Home

နေ၀င်သွားတဲ့ချစ်သူနှစ်ဦး

ဒီဇင်ဘာ၆ရက်နေ့………….
မှတ်မှတ်ရရပါပဲ…. အဲ့သည့်နေ့တွင် သူမကို သူချစ်တယ်လို့ပြောခဲ့ခြင်းဖြစ်သည်….။ သူမကလဲ သူ့ကိုချစ်တယ်လို့ပြန်ပြောခဲ့သည့်နေ့လေးပင်…။
သူတို့ဇာတ်လမ်းလေးက ရှင်းရှင်းလေးပင်…..။ သူကထိုနေ့က သူမကို သူ့အတွက်ရည်းစားရှာပေးပါဟုပြော၍ သူမက သူမ၏ အခြားအကောင့်နှင့်
ချက်ရင်က သူတို့နှစ်ယောက်ချစ်တယ်ဆိုတဲ့စကားကို အပြန်အလှန်ပြောခဲ့ကြသည်….။ ဒီလိုနှင့် သူတို့နောက်ပိုင်းမတွေ့ဖြစ်ကြပေ…။ သူကမကွေးတွင်
ဖြစ်ပြီးသူမက ရန်ကုန်တွင်ဖြစ်သည်….။ သူတို့နှစ်ယောက်သည်ငယ်သူငယ်ချင်းများဖြစ်ကြသည်….။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် လွယ်လွယ်
ချစ်ခဲ့ကြခြင်းပင်ဖြစ်သည်….။ သူမ၏စိတ်ထဲတွင် သူ့ဆီမှ ချစ်တယ်ဆိုသော စကားကြားရပြီးသောအခါ အလွန်ပျော်ခဲ့ မိသည်…။ အဘယ့်ကြောင့်ဆိုသော်
သူမသည် သူ့ကိုတိတ်တခိုး ကြိတ်ကြွေနေခဲ့သည်မှာကြာခဲ့လေပြီလေ…။ ဒါကိုသူကတော့မသိခဲ့ပေ…။ တနေ့ သူမအွန်လိုင်းထိုင်တော့ သူဆီကိုမက်ဆေ့ခ်ျ
ပို့လိုက်သည်….။သူ့ကိုသတိရသည့်အကြောင်းပေါ့….။နောက်ဆုံးမှာကို့ကိုအရမ်းချစ်တယ်လို့ ရေးလိုက်သေးတယ်လေ….။အဲ့နေရာကစပြီး သူ့ရဲ့ဘ၀လေး
လှိုင်းထန်ဖို့အစချီလာခဲ့တယ်လေ….။ တနေ့တော့ သူမအွန်လိုင်းထိုင်နေတုန်း သူရောက်လာတယ်လေ….။ အဲ့သည့်နောက် သူကပြောတယ်…..။ နင်က
မိန်းမနှာဘူးပဲတဲ့…။ ပထမကသူမထင်နေတာ သူကသူမကိုနောက်နေသည်ဟုပေါ့…။ သို့ပေမယ့် သူ့ရဲ့စကားလုံးတွေက တဖြည်းဖြည်းပြင်းထန်လာခဲ့တယ်။
သူမခံနိုင်ရည်မရှိတော့ပေ….။ သူ သူမကို ဒီလိုလုပ်မယ်လို့မထင်ခဲ့ဘူးလေ….။ နောက်သူအွန်လိုင်းကထွက်ခါနီးမှာပြောသွားခဲ့တာက သူက သူမချစ်တဲ့ကို
မဟုတ်ဘူးတဲ့ ……။ ကို့ရဲ့ချစ်သူတဲ့….။ သူမမည်သို့မျှမခံစားနိုင်တော့ပေ…..။ သို့သော်သူမစိတ်ထဲကတော့ ကိုမဟုတ်ပါစေနဲ့လို့ ဆုတောင်းမိတယ်…။
သို့သော် သူမကို့ကို ကိုယ်တိုင်တွေ့ပြီးမေးလိုက်ချင်သည်….။ သူမကိုဘာလို့ အရူးလုပ်ရတာလဲလို့ပေါ့….။ ကို့မှာချစ်သူရှိရက်နဲ့ သူမကိုဘာလို့ချစ်တယ်
