| |||
တာလေ။ ကျွန်တော် ရှစ်တန်းကျောင်းသား ကတည်းက ဒီသတင်းလေးတွေ တွေ့ရင် အမေ က အလုပ်လုပ်ရာက အပြေးလေး လာလာပြီး `ငါ့သား ကြည့်စမ်း။ ဘယ်လောက်ဂုဏ်ယူဖို့ ကောင်းလဲ၊ အမေလည်း သား ဆယ်တန်း အောင်ရင် ဒီလိုလေး ထည့်ချင်လိုက်တာ။ ဒါကြောင့် ကြိုးစားစမ်းပါ သားရယ်’ လို့ပြောပြီး အားကျအောင် ဇွတ်ဖတ်ခိုင်းလေ့ရှိတယ်။ ကျွန်တော် ကိုးတန်းအောင်တော့ ဇာတိ ပခုက္ကူ မြို့မှာ မထားဘဲ မန္တလေးမြို့က နာမည်ကြီး သင်တန်းတစ်ခုကို ပို့ဖို့ စီစဉ်တယ်။ အဖေက လည်း `ငါတို့မှာ ဒီသားလေးတစ်ယောက်တည်း ရှိတာ။ ပညာရေးနဲ့ပတ်သက်ပြီး အားပေးရမှာပဲ။ ဘယ်လောက်ကုန်ကုန်’ ဆိုတဲ့အစားထဲက။ ဒါနဲ့ပဲ ကျွန်တော် ဆယ်တန်းမှာ မန္တလေးမြို့ကို စရောက်ခဲ့ရတယ်။ အဆောင်မှာ ကျွန်တော့်ကို ကျောင်းအပ်အပြီး အမေတို့ ပြန်မယ်လုပ်တော့ တစ်ခါမှ မခွဲဖူးတဲ့ ကျွန်တော် ဘယ်စိတ် ကောင်းမလဲ။ | |||
အမေ့ကို တစ်ပတ်တစ်ခါလောက် လာတွေ့ဖို့ မှာမိတယ်။ “သားကို အမေလည်း မခွဲချင်ပါဘူး။ ဒါပေမဲ့ သားလေးကို အမှတ်ကောင်းကောင်း ဂုဏ်ထူးတွေ အများကြီးနဲ့အောင်စေချင်လို့၊ ပညာ တတ်ကြီးဖြစ်စေချင်လို့ အခုလို ထားခဲ့ရတာပါ။ သား စာတွေ ကြိုးစားနော်။ လိုတာရှိရင် ဖုန်းဆက်ပြီး ချက်ချင်းပြောလိုက်၊ အမေ ချက်ချင်း လာပို့ပေးမယ်” အဖေကတော့...“အဆောင်ဆိုတာက အိမ်နဲ့ မတူဘူး။ အချိန်နဲ့ သူ့စည်းမျဉ်းစည်းကမ်းအတိုင်း အများ လုပ်သလို လုပ်ရတာ။ ငါ့သားကို ဒီအတွေ့ အကြုံတွေ ရစေချင်တယ်။ ဒါကြောင့် သည်းခံ ကြိုးစားပြီးနေရမယ်။ ဒါမှယောကျာ်းကွ”လို့ အားပေးရှာတယ်။ | |||
ကျွန်တော် အဖေရော အမေကိုပါ ချစ်တယ်။ သူတို့ဖြစ်စေချင်တဲ့ဆန္ဒကို ပြည့်စေချင် တယ်။ ဒါကြောင့် ကျွန်တော် မပျော်တဲ့အဆောင်မှာ ကျိတ်မှိတ်သည်းခံပြီး နေခဲ့ပါတယ်။ အဆောင်မှာက ကျွန်တော်တို့လို တစ်နယ်တစ်ကျေးက လာတက်ကြတဲ့သူတွေ ရှိသလို ဒီမြို့ပေါ်ကပဲ မိဘနဲ့ ခွဲပြီး ညအိပ်ညနေ လာတက်ကြတာတွေလည်း ရှိတော့ ကျွန်တော့် အနေနဲ့ ဖြေသာပါတယ်။ အဲဒီမှာ ဝေလင်း၊ ငယ်မိုးနဲ့ နှင်းအိဆိုတဲ့ သူငယ်ချင်းအသစ်တွေ ရလာခဲ့တယ်။ | |||
တစ်နှစ်ဆိုတဲ့အချိန်ကလည်း ခဏလေးပါ။ အဆောင်က ဆရာ ဆရာမတွေရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကြပ်မတ်သင်ကြား ပေးမှုတွေကြောင့် ကျွန်တော်တို့ အားလုံး အောင် မြင်ခဲ့ကြတယ်။ ကျွန်တော်ရယ်၊ ငယ်မိုးရယ်က ဘာသာစုံဂုဏ်ထူးနဲ့၊ ဝေလင်းနဲ့ နှင်းအိကတော့ နှစ်ဘာသာ ဂုဏ်ထူးနဲ့ အောင်ကြတယ်။ ကျွန်တော့်အတွက် ဝမ်းသာတယ် ဆိုတာထက် အမေ့ဆန္ဒကို ဖြည့်ပေး လိုက်ရလို့ ပိုဝမ်းသာမိရ တယ်။ အမေ ဆန္ဒရှိနေတဲ့ မန္တလေးထုတ် သတင်းစာ တွေထဲမှာ ဝမ်းမြောက် ဂုဏ်ယူ ကြောင်း သတင်း ထည့်လို့ရပြီ။ | |||
ကျွန်တော် အဲဒီလိုထည့်တာကို ရှက်တော့ ရှက်ပေမဲ့ အမေ့ကိုလည်း မတားရက်တာနဲ့ မတားတော့ပါဘူး။ သတင်းစာထဲမှာ ကျွန်တော် ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်တဲ့အကြောင်း ပါလာတော့ အမေ့ဆွေမျိုးတွေက မသိချင်ယောင် ဆောင်လို့ မရတော့ဘူးပေါ့။ “မြင့်မြင့်ဦးရယ် ဝမ်းသာလိုက်တာ။ ဘာသာစုံ ဂုဏ်ထူးဆိုတော့ ဆရာဝန် လိုင်းရမှာ ပေါ့နော်။ ငါတို့အမျိုးထဲမှာ ဆရာဝန်ဆိုတာ ရှိပြီပေါ့။ ဘယ်ကျောင်းက အောင်တာလဲ။ ဆေး ကျောင်းရရင်ရော ဘယ်မှာ ထားမှာလဲ” စသဖြင့် စုံလို့ မေးကြ၊ မြန်းကြ၊ စပ်စုကြနဲ့။ အဖေနဲ့ အမေက သမိုင်းအဓိက ဘီအေဘွဲ့ပဲ ရထားကြပြီး စီးပွားရေးသမားတွေလေ။ မျိုးရိုး ကလည်း ရိုးရိုးဘွဲ့ရပြီး ကုန်ရောင်းကုန်ဝယ်ပဲ လုပ်ကြတဲ့မျိုးရိုး။ ဒီထဲမှာ ကျွန်တော်က ဘာသာ စုံ ဂုဏ်ထူးနဲ့ အောင်တယ် ဆိုတော့ သူတို့မြို့ အတွက်ရော၊ ဆွေမျိုးတွေ အတွက်ရော ဂုဏ်ယူ ကြရှာတာပေါ့။ ဘာပဲပြောပြော ၂၀ဝ၀ ပြည့်လွန်နှစ် မန္တလေးမြို့ရဲ့ယဉ်ကျေးမှု စာမျက်နှာ မှာတော့ ကျွန်တော်တို့ မိသားစုလေးလည်း ပါဝင်ခွင့် ရသွားခဲ့ပါပြီ။ | |||
အမေဆိုတာ ပျော်နေလိုက်တာ။“အဖေရေ... ကျုပ်သား ကျောင်းပြီးလို့ ဆရာဝန်ဖြစ်ရင် ကျုပ်တို့အိမ်ရှေ့က ပွဲရုံတောင် ဘက်ခြမ်းက အခန်းကို အပျံစားပြင်ပြီး ဆေးခန်းလေး လုပ်ပေးကြရအောင်နော်” “မင့်သားက အခုမှ အမှတ်စာရင်းပဲ ထွက် သေးတာပါကွာ။ သူများကြားရင် ရှက်စရာကြီး။ တကယ်ဖြစ်လာမှ မင်းပြောသလို လုပ်ကြတာ ပေါ့” | |||
အဖေရော အမေရော တစ်ယောက်ရဲ့ အပျော်ကျူး စိတ်ကူးယဉ်မှုတွေကို တစ်ယောက် က သတိပေး ဘရိတ်အုပ်ရင်း သိသိသာသာ တစ်မျိုး၊ မသိမသာတစ်ဖုံ ကျွန်တော့်အတွက် ဝမ်းသာနေ လိုက်ကြတာလေ။ ကျွန်တော်တို့မြို့ က မကွေး ဆေးတက္ကသိုလ် နဲ့ သိပ်မဝေးပေမဲ့ ကျွန်တော် ဆယ်တန်း ဖြေခဲ့တာက မန္တလေးမှာ ဆိုတော့ မန္တလေးဆေး တက္ကသိုလ်ကိုပဲ ဆက် တက်ဖို့ အမေတို့က သဘောတူတယ်။ ကျွန်တော်ကလည်း မန္တလေးမှာပဲ တက်ချင်ခဲ့တာ။ အဲဒီမှာက နှင်းအိ ရှိတယ်လေ။ နှင်းအိက နှစ်ဘာသာ ဂုဏ်ထူးမို့ ဆေးတက္ကသိုလ် တက်ခွင့် မရပေမဲ့ မန္တလေးသူဆိုတော့ အဲဒီမှာ ရှိနေ၊ တွေ့နေရမှာပဲ။ သူ့ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာလည်း ရှိတော့ ဆက်သွယ်လို့ လွယ်တယ်။ | |||
xxxxxxxxxxxxxxxxx | |||
| |||
