တနလာၤ | အဂၤါ | ဗုဒၶဟူး | ၾကာသာပေတး | သောကြာ | စနေ | တနင်္ဂနွေ | တနင်္လာ | အင်္ဂါ | |
ပထမဆင့် | သမ္ဗာသမ္ဗုဒ္ဓေါ (၂) ပတ် | ဘဂ၀ါ (၉)ပတ် | သုဂတော (၄)ပတ် | သတ္တာဒေ၀ မနုဿာနံ (၇) ပတ် | လောက၀ိဓူ (၅) ပတ် | ၀ိဇ္ဇာစရဏ သမ္ပန္နော (၃)ပတ် | အနုတ္တရော ပုရိသ ဓမ္မသာရထိ (၆)ပတ် | အရဟံ (၁)ပတ် | ဗုဒ္ဓေါ (၈)ပတ် |
ဒုတိယဆင့် | (၃) | (၁) | (၅) | (၈) | (၆) | (၄) | (၇) | (၂) | (၉) |
တတိယဆင့် | (၄) | (၂) | (၆) | (၉) | (၇) | (၅) | (၈) | (၃) | (၁) |
စတုတ္တဆင့် | (၅) | (၃) | (၇) | (၁) | (၈) | (၆) | (၉) | (၄) | (၂) |
ပဉ္စမဆင့် | (၆) | (၄) | (၈) | (၂) | (၉) | (၇) | (၁) | (၅) | (၃) |
ဆဌမဆင့် | (၇) | (၅) | (၉) | (၃) | (၁) | (၈) | (၂) | (၆) | (၄) |
သတ္တမဆင့် | (၈) | (၆) | (၁) | (၄) | (၂) | (၉) | (၃) | (၇) | (၅) |
အဌမဆင့် | (၉) | (၇) | (၂) | (၅) | (၃) | (၁) | (၄) | (၈) | (၆) |
န၀မဆင့် | (၁) | (၈) | (၃) | (၆) | (၄) | (၂) | (၅) | (၉) | (၇) |
၁) အ၀ါရောင် ခြယ်ထားသောနေ့များသည် သက်သက်လွတ်စားရန်ဖြစ်ပါသည်။
၂) ပထမ အဆင့်မှ ဆက်၍ ကျန်နေ့များ ကို ရည်တွက်ရန်၊ (ဥပမာ ဒုတိယဆင့် အတွက်ဆိုလျင် ဗုဒ္ဓဟူးနေ့  ၊၀ိဇ္ဇာစရဏ သမ္ပန္နော၊ (၃) ပတ် ဖြစ်၍ ကြာသပတေးနေ့၊ ဘဂ၀ါ ၉ ပတ်တွင် ပြီးပါမည်။ တတိယဆင့် အတွက် သောကြာနေ့ ၊ သုဂတော ၄ပတ်တွင် စ၍ စနေနေ့၊ အရဟံ ၁ ပတ်တွင်ပြီးပါမည်။)
၃) တစ်ဆင့် အောင်မြင်တိုင်း လိုရာဆု တစ်ဆုကို လေးနက်စွာဆုတောင်းပါ။ တစ်ဆင့် နှင့် တစ်ဆင့်ကြား အကြားအလပ်မရှိ တစ်ဆက်တည်းဖြစ်ပါသည်။
ကြံတိုင်းအောင်၍ ဆောင်တိုင်းပေါက်ကြပါစေ။
- အင်းဗျာကိုးနဝင်းအကြောင်းလေးနည်းနည်းဆွေးနွေးချင်လို့ပါ.....ကျွန်တော်တို့မြန်မာလူမျိုးတွေက ကိုးဂဏန်းအရမ်းကြိုက်ကျတယ်ဗျ.....ဘာလုပ်လုပ်နေရာတိုင်းမှာ(၉) ကိုအသုံးပြုလေ့ရှိကြတယ်.. အချို့နေရာတွေဆို လျှင် စုံဂဏန်းဖြစ်နေလျှင်မသွားရဘူး၊သွားမည်ဆိုပါကလည်းတစ်စုံတစ်ခုကိုအ ဆောင်အဖြစ်ယူကာသွားသင့်ကြောင်း...ဥပမာ-လူ(၈)ယောက်သွားလျှင်စုံဂဏာန်းဖြစ်နေသဖြင့်မဂ ဏာန်းဖြစ်စေရန်ခဲလုံးတစ်လုံးယူကာ သွားခြင်း...ဤသူများကိုကံ၊ ကံ၏အကျိုးကိုနားမလည်သေးသူ များဟုဆိုနိုင်ပါသည်......ဘုရားဂုဏ်တော်ကိုး ပါးရှိသောကြောင့်(၉)ကိုယူခြင်း ကသဘာဝကြပါသည်..သို့သော် ဘုရားဂုဏ်တော်ပွားများရာတွင်အရေအတွက်ကိုဦးစားပေး၍ပွားများ သူကများပါသည်..မိမိ အဓိဋ္ဌာန်ပြီးစီး ရေးကိုသာဦးတည်နေကြောင်းတွေ့ရပါသည်...အရဟံ ဟုအခေါက် ပေါင်းမြောက်များစွာရွတ်နေခြင်းထက်...အရ.