက်ဖို့ စာမေးပွဲနဲ့မို့ ကိုကို တာဝန်ကျတဲ့ နယ်ကို မလိုက်နိုင်ခဲ့ပေမယ့် ကိုကို့ကို နှင်းဆီပန်းခင်း ပန်းချီကားတစ်ခု ကိုကို့ရဲ့  အမေနဲ့အတူ လက်ဖွဲ့ထည့်ပေးလိုက်တယ်။
ညီမလေး အရွယ်ရောက်ပြီ ကိုကို.. ကိုကို ဖြစ်စေချင်တဲ့ ပန်းပွင့်လေး အဖြစ် လောက အလှဆင်ဖို့ ကြိုးစားနေပါပြီ၊ တကယ်တော့ ကိုကိုသာ အဲဒီ အချိန် ညီမလေး စိတ်ကစားတဲ့ အရွယ်မှာ ကိုကို့ဘက်က မထိန်းသိမ်းဘဲ အချစ်ကို အရောင်ပြောင်းခဲ့ရင် ...
မရင့်ကျက်သေးတဲ့ ဘဝအတွေ့အကြုံ ဗဟုသုတ နုနယ်သေးတဲ့ ညီမလေးဟာ ကိုကိုက ရင့်ကျက်လို့ ပဲ့ထိန်းနိုင်ခဲ့ရင် အိမ်ထောင်ရှင် ဘဝမှာ နစ်မြုပ်သွားပြီး ၊ ကိုကို ကပါ ပဲ့မထိန်းနိုင်ခဲ့ရင် .. ရည်းစားဘဝ ၊ ဒါမှမဟုတ် အိမ်ထောင်သည် ဘဝမှာ ကိုကိုရော ညီမလေးပါ ဒုကတွေ ကြုံနိုင်သလို…ဘဝ ဝဲကယက်ထဲမှာ...
ညီမလေး ဘဝလည်း ဒီလောက် လှပ လာနိုင်မယ် မထင်ဘူးနော်။
နောက်ပြီး အခုမှ ညီမလေး ကိုယ် ညီမလေး သိလာတာက ကိုကို့ကို အစ်ကို မရှိခဲ့တော့ အစ်ကို တစ်ယောက်လို ချစ်ခဲ့တယ်၊ နောက် လူအများရှေ့မှာ လှတဲ့ အရုပ် တစ်ခုလိုမျိုး ပိုင်ဆိုင်ချင်ခဲ့တဲ့ စိတ်ဟာ.. ချစ်သူလို ချစ်တဲ့ အချစ် မဟုတ်ဘူး ဆိုတာပဲ၊ ဒါကို မခွဲခြားနိုင်တဲ့ အရွယ်မှာ ကိုကို နဲ့သာ ချစ်သူ ဖြစ်ခဲ့ရင် နောက်ပိုင်း ချစ်သူဘဝ ခိုင်မြဲဖို့ အခက်အခဲတွေ အများကြီးနဲ့ နောက်ဆက်တွဲ ပြသနာတွေကြားမှာ ဘဝရည်မှန်းချက်တွေလဲ ကစဉ့်ကလျားဖြစ်ကုန်မှာ သေချာတယ် ကိုကို...။
ခုတော့ အရာရာကို တွေးတောဆင်ခြင်နိုင်တဲ့ ကိုကိုကြောင့်၊ ကိုယ်ချင်းစာတရားတရားနဲ့ ပြည့်ဝတဲ့ ၊ အခွင့်အရေးမယူတတ်တဲ့၊ ကိုကို မေတ္တာကြောင့် .. ညီမလေး အစွမ်းကုန် ပွင့်လန်းတဲ့ ပန်းကလေး ဖြစ်ခဲ့ရတာပါ ...။
ခုဆို ကိုကိုကလည်း နားလည်မှု အပြည့်နဲ့ ပါရမီဖြည့်ဖက် ဇနီးနဲ့အတူ အောင်မြင်တဲ့ အိမ်ထောင်စုရဲ့ အိမ်ထောင်ဦးစီးကောင်းဖြစ်လို့နေပြီ.. ။
အခန်း (၇)
ညီမလေး ဘွဲ့လွန်တက်ခွင့် အောင်စရင်းထွက်တဲ့နေ့.. ကိုကို့ သားကြီး.. ကိုကိုတို့အိမ်ကို ရောက်လာခဲ့တယ်...။
ဆယ်တန်း အောင်ပြီးစ ကလေး တစ်ယောက် ရဲ့ တက်ကြွမှုကို ကြည့်ရင်း ညီမလေး ငယ်ဘဝကို သတိရမိတယ် ကိုကို..။
ကိုကိုရဲ့ သားကြီး “ဇွဲ” ကိုလည်း ညီမလေး ကိုကို့ ကိုယ်ပွားလေးလိုပဲ ကိုကို့ ဆုံးမမှု အောက်မှာကြီးပြင်းလာတဲ့ ကလေးလေးလည်း ဖြစ်တော့ တွေ့တွေ့ချင်း ချစ်သွားတယ်။
ကလေးနဲ့ အတူပါလာတဲ့ ကိုကို့စာမှာ…
“ညီမလေးရေ… နှင်းဆီပန်းပွင့်လေး အစွမ်းကုန်း ပွင့်လန်းတယ် ဆိုပေမယ့် လောကအလှဆင် တာဝန်ကျေတာက အပင်ပေါ်တင် မပြည့်စုံသေးဘူး..။
သတိပေးရဦးမယ်ကွ...ပန်းခြံထဲမှာတင်မက သူ့ကိုယ်ပိုင်နေရာမှာ အလှဆင်ပို့ နောက်ဆုံး အဆင့်အနေနဲ့ ကျန်သေးတယ်လို့ ထင်တယ် ကွ..။ ကိုကို ပြောတာ ညီမလေး သဘောပေါက်မှာပါ..
ပန်းကလေးတွေ ဆိုတာ.. သူတို့ကို ခူးတဲ့ ပိုင်ရှင်ရဲ့ လက်မှာ သူတို့တန်းဖိုးက ရှိသွားပြန်ရော . ညီမလေးရေ.. .
ခူးသွားတဲ့ ပိုင်ရှင်က ဘုရားတင်မလား၊ ဧည့်ခန်းမှာ အလှဆင်မလား၊ ပန်းခွေလုပ်မှာလား၊ ကစားပြီး ခြွေပစ်ခဲ့မှာလား… ဒါ အရေးကြီးတယ်..
သက်မဲ့ပန်းလေးတွေမှာ ရွေးချယ်ခွင့် မရှိကြပေမယ့် .. သက်ရှိ ပန်းကလေးတွေကတော့ အရွေးမမှားဖို့ လိုတယ်နော်… ညီမလေးကို ကိုကို စိတ်ချပါတယ်.. ဆရာမကြီးရယ်..” တဲ့လေ.. ။
အခန်း(၈)
ဖေဖော်ဝါရီ ( ၁၄) ရက်၊ ၂၀၁၀ ။
ကိုကိုရေ… ဆယ်ကျော်သက်တွေရဲ့ စိတ်ကစားမှုအတိုင်း..
ကိုကိုသားကြီးက သူ့ကိုစာပြပေးနေတဲ့ ညီမလေးကို .. သူက ချစ်တယ်တဲ့လေ.. ဒီနေ့မှာ အတူလျှောက်လည်ခွင့် ပေးပါတဲ့လေ..။
ကိုကိုရေ.. မိဘနဲ့ဝေးနေတဲ့ ကိုကို့သားကြီးဟာ မိခင်မေတ္တာပေးတဲ့ တစိမ်းမိန်းကလေးတစ်ယောက်ကို စိတ်ကစားတာ သူ့အပြစ်မဟုတ်ပါဘူး..။
တစ်ချိန်က ကိုကို့ရဲ့ နားလည်မှု၊ စာနာဖေးမမှု၊ ကိုယ်ချင်းစာတရားနဲ့ ပြည်ဝတဲ့ မေတ္တာကို ရဖူးသူမို့.. သူ့ကိုလည်း ညီမလေး .. စာနာ နားလည်နိုင်ပါတယ်။
ဒီကနေ့တော့ ကိုကို ဆီက ရခဲ့တဲ့ ချစ်ခြင်းမေတ္တာကို ညီမလေး သူဆီ လက်ဆင့်ကမ်း ရတော့မယ်..။
ကိုကို ညီမလေးကို ရှင်းပြသလိုပဲ.. ရှင်းပြရတော့မယ်..။
သူ့ကိုလည်း ကိုကို ညီမလေးကို ပြောခဲ့သလို..
သိပ်ချစ်ပါတယ်လို့ .. ပြောပြရဦးမယ်..။
Saint Valentine ရဲ့ချစ်ခြင်းဟာ၊ချစ်သူများေ န့ဟာ ၁၅၀၀ ချစ်ချင်းတစ်ခုတည်း သက်သက်အတွက် မဟုတ်ဘူး ဆိုတာလည်း ကိုကို့ ရဲ့ သားကြီးကို နားလည်အောင် ပြောပြနိုင်ဖို့ .. ညီမလေး ကြိုးစားပါ့မယ် ကိုကိုရေ..။

အရက်သောက်သော ညများသည် ခါး၏
ညနေကျရင် အရက် ကောင်းကောင်း သောက်ရအောင်လို့ ကိုဇော်ကြီးက ပြောတယ်။ သူ့မှာ ဝီစကီ ကောင်းကောင်း တစ်လုံး လက်ဆောင် ရထားတယ်တဲ့။ အဲဒါ အေးအေး ဆေးဆေး စကားပြောရအောင် အလုပ်အားတယ် မဟုတ်လား လို့ မေးတော့ ကျွန်တော်က ဘာမှ မပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်။ ခဏလောက် တောင်ပြော မြောက်ပြော ပြောကြပြီး ကိုဇော်ကြီး ပြန်သွားတယ်။
တကယ်က ကိုဇော်ကြီး ပြောသွားတဲ့ အေးအေးဆေးဆေး စကားပြောရအောင် ဆိုတာကြီး နားမလည်တာပဲ။ သူနဲ့ ကျွန်တော်နဲ့ က မဟုတ်လည်း နေ့တိုင်း တွေ့နေတာပဲ ဥစ္စာ။ တွေ့တိုင်းလည်း ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့ စာအုပ်တွေ အကြောင်း၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေ သတင်းစာတွေ အကြောင်းလောက်ပဲ။ အဲဒီတော့ ထွေထွေထူးထူး ဘာမှ မရှိဘူး။ ဘာပဲ ပြောပြော ညနေကျရင် ဆိုင်စောစော ပိတ်ရမယ်လို့ပဲ တွေးထားမိလိုက်တယ်။ ဒီထက်လည်း ပိုတွေးစရာမှ မလိုပဲကိုး။ ညနေကျတော့ ကိုဇော်ကြီး ဖုန်းတခါ ထပ်ဆက်တယ်။ ဆိုင်ကို သွားနှင့်မယ် ပြောတယ်။
ပလောင်ဝ်မ ဆိုင်ကို လိုက်ခဲ့တဲ့။ အင်း အင်း လို့ပဲ ပြောလိုက်တယ်။ တကယ်တမ်း ကျတော့ လုပ်လက်စ အလုပ်တွေက လက်စသတ် မရဘူး ဖြစ်နေတယ်။ ကိုဇော်ကြီး ကျွန်တော့် ဆီ ဖုန်းဆက်ပြီး နာရီဝက်လောက် နောက်ကျမှ ဆိုင်ပိတ်ပြီး သူ့ဆီ လိုက်သွားရတယ်။ ဟိုရောက်တော့ သူ့ကို ဆိုင်လေးရဲ့ ချောင်ကျကျ နေရာလေးမှ စာဖတ်ရင်း ကျွန်တော့်ကို စောင့်နေတာ တွေ့တယ်။ သူက အဲလိုမျိုး။ ဘယ်သွားသွား စာအုပ်လေး တအုပ်တွေ လက်ထဲမှာ အမြဲ ပါတယ်။ စာအုပ် အမည် လှမ်းကြည့်လိုက်တော့ မြင့်သန်းရဲ့ “ဘာသာစကား အခြေခံ တည်ဆောက်မှု အတွင်းမှ” တဲ့။ နည်းနည်း နောက်ကျသွားတယ်လို့ ပြောလိုက်ရင်း သူနဲ့ မျက်နှာချင်းဆိုင်က ခုံတလုံးမှာ ဝင်ထိုင်လိုက်တယ်။ စားပွဲပေါ်မှာက မဖောက်ရသေးတဲ့ ဝီစကီ တစ်လုံး။ သ့ဘာသာ ပုလင်းကို ဖောက်နေရင်း ကိစ္စ မရှိပါဘူး.၊ နည်းနည်း စောင့်ရတာ များများ စောင့်ရတာ ကျုပ် အတွက် အရေးမကြီးပါဘူးလို့ ပြောတယ်.။ တကယ်က စောင့်ဆိုင်းခြင်း အနုပညာကို လူတွေ မကျေညက်ကြတာပဲ။ ခုလို ခင်ဗျားကို စောင့်လိုက်ရတော့လည်း ကျုပ်အတွက် ခင်ဗျားလို မိတ်ဆွေ တယောက်နဲ့ အရက်သောက်ရင်း စကားပြောဖော်တယောက် ရလာတာပဲ မဟုတ်လား လို့ မေးသလိုလိုနဲ့ ဖြေရှင်းချက်ပေးတယ်။
ဖန်ခွက်တွေထဲကို ဝီစကီ နည်းနည်းစီ ထည့်နေရင်းနဲ့ ကျုပ်က လောကကြီးထဲက အရေးကြီးနေတဲ့ သူတွေကို တွေ့ရင် ရယ်ချင်တာပဲ သိတယ်။ ခင်ဗျား စဉ်းစား ကြည့်လေ… ဒီမြို့မှာက လူတွေကမီးပွိုင့်မှာတောင် စောင့်ဖို့ စိတ်မရှည်ကြဘူး။ စက္ကန့်နှစ်ဆယ်လောက် စောင့်လိုက်ရုံနဲ့ ကိုယ်လိုရာ ခရီးကို ချောချောမောမော သွားနိုင်မယ့်ဟာကို မီးဝါပြရုံနဲ့တင် တစ်ဘက်က လူတွေ ကူးနေသေးတဲ့ ကြားက အတင်းဖြတ်ချင်ကြတယ်။လူတွေ တော်တော်များများကလည်း အရေးကြီးတယ် ဆိုတာပဲ ပြောနေကြတယ်။ မခက်ဘူးလားလို့ ကျွန်တော့် ဘက်ကို မေးငေါ့ပြရင်း အရှည်ကြီး ပြောတယ်။ ကျွန်တော် ဘာမှ ပြန်မပြောဖြစ်သေးဘဲ ဖန်ခွက်ကို ကောက်ကိုင်လိုက်ရင်း ချက်စ်လို့ သူနဲ့ ခွက်တိုက်ဖို့ သူ့ဆီကို ကမ်းလှမ်းလိုက်တယ်။