တယ်။ ကျွန်တော် သိပ်စီးချင်တဲ့ ဆိုင်ကယ်ကော့ကြီး ဝယ်ပေးဖို့။ အမေက တစ်မြို့ တစ်ရွာမှာ ကျောင်းသွားတက်မှာ ဆိုင်ကယ်နဲ့ စိတ်မချလို့ လက်ရှိအမေတို့စီးနေတဲ့ စူပါဆလွန်း ကို ပေးလိုက်မယ့်အကြောင်း၊ အမေတို့ကတော့ ဆန်နီ တစ်ပတ်ရစ်လေး တစ်စီး ထပ်ဝယ်မယ့် အကြောင်း ပြောပြတယ်။ “လိုတာတွေ အားလုံး ထည့်ပြီးကြပြီ လား။ ဘာတွေ လိုသေးလဲ။ ဒီမှာ ငါ့မိတ်ဆွေ တစ်ယောက်က ရောင်းလို့ ဟန်းဖုန်း ဝယ်လာ ခဲ့တယ်။ အိမ်မှာက လိုင်းဖုန်းရှိနေတော့ အဲဒါ မင်း ယူသွားလိုက်။ ငါတို့လည်း အချိန်မရွေး မင်းနဲ့ ဆက်သွယ်လို့ရတာပေါ့” အဖေ့စကားကြောင့် အမေက ပိုပျော်သွားပုံ ရတယ်။ “ကျေးဇူးတင်လိုက်တာ ကိုလွင်ဦးရယ်။ ကျုပ်တောင် ရှင့်ကို အကြံပေးမလို့။ ကဲသား အခု အမေတို့ဘက်က သားအတွက် အားလုံး လိုလေသေးမရှိ လုပ်ပေးလိုက်တယ်။ သားဘက် က စာပဲကြိုးစားပြီး ဆရာဝန်ကြီးဖြစ်အောင် လုပ်ဖို့ပဲနော်။ ဆေးလိပ်လည်း မသောက်မိစေနဲ့။ အရက်လည်း မသောက်မိစေနဲ့။ မင်းအဖေဆို တွေ့လား၊ အသောက်အစားကင်းတယ်၊ ကွမ်း ပဲစားတတ်တာ။ ငါ့သားက သူ့ထက်သာအောင် ကွမ်းပါ မစားနဲ့” မန္တလေးကို မသွားခင် ကျွန်တော့် အခန်းထဲမှာ အလှပေး ထားတဲ့ Lucky Fish ငါးကန်ကြီးကို အပြီး သတ်ဆေး ခဲ့တယ်။ ပြီးတော့ ကျွန်တော့် ဘော်ဒါ ငါးကြီးကိုလည်း `မင်း ကောင်းကောင်း နေခဲ့နော်။ မင်းအတွက် အစာကို အမေ ဆက်ကျွေး လိမ့်မယ်။ အမေတို့ကိုလည်း စီးပွား တိုးအောင်၊ အန္တရယ်ကင်း အောင် စောင့်ရှောက် လိုက်ဦး’ လို့ မှာခဲ့ရ သေးတယ်။ အမေ့ကိုလည်း ဒီကောင်ကြီး ကြိုက်တဲ့ ပုစွန်ဆိတ် အရှင်လေး တွေ ကျွေးဖို့ မမေ့ပါနဲ့ လို့ ပြောလိုက်တယ်။ ကျွန်တော် ကိုးတန်းအောင် တုန်းက အဖေ အမှတ်တရဝယ် ပေးထားတဲ့ သိန်းဆယ်ချီတန်တဲ့ ဒီငါးကြီးအတွက် ကျွန်တော် စိတ်မချဖြစ် နေတာလေ။ မန္တလေးမှာ ကျောင်းတက်ဖို့ရောက်တော့ ကျွန်တော် တက်ရမယ့် လမ်း ၃၀ ပေါ်က ဆေးတက္ကသိုလ်နဲ့ သိပ်မဝေးလှတဲ့ ရွှေလှံရပ်ထဲ က အမေ့အစ်မအိမ်မှာ နေဖြစ်သွားတယ်။ ကြီးမေတို့အိမ်က ခြံပြည့်ဝင်းပြည့်အိမ်ဆိုတော့ အိမ်ရှေ့တံခါး တွန်းဖွင့်လိုက်တာနဲ့ လမ်းဘေး ပလက်ဖောင်းပေါ် ရောက်သွားတယ်။ နံနက် စောစော ကျုံးဘက်ကို လမ်းထွက်လျှောက်ရရင် ကောင်းမှာပဲလို့ စဉ်းစားနေတုန်း “ဟိတ် နင် ရန်နောင် မဟုတ်လား။ ဘယ်လိုလုပ် ဒီရောက်နေတာလဲ” ကျွန်တော် လှည့်ကြည့်လိုက်တော့ နှင်းအိ ဖြစ်နေတာကို တွေ့ရတယ်။ “ဟာ... နှင်းအိ နင်ကရော။ ငါက ဒီ အိမ်မှာ နေမှာလေ။ ကျောင်းလာတက်တာ” “ဟုတ်လား။ နင်က ကြီးမေတို့နဲ့ ဘာတော်တာလဲ။ ဟိုဘက်က တိုက်အစိမ်းလေး က ငါတို့အိမ်လေ” | |||
xxxxxxxxxxxxxxxxxx | |||
| |||
ကျွန်တော်လည်း မန္တလေးကျုံးဘေး လမ်းလျှောက်ရ တဲ့အရသာ ကို ခံစားကြည့်ချင်တာရော နှင်းအိနဲ့ အရုဏ်ဦး အချိန်မှာ စကား တွေ ပြောချင်တာ ရောကြောင့် လက်ခံလိုက်တယ်။ ကျွန်တော် သူနဲ့ လမ်း လျှောက်ရင်း ရေမြောင်းနား အရောက်မှာ ကျွန်တော့် ခါးကြားက ဖုန်းမြည်လာ တယ်။ ကြီးမေဆီကပါ။ မပြောမဆိုနဲ့ ပျောက်သွားလို့ စိတ်ပူပြီး ဆက်တာတဲ့လေ။ နှင်းအိနဲ့ လမ်း လျှောက်နေတာ သိတော့မှ မြန်မြန်ပြန်ခဲ့ဖို့ပြောပြီး ဖုန်းချသွားတယ်။ | |||
ခုတော့ သည်ပျော်စရာ ကောင်းသော စင်္ကြံသည်ပင် စိတ်ပျက်စရာ။ လူစည်ကားမှာ သည်ပင် ကြောက်စရာ။ ဈေးရောင်းရမည်ပင် ရွံစရာ။ သန်းငွေနှင့်တွေ့ရမည် ပင် ဝမ်းနည်းစရာ။ သန်းငွေသည် ဘူတာကြီး တောင်ဘက် ဂိတ်ပေါက် ဗိုလ်ချုပ် လမ်းဖြတ် ခုံးတံတား အောက်မှာ ဈေးရောင်းသည်။ ရာသီကုန် အသီးအနှံများ ရောင်းသည်။ သူ့ဆိုင်သည် ဖင်တစ်ထိုင်စာသာ နေရာလိုသည်။ တစ်နေ့လုံးရောင်း၍ ညဆယ်နာရီခွဲလျှင် ဆိုင်သိမ်းသည်။ ဆိုင်သိမ်း သည်ဆိုသည်မှာ သူ ဖင်ခုထိုင်သော ဖျာလေး လိပ်၊ ချိုင်းကြား ညှပ်၊ ဈေးဗန်း ခေါင်းရွက် အိမ်ပြန် ခြင်းဖြစ်သည်။ သူ့ဆိုင်သိမ်းချိန်မှာ မောင်ဝ ရောက်လာတတ်သည်။ သန်းငွေကို အိမ်လိုက်ပို့ပေးသည်။ လမ်းမှာ နှစ်ကိုယ်ကြား စကားပြောသည်။ တစ်ခါတစ်ရံတော့ စင်္ကြံပေါ်မှာ ပြန်အိပ်သည်။ ဤသည်မှာ ညတိုင်း မပျက်ကွက်သော မောင်ဝ၏ တာဝန်။ သို့သော် မောင်ဝနှင့် သန်းငွေ တစ်ခါဖူးမျှ အချစ်မကျူးမိခဲ့ကြ။ | |||
ဒီနေ့ စာ စသင်မယ့်နေ့။ ကျွန်တော် အိမ်ကနေ စောစော ထွက်လာခဲ့တယ်။ ငယ်မိုးနေတဲ့ ဗောဓိကုန်းထဲက အဆောင်ကို ဝင်ခေါ်ရဦးမှာ လေ။ ငယ်မိုးက ဒီတစ်လတော့ ကျောင်းသွားရင် သူ့ကို လာခေါ်ပေးပါဦးလို့ ပြောတယ်။ နောက်လဆိုရင်တော့ သူ့အိမ်က သူ့အတွက် ဆိုင်ကယ်ပို့ပေးမယ်တဲ့။ ကျွန်တော်တို့ နှစ်ယောက် အတန်းချိန်မီအောင် စောထွက်လာ ခဲ့ကြတာ။ မနက်က လမ်းမလျှောက်ဖြစ်တော့ နှင်းအိနဲ့လည်း မတွေ့ခဲ့ရဘူး။ ကျောင်းသွားဖို့ စိတ်စောနေတော့ မနက်စာတောင် မစားခဲ့ရဘူး။ ကျောင်းရောက်တော့ ၇၄ လမ်းဘက်က မဝင်မိ ကြဘဲ လမ်း ၃၀ ရှေ့မျက်နှာစာဘက်က ဝင်ခဲ့ မိကြတယ်။ ကိုယ်က စောလှပြီမှတ်နေတာ။ ကျောင်းထဲဝင်လိုက်တာနဲ့ ကိုယ့်ထက် အရင် ရောက်နှင့်နေသူတွေက အပုံကြီး။ တချို့က တက်ရမယ့်အခန်းတွေ လိုက်ရှာနေကြတယ်။ တချို့တွေကလည်း ကိုယ့်အဖွဲ့နဲ့ကိုယ် ရပ်စကား ပြောနေကြတယ်။ ကျွန်တော်တို့တော့ ဟို တစ်နေ့ကတည်းက နှင်းအိအဒေါ်ပြထားလို့ ဘယ်အခန်းတက်ရမယ်ဆိုတာ သိပြီးသား။ အတန်းချိန်ရောက်ဖို့ ၄၅ မိနစ်လောက်လည်း လိုသေးတာနဲ့ ကျွန်တော်ရယ်၊ ငယ်မိုးရယ်ရှေ့ မျက်နှာစာအဝင်ဝက `ဆေးတက္ကသိုလ်- မန္တလေး’ လို့ရေးထားတဲ့ ရှေ့မှာ ယောင်လည်လည် လုပ်နေကြတယ်။ ဆိုင်ထဲမှာ ကျောင်းသူကျောင်းသားတွေနဲ့ ပြည့်လို့။ နေရာလွတ်ကို မနည်းရှာယူ ရတယ်။ ဆိုင်မှာ ထိုင်နေတုန်း အမေ့ဆီက ဖုန်းလာ တယ်။ အခု ကျောင်းမှာ အတန်းချိန် မရောက်သေးလို့ မနက်စာ စားရင်း စောင့်နေတဲ့ အကြောင်း ပြောပြလိုက်ရတယ်။ | |||