ပြောရတာလဲလို့ မေးလိုက်ချင်နေတယ်လေ….။ ဒါပေမယ့် သူမ သူ့ရဲ့ စကားလုံးတွေကိုခံနိုင်ရည်မရှိမှာစိုးလို့ ဘလော့ဂ်လုပ်ပစ်လိုက်တယ်….။ နောက်
တော့ သူမအိမ်မှာတစ်ယောက်တည်း ငိုနေမိတယ်….။ သူ့ဆီက ချစ်တယ်ဆိုသောစကားကိုကြားရပြီး သည့်နေ့က စိတ်ကူးယဉ်မိသမျှ သဲထဲရေသွန်သလို
သူမဆုံရှုံးသွားလိုက်ရသည်ဟု ခံစားနေရသည်….။ သို့သော် သူမ သူ့ကိုအပြစ်မမြင်ခဲ့ပါ….။ သူမကိုပြောခဲ့သူမှာ သူမဟုတ်ဟုပင် စိတ်ကလက်ခံနေမိသည်။
နောက်ပိုင်း သူကြားရသည့် သတင်းတွေကြောင့် သူမပိုခံစားခဲ့ရသည်…။ ပေါ့ပျက်ပျက် ဟာသကားထဲက အချစ်အကြောင်းတွေကတောင် သူမကို မျက်ရည်
ကျစေတဲ့အထိဖြစ်လာခဲ့တယ်လေ…။ သူမမှာ နေ့တိုင်း စားလဲ ဒီစိတ် သွားလဲဒီစိတ် ဖြစ်နေခဲ့တယ်လေ….။ သူမရဲ့ ၀မ်းနည်းမှုတွေကို သူ့ကိုသိစေချင်သည်။
သို့သော်လဲသူ့ကို သူမရင်မဆိုင်ရဲခဲ့ပေ….။
သူတွေးနေမိသည်….။ သူမဘာလို့အွန်လိုင်းမလာသလဲလို့ပေါ့….။ သူမအွန်လိုင်းတတ်နေကျ အချိန်တွေလဲ သူသွားစောင့်သည်…။ နောက်ပိုင်း တနေကုန်
ဆိုက်ဘာကိုရောက်နေတတ်သည်….။ သို့သော် သူမကတော့ပေါ်မလာပေ…။ သူမ၏ဖုန်းနံပါတ်ကို သူမ သူငယ်ချင်းများထံမှ မေးသည်…။ မရပေ….။ သူ
နှင့် သူမသည် ငယ်သူငယ်ခင်းဆိုသော်လဲ သူမ၏ ဖုန်းနံပါတ်ကိုသူမသိပေ…။ သူဝမ်းနည်းနေမိသည်….။ သူမကိုမတွေကရတော့ သူ့အတွက် တစ်စုံတစ်ခု
လစ်ဟာနေသလိုခံစားနေရသည်….။ သူ ဟိုနေ့က သူမကိုနောက်လိုက်သည်မှာလွန်သွားသည်လားလို့ပေါ့….။ စင်စစ် သူသည် သူမကို စရန်အတွက်သာ
ရည်ရွယ်ခဲ့ခြင်းဖြစ်သည်….။ သို့သော် သူမကတကယ်ထင်သွားခဲ့ပြီလား မသိဟု
အကြိမ်ကြိမ် တွေးမိသည်….။ သူတို့နှစ်ယောက်အကြောင်းကို သူ မည်သူ့
ကိုမျှမပြောဘဲ ရေငုံနှုတ်ပိတ်နေခဲ့သည်….။ စိတ်ထဲမှလဲကြိတ်ခံစားနေရသည်….။ အရူးတစ်ပိုင်းဖြစ်နေခဲ့သည်….။ နောက်သူမ၏ သူငယ်ချင်းတစ်ယောက်
ဖြစ်သူထံသူ ရင်ဖွင့်ခဲ့မိသည်….။ အဲ့သည့်နောက်ပိုင်းတွင်လဲ သူအွန်လိုင်းမတတ်ဖြစ်တော့ပေ….။ ဘာလို့လဲဆိုတော့ အွန်လိုင်းမှာချစ်သူမရှိ၍ ပင်ဖြစ်သည်။