သူပြောတာ စဉ်းစားနေရင်း ဝီစကီကို မော့ချနေရင်းနဲ့ ဒီဝီစကီ တော်တော် ကောင်းတာပဲ လို့ပဲ စဉ်းစားလိုက်မိတယ်။ အသားတစ်ဖက် ကောက်ဝါးလိုက်ရင်း ခင်ဗျား မနေ့က စာပေ ဟောပြောပွဲ သွားသေးသလားလို့ သူ့ကို မေးလိုက်မိတယ်။ နောက်မှ တဆက်တည်း မေးမိတာ မှားပြီလို့ တွေးလိုက်မိတယ်။ သူက အလကားပါဗျာ လို့ပဲ ပြောတယ်။ ဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော်က မနေ့က အလုပ် မအားလို့ မသွားဖြစ်လိုက်ဘူုးလို့ ပြောလိုက်တယ်။ သူက ခင်ဗျား သိတဲ့ အတိုင်း စာပေဟောပြောပွဲ ခေါင်းစဉ်ကိုက ကျေးဇူးကြီးလှ မိနှင့် ဖ တဲ့ …ကျောက်စိမ်း ကုမ္ပဏီ တစ်ခုက ကမကထ လုပ်ပြီး ဒီဟောပြောပွဲကို စီစဉ်တာ။ ဒီတော့လည်း မိဘကျေးဇူး ဘယ်လို ဘယ်ဝါ ဆိုတာ သိရအောင် သွားနားထောင်တာပါတဲ့ မချိသလို ရယ်ရင်း ပြောတယ်။ ဟုတ်တော့လည်း ဟုတ်တယ်.။ကိုဇော်ကြီးလို လူက မိဘကျေးဇူး ဆိုတာကြီးကို အနီးကပ် မကြုံခဲ့ရတော့ သူ နားမလည်တာ မဆန်းဘူး။ တစ်ခါက ခုလို အရက်သောက်ရင်း သူ စိတ်လို လက်ရ ရှိတုန်း သူ့အကြောင်း ပြောတာ နားထောင်ရဖူးတယ်။ သူ့ ကို မွေးပြီး ရက်ပိုင်းလောက်မှာပဲ သူ့ အဖေနဲ့ အမေ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲသွားကြတယ် တဲ့။ သူ့ကိုတော့ အဘိုးအဘွားတွေ အဒေါ်တွေ ဆီ ထားခဲ့ကြတယ် တဲ့။ ဒီတော့ သူလည်း မိဘလက်ထဲမှာ မကြီးပြင်းခဲ့ရဘဲ အဘိုး အဘွား အဒေါ်တွေ လက်ထဲမှာ ကြီးပြင်းခဲ့ရတာ။ ကျောင်းနေတော့လည်း အဖေ အမေက သားရေ လူလေးရေ စာအုပ်ဖိုး ခဲတံဖိုး ရော့ဟဲ့၊ မုန့်ဖိုး ရော့ဟဲ့ ရယ်လို့တောင် မရှိခဲ့ဘူး တဲ့။ ခက်တာက လမ်းမှာ တွေ့ရင်တောင် သာရေ လူလေးရေ မခေါ်ကြဘူးတဲ့။ နောက်ဆုံးတော့ သူကိုယ်တိုင်ကိုက တစ်သက်လုံး အဖေ အမေ မခေါ်ခဲ့တာ ခုရော နောင်ရော သူ့မိဘတွေကို အဖေအမေ မခေါ်ချင်တော့တဲ့ အထိပဲ။ အဲလိုနဲ့ သူလည်း ကျောင်းပြီး လို့ အလုပ်အကိုင်လေး နည်းနည်း ရလာတော့ တယောက်တည်း ကြီးပြင်းခဲ့ရပြီး မိဘမေတ္တာဆိုတာ မခံယူခဲ့ရဖူးတော့ အဲဒီ မိဘကျေးဇူး ဆိုတာကြီးကို မုန်းနေတာ မဆန်းဘူး။
ဟိုအရင်ကတော့ ကျွန်တော် သူ့ကို နားမလည်နိုင်တာ အမှန်ပဲ။ ဒီလို ဖြစ်တာ မကောင်းဘူး။ ဟိုလို ဖြစ်တာ မကောင်းဘူး။ ဘယ်လို လုပ်သင့်တယ် ဘာညာ သူ့ကို ဝေဖန် အကြံပြုဖူးတယ်။ သူကတော့ ပြောပါတယ်။ ခင်ဗျားမှ မကြုံဖူးတာတဲ့။ ခုနောက်ပိုင်းတော့ သူ့ကို ပိုပို နားလည် လာမိတယ်။ ဒီမြို့မှာက သူနဲ့ ကျွန်တော်က စိတ်တူ ကိုယ်တူ ခင်တဲ့ မိတ်ဆွေတွေ ဆိုတော့ သူ တစ်ခုခု စကားပြောချင်တိုင်း ကျွန်တော့်ကို အမြဲ ပြောတယ်။ အဲလိုနဲ့ သူနဲ့ ကျွန်တော် တတွဲတွဲ ဖြစ်သွားတာ…။
ဒါနဲ့ အဲဒါ ဆို ဟောပြောပွဲ အကြောင်းလေး လုပ်စမ်းပါဦးလို့ စကား စလိုက်တယ်။ ဒီမှာက ဟောပြောပွဲ လုပ်တယ် ဆိုရင် မြို့နယ်က စာပေနဲ့ စာနယ်ဇင်း အဖွဲ့က ဖိုးပြောချင် မယ်ပြောချင်တွေက တန်းစီနေတာ ကိုးဗျ လို့ သူက ပြောတယ်။ အစီအစဉ် ကြေငြာတဲ့ သူက စပြီး နည်းနည်းလောက်တော့ စင်ပေါ်မှာ တက်ပြောလိုက်ရမှ။ ပြောတော့လည်း တောင်ရောက် မြောက်ရောက်နဲ့ လိုရင်းကို မရောက်ဘူးလို့ မှတ်ချက် ချသလို လေသံနဲ့ ပြောတယ်။ ကျုပ် စိတ်ပျက်ရတာ အဲဒါတွေပဲ တဲ့။ နောက်ပြီး ဒီဟောပြောပွဲကို စီစဉ်တဲ့ ကျောက်စိမ်းကုမ္ပဏီက မန်နေဂျင်း ဒါရိုက်တာ ဆိုတဲ့ လူက ဒီပွဲ ကို စီစဉ်ရတာဟာ မိဘကျေးဇူး ဘယ်လောက် ကြီးတယ် ဆိုတာ သိစေချင်လွန်းလို့ ခုလို ငွေကုန် ကြေးကျ ခံပြီး လုပ်ခဲ့ရတယ် ဆိုတာ ကို သူပြောချင်တာတွေ ပြောသွားတယ်။ တကယ်က အလကား လျှောက်ပြောတာ ပါဗျာ တဲ့။ တကယ်က ဒီပွဲကို လုပ်လိုက်လို့ မြို့နယ်က လူကြီးတွေနဲ့ ရလာမယ့် ရင်းနှီးမှုတွေ သူ့ စီးပွားရေးကို တစ်ဘက် တစ်လမ်းက ဘယ်လောက် အထောက် အကူ ဖြစ်နိုင်တယ် ဆိုတာ ထည့်ပြောတာကမှ ပိုပြည့်စုံဦးမယ်တဲ့။ ခင်ဗျားပဲ စဉ်းစားကြည့်လေတဲ့။ ကျွန်တော်က သူပြောတာ ဆက်နားထောင်ရင်း ဘာမှ ပြန်မပြော ဖြစ်ဘဲ ခေါင်းငြိမ့် ပြလိုက်ရင်း အရက် နည်းနည်း ဆီ ထပ်ထည့်လိုက်တယ်။ သူက မသောက်သေးဘဲ ကျောက်စိမ်း လုပ်တဲ့ ကုမ္ပဏီတိုင်း ဘယ်မှာ လာပြီး မှောင်ခိုနဲ့ ကင်းမလဲ ဗျာ တဲ့ ။ ကယ်ရီ လိုမျိုး တရား မဝင် လုပ်တာတွေ ရှိနေတာပဲ။ အဲဒီ လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့အောင် ခုလိုမျိုး မြို့နယ်က လူကြီးတွေနဲ့ ရင်းနှီးမှု ရအောင် လုပ်တာ မဟုတ်ဘူးလို့ ပြောနိုင်မလား။ စီးပွားရေး သမားဆိုတာ စီးပွားရေး တွက် တွက်ပြီးမှ လုပ်ကြတာမျိုးပဲ လို့ ကိုဇော်ကြီးက ပြောတယ်။ တကယ်က ကျုပ် အဆိုးမြင်ကြည့်ပြီး ပြောတာ မဟုတ်ဘူး။ ဒီလူ အခြား တစ်ဘက်ကို မစဉ်းစားဘဲ ပရိသတ်ကို အလေး မထားဘဲ၊ ကိုယ့်လိပ်ပြာ ကိုယ် မရှက်ပဲ ပြောချင်ရာ လျှောက် ပြောသွားတာ ကိုပဲ မကြိုက်တာ တဲ့။ သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဝီစကီကို ကောက်မော့လိုက်တယ်။
ခဏနေတော့ ဆိုင်က ကောင်လေး တစ်ယောက်က အနားလာပြီး ဘာလိုသေးလဲ ဦးလေး တို့လို့ မေးလို့ နှစ်ယောက်သား ပြိုင်တူ ရယ်လိုက်မိသေးတယ်။ ဟုတ်တယ်လေ…ကျွန်တော်တို့မှာ စိတ်ပျို ကိုယ်နု ဆိုပြီးတော့ လူငယ်လေးတွေလို နေ နေမှ ချာတိတ်က ဦးလေးလို့ လာခေါ်တော့ ကိုယ့်ကိုယ်ကို အသက်ကြီးမှန်း သိအောင် လာသတိပေးသလို ဖြစ်သွားတယ်။ အင်း… အသက်ကြီးတော့ ကိုယ့်ကိုယ်ကို အသိဥာဏ် ပိုရှိလာသလား မရှိလာသလား မသိပေမယ့် သေဖို့ တစ်ရက် ပိုနီးလာပြီလို့တော့ တွေးမိတာပဲ.။ ဟင်းချိုတစ်ဇွန်း ခပ်သောက်လိုက်ရင်း ခင်ဗျား ဟောပြောပွဲ အတွေ့အကြုံလေး ဆက်စမ်းပါဦးလို့ ကျွန်တော်က ပြောလိုက်တယ်။ သူက ဟေ့လူ ကျုပ် ဟောပြောခဲ့တာ မဟုတ်ဘူး။ သွားနားထောင်ခဲ့တာကို ပြန်ပြောပြရမှာ။ ဒါပေမယ့် ကျုပ်က အလေနတောတွေကို စားမြုံ့ပြန်ချင်တာ မဟုတ်ဘူး။ ခင်ဗျားက အတင်း ပြောခိုင်းနေလို့ လို့ ပြောပြီး မချိသလို ရယ်နေတယ်။
ကျွန်တော်က အရက် ထပ်ထည့်လိုက်ရင်း ပြောမှာသာ ပြောစမ်းပါဗျာလို့ တွန်းပေးတော့မှ သူက စကားဆက်တယ်။ အဲဒီနောက် အငြိမ်းစားဆိုတဲ့ လူကြီး တယောက် တက်ပြောတယ်ဗျ။ ဟောတယ် ပေါ့ဗျာ။ ခင်ဗျား သိတဲ့ အတိုင်း မိဘကျေးဇူး ဘယ်လောက်ကြီးတယ် ပေါ့ဗျာ တဲ့။ အဲဒီမှာ သူ့အတွေ့အကြုံလေး တစ်ခု ပြန်ပြောပါရစေဆိုပြီး တစ်ခါက သူ နယ်မြို့ တစ်မြို့မှာ တာဝန်ကျတော့သူ့အိမ်ဘေးက အိမ်က မိန်းမ တစ်ယောက်ကို တွေ့ဖူးတယ်တဲ့။ တွေ့တာမှ အဲဒီ မိန်းမရဲ့ ခါးမှာ တစ်ယောက် ၊ လက်က တစ်ယောက် ဘေးက တစ်ယောက်၊ ဗိုက်ထဲက တစ်ယောက် ကလေးတွေ တပြုံကြီးနဲ့ တဲ့ ။ အဲဒါ သူက မနေနိုင် မထိုင်နိုင် ခင်ဗျား ဘာလို့ ကလေးတွေ ဒီလောက်တောင် မွေးထားရတာလဲလို့ မေးလိုက်မိတယ်တဲ့ ။အဲဒီ မိန်းမက ဆရာရယ်...ကျွန်မတို့မှာ သာမန် ဆင်းရဲသားဆိုတော့ သူများလို ညဘက် ဥာဉ့်နက်အောင် တီဗွီတွေ ဘာတွေ ထိုင်ကြည့်စရာ မရှိဘူးတဲ့။ အဲဒါ စောစော အိပ်ယာဝင်မိရာက ဒီလို ဖြစ်လာရတာပဲ လို့ ပြန်ပြောတယ်တဲ့ ဗျာ။ ကျုပ်တော့ အဲဒီ နေရာတင်ပဲ ထပြန်လာခဲ့တာပဲ တဲ့ ။ အံမယ်...ဒါတောင် ပရိသတ်က လက်ခုပ် လက်ဝါးတီးပြီး သဘောကျလို့ ထင်ပ ရယ်လိုက်ကြသေးတယ်. ကျုပ်ဖြင့်ဗျာ ဘေးက ကျောင်းသူမလေးတွေကို မျက်နှာပူလိုက်တာ မပြောပါနဲ့တော့ ဆိုပြီး ကိုဇော်ကြီး ခမျာ စိတ်ပျက်သလိုနဲ့ ပြောရင်း အရက်ခွက်ကို ကောက်ပြီး တရှိန်းထိုး မော့ချလိုက်တယ်။ ကျွန်တော်ပါ စိတ်မသက်သာသလို ရော ရယ်လိုက်မိတယ်။