xxxxxxxxxxxxxxxxx | |||
| |||
နှင်းအိနဲ့ မနက်တိုင်း လမ်းလျှောက် ဖြစ်နေ တော့ နေ့စဉ်လိုလို တွေ့ဖြစ်နေကြတယ်။ သူနဲ့ ကျွန်တော့်ရဲ့ ခင်မင်မှု ကလည်း အခုရက်ပိုင်း အရောင်ပြောင်း လာသလိုပဲ။ ကျွန်တော်တို့ တစ်တွေ တစ်ယောက်နဲ့ တစ်ယောက် ဖွင့် မပြောရသေးပေမဲ့ အများကတော့ အတွဲလို့ တောင် ထင်နေကြတယ်။ တစ်မနက်တော့ ကျွန်တော် နှင်းအိကို ဖွင့်ပြောပစ် လိုက်တယ်။ ဘာမှ သိုင်းဝိုင်း မနေတော့ပါဘူး။ နှင်းအိက လည်း လက်ခံလိုက်တယ်လေ။ ကျွန်တော် ကောင်မလေး တစ်ယောက် နဲ့ ရည်းစား ဖြစ်ဖို့ အစစအရာရာ လွယ်ကူခဲ့ပါတယ်။ နှင်းအိအခြေ အနေက အပျော်တွဲရင်လည်း တွဲပျော်သလို အတည်ဖြစ် သွားရင်လည်း အမေလက်ခံနိုင်မယ့် အသိုင်းအဝိုင်း မျိုးလေ။ ယောကျာ်းလေး ဆိုပေမဲ့ ဒါမျိုးတွေက ထည့်စဉ်းစား ရသေးတယ်။တော့ ...။ သူလည်း ကျွန်တော့်လို စဉ်းစားမှာပါပဲ။ ကျွန်တော်တို့ ချစ်သူနှစ်ဦး ရဲ့ပုံမှန်တွေ့ချိန်က နံနက် ၆ နာရီကနေ ၇ နာရီအတွင်း ကျုံးဘေး မှာ လမ်းလျှောက်ကြရင်းပေါ့။ တစ်ခါတလေ ကျွန်တော် အိပ်ရာထ နောက်ကျသွားလို့ လမ်း လျှောက်ပျက် ရင်တော့ သူနဲ့ အဝင် အထွက် လောက်ပဲ တွေ့ကြရပြီး စကားမ ပြောဖြစ်ကြဘူး။ | |||
ကျွန်တော်တို့ ကျောင်းနားမှာက နှင်းအိ ထက် စိတ်ဝင်စားစရာကောင်းတာတွေ အပုံကြီး လေ။ အင်တာနက်သုံးပြီး chatting ထဲမှာ ကောင်မလေးတွေနဲ့ ကြည်မလား၊ computer game ဆော့ချင်သလား၊ ဘိလိယက်စနူကာဆိုင် ဝင်ပြီး နည်းပြကောင်မလေး တွေရဲ့ခါးကိုင်၊ လက်ကိုင်ပြီး သင်ပေးတာကို ခံချင်သလား၊ ဒီလိုဆိုင်တွေ ပတ်လည်ဝိုင်း နေတဲ့အလယ်ဗဟို မှာက ကျွန်တော်တို့ကျောင်းကြီးလေ။ အချိန်ပိုင်း ဝင်နှပ်လို့ရတဲ့ တည်းခိုခန်း တွေလည်း ရှိတယ်။ အတန်းလစ်တာများလာတဲ့ ကျွန်တော် တို့အဖွဲ့ကို ဌာနမှူးဆရာက တစ်ရက် ခေါ်တွေ့ ပြီး သတိပေးတယ်။ ဆေးကျောင်းသားဆိုတာ စာနဲ့ မျက်နှာနဲ့ ခွာလို့ မဖြစ်နိုင်တဲ့အကြောင်း၊ စာတွေများတော့ ဘယ်လောက်ဉာဏ်ကောင်း ကောင်း စာမေးပွဲနီးမှ စုပြုံပြီးကြည့် လို့မရကြောင်း ဆုံးမလိုက်တယ်။ နောက်ရက်တွေ အတန်းပျက် ရင် အိမ်တွေကို သတိပေးရမယ် လို့လည်းပြော လာတယ်။ စာမေးပွဲကလည်း သိပ်မလိုတော့လို့ အခုရက်ပိုင်းတွေ ကျွန်တော်တို့ နည်းနည်းခြေ ပြန်ငြိမ် နေကြရတယ်။ ဒါပေမဲ့ ကျွန်တော်အာမ ခံရဲတာက အခုအချိန်ထိ အမေမကြိုက်တဲ့ ဆေး လိပ်နဲ့ အရက်ကို ကင်းရှင်းတယ် ဆိုတာပါပဲ။ ငယ်မိုးတို့ ဇော်ပိုင်တို့က ဆေးလိပ်သောက်တတ် လာပေမဲ့ ကျွန်တောကတော့ ကြိုက်ကိုမကြိုက်တာ။ တခါတလေ ကျွန်တော်တို့ထိုင်နေကြ အချစ်ရွာ ထဲကို ဝတ်စုံတူလေး တွေဝတ်ထားတဲ့ ကိုယ်လုံး လှလှ ကောင်မလေး တွေရောက်လာပြီး ပေးသွားတဲ့ စီးကရက်တွေ ရရင်လည်း ငယ်မိုး တို့ကိုပြန်ပြီး ဒါနပြုလိုက် တယ်လေ။ ငယ်မိုး တို့က သာဓုတွေ ခေါ်လို့ပေါ့။ | |||
xxxxxxxxxxxxxxxxxx | |||
| |||
ကျွန်တော်တို့ကို ပျော်တာတော့ ပျော်ကြဖို့ ဒါပေမဲ့ သူ့လိုတော့ အရှုံးပေးပြီး မေဂျာမပြောင်းဖို့ ဆုံးမတတ်တယ်။ ကျောင်းမှာ ကိုမျိုးဆွေ အသိတွေ အတော်များတယ်။ 3rd Year မှာရော 2nd Year မှာရော အတန်းတိုင်းလိုလိုမှာပဲ၊ တချို့ အတန်းကြီးတွေနဲ့ များတွေ့ကြရင် တိုးတိုး တိုးတိုးနဲ့ ဘာတွေ ပြောကြမှန်း မသိဘူး၊ ဒါပေမဲ့ သူက ကျွန်တော်တို့အဖွဲ့နဲ့ပဲ အတွဲများတယ်။ ဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့ အတန်းတက် တစ်လှည့်၊ ပျက်တစ်လှည့် သံသရာလည်နေကြ ရာက တကယ့်စာမေးပွဲက နီးလာပါရော။ ကျွန်တော်တို့အဖွဲ့ အတန်းမှန်မှန်တက်ပြီး စာလုပ်တဲ့ သန်းမြင့်ဦးဆီသွားပြီး လိုအပ်တာတွေ မေးကြမြန်းကြ၊ ဆရာတွေဆီသွား ကူပါကယ်ပါ လုပ်ခဲ့ကြရာက ကြည့်ရမယ့်စာတွေ စုံလာခဲ့ရ တယ်။ “ဟာ...စာတွေက အများကြီးပဲကွာ၊ အခု မှကြည့်လို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး” “ဒါကြောင့် ဆရာတွေက ပြောတာနေမှာ အခုဘယ်လိုလုပ်ကြမလဲ၊ ဒါတွေအားလုံး တစ်ပတ်အတွင်း ခေါင်းထဲဘယ်လိုမှ ထည့်လို့ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး” “ဦးနှောက်ခြောက်တယ်ကွာ၊ စာတွေ ကြည့်ရတာ ငါ့ခေါင်းကြီး ကြီးလာသလိုပဲ။ ခေါင်းနောက်လိုက်တာ” | |||
ကျွန်တော်တို့ တစ်တွေ တစ်ယောက် တစ်ပေါက်နဲ့ ခေါင်းတွေကုပ်၊ စိတ်တွေပျက်ပြီး လာမယ့် စာမေးပွဲကြီးကို ကြောက်နေ ကြရပြီလေ။ ကိုမျိုးဆွေရှေ့မှာ ညည်းမိကြတော့...“ ငါ့ညီတို့ စိတ်အေးအေးထား၊ ဒီအချိန်မှာ စိတ်တည်ငြိမ် နေဖို့က အရေးကြီးဆုံးပဲ၊ အစ်ကို လည်း ဒါတွေကြုံ ရဖူးတာပဲ၊ ဘယ်လိုဖြေရှင်း ရမယ်ဆိုတာ အစ်ကိုလည်း စဉ်းစားပေးပါ မယ်...”ကျွန်တော်တို့တွေ ကိုမျိုးဆွေကို အားကိုး တကြီး ကြည့်လိုက် ကြတယ်။“ဒီလိုလုပ်၊ အခုလောလော ဆယ် မင်းတို့မှာ Stress တွေသိပ်များ နေကြတယ်။ ဒါတွေကို အရင်လျော့ သွားအောင် လုပ်ရမယ်။ ပြီးမှ စာမေး ပွဲအတွက် မင်းတို့အားလုံး တစ်ယောက် တစ်ဘာသာစီ တာဝန်ယူပြီး စာကိုကြည့်ကြ၊ ဖတ်ကြ၊ ပြီးတော့ အားလုံးစုပြီး တိုင်ပင်ကြ၊ ရှင်းပြကြရင် ပိုအဆင် ပြေမယ် ထင်တယ်။ ဒီ ညနေကျ ကိုယ်နဲ့လိုက်ခဲ့ပေါ့” | |||