ဟံ ကိလေသာခပ်သိမ်းကင်းစင်တော်မူသောမြတ်စွာဘု ရားဟု မိမိစိတ်ထဲမှ ဘုရားရှင်၏ ကိလေသာမှန်သမျှကင်းစင်တော်မူပုံကိုမြင်အောင်ပွားခြင်းကအကောင်း ဆုံးသောဂုဏ်တော်ပွားနည်းဟုနည်းလမ်းကောင်းလေးပြောပြခြင်းဖြစ်ပါသည်...ဂုဏ်တော်ပွားများရာ တွင် ဤကိုးနဝင်း တွင်ဖော်ပြထားသကဲ့ သို့ သုဂတော ဆိုပါက (၄)ပါတ်စိပ်ရမည်ဟုပါရှိပါသည်.. (၄)ပါတ်မစိပ်ဘဲ (၂)ပတ်ထဲစိတ်လျှင်လည်းရပါသည်....ဘုရားရှင်က ဤ ကဲ့သို့ အတိအကျမစိပ်လျှင် အဓိဋ္ဌာန်ပျက်သည်ဟုဟောတော်မမူပါ...ပြောလိုသည်မှာထေရဝါဒတွင် ဤကဲ့သို့ချုပ်ချယ်ထားခြင်းမရှိပါ.. သက်သက်လွှတ်စားဖို့ရန်လည်းဘုရားရှင်ဟောတော်မမူပါ.ဤနေရာတွင်သက်သက်လွှတ်အကြောင်း လေးနည်းနည်းပြောပြချင်ပါသည်...ဘုရားရှင်၏ယောက်ဖတော်ဖြစ်သူဒေဝဒတ် က ဘုရားရှင်အား ရဟန်းတော်များအားသက်သက်လွှတ်စားရန်လျှောက်ဖူးပါသည်...ဤတွင်ဘုရားရှင် ကသက်သက် လွှတ်စားခြင်းသည် ကုသိုလ် လည်းမဖြစ်..အကုသိုလ်လည်းမဖြစ်သဖြင့်တားမြစ်တော်မမူပါ... သက်သက်လွှတ်စားခြင်း သည်မိမိကိုမိမိညုင်းဆဲခြင်းဖြစ်ကြောင်းဆရာတော်ဘုရားများမကြာခဏ ဟောကြားတော်မူပါသည်..ပုတီးစိပ် အကြောင်းလည်းအနည်းငယ် ဆွေးနွေးခြင်ပါသေးသည်...ပုတီးစိပ်ခြင်း သည်ထေရဝါဒသာသနာမှဆင်းသက်လာခြင်းမဟုတ်ပါ.. အချို့က ပုတီးစိပ်မှသမာဓိရလွယ်သဖြင့်ပုတီးစိပ်ကြခြင်းဖြစ်သည်....သို့သော်ပုတီးစိပ်ခြင်းဖြင့်တော့ နိဗ္ဗာန်ကိုမရောက်နိုင်ပါ....ဝိပသာနာပွားများခြင်းဖြင့်သာ သံသရာမှလွှတ်မြောက်ရာနိဗ္ဗာန်သို့ ရောက် ရှိနိုင်ပါသည်....ဒါန၊သီလ၊သမထ သည်ဘုရားရှင်မပွင့်မှီကလည်းရှိပါသည်...ဒါန ၊သီလ၊ (ဘာဝနာ) မှာ ဘုရားရှင်ပွင့်ထွန်းမှသာ ပေါ်ပေါက်ပါသည်...ယခုကျွန်ုပ်တို့သည် ဘုရားရှင်၏သာသနာနှင့်ကြုံ ကြိုက်နေချိန်ဖြစ်သဖြင့် ဝိပသာနာကိုသာအစဉ်တစိုက်ကျင့်ကြံကြိုးစားအားထုတ်ကြပါစို့လို့နိဗ္ဗာန် အကျိုးမျှော်၍ နိုးဆော်သမူပြုလိုက်ပါသည်... ယခုခါမူ ၊လူလည်းဖြစ်လာ သာသနာလည်းထွန်းခိုက်၊အမြိုက်တရားဟောကြားမည့်သူလည်းမရှား သို့ပါလျှက်သားနှင့်မှ... တရားမလိုက၊်အမှားကိုကြိုက်ကြလျှင် အမိုက်တကာဗိုလ်မင်း၊အဖျင်းတကာဗိုလ်ချုပ် အပါယ်လေးလီ၊ မြစ်နဒီတွင် ပလုံစီမြုပ်လို့ လူယုတ်ကြီးတွေဖြစ်ချိမ့်မည်။ (စလေဦးပုည )
- "နှိုးဆော်ချက်" ၏ ဆွေးနွေး မှု ၊ အကြံ ပေး မှုအတွက် ကျေးဇူးတင်ပါ သည်။ "မဟာဆန်" ကဲ့သို့ အသိအလိမ္မာ ရှိ သူ အတွက် "ကိုးနဝင်း" ဆိုသော "လောကီ" အယူအဆ များ ကို ကျော် လွန်သော "လောကုတ္တရာ " ဘာသာအလေ့အကျင့် များ ကိုသာ လေ့လာလိုက်စား စေချင်ပါ သည်။
1 comment:
ကျေးဇူးအထူးတင်ပါတယ်။
Post a Comment