ကိုဇော်ကြီးက ဆက်ပြီး အဲဒီ အငြိမ်းစား ဆိုတဲ့ လူကြီး ဆိုင်လား မဆိုင်လားတော့ မသိဘူး။ လာနားထောင်တဲ့ သူတွေထဲမှာတော့ ကျောင်းသား ကျောင်းသူ လေးတွေ အများကြီး ပါတာတော့ သိတယ်။ အဲဒီ လူကြီး မစဉ်းစားတာဗျ။ ဦးနှောက် မရှိတာ။ ကိုယ့်သမီးအရွယ် ကလေးတွေဗျာ။ ပြောသင့် မပြောသင့် စဉ်းစားသင့်တာ ပေါ့တဲ့။ တကယ်က ကျုပ်တို့ ရယ်ချင်ရင် အိမ်မှာပဲ ချာလီချက်ပလင် ကြည့်ပြီး ရယ်လိုရတယ်။ စာပေဟောပြောပွဲလုပ်တာ လူရွှင်တော် ပြက်ခိုင်းနေတာမှ မဟုတ်တာ။ အဓိကက ဒီလူ စင်ပေါ်ရောက်ပြီ ဆိုပြီး ဘာကိုမှ ဂရုမစိုက်တော့ဘဲ ပြောချင်တာ လျှောက်ပြောတော့တာပဲ ဆိုပြီး သူ့ဖန်ခွက်ထဲကို အရက် နည်းနည်း ငှဲ့လိုက်တယ်။ ပြီးတော့မှ ကျွန်တော့် ဘက်က ဖန်ခွက်ကို ဆွဲယူလိုက်ရင်း ထည့်လိုက်တယ်။ တကယ်က မိဘကျေးဇူး ဆိုတာကြီး ပြောချင်ရင် ကျောင်းသူ ကျောင်းသား လူငယ်လေးတွေ ရှေ့မှာ ပြောစရာတွေ အများကြီး တဲ့။ ကျုပ်တို့ နေထိုင်တဲ့ ကမ္ဘာကြီး ၊ ကျုပ်တို့နိုင်ငံ၊ ကျုပ် တို့ ဘာသာစကား ။ဒါတွေဟာလည်း ကျုပ်တို့ အဖေနဲ့ အမေပါပဲ။ အဲဒါတွေကို အလုပ်အကျွေး ပြုတတ်ဖို့ ချစ်တတ် မြတ်နိုးတတ်ဖို့ ပိုပြောသင့်တာပေါ့တဲ့။ ဒီလူသား နှစ်ယောက်လေးတင်ပဲ ကွက်ပြီး ပြောနေဖို့ မသင့်ဘူး၊ ကျုပ်ကပဲ ကြီးကြီးကျယ်ကျယ် ပြောတယ်လို့ ခင်ဗျား အနေနဲ့ သဘောထားရင် ထားလို့ ကျွန်တော့်ကို လှမ်းကြည့်ရင်း ပြောတယ်။ အင်းပေါ့ လူတွေဆိုတော့ ထင်ပေါ်ချင်လို့ အောင်မြင်ကျော်ကြားချင်လို့ လုပ်နေတဲ့ သူတွေလည်း ရှိမှာပဲ လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ ဒါနဲ့ ကျွန်တော် ဒီရက် စာအုပ်ဆိုင်ဘက် ရောက်ဖြစ်တယ် ၊ ကဗျာ စာအုပ်တွေ အများကြီး ထွက်တယ် ဗျ လို့ ကျွန်တော်က ဆက်ပြောလိုက်တယ်။
ကျွန်တော်နဲ့ ကိုဇော်ကြီးက ဒီမြို့လေးရဲ့ တခုတည်းသော စာအုပ်ဆိုင်က ပင်တိုင် ဖောက်သည်တွေလို့ ပြောရင် ရနိုင်တယ်။ ထွက်သမျှ ကဗျာ စာအုပ်တွေ အကုန် ဝယ်ဖြစ်တယ်။ ပြီးရင် ဝေဖန် လေကန်ကြ။ ငြင်းကြ ခုံကြပေါ့။ သူ့ကိုတော့ ကျွန်တော် ရှည်ရှည်ဝေးဝေး ဘယ်တော့မှ မငြင်းခုံ ဖြစ်ဘူး။ သူက ကိုယ့်ထက် ယုံကြည်ချက် ပိုပြင်းတဲ့ သူကိုး။ ခင်ဗျားနဲ့ ကျွန်တော် မနက်ဖြန် စာအုပ်ဆိုင်ဘက် သွားရအောင်၊ ကဗျာစာအုပ်တွေက အရင်လို မဟုတ်ဘူး။ ပိုပြီး ပုံစံပြောင်းလာတယ်။ မြန်မာလိုက ရှေ့တစ်ပိုင်း၊ အင်္ဂလိပ်လိုက နောက်တစ်ပိုင်းလို့ ကျွန်တော်က ပြောလိုက်တယ်။ သူက အလကားပါဗျာ လို့ ပြောတယ်။ စာအုပ် ပိုထူတော့ ဈေးတင်ပြီး ရောင်းလို့ ကောင်းတာပေါ့တဲ့။ အလကားတာ မလကား မဟုတ်တာတော့ မသိဘူး။သူပြောတာတွေသာ တခြား အယူအဆ မတူတဲ့ လူတချို့ ကြားရင် အဆဲခံရနိုင်တယ်လို့ တွေးရင်း ပြုံးလိုက်မိတယ်။ နည်းနည်းတော့ မူးနေပြီလို့ ထင်မိတယ်။
ပုလင်းထဲက လက်ကျန်ကို ဖန်ခွက် နှစ်ခွက် မျှထည့်လိုက်ရင်း သူက ကဗျာကို အဲလို မြန်မာလိုနဲ့ အင်္ဂလိပ်လို လုပ်ကြတာ ကောင်းလား မကောင်းလားတော့ မသိဘူး၊ တလောက နာမည်ရ ကဗျာ ဆရာ တစ်ယောက် သူ့ကဗျာစာအုပ်ကို အဲလို ထုတ်တာ စာအုပ် မျက်နှာဖုံးမှာ အင်္ဂလိပ် ဘာသာပြန်ပေးသူ နာမည် ပါမလာလို့ ပြဿနာ တက်ကြတာ ကြားရတယ်လို့ ပြောတယ်။ နောက်ပြီး မြန်မာလို ရေးလိုက်လို့ အရမ်းကောင်းနေတဲ့ ကဗျာ တစ်ပုဒ်ကိုဗျာ အင်္ဂလိပ်ဘာသာပြန်ကို ဖတ်ရတဲ့ အခါကျတော့ ဟန်တွေ အသံတွေ ရစ်သမ်တွေ ပါမလာတော့ဘူး ထင်တယ် ဘာသာစကား မတူလို့ ဖြစ်မယ်လို့ တွေးတွေးဆဆ ပြောတယ်။ ကျွန်တော်တော့ အဲလိုကြီး ဖတ်ရတာ သိပ်ဘဝင်မကျဘူးလို့ ပြောလိုက်တော့ ခင်ဗျား အနေနဲ့ ဟုတ်ချင် ဟုတ်မှာတော့ တဲ့။ စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးသလို ချစ်ရက်ရှည်ရှည် အင်းလျားမြေကို Love Day Long Long Inya Ground လို့ ဘာသာမပြန်မိဖို့ပဲ လိုတယ်လို့ ဆက်ပြောတယ်။သူပြောမှပဲ ကျွန်တော်တောင် ပြုံးလိုက်မိတယ်။ ဘာအဓိပ္ပါယ်ရယ်လို့တော့ မစဉ်းစားတတ်ဘူး။
ကိုဇော်ကြီးက သူ့ဖုန်းက နာရီကို တချက်ကြည့်လိုက်ရင်း နောက်ကျနေပြီ ပြန်ကြစို့တဲ့။ အိုကေလို့ ခေါင်းညိတ်ပြလိုက်ရင်း လက်ကျန်ဖြတ်ဖို့ ချီးယားစ်လို့ ခွက်ကို မြှောက်လိုက်တယ်။ ဖေဖေါ်ဝါရီ ၁၄ ရက်နေကျရင် ချစ်သူ မရှိတဲ့ အထိမ်းအမှတ်အဖြစ် ခင်ဗျားကို ထပ်တိုက်ဦးမယ်လို့ ပြောတယ်။ ဒီတစ်ခါ အလကား ပါဗျာ လို့ ပြောမိတဲ့ သူက ကျွန်တော် ဖြစ်နေတယ်။လူငယ်တွေကြား ရေပန်းစားပြီး အရူးထကြတဲ့ နေ့တစ်နေ့မှာ ခင်ဗျားပါ လိုက်ရူး ဦးမလို့လားလို့ ကျွန်တော်က မေးလိုက်တယ်။ ကျုပ် မရူးဘူး၊ ခင်ဗျားသာ အရူးတဲ့။ အဲဒါကြောင့် တစ်ယောက်တည်း ဖြစ်နေတာ..Flock Theory ကိုမှ ခင်ဗျား မကျေညက်ပဲ တဲ့...။ ကျွန်တော်က ဟုတ်လား အဲဒီ သီအိုရီကို လုပ်စမ်းပါဦးလို့ မေးဆတ်ပြရင်း မေးလိုက်မိတယ်။
သူက အရက်ခွက်ကို ကိုင်ထားရင်း ဥပမာဗျာ ကောင်းကင်မှာ ငှက်အုပ်ကြီး ပျံသွားတယ်ဗျာ။အခြေအနေ တစ်ခုခုကြောင့် အဲဒီ ထဲက ငှက်တစ်ကောင်ကောင်ဟာ အပြင်ဘက်ကို ပဲ့ထွက်သွားခဲ့ရင် အခြား ငှက်တစ်ကောင်က အဲဒီ နေရာကို အစားဝင်ပြီး ရှေ့ဆက် ပျံသန်းနေဦးမှာပဲ။ တကယ်က သူတို့ဟာ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ချက်တွေ ထားပြီး ခုလို အုပ်ဖွဲ့ပျံခဲ့ကြတာ မဟုတ်ဘူး။ အဲဒီ ငှက်အုပ်ကြီးဟာ ပုံစံ အမျိုးမျိုး ပြောင်းနေပေမယ့် တစ်ကောင်ချင်း အလိုက် သူ့နေရာနဲ့ သူ အစားဝင်ပြီး လိုရာခရီးကို သွားခဲ့ကြတာ။ ဒီတော့ ခင်ဗျား အနေနဲ့ ဒီ အဖွဲ့အစည်း ကြီးနဲ့ မလိုက်ချင်လို့ ဘေးထွက် နေခဲ့ရင်လည်း သူ့ဟာ သူ အစားဝင်မယ့် သူက ဝင်လာပြီး ရှေ့ဆက် သွားနေဦးမှာပဲ။ ခင်ဗျားပဲ အရူး ဖြစ်မှာ လို့ သူက အရှည်ကြီး ရှင်းပြနေသေးတယ်။ ကျွန်တော်က ရုးတာ မရူးတာ တော့ မသိဘူး။ အဖွဲ့ကောင်းကောင်း တောင့်တောင့် ရှိလာတဲ့ အခါကျရင် ကျုပ်လည်း ပြောချင်တာတွေ ပြောရဦးမယ်လို့ သူ့ကို ပြန်ပြောလိုက်တယ်။ နောက်ဆုံး အရက်ခွက်ကို ပြိုင်တူ မော့ချလိုက်ရင်း ပိုက်ဆံရှင်းကို ကိုဇော်ကြီးက ချာတိတ်တယောက်ကို လှမ်းခေါ်တယ်။
သူနဲ့ ကျွန်တော် ဆိုင်က အထွက် လမ်းခွဲခါနီး ခပ်လှမ်းလှမ်း ရောက်မှ ဟေ့လူ... ၁၄ ရက်နေ့နော် မမေ့နဲ့ ဦးလို့ ဗလုံးဗထွေးနဲ့ ရယ်ကျဲကျဲ လှမ်းအော်တယ်။ သူ့ကို လက်ပြန်ပြနေရင်း သူပြောတဲ့ ၁၄ ရက်နေ့ ဆိုတဲ့ သဘောက အဲဒီ မတိုင်ခင် မသောက်သေးဘူးလို့ သဘော ပြောသလားမှ မသိတာ။ ကျွန်တော် ကတော့ ၁၄ ရက်နေ့ထိ နေနိုင်ပါ့မလား ဆိုတာပဲ စဉ်းစားမိလိုက်တော့တယ်။

အပျိုကြီးနှင့် လက်ထပ်မင်္ဂလာ
ပေါ်တီကိုအောက်မှာကားရပ်ပြီး အိမ်ထဲဝင်ဝင်ချင်း သူ့ ခြေသံကြားတာနဲ့  အချစ်တော်လေး ကီကီက ထုံးစံအတိုင်း အပြေးလာကြိုသည်... မွေးစုတ်ဖွားလေးတွေကို သပ်ပေးရင်း ထုံးစံမပျက် လက်ထဲက၀ယ်လာတဲ့ ငါးဖယ်ကြော်တွေ ချကျွေးနေစဉ် အခန်းထဲမှ တူမချော မီးလုံး၏ အသံစာစာကို ကြားလိုက်ရသည်။
"တီသု ပြန်လာပြီလား... နေ့ လည်က အန်တီနန္ဒာ လာသွားတယ်... တီသု မရှိလို့  ဖိတ်စာပေးသွားတာနဲ့  ဧည့်ခန်းထဲက စားပွဲပေါ်မှာ သမီးတင်ထားတယ်နော်..."