ကိုမျိုးဆွေကို ကျွန်တော်တို့ အားလုံး ကျေးဇူးတင် တဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကြ တယ်။ သူပေးတဲ့ အကြံကလည်း လက်ခံချင် စရာ၊ အခုလောလောဆယ် လေးနေတဲ့ စိတ်တွေ ပေါ့ပါးချင်လှပြီလေ။ ဒါနဲ့ ကျွန်တော်တို့တွေ သူခေါ်တဲ့ဆိုင်ကို လိုက်သွားကြတယ်။ ကိုမျိုး ဆွေခေါ်သွားလေ့ရှိတဲ့ဆိုင်တွေဆို ကောင်းတတ် တာ ကျွန်တော်တို့အဖွဲ့က သိပြီးသား။ ဆိုင် လေးက အေးအေးချမ်းချမ်းလေး၊ လူလည်းရှင်း တယ်၊ မီးရောင်မှိန်မှိန်လေးတွေနဲ့။ စားပွဲပေါ်မှာ ဖယောင်းတိုင်လေးတွေထွန်းထားတာက စတိုင် တစ်မျိုးပေါ့။ Waiter လေးတွေလည်း ယဉ်ကျေး ဖွယ်ရာအမူအရာနဲ့ ကျွန်တော်တို့ကို ဦးညွတ် ကြိုဆိုကြတယ်။ ကိုမျိုးဆွေက ကြိုမှာထားဟန် တူတယ်။ ကျွန်တော်တို့အားလုံး ထိုင်ပြီး သိပ်မကြာဘူး၊ စားစရာတွေ လာချတယ်။ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ မြည်းစရာ ပုစွန် တန်ပူရာ ပွဲကြီးတစ်ပွဲနဲ့ စတော်ဘယ်ရီအရောင် ရှိတဲ့ juice တွေပါ။ ကိုမျိုးဆွေက သူ့အိပ်ကပ်ထဲက အထုပ်တစ်ထုပ်ကို ထုတ်လိုက်ပြီး အချိုရည်ခွက်တွေ ထဲ ဆေးပြားလေးတွေ တစ်ပြားစီ ထည့်လိုက်တယ်။ | |||
“ဒါက မင်းတို့ အခုလောလော ဆယ် ခံစား ရနေရတဲ့ stress တွေကို ပြေလျော့စေတဲ့ ဆေး ပေါ့။ Enervon C လိုသဘောမျိုးပါပဲ။ ဒီဆေး က အခုသောက် ခဏနေရင် အစွမ်းကို သိလာ မှာပဲ။ ဈေးကြီးပေမဲ့ ချက်ချင်း ထိရောက် တော့ ငါ့ညီတို့လို စိတ်ဖိစီးမှုများတဲ့လူတွေအတွက် ဒါက ပိုကောင်း မယ်ထင်တယ်။ ကိုယ်တော့ ပင်ပန်းတိုင်း ဒါကို သောက်လေ့ရှိတယ်။ ကဲ သောက်ကြည့်ပါဦး”ကိုမျိုးဆွေက ပြောပြောဆိုဆို သူလည်း သောက်၊ ကျွန်တော်တို့ကိုလည်း တိုက်။ ပုစွန်လေး ကိုက်လိုက်၊ အချိုရည်လေး မော့လိုက်၊ ရောက်တတ်ရာရာစကားတွေ ပြော လိုက်နဲ့။ ပျော်လည်း ပျော်၊ ခုနက စိတ်ညစ်နေတာတွေလည်း ခဏနေတော့ မေ့သွားကြတယ်။ အောင်နိုင်ဝင်းက ငယ်မိုးနဲ့ ရန်ဖြစ်ချင်ယောင် ဆောင်တယ်။ ဇော်ပိုင်ကတော့ ကုလားထိုင် နောက်မှီပေါ် ခေါင်းလှန်ပြီး ဘာတွေ တွေးနေလဲ မသိဘူး။ မြင့်သူ၊ ဟိန်းထက်နဲ့ ကိုမျိုးဆွေတို့ ကတော့ ရောက်တတ်ရာရာ စကားတွေ လျှောက်ပြောပြီး ငြင်းခုန်နေကြလေရဲ့။ ကျွန်တော်ကတော့ သူတို့ကို ကြည့်ပြီး စိတ်ထဲက ကလိလိနဲ့ကိုဖြစ်ပြီး ရယ်ချင်နေတယ်။ ခေါင်းထဲမှာတော့ မူးရိပ်ရိပ်နဲ့ တစ်ခါမှ မရောက်ဖူးတဲ့ နိဗ္ဗာန်ဘုံဆိုတာကြီးကို ရောက်နေ သလိုလို၊ တိမ်တိုက်တွေထဲမှာ လမ်းလျှောက်နေရသလိုလို။ ကျွန်တော့်ခါးကြားက ဖုန်းမြည် သံကြားရပေမဲ့ မကိုင်လိုက်တော့ဘူး။ ဖုန်းပြောလိုက်ရင် အဲဒီ ခံစားမှုလေး ပျောက်သွားမှာ စိုးလို့။ အရက်လည်း မဟုတ်တဲ့ ဒီအချိုရည်လေးရဲ့ အစွမ်းက မဆိုးဘူး။ ကျွန်တော့်စိတ်တွေ လန်းဆန်းတက်ကြွ နေတယ်။ ကျွန်တော် အပြီးသတ် ကုန်အောင် မော့ချလိုက်တယ်။ ဟိုကောင်တွေကတော့ ကျွန်တော့်ထက်အရင် ပြောင်နေအောင် သောက်ပြီးနေကြပြီလေ။ | |||
မောင်ဝမှာ အိပ်စရာနေရာ မရှိပြီ။ သန်းငွေတို့အိမ်မှာ အိပ်၍ မဖြစ်တော့သော အခြေအနေတွင် ဘူမိနက်သန်စင်္ကြံပေါ်မှာ အိပ်စက်ခွင့် ပိတ်ပင်ခံရသည်။ ရုတ်တရက် ငယ်ထိပ်မြွေပေါက်သလို ခံစားရ၏။ အိပ်ငိုက် နေသော မျက်လုံး အစုံသည် ဒီဇယ်ရထားမီးရောင် ကဲ့သို့ ဝင်းလက်သွားသည်။ ပျော့ခွေ နွမ်းယိုင်နေသောြွကက်သား အစုံတို့သည် ရုတ်တရက် တင်းမာ တောင့်တက်သွားသည်။ စဉ်းစဉ်း စားစားလည်း မဟုတ်၊ အယောင်ယောင် အမှားမှားလည်း မဟုတ်ပါဘဲ မောင်ဝသည် ဓာတ်မီးရောင်တို့ ဝင်းပြက်နေသော စင်္ကြံအတွင်းမှ ထွက်ခွာမိလျက်သား ဖြစ်နေပါပြီ။ သူ့လက်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မက်မန်းသီး ပေါင်းထုပ်လေး များသည် လန့်ဖျပ် နိုးလာကြလျက် မောင်ဝကို ပြူး ကြောင်ကြောင် မော့ကြည့်ကြ လေသည်။ | |||
| |||
“နိုးပြီလား။ ပြီးရင် ထမင်းစားခန်းထဲ ခဏလာခဲ့ဦး။ နှင်းအိလည်း ရောက်နေတယ်။ ကြီးမေ သားကို ပြောစရာ ရှိတယ်” ကျွန်တော် မျက်နှာသစ်ရင်း ကြီးမေ ဘာများ ပြောမှာပါလိမ့်လို့ တွေးနေတယ်။ မနေ့ ညက နောက်ကျပြန်လာတာကိုပဲ ပြောမှာနေမှာ ပေါ့။ ဖုန်းက missed call တွေကို ပြန်နှိပ် ကြည့်တော့ အမေ့ဆီက ခေါ်တာက လေးခါ၊ ကြီးမေဆီက နှစ်ခါနဲ့ နှင်းအိဆီက သုံးခါစီ တွေ့ရတယ်။ ဝိုင်းသမကြတော့မယ် ထင်တယ်။ ရင်ဆိုင်ဖို့အသင့်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ထမင်းစားခန်းထဲကို လာခဲ့တယ်။ | |||
“မနေ့ညက သား ဘာဖြစ်လာလဲ သိလား။ အရက်သောက် လာတာ မဟုတ်ပေမဲ့ သားကြည့် ရတာ မူမမှန်ဘူး။ လိုက်ပို့ပေးတဲ့မျိုးဆွေဆိုတဲ့ လူကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နှင်းအိ ပြောစကားအရ အဲဒီကောင်က အကျင့် သိပ်မကောင်းဘူးလို့ ပြောတယ်။ သား သူ့ အကြောင်း ဘယ်လောက် သိထားလဲ။ မနေ့ညက ရော ဘာတွေဖြစ် လာကြတာ လဲ။ ကြီးမေကို ပြောပြစမ်း” “သားက ကြီးမေတို့နဲ့ နေတာဆိုတော့ ကြီးမေတို့မှာ တာဝန်ရှိတယ်။ မနေ့ညကဆို မင်းအမေ အတော်ကို စိတ်ပူနေရှာတာ။ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ နောက်ဆုံး ဖုန်းပိတ်သွားတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလူကို သား သတိထားပါ။ ကြီးမေလည်း ဘာရယ်လို့ မပြောတတ်ပေမဲ့ သားအတွက် စိတ်ပူမိတယ်။ စာမေးပွဲလည်း နီးပြီဆို၊ အခု အဆင်သင့်ဖြစ်ပြီ လား” ခဏနေတော့ နှင်းအိပြန်မယ် လုပ်လို့ ကျွန်တော် သူ့ကို အိမ်ရှေ့အထိ လိုက်ပို့ပေး လိုက်တယ်။ အိမ်ပေါက်ဝရောက်မှ “နင်က တကယ့်မြွေပဲ။ ချွန်လိုက်ရလို့ သိပ်ပျော်နေ တယ်ပေါ့လေ” “ငါက နင့်ချစ်သူပါဟာ။ စိတ်ပူလို့ ပြော တာပါ။ အဲဒီမျိုးဆွေကို ငါတို့ ယူအက်ဖ်အယ်လ် မှာလည်း သိကြတယ်။ မဟုတ်ကဟုတ်က တွေကို ရောင်းပေးတဲ့ အရောင်း ကိုယ်စားလှယ် လို့ ပြောကြတာပဲ။ နင် အဲဒါတွေနဲ့ ငြိသွားမှာ စိုးလို့ပါ။ သတိထားဦး” “ဘာမှ ငြိစရာမရှိဘူး။ ငါ ဆေးလိပ်လည်း မသောက်တတ်ဘူး။ အရက်လည်း မကြိုက်ဘူး။ ငါ အခု စွဲနေတာဆိုလို့ နှစ်ခုပဲ ရှိတယ်။ အဲဒါကတော့ နင်နဲ့ ဂိမ်းပဲ သိပြီလား။ ကောင်မလေး...လျှောက်တွေးမနေနဲ့။ မနက် ဖြန်ကျရင် လမ်းလျှောက်မှာလား” “သွားစမ်းပါဟာ။ ငါ နင့်အတွက် စိတ်ပူ တယ်။ ငါ့ရင်တွေ လေးနေတယ် ဘာလို့မှန်း မသိဘူး” “မေ့လိုက်တော့။ မနက်ဖြန်ကျရင် တွေ့ကြမယ်နော်” | |||
ကျွန်တော်တို့အားလုံး ခေါင်းထဲ ဆံ့သလောက် စာတွေထည့်ပြီး 1st MB စာမေးပွဲကို ကြိုးစားကျော်လွှားခဲ့ကြတယ်။ ဆပ်ပလီ (supplementary exam)ကတော့ ထိဖြစ် အောင် ထိလိုက်ကြသေးတယ်။ ဒါပေမဲ့ ကံကောင်းလို့ အောင်သွားပါတယ်။ 2nd Year ကို ရောက်သွားပြီပေါ့။ ဒီအတန်းမှာ စာတွေ ပိုများလာတဲ့အကြောင်း ပိုခက်လာတဲ့အကြောင်း ဆရာတွေက ပြောကြတယ်။ ကျွန်တော်တို့ နာမည်ပေးထားတဲ့ `နတ်မိမယ်’ လေးကိုတော့ နေ့စဉ်ပုံမှန် သုံးကြတယ်။ ကျွန်တော်ကတော့ တစ်ရက်ကို တစ်ခါလောက်ပဲ သုံးတယ်။ ငယ်မိုးဆိုရင် တစ်ရက်တည်းကို နှစ်ခါလောက် မျိုပစ်တာလေ။ တန်ဆေးလွန်ဘေးလို့ ပြောလည်း မရတဲ့အကောင်ပေါ့။ နတ်မိမယ်လေး ကုန်ခါနီးရင် ကိုမျိုးဆွေကို မျှော်ရတာ အမော။ ကိုယ်တော်က 1st Year တုန်းကတော့ မမြင်ချင် အဆုံး။ အခုမှ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ပေါ်လာတစ်ချက် မပေါ်လာတစ်ချက်။ နောက်ဆုံး ကျွန်တော်တို့ကပဲ သူရှိရာ လိုက်သွား ကြရတယ်။ | |||
“ဒုန်း...ဒုန်း...ဒုန်း” ခေါင်းကိုက်နေရတဲ့အထဲ အိပ်လို့မှ မဝ သေးဘူး။ တံခါးခေါက်သံကြားရတယ်။ အားပြင်းပြင်း မာန်ပါပါနဲ့ ခေါက်တဲ့အသံ။ ကျွန်တော် မထချင်သေးတာနဲ့ ခေါင်းအုံးကြီးနဲ့ နားနှစ်ဖက်ကို ပိတ်ပြီး ဆက်အိပ်နေလိုက်တယ်။ “ဒုန်း ဒုန်း ဒိုင်း” ဟာ မရတော့ဘူး။ တံခါးကို ထဖွင့်ပေး လိုက်ရတော့တယ်။ ကြီးမေရော ကြီးမေရဲ့ ယောကျာ်းရော ဒေါသမျက်ဝန်းတွေနဲ့ ကျွန်တော့် ကို ကြည့်နေကြတယ်။ ကြီးမေက “အခုချက်ချင်းထ၊ မျက်နှာသစ်၊ ပြီးရင် အင်္ကျီလဲ ကျောင်းသွားမယ်။ ဒီမှာ ပါမောက္ခချုပ် ဆီက ခေါ်စာ။ ငါတို့ပါ လိုက်ခဲ့ရမယ်။ အာမခံ လက်မှတ်ထိုးပေးရမတဲ့။ ကြီးမေ သားကို ဘာမှ မမေးတော့ဘူး။ စိတ်လည်း ပျက်လာပြီ။ ကဲ... အမြန်လုပ်” ကျွန်တော် အမြီးကုပ်ပြီး အမြန်မျက်နှာ သစ်လိုက်ရတယ်။ ပြီးတော့ ကြီးမေတို့ကားနဲ့ နောက်ကနေ ခပ်ကုပ်ကုပ်လေး လိုက်လာခဲ့ တယ်။ ကျွန်တော့်ကားကတော့ မနေ့ကနေရာမှာ ရှိတန်ကောင်းပါသေးရဲ့။ ကျောင်းရောက်တော့ ပါချုပ်အခန်းရှေ့မှာ ခဏစောင့်ပြီး ရုံးခန်းထဲ ဝင်ခွင့်ရတယ်။ ပါချုပ်ကြီးက ကျွန်တော့်ကို စူးစိုက်ပြီး ကြည့်တယ်။ ပြီးမှ... “ရန်နောင့်မိဘတွေ ထင်တယ်။ ထိုင်ကြ ပါ” “မဟုတ်ပါဘူး။ ကျွန်မက သူ့အဒေါ်ပါ။ ဒါပေမဲ့ အုပ်ထိန်းသူတွေဆိုလည်း မှန်ပါတယ်။ ကျွန်မတို့နဲ့အတူနေတာပါ။ သူ့မိဘတွေကတော့ ပခုက္ကူမှာပါ” | |||
“ဟုတ်ကဲ့...ကျွန်တော် ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ မနေ့ညနေက သူတို့အဖွဲ့ ၃၃_၇၃ လမ်းထောင့်က လက်ဖက်ရည်ဆိုင်မှာ ရပ်ထားတဲ့ဆိုင်ကယ်နှစ်စီးကို နောက်မီးခွက် တွေ ခွဲသွားကြပါတယ်။ ဆိုင်ကယ်ပိုင်ရှင်တွေက ပြဿနာမလုပ်ချင်လို့ ကျွန်တော့်ကိုပဲ အကြောင်း ကြားပြီး ဆုံးမပေးဖို့ မနေ့ညက လာပြီး မေတ္တာ ရပ်ခံသွားပါတယ်။ ကျေးဇူးတင် ရမယ်။ သူတို့ အဖွဲ့ထဲက တစ်ယောက်ကတော့ အခု အရေး ပေါ်ဌာနမှာ ရောက်နေတယ်။ နာမည်က ငယ်မိုး တဲ့။ ဆိုင်ကယ်ပေါ်က လိမ့်ကျပြီး ခေါင်းမှာ ဒဏ်ရာရသွားလို့။ ကျန်တဲ့သူတွေကိုတော့ ကျွန်တော် အခုလို အုပ်ထိန်းသူ ဒါမှမဟုတ် မိဘတွေ ခေါ်တွေ့ပြီး ကတိဝန်ခံချက်လက်မှတ် လေး ထိုးခိုင်းပါတယ်။ ပြီးတော့ သူတို့ ခြောက် ယောက် အတန်းပျက်နေတာတွေကိုလည်း မိဘ တွေကို အသိပေးချင်လို့ပါ။ စာမေးပွဲက နောက် တစ်လလောက်နေရင် ဖြေရတော့မယ်။ ကျောင်း ခေါ်ချိန်မပြည့်ရင် ဖြေခွင့်မရှိပါဘူး။ အခုက စပြီး အတန်းမှန်မှန်တက်ရင်တော့ မီပါသေးတယ်” | |||