အမယ်... ဖိတ်စာ ဆိုပါလား... ဒင်းက ဖိတ်စာတောင် ဝေနေပြီကိုး။ အင်းလေ... ဒင်းပြောတဲ့ရက်ဆို နောက်နှစ်ပတ်လောက်ပဲ လိုတော့တာပဲ... လူကိုယ်တိုင်တောင် လာမဖိတ်နိုင်လောက်အောင် ဒင်းက မျက်နှာပူတယ်ပေါ့လေ။ ငါဘယ်အချိန် အိမ်ပြန်ရောက်တတ်လဲသိရဲ့ သားနဲ့  နေ့ လည်ဘက်လာပေးတယ်ဆိုတော့ ဒါ ငါ့ကိုတမင်သက်သက်ရှောင်တယ်ဆိုတာ အသိသာကြီးပါ မိနန္ဒာရယ်...။ နှုတ်ခမ်းကိုမဲ့ရင်း စားပွဲပေါ်က ဖိတ်စာဝါ၀ါလေးကို လက်လှမ်းလိုက်ကာ ပါးစပ်မှလဲ 'အလကားမိန်းမ... သစ္စာဖောက်မ...' ဟု ဘယ်နှကြိမ်မြောက်မှန်းမသိ ပွစိပွစိရွတ်လိုက်သည်... ဖိတ်စာက သုံးစောင်တောင်ပါလား... ဒါက ဖေဖေနဲ့ မေမေ... ဒါက မမတို့ စုံတွဲ... ပြီးတော့ ဒါက... ဘာ... ကြည့်စမ်း ကြည့်စမ်း... စော်ကားလိုက်တာ... လူကိုများ... စာအိတ်ပေါ်မှာ မှင်အနက်ရောင်နဲ့ ရေးထားတာ 'ဒေါ်သုသုသွေး' ဆိုပါလား... ဒေါသတကြီးနဲ့  စာအိတ်ထဲက ဖိတ်စာကို အလောတကြီးဖွင့်ကြည့်လိုက်တော့ 'မောင်ပိုင်ထွန်း နှင့် မနန္ဒာမေ တို့ ၏ မင်္ဂလာဦးဆွမ်းကျွေး ဖိတ်ကြားလွှာ' တဲ့... အမလေး... အမြင်ကတ်ဖို့ ကောင်းလိုက်တာ... မုန်းဖို့ ကောင်းလိုက်တာ။ အမေတွေဝမ်းကကျွတ်ကတည်းက ကကြီးရေက စဆိုတဲ့အရွယ်ကနေ တက္ကသိုလ်က အမြီးလှလှ ဘွဲ့ လေးတွေယူတဲ့အရွယ်အထိ လည်ပင်းဖက်ကြီးလာတဲ့သူအချင်းချင်း ငါ့ကျတော့ 'ဒေါ်သုသုသွေး' လို့ တပ်ပြီး သူ့ ကျတော့ 'မနန္ဒာမေ' ဆိုပါလား... ပြီးတော့ သူယူမဲ့ အသက်လေးဆယ်နားကပ်နေတဲ့ လူကြီးကျ 'မောင်ပိုင်ထွန်း' တဲ့။ မျက်စိဆံပင်မွေးစူးလိုက်တာ။ ဒီလိုမျိုး ငါ့ကို 'ဒေါ်' တတ်ခေါ်ရမယ့် အရွယ်ရောက်နေပြီမှန်းသိရင်လဲ ငါနဲ့ ရွယ်တူ အဲဒီအသက်ရောက်နေတဲ့ နင်လည်း လင်မယူဘဲနေပါတော့လားဟဲ့။ မျက်နှာချင်းဆိုင်ပြီး စိတ်ရှိလက်ရှိရန်တွေ့ ချင်လိုက်တာနော်။
ပြောသာပြောရ... စကြားကြားချင်းတုန်းကဆို ရန်တွေ့ နိုင်ဖို့ နေနေသာသာ ကိုယ့်နားကိုယ်မယုံနိုင်လောက်အောင် ပါးစပ်အဟောင်းသားနဲ့  တော်တော်ကြီးကို shock ရသွားခဲ့တာ။ ကိုယ့်ကိုများ နောက်သလား ထင်လိုက်မိသေးပေမယ့် ကိုယ့်ရှေ့ တည့်တည့်မှာ သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးတစ်ယောက်လုံးရဲ့  တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ ရှက်သလိုကြောက်သလို မျက်နှာနီမြန်းမြန်းကြီးက အခြေအနေတွေအားလုံးကို ဖော်ပြနေတာပဲလေ။ ဒီအသက်အရွယ်ထိ မိဘတွေကိုရော ချဉ်းကပ်လာသူတွေကိုပါ ခေါင်းချည်းတွင်တွင် ခါလာတဲ့သူက ဒီတစ်ခါတော့ မိဘတွေကိုများမငြင်းဆန်နိုင်တော့လို့ များလားဆိုပြီး မေးကြည့်တော့ ဒင်းက လူကိုတောင် ရဲရဲမကြည့်နိုင်ဘဲ "ငါ့ဆန္ဒအရပဲ လက်ခံလိုက်တာပါ မိသုရယ်" တဲ့။ ခါတိုင်းများ စကားပြောစရာရှိ ကိုယ့်လိုပဲ ဟောဟောဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်း (တူမတွေအခေါ်အရ 'အာဗြဲလျှာဗြဲ') ပြောတတ်တဲ့သူက ခုများတော့ မပွင့်တပွင့် အောက်ကလိအာသံနဲ့  ဖြစ်နေလိုက်တာ။ ယောကျာ်းတွေကိုအထင်မကြီးလို့  ယောကျာ်းလုံးဝမယူဘူး၊ တသက်လုံး အပျိုကြီးအဖြစ်နဲ့ ပဲ နေသွားကြမယ်လို့  ကြွေးကြော်ခဲ့သူက ခုတော့လဲ ၀တ္ထုတွေထဲကလို အချစ်ကြောင့် အရာအားလုံးပြောင်းလဲသွားပြီပေါ့။ နေနှင့်ဦး... ဒင်းကတောင် ဖိတ်နိုင်သေးတာ... ငါကရော ဘာလို့ မသွားနိုင်ရမှာလဲ။ အလှဆုံးဝတ်ပြီးကို မင်္ဂလာပွဲကို ကြော့ကြော့လေး တက်လိုက်ဦးမယ်။
"တီသု... အန်တီနန္ဒာက သမီးကိုလဲ လိုက်ခဲ့လို့ သေချာမှာသွားတယ်... အဲဒါ အင်္ကျီလိုက်ဝယ်ပေးဦး..."
အဲ... ဟုတ်သားပဲ... မီးလုံးပြောမှ သတိရတယ်... မင်္ဂလာဆောင်ကို ဘယ်သူနဲ့ သွားရမှာတုန်း... ဖေဖေနဲ့ မေမေကလဲ မေမြို့ မှာ... မမတို့ ကလည်း သူတို့ မအားတိုင်း မီးလုံးကိုပဲ သူတို့ ကိုယ်စားဆိုပြီး ထည့်ပေးလိုက်မှာ... မီးလုံးကို ခေါ်သွားလို့ တော့ မဖြစ်ပါဘူး... အရင်တစ်ခါ အလှူတုန်းကလို အပျိုကြီးတို့  ပွဲတက်ဖော်မရှိလို့  တူမကို အားကိုးနေရတယ်လို့  အပြောခံနေရဦးမယ်။ ခါတိုင်း ပွဲတွေလမ်းတွေဆို ကိုယ်ရယ်၊ နန္ဒာရယ်၊ ဆုမွန်ရယ် အပျိုကြီးသုံးယောက်တူတူသွားနေကျဟာ... ခု အင်္ဂလန်မှာ မာစတာတက်နေတဲ့ ဆုမွန် ကျောင်းပိတ်ရက်ပြန်အလာကိုတောင် မစောင့်နိုင်တော့လောက်အောင် ဟိုမိန်းမက သစ္စာဖောက်တော့ ကိုယ့်မှာတစ်ယောက်ထဲငိုင်တိုင်တိုင်နဲ့ ... တခြားသူငယ်ချင်းတွေနဲ့ ချိန်းသွားရင်ရပေမယ့် သူတို့ က စုံတွဲတက်ကြမှာနဲ့  ကိုယ်ကဘေးမှာ တယောက်ထဲ ကြောင်တောင်တောင်ဖြစ်နေရမှာ...။
အို... ဘာဖြစ်လဲအေ... ဘယ်သူ့ ဂရုစိုက်နေရမှာမှတ်လို့ ... သတ္တိရှိလို့  အပျိုကြီးလုပ်နေတာ... တကိုယ်တည်းပဲကြဲတာပေါ့။ လောလောဆယ်တော့ တူမချောကို မလိုက်ခဲ့ဖို့  ချော့ပြောရဦးမယ်။
"သမီးကလဲ... လူကြီးပွဲကြီးကို... သမီးပျင်းနေမှာပေါ့... တီသုတောင် မတတ်သာလို့ သွားရမှာ... နေခဲ့လိုက်နော်... လိမ္မာတယ်... နောက်နေ့ ကျ တီသုနဲ့  ခြေသည်းသွားပြင်မယ်နော်... အပြန်ကျရင် ကြေးအိုးလည်း ၀င်စားမယ်နော်... ဟုတ်ပြီလား..."
တူမချောက ဒီလောက်နဲ့  ကျေနပ်သွားလို့  တော်ပါသေးရဲ့ ။ အင်း... မင်္ဂလာဆောင်အတွက်ဆို အ၀တ်အစား၊ အိတ်၊ ဖိနပ်၊ မိတ်ကပ်အတွက် ပိုက်ဆံကတော့ တော်တော်လေး ထွက်ဦးတော့မယ်။ အာ... ဘာဖြစ်လဲ... ကြိုက်သလောက်ကုန်စမ်း... မိနန္ဒာ မင်္ဂလာဆောင်မှာ အလှကြီးလှနေစေဖို့ က အရေးကြီးတယ်။ စိတ်ချ... ကျောင်းတုန်းက လူတိုင်း လည်ပြန်ငေးရတဲ့ 'သုသုသွေး' ဒီမင်္ဂလာဆောင်မှာလဲ အပျိုကြီးမမအနေနဲ့ အလှဆုံးဖြစ်စေ ရမယ်။
...................................................................