“ဟုတ်ကဲ့။ အခုလိုခေါ်သတိပေးတာ ကျေးဇူးတင်ပါတယ်။ ရန်နောင်က ကျွန်မ သားဆိုလည်း ဟုတ်ပါတယ်။ ခါတိုင်းတော့ အိမ်ပြန်နောက်ကျပေမဲ့ ကျူရှင်တက် နေရလို့၊ စာ အတူတူ လုပ်နေကြလို့ဆိုတဲ့ အကြောင်းပြ ချက်တွေနဲ့ ပြန်လာလေ့ ရှိပါတယ်။ ပြန်လာချိန် ကလည်း ည ဆယ်နာရီ၊ ဆယ့်တစ်နာရီထက် မကျော်တော့ ယောကျာ်းလေးတစ်ယောက် အနေ နဲ့ ဒီလောက်တော့ ရှိမှာပေါ့ဆိုပြီး နားလည်ပေး ထားတာပါ။ ကလေးတစ်ယောက်လို လိုက် ထိန်းရမယ့် အရွယ်လည်း မဟုတ်လို့ပါ။ အခုလို မိုက်ရူးရဲ အလုပ်ကိုလည်း သူ လုပ်ရဲလိမ့်မယ်လို့ တစ်ခါမှ မတွေးမိပါဘူး။ အရင်က သိပ်ကို လိမ္မာတဲ့ကလေးပါ။ အခုမှ အပေါင်းအသင်း တွေကြောင့်...” | |||
ကြီးမေ စကားမဆုံး သေးဘူး။ ကြီးမေ ယောကျာ်းက “မင်းကလည်း ကိုယ့်ကလေး မကောင်းရင် ကိုယ့်ကလေးကိုပဲ ပြောပါကွာ။ သူများ ဆွဲမထည့်ပါနဲ့” “အို... ဒါပေမဲ့ ကျွန်မသားလေး ဒါတွေနဲ့ တွေ့မှ ဒီလိုဖြစ်လာတာပဲ။ ဒီတော့ ဆရာကြီးတို့ အနေနဲ့ ကျွန်မတို့ဘက်က ဘာတွေ လုပ်ပေးစေ ချင်ပါသလဲ။ မနေ့ညက ကိစ္စအတွက်လည်း လျော်ကြေးပေးဆိုလည်း ပေးပါမယ်ရှင်” “ကျွန်တော်တို့က လျော်ကြေးပေးတာ ထက် နောက်ကို ဒါမျိုးထပ်မလုပ်ဖို့နဲ့ ဒီလို အပြုအမူတွေ ထပ်ဖြစ်လာခဲ့ရင် ကျောင်းကနေ အပြီးအပိုင် အထုတ်ခံရမယ်ဆိုတာကို သိရှိ သဘောတူကြောင်း ရန်နောင်အနေနဲ့ရော အုပ်ထိန်းသူတွေအနေနဲ့ပါ လက်မှတ်ရေးထိုးစေ ချင်ပါတယ်” | |||
ကျွန်တော်တို့အဖွဲ့တွေ ဒီရက်ပိုင်း ခြေငြိမ် ပြီး ကျောင်းမှန် နေကြတယ်။ အားလုံးက ဝန်ခံ ကတိ လက်မှတ် ထိုးထား ကြရတာလေ။ ငယ်မိုး တစ်ယောက်တော့ အခုထိ ဆေးရုံပေါ်မှာ။ ခေါင်းထိထား တာဆိုတော အခြေအနေ စောင့် ကြည့်နေရ တုန်းတဲ့။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသည်းစွဲ နတ်မိမယ်လေး ကိုတော့ ရက် ၂၀ စာလောက် ကြိုတင် ဝယ်ထား လိုက်မိလို့ ကိုယ်စီ လုံလုံ လောက်လောက် ရှိပြီး ကိုယ့်နည်းကိုယ့် ဟန်နဲ့ ယူဖြစ်ကြတယ်။ ဒီရက်ပိုင်းက ပင်ပန်း တာလည်း ပါတော့ သူလေးနဲ့က တွေ့မှဖြစ်မှာလေ။ အလေလိုက်ခဲ့ တာတွေက များလို့ ထင်ပါ တယ်၊ ထုံးစံအတိုင်း စာစုံမရ၊ စာမရ၊ ဘာတွေ မှန်းမသိဖြစ် လာတာက စာမေးပွဲနီးလာလေ ပိုဆိုး လေပဲ။ ကိုယ်ပိုင် စာကြည့်ချိန် ပေးလိုက်တော့ ကျောင်းကို လာစရာမလိုတော့ဘူး။ အိမ်မှာပဲ နေပြီး ဘယ်မှမထွက်ဖို့ ကြီးမေက ပြောတယ်။ အခုဖြေမယ့် 2nd Year မအောင်ရင်တော့ အမေက ပခုက္ကူကိုပဲ ပြန်ခေါ်၊ ကြိုက်တဲ့ မေဂျာ တစ်ခုပြောင်းပြီး အဝေးသင်တက္ကသိုလ်ကိုပဲ ဆက်တက်ရမတဲ့။ အဖေတို့ စီးပွားရေးကိုပဲ ဆက်လုပ်ရမယ် တဲ့လေ။ ဒီအစီအစဉ်ကိုတော့ ကျွန်တော် တစ္ဆေတစ်ကောင်လို ကြောက်တယ်။ ဒီလိုသာ ဖြစ်သွားရင် ကျွန်တော် သိပ်စွဲလမ်းတဲ့ နတ်မိမယ်လေးနဲ့ ခွဲရတော့မှာလေ။ သူနဲ့တွေ့ရဖို့ လည်း အတော်ခက် သွားတော့ မှာ။ စာမေးပွဲ နီးလာလို့ ထင်တယ်၊ ညညဆိုရင်လည်း ကျွန်တော် အိပ်မက်ဆိုးတွေ မက်မက်နေတယ်။ အိပ်မက်ထဲမှာ ကျွန်တော့်ငါးကြီးနဲ့ ကျွန်တော် စကားတွေ ပြောကြတယ်။ ငါးကြီးက သူ အစာ ကောင်းကောင်း မစားရတဲ့ အကြောင်း၊ သူ့ကို ဂရုစိုက်မယ့် သူမရှိလို့ ပြန်လာခဲ့ပါလို့ ခေါ်နေတယ်။ သူ့ပါးစပ်လေး ထောင့်ကြီးကို ဟဟပြီး ပီပီသသပြောနေတာ ။ ကျွန်တော်က နတ်မိမယ် လေးအကြောင်း ပြောပြတော့ သူက ကျွန်တော့်ကို သူ့အမြီးနဲ့ ရေထဲပုတ်ချပြီး မျက်လုံးကြီးပြူးပြူး ပြတယ်။ မျက်လုံး ကြီးမှ အဆံကြီးကြီးထွက် အောင်ကို ပြူးပြတာ။ ပြီးတော့ တစ္ဆေ တစ်ကောင်ရဲ့ အသံလို ခပ်နက်နက်စူးစူး ကြီးနဲ့ ပြန်လာခဲ့ပါ။ သူနဲ့လာနေပါလို့ ခဏခဏခေါ် တယ်။ တစ်ခါတလေ တော့ အိပ်မက်ထဲမှာ ပြောတယ်။ တစ်ခါတလေကျ အပြင်မှာပြော တယ်။ အပြင်မှာကတော့ သူ ကျွန်တော့်ကို ဘယ်သူမှ မရှိတဲ့ ညမိုးချုပ်ကျမှ လာတွေ့တာ။ ကျွန်တော် နတ်မိမယ်လေးကို ယူပြီးချိန်ဆို သူက ရောက်လာပြီ။ ကျွန်တော် မလာဘူးဆိုရင် သူ လာခေါ်မယ်လို့လည်း ပြောသေးတယ်။ သူ တော်တော်လည်း ပိန်သွားတယ်။ ကျွန်တော် သူ့ကို သနားသွားတယ်။ ကျွန်တော် သူနဲ့သာ တွေ့ရင် သူကြိုက်တဲ့ ပုစွန်ဆိတ် တွေ တစ်နေ့ကို တစ်ပိဿာလောက် ကျွေးမယ့်အကြောင်း သူ့ကို ပြန်ပြောလိုက်တယ်။ အခုတော့ နေပါဦး၊ သည်းခံလိုက် ပါဦးပေါ့။ သူက တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာတယ်။ ကျွန်တော့်ကို တမ်းတတာက ပိုပိုကြမ်း လာတယ်။ တစ်ခါ တစ်ခါများဆို ပြန်လာခဲ့ဖို့ခေါ်တာ ငါးကြီး တန်မဲ့ မျက်ရည်တွေတောင် ကျလို့။ ကျွန်တော် ဒီရက်ပိုင်း စိတ် အတော်ရှုပ်နေတယ်။ ကျွန်တော့် ငါးကြီးက တစ်မျိုး၊ နတ်မိမယ်လေး က တစ်မျိုး။ စာမေးပွဲကို လည်း အောင်ချင် တယ်။ ကျွန်တော် ပခုက္ကူကို မပြန်ချင်ဘူး။ ငါးကြီးကိုတော့ ဒီခေါ်ထားချင်တယ်။ အခုရက် ပိုင်းကျမှ ငါးကြီးကို ကျွန်တော် အိပ်မက်မက် ရာက သူ့ကို ထူးထူးဆန်းဆန်း ပြန်သတိရနေတာ။ ကျွန်တော့်ကို အတူနေဖို့ အတင်းအကျပ် တောင်းဆိုတော့ တစ်ခါတလေဆို နားငြီးလွန်းလို့ စိတ်တောင် ပျက်တယ်။ ဒီကောင်ကြီး ဒီလောက် ခေါင်းမာပြီး နားပူနားဆာလုပ်တတ် မှန်း အစက မသိခဲ့ပါဘူး။ နားပူတာများ စာတောင် ကျက်လို့မရဘူး။ ညဘက်ဆို ညနက် လာလေ ပိုဆိုးလေ။ နားနှစ်ဖက်ပိတ်ပြီး ခေါင်းခါလိုက် ရတာလည်း အကြိမ်ကြိမ်။ နတ်မိမယ်လေးပဲ အေးချမ်းတယ်။ သူ့ကို ယူလိုက်ရင်တော့ ခဏအတွင်း အားလုံးကို မေ့ပြီး လောကကြီးနဲ့ ကင်းကွာသွားသလိုပဲ။ သူကမှ ကျွန်တော့်ရဲ့ထာဝရအဖော်မွန်အစစ်။ ဒီလို နဲ့ ညပေါင်းများစွာ လွန်လာခဲ့တယ်။ ငါးကြီးက တော့ အခုထိ နားပူတုန်း။ | |||