shopping mall တစ်ထပ်ပြီး တစ်ထပ်သာ ကုန်သွားတယ်... ခုချိန်ထိ စိတ်ထဲသဘောကျတဲ့ ဖိနပ်ရော အိတ်ရောတစ်ခုမှ မမြင်မသေးပါလား။ ဒါတောင် မနက် ၉နာရီကတည်းက ထွက်လာလိုက်တာ ခု shopping mall ပါနဲ့ ဆို လေးခုမြောက်ရှိပြီ။ ညနေ ၃နာရီထိုးခါနီးမို့ လို့  တကိုယ်လုံးလဲ နုံးချိနေပြီ။ မင်္ဂလာဆောင် မင်္ဂလာဆောင်... တော်တော်လေးကို ကရိကထများပါလားနော်။ မဟုတ်သေးပါဘူးလေ... ခါတိုင်း မင်္ဂလာဆောင်တွေအတွက်ဆို ဒီလောက်မဟုတ်ပါဘူး... ခုဟာက လုံးဝနောက်ကောက်ကျလို့ မဖြစ်တဲ့ ဒင်းရဲ့ မင်္ဂလာဆောင်မို့ လို့ ပေါ့။
ဟွန့် ... မင်္ဂလာဆောင်မယ့် ဒင်းကိုယ်တိုင်တော့ ဘယ်လိုနေမလဲမသိ... ကိုယ်ကတော့ ခေါင်းနောက်အောင် ပြင်ရ ဆင်ရ ဈေးဝယ်ထွက်ရနဲ့ ...။
မိတ်ကပ်ပြင်ဖို့ ကိစ္စ စုံစမ်းနေတာနဲ့ တင် အရင်တပတ်လုံးလဲ အချိန်ကိုကုန်ရော... ခါတိုင်းပွဲလမ်းတွေဆို ကိုယ်တိုင်ပြင်မိတ်ကပ်လောက်နဲ့ ပြီးပေမယ့် နန္ဒာ့ပွဲမှာတော့ တော်ရိလျော်ရိ မိတ်ကပ်လောက်နဲ့  ဘယ်ဖြစ်ပါ့မလဲနော်။ အသိတွေဆီလိုက်စုံစမ်းကြည့်၊ မိတ်ကပ်ဆရာတွေ ပင်တိုင်ပြင်ပေးတဲ့ မော်ဒယ်တွေရဲ့ ဓာတ်ပုံတွေကိုယှဉ်ကြည့်နဲ့ ... မရွေးတတ်တော့တဲ့အဆုံး ရုံးက ညီမတယောက် အကြံပေးလို့  အစမ်းသွားပြင်ကြည့်ခါမှ ငါးပါးကိုမှောက်ရော... နာမည်ကြီး မိတ်ကပ်ဆရာနဲ့ ပြင်တာကိုပဲ ကိုယ့်အလှည့်ကျမှပဲ ကံဆိုးပြီး ပြင်တဲ့ပစ္စည်းတွေမသန့် လို့ လား၊ မပြင်ခင်နေ့ က မျက်နှာပေါင်းတင်ထားလို့ ပဲ အသားအရည်က over-sensitive ဖြစ်နေလို့ လားတော့ မသိ... အစမ်းပြင်ကြည့်တဲ့ညမှာပဲ တစ်ခါမှ ၀က်ခြံမပေါက်တတ်တဲ့မျက်နှာက အဖုသေးသေးလေးတွေ ထွက်လာလိုက်တာ... beauty saloon ဆီ နောက်တစ်ခေါက်ထပ်သွားပြီး မျက်နှာရော တကိုယ်လုံးပါ ထပ်ပြီးပေါင်းတင်လိုက်ရသေးတယ်။
မိတ်ကပ်ကိစ္စ အဆင်ပြေတော့လည်း ၀တ်မယ့်အ၀တ်အစားအတွက် weekend တစ်ခုလုံး ခေါင်းရှုပ်ရပြန်သေး...။ ၀တ်မဲ့ဝတ်စုံပုံစံကို ဒီဇိုင်နာ လုပ်နေတဲ့ဝမ်းကွဲအစ်မနဲ့  ခေါင်းချင်းရိုက်စဉ်းစားရတာ သူ့ အိမ်မှာ ညသန်းခေါင်သာရောက်ရော... အကြိုက်ကမတွေ့ နဲ့ ... ကိုယ်ကလည်း ဂျီး (ချေး) နည်းနည်းများတတ်တော့ (သူများတွေ အမနာပပြောကြတာတော့ 'ဇီဇာကြောင်တယ်' ဆိုလား) နောက်ဆုံးမှပဲ စိတ်ရှည်လွန်းတဲ့ အစ်မ၀မ်းကွဲကျေးဇူးနဲ့  ခဲရာခဲဆစ် စိတ်ကြိုက်ပုံတစ်ပုံထွက်တော့တယ်။ ဒါတောင် ခုချိန်ထိ ဘာအရောင်ချုပ်ရမယ်ဆိုတာ ဆုံးဖြတ်လို့ မရသေးဘူး။ ကိုယ့်အကြိုက်ဆုံး အပြာရောင်ဝတ်ချင်ပေမယ့် 'ငါ မင်္ဂလာဆောင်ရင် အပြာရောင်ထိုင်မသိမ်း ၀တ်မှာ' လို့  သူငယ်ချင်းတွေကြားထဲ ကြွေးကြော်ခဲ့ဖူးတော့ အပြာရောင်ဝတ်သွားရင် အကြောင်းသိတွေက အပျိုကြီးတယောက် ကိုယ်တိုင်မဆောင်နိုင်လို့  သူများပွဲမှာ ကိုယ်ဝတ်ချင်တာလေးတွေ ၀တ်ရရှာတယ်လို့  ပြောကြဦးမယ်။ ပန်းရောင်တို့  အနီရောင်တို့ ကျလဲ ကိုယ်က ဘယ်လိုမှမကြိုက်ပြန်နဲ့ ... တော်ပါပြီ... ဘာဖြစ်လဲ... ကိုယ်ကြိုက်တဲ့အရောင် ကိုယ်ဝတ်တာပဲ... လာပြောလို့ကတော့ ကိုယ့်မလဲ စကားမတတ်တဲ့ ငအူငအမ'မှ မဟုတ်တာ။ ဒီကအပြန် အပြာရောင်ပိုးချိတ်လေး သွားဝယ်တော့မယ်။ သြော်...အရေးထဲမှ လမ်းမလျှောက်ချင်လောက်အောင် ညောင်းပါတယ်ဆို ဖုန်းက လာပြန်ပြီ။"တီသု ပြန်လာပြီလား... နေ့ လည်က အန်တီနန္ဒာ လာသွားတယ်... တီသု မရှိလို့  ဖိတ်စာပေးသွားတာနဲ့  ဧည့်ခန်းထဲက စားပွဲပေါ်မှာ သမီးတင်ထားတယ်နော်..."
အမယ်... ဖိတ်စာ ဆိုပါလား... ဒင်းက ဖိတ်စာတောင် ဝေနေပြီကိုး။ အင်းလေ... ဒင်းပြောတဲ့ရက်ဆို နောက်နှစ်ပတ်လောက်ပဲ လိုတော့တာပဲ... လူကိုယ်တိုင်တောင် လာမဖိတ်နိုင်လောက်အောင် ဒင်းက မျက်နှာပူတယ်ပေါ့လေ။ ငါဘယ်အချိန် အိမ်ပြန်ရောက်တတ်လဲသိရဲ့ သားနဲ့  နေ့ လည်ဘက်လာပေးတယ်ဆိုတော့ ဒါ ငါ့ကိုတမင်သက်သက်ရှောင်တယ်ဆိုတာ အသိသာကြီးပါ မိနန္ဒာရယ်...။ နှုတ်ခမ်းကိုမဲ့ရင်း စားပွဲပေါ်က ဖိတ်စာဝါ၀ါလေးကို လက်လှမ်းလိုက်ကာ ပါးစပ်မှလဲ 'အလကားမိန်းမ... သစ္စာဖောက်မ...' ဟု ဘယ်နှကြိမ်မြောက်မှန်းမသိ ပွစိပွစိရွတ်လိုက်သည်... ဖိတ်စာက သုံးစောင်တောင်ပါလား... ဒါက ဖေဖေနဲ့ မေမေ... ဒါက မမတို့ စုံတွဲ... ပြီးတော့ ဒါက... ဘာ... ကြည့်စမ်း ကြည့်စမ်း... စော်ကားလိုက်တာ... လူကိုများ... စာအိတ်ပေါ်မှာ မှင်အနက်ရောင်နဲ့ ရေးထားတာ 'ဒေါ်သုသုသွေး' ဆိုပါလား... ဒေါသတကြီးနဲ့  စာအိတ်ထဲက ဖိတ်စာကို အလောတကြီးဖွင့်ကြည့်လိုက်တော့ 'မောင်ပိုင်ထွန်း နှင့် မနန္ဒာမေ တို့ ၏ မင်္ဂလာဦးဆွမ်းကျွေး ဖိတ်ကြားလွှာ' တဲ့... အမလေး... အမြင်ကတ်ဖို့ ကောင်းလိုက်တာ... မုန်းဖို့ ကောင်းလိုက်တာ။ အမေတွေဝမ်းကကျွတ်ကတည်းက ကကြီးရေက စဆိုတဲ့အရွယ်ကနေ တက္ကသိုလ်က အမြီးလှလှ ဘွဲ့ လေးတွေယူတဲ့အရွယ်အထိ လည်ပင်းဖက်ကြီးလာတဲ့သူအချင်းချင်း ငါ့ကျတော့ 'ဒေါ်သုသုသွေး' လို့ တပ်ပြီး သူ့ ကျတော့ 'မနန္ဒာမေ' ဆိုပါလား... ပြီးတော့ သူယူမဲ့ အသက်လေးဆယ်နားကပ်နေတဲ့ လူကြီးကျ 'မောင်ပိုင်ထွန်း' တဲ့။ မျက်စိဆံပင်မွေးစူးလိုက်တာ။ ဒီလိုမျိုး ငါ့ကို 'ဒေါ်' တတ်ခေါ်ရမယ့် အရွယ်ရောက်နေပြီမှန်းသိရင်လဲ ငါနဲ့ ရွယ်တူ အဲဒီအသက်ရောက်နေတဲ့ နင်လည်း လင်မယူဘဲနေပါတော့လားဟဲ့။ မျက်နှာချင်းဆိုင်ပြီး စိတ်ရှိလက်ရှိရန်တွေ့ ချင်လိုက်တာနော်။
ပြောသာပြောရ... စကြားကြားချင်းတုန်းကဆို ရန်တွေ့ နိုင်ဖို့ နေနေသာသာ ကိုယ့်နားကိုယ်မယုံနိုင်လောက်အောင် ပါးစပ်အဟောင်းသားနဲ့  တော်တော်ကြီးကို shock ရသွားခဲ့တာ။ ကိုယ့်ကိုများ နောက်သလား ထင်လိုက်မိသေးပေမယ့် ကိုယ့်ရှေ့ တည့်တည့်မှာ သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးတစ်ယောက်လုံးရဲ့  တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ ရှက်သလိုကြောက်သလို မျက်နှာနီမြန်းမြန်းကြီးက အခြေအနေတွေအားလုံးကို ဖော်ပြနေတာပဲလေ။ ဒီအသက်အရွယ်ထိ မိဘတွေကိုရော ချဉ်းကပ်လာသူတွေကိုပါ ခေါင်းချည်းတွင်တွင် ခါလာတဲ့သူက ဒီတစ်ခါတော့ မိဘတွေကိုများမငြင်းဆန်နိုင်တော့လို့ များလားဆိုပြီး မေးကြည့်တော့ ဒင်းက လူကိုတောင် ရဲရဲမကြည့်နိုင်ဘဲ "ငါ့ဆန္ဒအရပဲ လက်ခံလိုက်တာပါ မိသုရယ်" တဲ့။ ခါတိုင်းများ စကားပြောစရာရှိ ကိုယ့်လိုပဲ ဟောဟောဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်း (တူမတွေအခေါ်အရ 'အာဗြဲလျှာဗြဲ') ပြောတတ်တဲ့သူက ခုများတော့ မပွင့်တပွင့် အောက်ကလိအာသံနဲ့  ဖြစ်နေလိုက်တာ။ ယောကျာ်းတွေကိုအထင်မကြီးလို့  ယောကျာ်းလုံးဝမယူဘူး၊ တသက်လုံး အပျိုကြီးအဖြစ်နဲ့ ပဲ နေသွားကြမယ်လို့  ကြွေးကြော်ခဲ့သူက ခုတော့လဲ ၀တ္ထုတွေထဲကလို အချစ်ကြောင့် အရာအားလုံးပြောင်းလဲသွားပြီပေါ့။ နေနှင့်ဦး... ဒင်းကတောင် ဖိတ်နိုင်သေးတာ... ငါကရော ဘာလို့ မသွားနိုင်ရမှာလဲ။ အလှဆုံးဝတ်ပြီးကို မင်္ဂလာပွဲကို ကြော့ကြော့လေး တက်လိုက်ဦးမယ်။
"တီသု... အန်တီနန္ဒာက သမီးကိုလဲ လိုက်ခဲ့လို့ သေချာမှာသွားတယ်... အဲဒါ အင်္ကျီလိုက်ဝယ်ပေးဦး..."
အဲ... ဟုတ်သားပဲ... မီးလုံးပြောမှ သတိရတယ်... မင်္ဂလာဆောင်ကို ဘယ်သူနဲ့ သွားရမှာတုန်း... ဖေဖေနဲ့ မေမေကလဲ မေမြို့ မှာ... မမတို့ ကလည်း သူတို့ မအားတိုင်း မီးလုံးကိုပဲ သူတို့ ကိုယ်စားဆိုပြီး ထည့်ပေးလိုက်မှာ... မီးလုံးကို ခေါ်သွားလို့ တော့ မဖြစ်ပါဘူး... အရင်တစ်ခါ အလှူတုန်းကလို အပျိုကြီးတို့  ပွဲတက်ဖော်မရှိလို့  တူမကို အားကိုးနေရတယ်လို့  အပြောခံနေရဦးမယ်။ ခါတိုင်း ပွဲတွေလမ်းတွေဆို ကိုယ်ရယ်၊ နန္ဒာရယ်၊ ဆုမွန်ရယ် အပျိုကြီးသုံးယောက်တူတူသွားနေကျဟာ... ခု အင်္ဂလန်မှာ မာစတာတက်နေတဲ့ ဆုမွန် ကျောင်းပိတ်ရက်ပြန်အလာကိုတောင် မစောင့်နိုင်တော့လောက်အောင် ဟိုမိန်းမက သစ္စာဖောက်တော့ ကိုယ့်မှာတစ်ယောက်ထဲငိုင်တိုင်တိုင်နဲ့ ... တခြားသူငယ်ချင်းတွေနဲ့ ချိန်းသွားရင်ရပေမယ့် သူတို့ က စုံတွဲတက်ကြမှာနဲ့  ကိုယ်ကဘေးမှာ တယောက်ထဲ ကြောင်တောင်တောင်ဖြစ်နေရမှာ...။
အို... ဘာဖြစ်လဲအေ... ဘယ်သူ့ ဂရုစိုက်နေရမှာမှတ်လို့ ... သတ္တိရှိလို့  အပျိုကြီးလုပ်နေတာ... တကိုယ်တည်းပဲကြဲတာပေါ့။ လောလောဆယ်တော့ တူမချောကို မလိုက်ခဲ့ဖို့  ချော့ပြောရဦးမယ်။
"သမီးကလဲ... လူကြီးပွဲကြီးကို... သမီးပျင်းနေမှာပေါ့... တီသုတောင် မတတ်သာလို့ သွားရမှာ... နေခဲ့လိုက်နော်... လိမ္မာတယ်... နောက်နေ့ ကျ တီသုနဲ့  ခြေသည်းသွားပြင်မယ်နော်... အပြန်ကျရင် ကြေးအိုးလည်း ၀င်စားမယ်နော်... ဟုတ်ပြီလား..."
တူမချောက ဒီလောက်နဲ့  ကျေနပ်သွားလို့  တော်ပါသေးရဲ့ ။ အင်း... မင်္ဂလာဆောင်အတွက်ဆို အ၀တ်အစား၊ အိတ်၊ ဖိနပ်၊ မိတ်ကပ်အတွက် ပိုက်ဆံကတော့ တော်တော်လေး ထွက်ဦးတော့မယ်။ အာ... ဘာဖြစ်လဲ... ကြိုက်သလောက်ကုန်စမ်း... မိနန္ဒာ မင်္ဂလာဆောင်မှာ အလှကြီးလှနေစေဖို့ က အရေးကြီးတယ်။ စိတ်ချ... ကျောင်းတုန်းက လူတိုင်း လည်ပြန်ငေးရတဲ့ 'သုသုသွေး' ဒီမင်္ဂလာဆောင်မှာလဲ အပျိုကြီးမမအနေနဲ့ အလှဆုံးဖြစ်စေ ရမယ်။
...................................................................
shopping mall တစ်ထပ်ပြီး တစ်ထပ်သာ ကုန်သွားတယ်... ခုချိန်ထိ စိတ်ထဲသဘောကျတဲ့ ဖိနပ်ရော အိတ်ရောတစ်ခုမှ မမြင်မသေးပါလား။ ဒါတောင် မနက် ၉နာရီကတည်းက ထွက်လာလိုက်တာ ခု shopping mall ပါနဲ့ ဆို လေးခုမြောက်ရှိပြီ။ ညနေ ၃နာရီထိုးခါနီးမို့ လို့  တကိုယ်လုံးလဲ နုံးချိနေပြီ။ မင်္ဂလာဆောင် မင်္ဂလာဆောင်... တော်တော်လေးကို ကရိကထများပါလားနော်။ မဟုတ်သေးပါဘူးလေ... ခါတိုင်း မင်္ဂလာဆောင်တွေအတွက်ဆို ဒီလောက်မဟုတ်ပါဘူး... ခုဟာက လုံးဝနောက်ကောက်ကျလို့ မဖြစ်တဲ့ ဒင်းရဲ့ မင်္ဂလာဆောင်မို့ လို့ ပေါ့။
ဟွန့် ... မင်္ဂလာဆောင်မယ့် ဒင်းကိုယ်တိုင်တော့ ဘယ်လိုနေမလဲမသိ... ကိုယ်ကတော့ ခေါင်းနောက်အောင် ပြင်ရ ဆင်ရ ဈေးဝယ်ထွက်ရနဲ့ ...။
မိတ်ကပ်ပြင်ဖို့ ကိစ္စ စုံစမ်းနေတာနဲ့ တင် အရင်တပတ်လုံးလဲ အချိန်ကိုကုန်ရော... ခါတိုင်းပွဲလမ်းတွေဆို ကိုယ်တိုင်ပြင်မိတ်ကပ်လောက်နဲ့ ပြီးပေမယ့် နန္ဒာ့ပွဲမှာတော့ တော်ရိလျော်ရိ မိတ်ကပ်လောက်နဲ့  ဘယ်ဖြစ်ပါ့မလဲနော်။ အသိတွေဆီလိုက်စုံစမ်းကြည့်၊ မိတ်ကပ်ဆရာတွေ ပင်တိုင်ပြင်ပေးတဲ့ မော်ဒယ်တွေရဲ့ ဓာတ်ပုံတွေကိုယှဉ်ကြည့်နဲ့ ... မရွေးတတ်တော့တဲ့အဆုံး ရုံးက ညီမတယောက် အကြံပေးလို့  အစမ်းသွားပြင်ကြည့်ခါမှ ငါးပါးကိုမှောက်ရော... နာမည်ကြီး မိတ်ကပ်ဆရာနဲ့ ပြင်တာကိုပဲ ကိုယ့်အလှည့်ကျမှပဲ ကံဆိုးပြီး ပြင်တဲ့ပစ္စည်းတွေမသန့် လို့ လား၊ မပြင်ခင်နေ့ က မျက်နှာပေါင်းတင်ထားလို့ ပဲ အသားအရည်က over-sensitive ဖြစ်နေလို့ လားတော့ မသိ... အစမ်းပြင်ကြည့်တဲ့ညမှာပဲ တစ်ခါမှ ၀က်ခြံမပေါက်တတ်တဲ့မျက်နှာက အဖုသေးသေးလေးတွေ ထွက်လာလိုက်တာ... beauty saloon ဆီ နောက်တစ်ခေါက်ထပ်သွားပြီး မျက်နှာရော တကိုယ်လုံးပါ ထပ်ပြီးပေါင်းတင်လိုက်ရသေးတယ်။
"မမ လား... သမီး ၀တ်ရည်ပါ... မမ ဆိုင်ခွဲအသစ်အတွက် နေရာကြည့်ဖို့  ပွဲစား ကိုသူရနဲ့  ဒီနေ့ ၃နာရီခွဲတွေ့ ဖို့  ချိန်းထားတာ remind လှမ်းလုပ်တာပါ..."
အား... ဒုက္ခပါပဲ... လုပ်စရာတွေကလဲ များလိုက်တာနော်။ ဖိနပ်နဲ့  အိတ်ကလည်း မရသေးဘူး။ ပိတ်စလဲ သွားဝယ်ရဦးမယ်။ ဒါတွေအကုန် တနင်္ဂနွေနေ့ မီဖို့ က အရေးကြီးတယ်။ ကျန်တဲ့ကိစ္စတွေတော့ နောက်မှပဲ...
"၀တ်ရည်ရေ... ကိုသူရကို ပြောလိုက်ပါနော်... မမ လုပ်စရာလေးတွေများနေလို့ ... ဒီနေ့  မတွေ့ နိုင်ဘူးလို့ ... မမလည်း သူ့ ဆီဖုန်းဆက်ပြီး ကိုယ်တိုင် တောင်းပန်ပါဦးမယ်... ပြီးတော့ ဒီသောကြာနေ့ အထိ မမ ရုံးကို အချိန်ပိုင်းပဲလာနိုင်မယ်... အဲဒါ ၀တ်ရည်ပဲ အားလုံးကြည့်လုပ်ပေးထားပါနော်... ဒါပဲနော်..."
ပြောပြီးပြီးချင်း ဖုန်းချမှ... မဟုတ်ရင် မေးခွန်းတွေနဲ့ စကားရှည်နေဦးမယ်။ ခါတိုင်းများ ရုံးနဲ့ ဆိုင်ကို အချိန်ပြည့် ပျက်ရက်မရှိသွားပြီး စီးပွားရေး သောင်းကျန်းလွန်းတဲ့ကိုယ့်ကို ဒီ၂ပါတ်လောက်အတွင်း ခြေလှမ်းတွေ ပျက်နေတာနဲ့  အားလုံးသတိထားမိနေကြပြီ။ ခါတိုင်း အလုပ်လောဘကြီး လွန်းတဲ့ သူတို့ မမ ခုတလောမှ မင်္ဂလာဆောင်လေးတစ်ခုအတွက်နဲ့  ရှိသမျှအလုပ်တွေကို လှည့်မကြည့်နိုင်သလောက်ဖြစ်နေတာကိုလည်း နားမလည်နိုင်လောက်အောင် ဖြစ်နေကြပုံပဲ။ တတ်နိုင်ဘူးကွယ်... ကိုယ့်ရဲ့  စာအုပ်တိုက်တွေက ကိုယ်၂ပါတ်လောက်ပျက်ကွက်လဲ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်ပါဘူး။ သူငယ်ချင်းအသိုင်းအ၀ိုင်းတွေအားလုံး စောင့်ကြည့်အကဲခတ်နေကြတဲ့ တက္ကသိုလ်ကတည်းကနေ မနေ့ တစ်နေ့ အထိ ယောကျာ်းတွေနဲ့ မပတ်သက်ဘဲ မာနတွေတလူလူလွင့်ခဲ့တဲ့ အပျိုကြီးသုံးယောက်ထဲကမှ ဗွေစော်ဦးတယောက်ရဲ့ မင်္ဂလာပွဲကို ကိုယ်က ဖြစ်ကတတ်စမ်း ကဗျစ်ကညစ်ပုံစံနဲ့ သွားမှ 'သုသုသွေး' ရဲ့  ဂုဏ်သိက္ခာတွေ မြောင်းထဲရောက်ကုန်မှာလေကွယ်။ ဆုမွန်ရေ... နင်ကတော့ အဝေးမှာဆိုတော့ နေသာပေမယ့် ငါကတော့ အပျိုကြီးဂုဏ်သိက္ခာကိုထိန်းဖို့  ကြိုးပမ်းနေရပြီ။ တော်ပြီ တော်ပြီ... အချိန်မဆွဲဘဲ မြန်မြန်ဝယ်မှ... ဒီနေ့ တောင် အင်္ဂါနေ့ ရောက်နေပြီ... အင်္ကျီချုပ်ရ၊ fitting ပြန်ချရမှာတွေအတွက် အချိန်ပေးရဦးမှာ။ နေပါဦး... ဒီနေ့ မှ အင်္ဂါနေ့ နော်... ဟား... သွားပါပြီ... မနေ့ ညက တနင်္လာနေ့ ကို အင်္ဂါဂြိုဟ်သက်နဲ့  ပုတီးတွေစိပ်မိပြီ... မိသု မိသု... နင့်စိတ်တွေ ဘယ်ရောက်နေလဲနော်။
.............................................................
အပြာရင့်ရောင်ပြောင်ပြောင် လေးလက်မ pencil heel လေး ကြမ်းပြင်ပေါ် သုံးလေးလှမ်းလောက် လှမ်းလိုက်ရင်ပဲ အ၀င်ဝ ဧည့်ကြိုနေရာနားမှာ ရုံးစုရုံးစုဖြစ်နေတဲ့သူတွေအားလုံး ကိုယ့်ဘက်ကို မသိမသာရော သိသိသာသာပါ လှည့်ကြည့်လာကြပြီ။ ကြည့်ကြစမ်း... အဲဒါ 'အပျိုကြီး' လို့  ရှင်တို့  ရှုံ့ ချနေကျ အသက် ၃၅နှစ်တင်းတင်းရှိပြီဖြစ်တဲ့ မိန်းမ။ အဲဒါ 'မာနခဲ' လို့  ရှင်တို့  မေးငေါ့နေကျ ဘယ်ယောက်ျားကိုမှ အထင်မကြီးတဲ့ မိန်းမ။ အဲဒါ 'သူများတကာ မင်္ဂလာဆောင်တာကို အားကျနေမလားလို့ ' ရှင်တို့  စောင့်ကြည့်ဝေဖန်နေကျ တစ်ကိုယ်တည်း နေနေတဲ့ မိန်းမလေ။ မိုးပြာရောင်စီးကွင့်လေးတွေကျဲကျဲထိုးထားတဲ့ ငွေရောင်ပိုး အင်္ကျီပုံ ဆန်းဆန်းလေးနဲ့  မိုးပြာရောင်နဲ့ ငွေရောင်စပ်ထားတဲ့ ပိုးချိတ်လုံချည်လေးက gym မှန်မှန်သွား၊ အစားအသောက်ထိန်းထားလို့  ကျောင်းတုန်းကထက် မဆိုသလောက်လေးပဲပြည့်လာတဲ့ ခန္ဓာကိုယ်အချိုးအစားမှာ ချပ်ချပ်ရပ်ရပ်လေး...။ အောက်ပိုင်းနားလေးတွေကောက်ထားတဲ့ ဆံပင်ကတော့ ဒီနေ့ မှ setting ထပ်လိပ်ထားလို့  ခြုံထားတဲ့ မိုးပြာရောင်ပိုးပ၀ါလေးပေါ်မှာ ခွေနွယ်နွယ်လေးကျလို့ ။ မိတ်ကပ်ပြေပြေလေးလိမ်းထားတဲ့မျက်နှာကလည်း age defence cream တွေ anti-wrinkle gel တွေ မှန်မှန်လိမ်းတဲ့ကျေးဇူးနဲ့  လွန်ခဲ့တဲ့ ၁၅နှစ်လောက်တုန်းက တက္ကသိုလ်မှာ နာမည်ကြီးခဲ့တဲ့အလှထက် တစ်ပြားသားမှ မလျော့သေး။ အတင်းပြောချင်ကြတဲ့ မျက်လုံးတွေရှေ့ မှာဆို ချီနေတတ်တဲ့မျက်နှာပေးကတော့ ဘယ်တော့မှ မပြောင်းလဲတဲ့ 'သုသုသွေး' ရဲ့  trademark ပေါ့ကွယ်။ ကဲ... ပြောကြစမ်းပါဦး... သူများတကာတွေ မင်္ဂလာဆောင်လို့  အားကျပြီး ကိုယ့်ဘ၀ကိုယ် ၀မ်းနည်းကျိတ်ဆွေးနေမယ့် ခပ်ညံ့ညံ့အပျိုကြီးတွေထဲမှာ 'သုသုသွေး' တယောက်ပါရဲ့ လားလို့။ မျက်လုံးပေါင်းများစွာရှေ့ ကနေ ကြော့ကြော့လေးဖြတ်လျှောက်ပြီး သတို့ သမီးအလှပြင်ခန်းထဲဝင်သွားတော့ အင်္ကျီလဲရင်းတန်းလန်း နန္ဒာက ကိုယ့်ကိုတွေ့ တွေ့ ချင်း ၀မ်းသာအားရနှင့် ထအော်သည်။
"လှလိုက်တာ မိသုရယ်... နင်တကယ်လာတယ်နော်... ငါ့မှာ နင်မလာလောက်ဘူးထင်လို့  ၀မ်းနည်းနေတာ... ငါ့ကို စိတ်မဆိုးဘူးပေါ့နော်..."