ဒီနေ့တော့ စာမေးပွဲကို ဘယ်အခန်းမှာ ဖြေရမယ်ဆိုတာ သန်းမြင့်ဦးက ဝင်ပြောပေး တယ်။ သူက အိမ်ကို ဝင်လာရင်း ငယ်မိုး အခြေအနေ မကောင်းတဲ့အကြောင်း၊ အခုထိ သတိမရသေးကြောင်း ပြောသွားတယ်။ ဘာပဲ ပြောပြော ကျွန်တော် စာမေးပွဲကို ဖြေရတော့ မယ်။ အဲဒီစာမေးပွဲဆိုတာကြီးကိုလည်း မဖြေရ ဘဲနဲ့ အောင်ချင်တာ။ ဖြေရင် ကျမယ်ဆိုတာ လည်း သိပြီးသား။ ဒါပေမဲ့ တကယ်ဖြေရမယ့် ရက်ရောက်လာတော့ ကျောင်းကို သွားလိုက်ရ တယ်။ ကြီးမေတို့က ကျွန်တော့်ကို ကျောင်း လိုက်ပို့တယ်။ စာမေးပွဲ ဖြေတဲ့ ပထမနေ့မှာပဲ ငယ်မိုးဆုံး သွားပြီ ဆိုတဲ့ သတင်းကို ကျွန်တော်တို့ စာမေးပွဲခန်းထဲ မဝင်ခင် ကြားလိုက် ကြရတယ်။ ဇော်ပိုင်က အရမ်းချောက်ချားပြီး မဖြေတော့ဘူး လုပ်နေလို့ ဆရာတွေက ချော့ပြောပြီး အတန်းထဲ ခေါ်သွားတာ တွေ့လိုက်ရတယ်။ ကျွန်တော် လည်း ဖြေချင်စိတ်မရှိတော့ဘူး။ ဒါပေမဲ့လည်း စာမေးပွဲကျရင် အပြီးပြန်ရမယ်ဆိုတဲ့စကားကြီး ကြောင့် စိတ်ပျက်လက်ပျက်နဲ့ အခန်းထဲ ဝင်ခဲ့ တယ်။ ထိုင်သာ ထိုင်နေရတယ်။ ဘာတွေ မေးထားမှန်းလည်း မသိဘူး။ အခန်းကြီးက လိုတာထက် ပိုတိတ်နေသလိုလို၊ နေချင်းကြောင် တောင်ကြီးမှာ အသံငြိမ်နေတာက သဘာဝမကျ သလိုလို။ ခဏနေတော့ `ဝုန်း’ ဆိုတဲ့ အသံကြီး နောက်နားကနေ ကြားလို့ လန့်ပြီး လှည့်ကြည့် လိုက်တော့ အောင်နိုင်ဝင်းဖြစ် နေတယ်။ သူ ဇောချွေးတွေပြန်ပြီး ဒေါသတကြီးဖြစ်နေတယ်။ အသက်ကို ပြင်းပြင်းရှူ၊ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်။ ပြီးတော့... | |||
“ဟင်း...ဟင်း သတ်မယ်၊ ငါ သူ့ကို သတ်မယ်။ သူ့ကြောင့် ဒီလိုဖြစ်ရတာ သတ်မယ်” `ဒုန်း’ ဆိုပြီး ပြောပြောဆိုဆို စားပွဲပေါ် လက်သီးနဲ့ ထိုးချလိုက်တယ်။ အဲဒီတော့မှ ဆရာတွေရော တခြားကျောင်းသားတွေပါ အသက်ဝင်လာပြီး သူ့ကို ရေတွေ ဝိုင်းတိုက်ကြ၊ ဆွဲကြ၊ ဖက်ကြနဲ့။ အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တယ်။ ကျွန်တော်လည်း စိတ်ပျက်လာ တယ်။ ဒီအသံတွေကြားထဲ ငါးကြီးက သူ့ဆီ ပြန်လာဖို့ခေါ်နေတဲ့အသံက တစ်မှောင့်။ ကျွန်တော် အဖြေလွှာ စာရွက်ရော၊ မေးခွန်းကို ရော ဆွဲဖြဲ လိုက်တော့ တယ်။ ခဏနေတော့ ကျွန်တော့်ကိုရော၊ အောင်နိုင်ဝင်းကိုပါ အတန်း ထဲက ထုတ်ပြီး ပါချုပ်ရုံးခန်းထဲ ခေါ်သွားကြ တယ်။ ကျွန်တော်တို့ နှစ်ယောက်ကို အခုဖြေနေတဲ့ စာမေးပွဲမှာ ဝင်မဖြေဖို့၊ ခဏနားလိုက်ဖို့ ခေါ်ပြောတာပါ။ | |||
ကျွန်တော် အခန်းထဲက ခုတင်ပေါ်မှာ ပက်လက်လှန်ပြီး ဘာဆက်လုပ်ရမလဲ တွေးနေ မိတယ်။ ဘေးမှာတော့ ကြီးမေတို့၊ ဒေါ်လေးရီ တို့ သိမ်းထားပေးတဲ့ ကျွန်တော့်အိတ်တွေက ပြန်ဖို့ အဆင်သင့်။ ကျွန်တော့်မှာ လက်ကျန် နတ်မိမယ်လေး သုံးပါး ရှိသေးတယ်။ အပြင်မှာ ဘာလို့မှန်းမသိဘူး မိုးဖွဲဖွဲလေး ရွာနေတယ်။ စားပွဲပေါ်က နာရီကိုကြည့်တော့ လေးနာရီကို ပြနေတယ်။ မနက်ဖြန်မနက်လောက်ဆို ကျွန်တော်မပြန်ချင်တဲ့လမ်းကို ပြန်ရတော့မယ်။ ကျွန်တော် စိတ်ညစ်ညစ်နဲ့ နတ်မိမယ်လက်ကျန် လေးတွေကို တစ်ပြိုင်တည်း ရေနဲ့အတူ မော့ချ ပစ်လိုက်တယ်။ အမေနဲ့ ကျွန်တော့်စိတ်ကူးဖြစ်တဲ့ ဆရာဝန်ဆိုတဲ့အရာလေး ဖြစ်မလာ သေးခင် အခုလို အရှုံးနဲ့ အိမ်ကို မပြန်ချင်ဘူး။ ပြီးတော့ ဟိုရောက်သွားရင် ကျွန်တော်နဲ့ နတ်မိမယ်လေး လည်း ထပ်ဆုံရဖို့ မလွယ်တော့ဘူး။ ဒါ နောက်ဆုံး တွေ့ရခြင်းလည်း ဖြစ်နိုင်တယ်လေ။ ကျွန်တော် ဒီအခန်းထဲမှာ ဆက်မနေချင်တော့ ဘူး။ ထမင်းစားခန်းထဲမှာ ထိုင်နေတဲ့ ကြီးမေကို ကျွန်တော် အပြင်ခဏထွက်ချင်တဲ့အကြောင်း သွားပြောလိုက်တယ်။ “မင်းအမေက ဘယ်မှမထွက်စေနဲ့လို့ မှာ ထားတယ်။ ဘယ်မှမသွားပါနဲ့လား။ အပြင်မှာ လည်း မိုးတွေ ရွာနေတယ်” “မနက်ဖြန်ဆို သား ပြန်ရတော့မှာပဲ။ အခု ခဏလေးပဲ အပြင်ထွက်ပါရစေ။ သူငယ်ချင်း တွေကို နှုတ်ဆက်ချင်လို့ပါ။ ပြီးတော့ ကျောင်းကြီးကိုလည်း ဝအောင် ကြည့်ချင်လို့ပါ။ နာရီဝက်လောက်နေရင် ပြန်လာပါ့မယ်။ သားကို ထွက်ခွင့်ပေးပါနော် ကြီးမေ” မိုးက သည်းသည်းမည်းမည်း မရွာဘဲ ဖွဲဖွဲလေးရယ်။ ခဏနေတော့ ကျွန်တော် နေရာ လေးတစ်ခုကို သွားသတိရလိုက်တယ်။ နှင်းအိ နဲ့ ကျွန်တော် အအေးအတူသောက်ခဲ့ဖူးတဲ့ မန္တလေးကန်တော်ကြီးထဲက နေရာလေးကိုပေါ့။ ဒါနဲ့ ကားကို အဲဒီဘက်မောင်းသွား လိုက်တယ်။ ခုနက ကျွန်တော် တစ်ခါတည်း မော့ထားတဲ့ အရှိန်ကြောင့်ထင်တယ်။ ကျွန်တော့်ခြေထောက် တစ်ဖက်က လီဗာပေါ်ကို အားရပါးရ နင်းထား မိလျက်သား။ လမ်းမပေါ်မှာ မိုးရွာတော့ လူ အသွားအလာနည်းနေတယ်။ ခဏနေတော့ ၈၄ လမ်းနဲ့ ကန်တော်ကြီးထဲကို ဝင်ရမယ့် လမ်းဖြတ်ကို ရောက်လာတယ်။ ကျွန်တော် ဆက်မောင်းသွား လိုက်တယ်။ ကန်တော်ကြီးထဲ မှာ လူ သိပ်မရှိဘူး။ Lake View, Royal Lake စတဲ့ဆိုင်တွေကို လွန်လာတော့ ကျွန်တော် လက်တွန်းလှည်းနဲ့ အအေးဆိုင်လေးကို လိုက်ရှာ တယ်။ မိုးရွာနေတော့ ဘာအအေးဆိုင်မှ မတွေ့ ရဘူး။ လူရှင်းပြီး ထိုင်ခုံရှိတဲ့နေရာတစ်ခုမှာ ကျွန်တော်ကားကို ရပ်လိုက်တယ်။ | |||