ပြောလဲပြော မျက်ရည်တွေလဲတကယ်ဝဲလာတဲ့ နန္ဒာ့ကိုကြည့်ရင်း ကိုယ်ပါဝမ်းနည်းလာပေမယ့် ပါးစပ်ကတော့ 'သစ္စာဖောက်မ' လို့ ရွတ်ရင်း မျက်စောင်းရွယ်လိုက်မိသည်။ ဘယ်လောက်ကြီးပဲ စိတ်ဆိုးဆိုး... ကိုယ်နဲ့ ဒီလောက်တောင် ညီအမတွေလိုချစ်ကြတဲ့ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို မလာနိုင်လောက်အောင်တော့ ဘယ်လိုမှ အသည်းမမာနိုင်တာ ကိုယ့်ကိုယ်ကို အသိဆုံးပါ။ ကိုယ့်မှာ ဒီအသက်အရွယ်ရောက်တဲ့အထိ သံယောဇဉ်တွယ်စရာဆိုလို့  ဖေဖေ၊ မေမေ၊ မမ၊ အချစ်တော်လေး ကီကီ နဲ့  တူမလေး အပြင် ဒီဘ၀တူ သူငယ်ချင်းလေးတွေပဲ ရှိတဲ့ဟာကို...။ ဒီမင်္ဂလာဆောင်ကို လှလှလေးဝတ်ပြီးတက်ပြချင်တဲ့ အပျိုကြီးမာနအပြင် ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့  မင်္ဂလာပွဲကိုလာချင်တဲ့ စိတ်ရင်းလေးလည်း ပါပါတယ်လေ။
နန္ဒာနဲ့ စကားပြောအပြီး ခမ်းမထဲဝင်လာတော့ ဘယ်မှာ ထိုင်ရမှန်း မသိဖြစ်နေတုန်း နန္ဒာ့မေမေ အန်တီဝေ လိုက်ပို့ ပေးတဲ့ဝိုင်းအရောက် ထိုင်နှင့်နေတဲ့သူကိုမြင်မြင်ချင်း စိတ်အပျက်ကြီးပျက်သွားမိသည်။ ရှယ်လီမြင့် ပါလား... သေပါပြီ... မတွေ့ ချင်ဆုံးလူနဲ့ မှ တည့်တည့်တိုးရတယ်လို့ နော်... လင်တစ်ယောက်ရထားတာကိုပဲ တခြားဘယ်သူမှမရနိုင်တဲ့ ဘုရားပေးတဲ့ဆုထူးကြီးကို သူတစ်ယောက်တည်း အပိုင်ရထားသလို လူတကာကို သူ့ လင်တော်ကြောင်းကောင်းကြောင်း 'သူ့ လင်သူတော်ကောင်းတရား' တရစပ်ပြောတတ်တဲ့ မိန်းမ။ ပြီးရင် တစ်ကိုယ်တည်းအေးအေးနေတဲ့ ကိုယ်တွေလို အပျိုကြီးတွေကိုလည်း ကိုယ့်ထမင်းကိုယ်စားပြီး မျက်စိဒေါက်ထောက်ကြည့် အတင်းက တုတ်ဦးမယ်။ အခုလဲ ကြည့်ပါလား... ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်းပြန်ပြီ။
"မိသု ပါလား... ကြည့်စမ်း... ၀လာလိုက်တာနော်... မနည်းကြီး ရုပ်ဖမ်းရတယ်... အပြာရောင်လေး ၀တ်လာတယ်နော်... ဟင်းဟင်း..."
"ဟုတ်ပါ့ ရှယ်လီရယ်... အသက်တွေကြီးလာပြီဆိုတော့လေ... ရှယ်လီတို့ လို ကလေးမွေးထားတဲ့သူတွေလောက် ပုံမပျက်ရုံတမယ်ပဲ... အပျိုကြီးတွေလဲ ၀ိတ်တက်တာပါပဲနော်... ဟင်းဟင်း..."
ကဲ... ခံလေ... လူကို ရိတိတိလာလုပ်ချင်ဦး... ကျောင်းတုန်းကထက် ၅ပေါင်တိတိပဲပိုလာတဲ့ ခန္ဓာကိုယ်ကိုများ ၀လာသလေးဘာလေးနဲ့ ... သေလိုက်လေ... နင့်ကိုယ်နင် မှန်ထဲပြန်ကြည့်ဦးဟဲ့... တကတည်းနော်... ကိုယ့်ဟာကိုယ်နေတာကိုပဲ... ဘာတွေများ မနာလိုဝန်တိုဖြစ်နေကြတယ်မသိ...။
"ဟဲ့... နန္ဒာတော့ စွံသွားပြီနော်... ဘယ်လိုလဲ... နင်ရော အားမကျဘူးလား... အပျိုကြီးဆိုတာ အပူမရှိတာတော့မှန်တယ်... ဒါပေမယ့် စိတ်ကြည်နူးစရာလဲ မရှိဘူးဟဲ့... ငါ့ဆို ငါ့ဘေးမှာ ကိုကိုအမြဲရှိတော့ အရမ်းစိတ်ချမ်းသာရတာ..."
လာပြီ လာပြီ... စလာပြီ... တနည်းနဲ့ မရတော့ တခြားနည်းလမ်းနဲ့  နှိပ်ကွပ်တော့မယ်... လျှာသွေးထားပေတော့ မိသုရေ...
"ရှယ်လီရယ်... နင့်သမီးအတွက်ပဲ နင်ပူစမ်းပါ... အားကိုးရမယ့်သူရှိမှ စိတ်ချမ်းသာရမဲ့အထဲ ငါတို့ ကမပါဘူး..."
"နင်ကတော့နော်... ကျောင်းတုန်းက အပြောလေးတွေ ခုထိမလျှော့သေးဘူး... ဟို နင့်ကို ကျောင်းတုန်းက အသေအလဲကြိုက်တဲ့ မျိုးမောင်မောင် ဆိုလည်း မဆိုးပါဘူးဟဲ့... ဟို ရှေ့ ဝိုင်းမှာ တွေ့ လား... နင်ဝင်လာကတည်းက လိုက်ကြည့်နေတာ... နင်ကသာ သတိမထားမိလို့ ..."
"အမလေး... ကျောင်းတုန်းက ဒီလောက်ရုပ်ဆိုးတဲ့ မည်းသည်းသည်း လုံးတုံးတုံးကိုများ... ပြီးတော့ အဲအရွယ်ကတည်းက ပွဲစားယောင်ယောင် ဘာယောင်ယောင်နဲ့ ... အာကလဲကျယ်သေး..."
"နင်ကလဲ... သူက ခုအရမ်းကို စီးပွားအရှာကောင်းတာနော်... ခုထိ လူပျိုကြီးဟဲ့... သူ့ ကိုလိုချင်တဲ့ သမီးရှင်တွေဆို ၀ိုင်းဝိုင်းလည်လို့ ... သူကတော့ ခုချိန်ထိ သူ့ ငယ်ချစ်ကို မမေ့နိုင်ဘူးဆိုလား... ပြောသံကြားတာပဲ... နင့်ကို ပြောချင်တာ ဖြစ်မယ်... ခုနကတောင် နောက်လကျရင်လုပ်မယ့် ဆရာကန်တော့ပွဲအတွက် အလှူငွေ ဘယ်သူလက်ခံနေလဲ ငါ့ကိုလာမေးလို့  သုသုသွေး ဆီကို ပေးလိုက်လို့  ငါပြောလိုက်တယ်... နင့်ကိုစကားလာပြောရင် နင်အကဲခတ် ကြည့်လိုက်နော်..."
"အောင်မယ်... သေလိုက်ပါလား... ဘာ ငယ်ချစ် လဲ... နားခါးလိုက်တာ... မသိရင်ပဲ ငါကပဲ သူ့ ငယ်ရည်းစားလိုလိုနဲ့ ... ဒီမှာ ရှယ်လီ... သူ့ ဟာသူ ဘာကြီးပဲဖြစ်နေနေ... လုံးဝစိတ်မ၀င်စားဘူး... အကဲခတ်စရာလဲ မလိုဘူး... သူတင်မကလို့ ... တခြားဘယ်သူဖြစ်ဖြစ် တစ်စက်ကလေးမှ စိတ်မ၀င်စားဘူး... ရှင်းတယ်နော်..."
"အဲဒါပဲ... နင်က ကိုယ့်စိတ်ကိုယ် တံခါးပိတ်ထားတာကိုး... ဒီမှာ... နင်က လူတစ်ယောက် ကိုယ့်ကိုချဉ်းကပ်တိုင်း ဇွတ်ငြင်းလိုက်မယ်ချည်းပဲ တွေးနေတာ... ဒီလူနဲ့ ကိုယ်နဲ့  သဟဇာတဖြစ်မလား သဘောထားချင်းညီမလားဆိုပြီး မချင့်ချိန်ဘူး... ခု နန္ဒာ့ကိုဆို ကြည့်စမ်း... ဒီအသက်အရွယ်ရောက်မှ သူနဲ့ အဆင်ပြေမယ့်သူတွေ့ လို့  ရွေးချယ်လိုက်တာ... နင်လဲ အဲလိုချင့်ချိန်သင့်ပြီနော် မိသု... အားနေ အပျက်ဘက်ကချည်းတွေးပြီး ကိုယ့်စိတ်ကိုယ် တံခါးပိတ်ထားမနေနဲ့ ..."
"တော်စမ်းပါဟာ... မိသုတို့ က တစ်ယောက်တည်း နေနိုင်တယ်... ဘယ်သူမှ မလိုဘူး..."
စကားအတင်မခံချင်လို့  ပြောလိုက်ရပေမယ့် ရှယ်လီ့ နောက်ဆုံးစကားက ကိုယ့်ကို ငိုင်ကျသွားစေတာတော့အမှန်ပဲ။ သူပြောသလိုများ တကယ်ဖြစ်နေပြီလား... ဟုတ်တော့လဲ ဟုတ်သလိုပဲ... ကိုယ်ကလဲ ကျောင်းတုန်းကတည်းက ခုချိန်ထိ ကိုယ့်ကိုချဉ်းကပ်လာတဲ့သူတွေကိုဆို တချက်လေးတောင် မစဉ်းစားဘဲ 'ဘူး' ခံငြင်းခဲ့တာချည်းပဲလေ။ ရှယ်လီပြောသလို ကိုယ်နဲ့ အဆင်ပြေမပြေကို တစ်ခါမှ လေ့လာအကဲမခတ်ဖူးခဲ့တာ။ လေ့လာအကဲခတ်သင့်မှန်းလည်း စိတ်ကူးတောင် မကြည့်ခဲ့မိတာ။ ခုပြန်စဉ်းစားကြည့်တော့မှ နန္ဒာတို့  ဆုမွန်တို့ ကမှ ကျောင်းတုန်းက ရည်းစားမကျတကျ သံယောဇဉ်လေးတွေ ဖုန်းထဲကတဆင့် ရှိခဲ့ဖူးသေးတယ်... နောက်ပိုင်းမှ အဆင်မပြေလို့  ရည်းစားအဆင့်ကိုမရောက်လိုက်ဘဲ ဇာတ်လမ်းတွေပြီးကုန်ကြတာ။ ရှယ်လီပြောသလိုဆို သူတို့ ကမှ ကိုယ့်လိုမျိုး ဘယ်သူလာလာ ဇွတ်မှိတ်မငြင်းဘဲ စဉ်းစားချင့်ချိန်ခဲ့သေးတယ်ပေါ့နော်။ ကိုယ့်မှာသာ ဘယ်သူလာပြောပြော ငြင်းလွှတ်မယ်ဆိုတဲ့ အစွဲကြီး ၀င်နေတာထင်ပါရဲ့ ။ အစပိုင်းလာပြောကြတဲ့သူတွေကို သဘောမကျတာနဲ့ ပဲ နောက်ပိုင်း လာပြောသမျှလူတွေအားလုံးကိုလဲ အကဲတောင်မခတ်ကြည့်တော့ဘဲ အပြတ်ငြင်းပစ်တဲ့ အကျင့်ကြီးရသွားတယ် ထင်တယ်။ ဒီလိုဆို ကိုယ်က သူပြောသလို ကိုယ့်စိတ်ကိုယ် တံခါးပိတ်ပြီး ဘယ်သူမှ ၀င်မလာအောင် ကိုယ့်ကိုယ်ကို တားဆီးနေခဲ့တာပေါ့။ ဒါဆို ဒါဆို... ငါ အပျိုကြီးဖြစ်နေတာ ကိုယ့်ခံစားချက်ကိုယ် သုံသပ်ကြည့်ဖို့ မေ့လျော့နေခဲ့လို့ ပေါ့နော်။ ဘုရားရေ... ဒါဆို ငါက နှစ်ပေါင်းများစွာ ကိုယ့်စိတ်ကိုယ် အကျဉ်းချထားတဲ့သူ ဖြစ်နေပါပေါ့လား။
.........................................................
တီ တီ တီ တီ တီတီ
နောက်ဖက်ကကားဆီမှ ကျယ်ကျယ်လောင်လောင်ဟွန်းသံကြားမှ သတိဝင်လာပြီး လီဗာကိုဆောင့်နင်းကာ မီးပွိုင့်မှ ထွက်လိုက်မိသည်။ အတွေးတွေနဲ့ ချာချာလည်ပြီး စိတ်နဲ့ လူနဲ့ မကပ် ဖြစ်သွားလိုက်ပုံများ... မင်္ဂလာပွဲ ဘယ်အချိန်ပြီးသွားလို့  ဘယ်သူတွေကိုနှုတ်ဆက်ခဲ့ပြီး ဘယ်လိုကားပြန်မောင်းခဲ့သလဲတောင် မမှတ်မိချင်။ ရှယ်လီနဲ့ စကားပြောအပြီး ထောပတ်ထမင်းကို တို့ ကနန်းဆိတ်ကနန်းစားတာ၊ ပြန်ခါနီး မျိုးမောင်မောင်က ဆရာကန်တော့ပွဲအတွက်အလှူငွေနဲ့  သူ့  visiting card လာပေးရင်း သံယောဇဉ်မပြတ်တဲ့ အကြည့်တွေနဲ့ ကြည့်သွားတာ၊ ရှယ်လီက 'သေချာ အကဲခတ်ကြည့်လိုက်နော်'လို့  ပြုံးစိစိလာပြောသွားတာလောက်ပဲ ရေးတေးတေးမှတ်မိတော့သည်။ ခေါင်းထဲမှာ 'ကိုယ့်စိတ်ကိုယ် တံခါးပိတ်ထားတာ' ဆိုတဲ့ စကားပဲ ပဲ့တင်ထပ်နေကာ ကားကိုတောင် ဦးတည်ရာမရှိဘဲ မောင်းလာနေမိတာ ခုနကအထိပဲ။ တော်သေးတာပေါ့... accident တွေ ဘာတွေမဖြစ်လို့ ။ ဒီပုံနဲ့  ကားဆက်မောင်းနေလို့ တော့ မဖြစ်သေးပါဘူး... အာရုံပြောင်းသွားအောင် ရှေ့ က city mart ထဲ ၀င်လိုက်မှပဲ။
city mart ထဲဝင်သွားတော့ အပြာရောင်ဝတ်စုံနဲ့  အလှကြီးလှနေတဲ့ ကိုယ့်ကို လူတွေက ကွက်ကြည့်ကြည့်နဲ့ ... အင်းနော်... ရှယ်လီပြောတာတော့ မှန်နေပါပြီ... ဒီအရွယ်ရောက်တဲ့အထိတောင် ဒီလောက်လှသေးတဲ့ငါ ခုချိန်ထိ တစ်ယောက်မှမတွေ့ သေးတာ ကိုယ့်စိတ်ကိုယ် တံခါးပိတ်ထားမိလို့ ပဲ။ ဒါဆို ငါက တစ်သက်လုံး ဒီအတိုင်းပဲ နေသွားရတော့မှာလား... ကိုယ့်အနားကလူတွေကို ပြန်ပြီးအကဲခတ်ကြည့်ရမှာလား။ စဉ်းစားရင်းနဲ့  မျိုးမောင်မောင် မျက်နှာကြီးက မဆီမဆိုင် ပေါ်လာပြန်ပြီ... ဘာဆိုင်လို့ တုန်း... ဒီလောက် ရုပ်ဆိုးဆိုး ဗိုက်ပူပူကြီးကိုများ... ။
cosmetic တန်းဘက်ရောက်တော့ အိမ်မှာ anti-wrinkle gel ကုန်တာ သတိရတာနဲ့  တစ်ဗူးလှမ်းယူလိုက်မိသည်။ ထုံးစံအတိုင်း sales girl လေးက အသက်၃၀ကျော်ရင် အသားအရေတွေ ဘယ်လို ပျက်စီးတတ် ကြောင်း၊ အရေးအကြောင်းတွေ ဘယ်လိုပေါ်တတ်ကြောင်းကို အားပါးတရ ပြောနေတာကို နားထောင်နေပေမယ့် နားထဲမှာတော့ အသံတွေက ဝေးသွားလိုက် နီးသွားလိုက်နဲ့ ။ အသက်တွေလဲကြီးလာပြီပဲနော်... အပေါ်ယံအလှတွေ ဘာအရေးကြီးတော့မှာလဲ။ အဓိကက စိတ်ထားကောင်း ဖို့ ပါပဲလေ... အင်း... ဒီလိုဆိုတော့လဲ မည်းသည်းသည်း ရုပ်ဆိုးဆိုး မျိုးမောင်မောင် မျက်နှာက အာရုံထဲမှာ အနည်းငယ်ပြေလာသလိုပဲ။အာ... ငါဘာတွေ စဉ်းစားနေမိပါလိမ့်... ရှေ့ မှာ အဆီကျ လက်ဖက်ခြောက်ထုပ်ပါလား။ ဒီလတော့ မင်္ဂလာဆောင်အတွက်နဲ့  gym ကို ၂ပါတ်လောက်တောင်ပျက်ထားတာ... တစ်ထုပ်လောက် ၀ယ်သွားဦးမှ... ကိုယ်တွေလဲ ၀ိတ်တွေတော်တော်လေး သတိထားထိန်းရတဲ့အရွယ်ရောက်လာပြီ... မိန်းကလေးတွေတောင် ဒီလောက်ထိန်းရခက်တာ... ဘီယာတွေဘာတွေသောက်တတ်တဲ့ ယောကျာ်းလေးတွေဆို ပိုဆိုးမှာပဲနော်... အင်း... မျိုးမောင်မောင်ရဲ့  ဘီယာဗိုက်ကြီးကို အဆီကျ လက်ဖက်ခြောက်ထုပ်က before နဲ့  after ပုံလိုမြင်ယောင်ကြည့်တော့လဲ သူ့ ပုံစံက သိပ်မဆိုးလှပါဘူး... အာ... တော်စမ်းပါ... သုသုသွေး... နင့်စိတ်တွေ ဘာဖြစ်နေရတာတုန်း...။
တောက်... အရေးထဲမှ ရှေ့ က အတွဲကလည်း အဖြစ်တွေသည်းနေလိုက်တာ... ကောင်မလေးက သူ့ ကိုယ်သူ 'မီး မီး' နဲ့  ပကျိပကျိ ချွဲနေလိုက်ပုံများ... ပက်ကျိမ ကျနေတာပဲ... အမလေး... ဘာမဟုတ်တဲ့ စကားကိုများ ရယ်နေလိုက်တာ... လုပ်ရယ်သံကြီးနဲ့ ... နားကလောချင်စရာ... စာအုပ်ရှာနေရတာတောင် အာရုံနောက်တယ်။ မဂ္ဂဇင်းတွေကလည်း ဒီနေ့ မှ ကိုင်လိုင်တိုင်း မျက်နှာဖုံးတိုင်းမှာ မော်ဒယ်တွေရဲ့  သတို့ သမီး သတို့ သားဝတ်စုံတွေနဲ့  မင်္ဂလာဆောင်ပုံ ဓာတ်ပုံတွေချည်းပဲ... သီတင်းတောင်ကျွတ်မယ် မကြံသေးဘူး... အမြင်ကတ်စရာနော်... အမယ်... ဒီ သတို့ သမီးထိုင်မသိမ်းလေးက အပြာရောင်လေးပါလား... ငါဝတ်ချင်တဲ့ ပုံစံလေးပေါ့... ဘေးက သတို့ သားနေရာမှာ ဟို မျိုးမောင်မောင် ရုပ်က ၀င်လာပြန်ပြီ... ကဲ သုသုသွေးရေ... နင် ဘယ်လိုဖြစ်နေလဲ... နင်တစ်သက်လုံး အရိပ်တကြည့်ကြည့်နဲ့  ထိန်းလာခဲ့တဲ့ အပျိုကြီးသိက္ခာကိုမှ မထောက်... ရှက်ဖို့ ကောင်းလိုက်တာ။
"ဟင်... ဦးကလဲ... မရဘူးကွာ... ၀ယ်ပေးရမှာဘဲ... နော်ဆို... နော်နော်..."
ကိုယ့်ကိုယ်ကို ဒေါသတကြီး ကျိန်ဆဲပြီးလှည့်အထွက် ဘေးက ပက်ကျိမက နှုတ်ခမ်းကိုဆူ၊ ခြေကိုဆောင့်ပြီး အချွဲလွန်သွားကာ သူ့ ရဲ့ ဒေါက်ချွန်ကြီးနဲ့  ကိုယ့်ခြေထောက်ကို တည့်တည့်ကြီးကို နင်းချလိုက်တော့ အစကတည်းက ထွက်ပြီးသားဒေါသက ခြေထောက်နာတာနှင့်ပေါင်းပြီး ငယ်ထိပ်ကို ရောက်သွားတော့သည်။
"အား... ဟဲ့... ဘယ်လိုဖြစ်နေတာတုန်း... ဘယ်လောက်တောင် ထွန့် ထွန့် လူးနေလို့  လူတယောက်လုံးကိုတောင် မမြင်ရတာလဲ..."
ပြောပြောဆိုဆို မျက်နှာချင်းဆိုင် ရန်တွေ့ မယ်အလုပ်... ဟင်... အဲဒါ အဲဒါ... ပက်ကျိမ လက်မောင်းကြီးချိတ်ပြီး ချွဲပစ်နေတာကို မိန့် မိန့် ကြီးပြုံးပြီး သဘောတွေကျနေတာ ဟိုသကောင့်သား မျိုးမောင်မောင် မဟုတ်လား။ အမလေး... ပက်ကျိမရဲ့  ဦး ဆိုတာ ဒင်းကိုး... ရှယ်လီမြင့်ရေ... နင်ပြောတဲ့ လူပျိုကြီးကို လာကြည့်ဦးဟဲ့... သူ့ သမီးလောက်ရှိတဲ့ကောင်မလေးနဲ့  သူ့ မျက်နှာ အဆီတ၀င်းဝင်း ဖောင်းအစ်အစ်ကြီးကို ဖြီးနေလိုက်ပုံများ... မသတီချင်စရာ...။ ခုမှ လူကိုတွေ့ ပြီး မျက်လုံးတွေပြူးပြီး မျက်နှာတွေအကြီးအကျယ်ပျက်လို့ ... ခုနက မင်္ဂလာဆောင်မှာ သံယောဇဉ်မပြတ်တဲ့မျက်လုံးတွေနဲ့ ကြွေပြခဲ့လို့  သုသုသွေး တယောက် ရင်တွေခုန်နေပြီလို့  အပိုင်တွက်ထား တယ်ပေါ့ လေ... ရင်တွေခုန်ထားရပြီးမှ နင့်သရုပ်မှန်ကိုတွေ့ ရလို့  ဒေါသတွေထွက်ပြီး နင်ပဲငဆ ရန်တွေ့ တော့မယ်များ ထင်နေသလား... ဆောရီးပဲ မျိုးမောင်မောင်ရေ... အဲလို ခပ်တုံးတုံးမိန်းမတွေရဲ့ လုပ်ရပ်မျိုး သုသုသွေးတို့ က မလုပ်သေးဘူး။
"ဟယ်... ဆောရီးနော်... ယူ့ သမီးလေးမှန်း မသိလို့ ပါ... သမီးရေ... ဆောရီးနော်... အန်တီ မသိလို့ ပြောမိတာပါ... စိတ်မဆိုးနဲ့ နော်..."
ဘယ်ရမလဲ... နှစ်ယောက်လုံးကြက်သေသေနေတုန်း ပြုံးပြုံးလေးပြောပြီးလှည့်ထွက်မယ်လုပ်ပြီးမှ ထပ်ပြီးတော့...
"သြော် ဒါနဲ့ ... နောက်လ ဆရာကန်တော့ပွဲနေ့ ညမှာ gathering dinner လဲလုပ်မှာသိလား... ယူ့ သမီးလေးရော ခေါ်ခဲ့နော်... သူငယ်ချင်း မိသားစုတွေ စုံကြတာပေါ့... သွားမယ်နော်..."
ကဲ... မှတ်ပလား... သမီးလောက်ဟာလေးရှိရဲ့ သားနဲ့  ငါ့ကိုလာပြီး ကပ်ချင်ဦး... အပျိုကြီးဆိုတဲ့ဂုဏ်ပုဒ်မှာ အားမနာလျှာမကျိုးပြောခွင့်ရတဲ့ အခွင့်အရေးလဲ ကပ်ပါထားပြီးသားပဲလေ။ ပြောရတာ အရသာရှိလိုက် တာနော်။ ကောင်တာမှာငွေရှင်းပြီး ကားဆီကိုပြန်အသွား ခြေလှမ်းတွေပေါ့ပါးလန်းဆန်းနေပုံများ... ဒေါက်ဖိနပ်ခွာသံလေးတောင် တခွပ်ခွပ်မြည်လို့ ။ဆိုင်ထဲအ၀င်တုန်းက ငိုင်တိုင်တိုင်ပုံစံနဲ့ များ ဘာဆိုင်လို့ လဲ... မင်္ဂလာပွဲသွားတုန်းက ခြေလှမ်းတွေထက်တောင် ယုံကြည်မှုပိုသေးတယ်။ ဒါကမှ တကယ့်အောင်နိုင်သူတစ်ယောက်ရဲ့  ခြေလှမ်းတွေပေါ့။ အမလေး... ကံကောင်းလို့ နော်... ဟိုမိန်းမရဲ့  စကားမှိုင်းတွေမိပြီး လူကတွေဝေသွားတော့မလို့ ... ရှယ်လီမြင့်ရေ... နင်ပြောသလို ငါကပဲ ကိုယ့်စိတ်တံခါးကိုယ်ပိတ်ထားတယ်ဆိုရင်တောင် ပိတ်ထားလက်စနဲ့  ကျေကျေနပ်နပ်ကြီး ဆက်ပိတ်ထားလိုက်ပါတော့ မယ် ကွယ်... ဒီအသက်အရွယ်ရောက်လို့  တံခါးပြန်ဖွင့်ခါမှ အိုကြီးအိုမ ကြောင်ပါးကြီးတွေနဲ့ တွေ့ နေရမှာထက်စာရင် တံခါးပိတ်ထားတဲ့ ငါ့ကမ္ဘာကျဉ်းကျဉ်းလေးက အများကြီး ပိုပြီးသာယာပါတယ်။
စိတ်လက်ပေါ့ပါးစွားနဲ့  ကားပေါ်တက်မယ်အလုပ်မှာမှ ဗိုက်ထဲက ဂွီ ခနဲ မြည်သံကို သတိထားလိုက်မိသည်... ဟုတ်သားပဲ... မနက်ကတည်းက ခုထိ ဘာမှ ဟုတ်တိပတ်တိမှ မစားရသေးပဲကိုး... ဟုတ်ပြီ... အိမ်ကို ဖုန်းဆက်လိုက်ဦးမယ်...
"မီးလုံးလား... တီသုပါ... ထမင်းစားနေပြီလား... ခဏလေးစောင့်နော်... ပုဇွန်ကင်နဲ့  ဂဏန်းကင် ၀ယ်လာမယ်လို့  ဖုန်းလှမ်းဆက်တာ... ဒါပဲနော်..."
ဖုန်းချအပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လောကကြီးတခွင်က သာယာလို့ ပါလား... အသက်ရှူရတာတောင် ပိုပြီး လတ်ဆတ်နေသလိုပဲ။ ကဲ... ဆိုင်မှာ ရခိုင်မုန့် တီ စပ်စပ်လေး အပြတ်သွားစားမယ်... အပြန်ကျ မမအတွက် ပုဇွန်ကင် ၀ယ်သွားမယ်။ မီးလုံးအတွက်က ဂဏန်းကင်နဲ့  မုန့် လက်ဆောင်း...။ သြော်... မေ့တော့မလို့ ... ကီကီလေးအတွက်လဲ ငါးဖယ်ကြော် ၀ယ်သွားဦးမှ...။ ပြီးရင် ကီကီနဲ့  မီးလုံးကြိုက်တဲ့ kool ice-cream လဲ ၀င်ဝယ်လိုက်ဦးမယ်... အင်း... ဒီနေ့ တစ်နေ့ တော့ ကိုယ့်ကိုယ်ကို celebrate သေချာလုပ်ရမယ်။ ရခဲလှစွာသော လူ့ ဘ၀မှာ အမြတ်ဆုံးသော အပျိုကြီးဘ၀ကို လက်ဝယ်ပိုင်ဆိုင်ထားရမှန်း ကိုယ့်ကိုယ်ကို သတိပြုမိတဲ့ အထိမ်းအမှတ်ပေါ့ကွယ်.....။
Subscribe to:
Posts (Atom)