ကားပေါ်က မဆင်းသေး ဘဲ မှန်ထဲက တစ်ဆင့် ဘောနက်ပေါ် ကျနေတဲ့ မိုးရေစက် တွေ ကို အဓိပ္ပာယ်မဲ့ ထိုင်ကြည့် နေလိုက်တယ်။ ပတ်ဝန်းကျင် မှာတော့ မိုးပေါက် ကျသံကလွဲလို့ ဘာဆိုဘာ သံမှ မကြားရဘူး။ တိတ်ဆိတ်လို့။ ကျွန်တော့် စီတီယာရင်အပေါ် မျက်နှာမှောက် ထားလိုက်တယ်။ ဘာလို့မှန်း မသိဘူး၊ ငိုချင်လာ တယ်။ ချုံးပွဲချ ငိုချပစ်လိုက်တယ်။ အားရ အောင် ငိုပြီးတာနဲ့ မျက်ရည်သုတ်ပြီး အရှေ့ကို မော့ကြည့်လိုက်ပြန်တယ်။ ခုနကအတိုင်း ဘော နက်ပေါ်ကို မိုးပေါက်တွေက ကျနေဆဲ။ ခဏ နေတော့ မိုးပေါက်ကျသံတွေကြားက ကျွန်တော် ကြားဖူးနေကျ အသံနက်နက်ကြီး တစ်ခုကို ကြားလိုက်ရတယ်။ ဒါ ကျွန်တော့် ငါးကြီးရဲ့ အသံပဲ၊ “လာခေါ်ပါ...ဘာမှမစားရသေးဘူး၊ ... ရန်နောင်မင်းနဲ့ တွေ့ချင်တယ်။ ရန်နောင်ရေ ငါဒီမှာ”အသံကြားရာ ကျွန်တော့်ရဲ့ လက်ယာ ဘက်မှာရှိတဲ့ ကန်ရေပြင်ကို ကြည့်လိုက်တယ်။ တက်သိမ်းအင်း ရေပြင်မှာလည်း မိုးဖွဲဖွဲလေးတွေ ကျနေတော့ ရေအသီးအသီးတွေထလို့၊ ရေကန် ထဲကနေ ငါးကြီးရဲ့အမြီးပိုင်းပေါ်လာပြီး ခေါင်း ပြန်စိုက်လိုက် အမြီးပိုင်းပါ ရေထဲ မြုပ်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့။ ကျွန်တော် ကိုယ့်မျက်စိကို ပွတ်ကြည့် လိုက်တယ်။ သေချာအောင် ရေငွေ့ တွေနဲ့ ဖြစ်နေတဲ့ ကားမှန်ပြူတင်းကိုပါ လက် နဲ့ သုတ်ကြည့် လိုက်တယ်။ တက်သိမ်းအင်း ကန်ရေပြင် ဖွေးဖွေးထဲမှာ ငွေရောင်ထနေတဲ့ ကျွန်တော့်ငါးကြီး က ပေါ်လာလိုက် ပြန်မြုပ်သွားလိုက်။ အသံကတော့ ကျွန်တော်ညည အိမ်မက် တွေထဲမှာ ကြားနေကျအတိုင်း.... ပြောနေတဲ့ စကားတွေကလည်း သူ့ကိုခေါ်ဖို့ သူ့ဆီလာဖို့၊ ငါးကြီးက ကျွန်တော့်စိတ်ကို ညှို့ယူနေသလို ပဲ။ ကျွန်တော်ကားထဲမှာ ထိုင်နေရာက မနေ သာတော့ဘူး။ သူရှိရာ ရေပြင်ကြီးဆီသွားဖို့ ကား တံခါးကိုတွန်းဖွင့်လိုက်တယ်။ မျက်နှာပေါ်မိုး စက်ကလေးတွေ အေးခနဲ လာစင်နေတယ်။ ဂရုမပြုအားပဲ ကန်ဘက်ကိုပဲ စူးစိုက်ကြည့်နေမိ တယ်။ ကန်အစပ်ကို ရောက်ဖို့သိပ်မလျှောက် ရဘူး။ နှစ်ယောက်ထိုင်ခုံတန်းလေးကျော်တာနဲ့ ရောက်ရော။ ခေါင်းထဲမှာတော့ ရိုးတိုးရိပ်တိတ် နဲ့။ အမြင်အာရုံ တွေကလည်း မိုးဖွဲဖွဲရွာနေလို့ ဝိုးတဝါး။ မျက်လုံးထဲမှာတော့ ခုနက ငိုထားတဲ့ မျက်ရည်တွေနဲ့ အမြင်ကြည် လင်လာအောင် လက်ဖဝါးနဲ့ မျက်လုံးကို ဖိပွတ်လိုက်တယ်။ ဟော...ခုနက ခုန်ဆွခုန်ဆွလုပ်နေတဲ့ကောင် အခု အတွေ့ရပြန်ဘူး။ ကန်ရေပြင်ထဲမှာ မိုးရေ ပေါက်ကျလို့ လှုပ်တာကလွဲလို့ အားလုံးသာမန် ပုံစံဖြစ်နေပြန်တယ်။ ခဏကြာတော့ ကျွန်တော့် ကို သူ့ဆီလာဖို့ ခေါ်သံနဲ့ အတူ ကန်ထဲကနေ ငါး ကြီးက ပေါ်လာပြန်ရော။ မဖြစ်တော့ဘူး ကျွန် တော်သူနဲ့ တွေ့မှကို ဖြစ်တော့မယ်။ ငါလာပြီ ....ငါလာပြီ မင်းနဲ့ ဒီနေ့စာရင်းရှင်းမယ်။ ... ငါမနက်ဖြန်မင်းရှိရာကို ပြန်လာတော့မဲ့အ ကြောင်း မင်းသဘောပေါက်အောင် ရှင်းပြမှဖြစ် မယ်။ ဒါမှ နောက်နေ့ ငါနား အေးပါး အေးနေ ရမှာ။ လာပြီဟေ့....ကျွန်တော် တက်သိမ်းအင်း ထဲ ဆင်းလိုက်တယ်။ အေးခနဲ့ ဖြစ်သွားပြီး ခပ်ချောချော မာမာ အရာတစ် ခုကို တက်နင်း လိုက်မိတယ်။ ပြီးတော့ ကန်ထဲကို အလိုလို ဝုန်းကနဲ တကိုယ်လုံး ချော်ကျသွားတယ်။ အေးလိုက်တာ မပြောပါနဲ့။ အသက်ရှုရ မွန်းကြပ် လာတယ်။ ဒီတော့မှ ကျွန်တော် သတိရလိုက် တယ်။ ငါ အိမ်မက်နဲ့ ရောနှောနေတာပါလား လို့။ ရေတွေမွန်းလွန်းလို့ အပေါ်ပြန် တက်ချင် တော့ ဘေးဘီကို ကြည့်လိုက်တယ်။ ရေမှော်တွေ ဒိုက်တွေ ငါးသေးသေး လေးတွေ။ ဘယ်မလဲ ကျွန်တော့်ငါးကြီး.... ဘယ်မှာရှိမလဲ အိပ်မက်နဲ့ ရောနှော သွားတာပါဆို။ ဒါပေမဲ့ ကျွန်တော် ရုန်းရင်း ကန်ရင်း မရတော့ဘူး။ မွန်းသထက် မွန်းလာတယ်။ အမေ့ မျက်နှာကို ဖျတ်ကနဲ မြင်လိုက်မိတယ်။ နောက်တော့ ကျွန်တော် ခံစား ရခက်တဲ့ မွန်းကြပ်မှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး.. ဘာဆိုဘာမှ မသိတော့ဘူး။ | |||
၂၀ဝ၀ပြည့်နှစ်တွေရဲ့ ဒီဘက်ပိုင်း မန္တလေး မြို့မှာ ယဉ်ကျေးမှုတစ်ခု ထပ်တိုး လာတယ်။ အဲဒီယဉ်ကျေးမှုကတော့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ချိန်ကျရင် မန္တလေးမြို့က သတင်းစာတွေထဲမှာ ဘာသာစုံဂုဏ်ထူး ဒါမှ မဟုတ်ရင် ဂုဏ်ထူးတွေနဲ့ အောင်မြင်တဲ့ ကျောင်းသူကျောင်းသားတွေကို သက်ဆိုင်ရာ မိဘတွေ ဆွေမျိုးသင်္ဂဟတွေ ဆရာဆရာမတွေ က ဂုဏ်ယူဝမ်းမြောက်ကြောင်း အပြိုင်အဆိုင် ထည့်ကြတဲ့ ယဉ်ကျေးမှုပါ။ အဲဒီယဉ်ကျေးမှု တော့ သူ့အချိန်ရောက်တိုင်း ယနေ့ထိ ဆက်လက်ရှင်သန်နေဆဲ...။ |
ရေညှိတက်သွားတဲ့ စိတ်ကူး
Subscribe to:
Post Comments (Atom)
1 comment:
ဟုတ်ကဲ့ မိတ်ဆွေက နှစတွေလတွေရေးမထားတော့ အသက်ကိုခန့်မှန်းရမယ်ဆို ဆယ်တန်းအေင် ၁၆ နှစ် ဆေးတက္ကသိုလ် ၆ နှစ် ဒီယဉ်ကျေးမှုပေါ်တာက လွန်ခဲ့တဲ့ ၁၀ ဝန်းကျင်ကျော်ဆိုတော့ ၃၅ နှစ်လောက်ရှိနေပြီး ဆရာဝန်တယောက်အဖြစ် တာဝန်တွေယူ ကိုယ်ပိုင်ဆေးခန်းတွေနဲ့အောင်မြင်သူဖြစ်နေလောက်ပါပြီး ကျနော် ဆေးတက္ကသိုလ်စသွားနေ့ထိပဲဖတ်လိုပါတယ်။ နောက် ဆက်ဖတ်ဖြစ်အောင် စာဖတ်ပြင်းတဲ့စိတ်ကို ဒဏ်ခတ်ရင်း သင်၏မိဘ တွေနဲ့အတူ ကျနော်လည်း ဂုဏ်ယူမဆုံးပါဘူး။ ကိုယ်မှ မဖြစ် မကြုံ တော့တဲ့ ဒီဘဝ ဖြစ်ကြုံသူတို့ သာယာဖြောင့်ဖြူး အများကြည်နူးဖို့ ဆောင်ကျဉ်းပေးနှိုင်ကြပါစေ။ ဆုတောင်းရင်း
Post a Comment