ဒါကိုတော့သူမမသိနိုင်တော့ပေ…။ အဲ့သည့်နောက် သူဇာတိမြေကိုပြန်ရောက်လာခဲ့သည်…။ ဇာတိမြေကိုရောက်တော့ သူမ၏အိမ်ဘက်ကိုဦးဆုံးသွားမိသည်။
သူမများရှိလေမလားလို့ပေါ့….။ သူမ၏အိမ်မှာတော့ သူမငယ်စဉ်က သူမ၏အဖေနှင့် စီးနေကျ ဆိုင်ကယ်ကြီးက ကျွန်တော့်ကိုလှောင်နေသလို
ခပ်တည်တည်ပင်။ အရင်ကတတ်ခဲ့တဲ့ နေရှင်နယ် ဟိုင်စကူးကြီးမှာလဲစိန်ပန်းတွေကဝေလို့…။ သူမများလာလေမလားလို့သွားကြည့်မိသည်မှာလဲအမောပင်။
ဒီလိုနှင့် ဆောင်းတွင်းရဲ့အေးမြတဲ့ညတွေရောက်လာခဲ့တယ်လေ….။ ဒီလိုနှင့် အချိန်တွေတရွေ့ရွေ့ ကုန်လာခဲ့တယ်..။ဒီလိုနှင့်သူကျောင်းပြီးခဲ့တယ်..။ သူမ
လဲယခုအချိန်ဆို ကျောင်းပြီးလောက်ပြီပဲ….။ သူလဲဟောက်စ်ဆင်းရတော့မှာပဲ…။ သူမနဲ့သာတွေ့ခွင့်ရဦးမယ်ဆိုရင် သူ့ဘ၀ကြီး သေပျော်ပြီဟုတောင်တွေး
မိသည်…။ဒီလိုနှင့်သူဇာတိလေးမှာပဲဟောက်စ်ဆင်းသည်..။သူမကိုတော့ ယခုအချိန်ထိမတွေ့ရသေးပေ…။ သူလဲယခုဆို ဟောက်စ်ဆာဂျင်ဘဝ
ရောက်လာခဲ့လေပြီ…။ သူမနှင့်ခွဲခဲ့ရတာလဲ ထနေ့အထိဆို ၅နှစ်တိတိရှိလာခဲ့ပြီလေ….။ သူ့စိတ်ထဲမှာတော့ သူမက နေရာယူထားဆဲပင်…။ သူမ၏စိတ်ထဲ
တွင်တော့ သူဆိုသည့်ကောင်လေးမှာရှိပါဦးပါ့မလားဟုတွေးနေမိသည်…။ သူမကိုသတိရတိုင်းသူရေးဖူးတဲ့ကဗျာလေးတွေပြန်ဖတ်ပြီးလွမ်းတတ်သေးတယ်လေ။
မှတ်မှတ်ရရ သူမှတ်မိနေတဲ့ကဗျာတစ်ပုဒ်ရှိတယ်လေ…။ စောင့်နေဆဲဆိုတဲ့ကဗျာလေးပေါ့…။

“စောင့်နေဆဲ”

ငါ့ဘ၀ရဲ့ကြယ်တာရာတွေ
ဘယ်ကိုအလည်လွန်လို့
နယ်ကျွန်နေကြတာလဲကွာ….။
လမရှိတဲ့ ငါ့ကောင်းကင်မှာ
မင်းတို့ကဘုရင်ပဲလေကွာ…
မင်းတို့အလည်လွန်တော့
ငါလမ်းပျောက်နေပြီလေ…။

လမ်းပြဖို့ပြန်လာလှည့်ပါ…
ငါ့ဘ၀ပျက်စီးမှုကြား
လမ်းမှားနေတုန်းမှာ
မင်းဝင်လာတယ်….
ငါ့ကောင်းကင်မှာ
ကြယ်စင်ဖြစ်ခဲ့တယ်….
လင်းလက်နေခဲ့တယ်….
မျှော်လင့်ချက်ရဲ့ အလင်းရောင်က
မင်းဖြစ်ခဲ့တယ်….။

ဒီလိုလင်းလက်ခဲ့တဲ့မင်းကြောင့်
ငါကိုယ်တိုင်မမျှော်လင့်ခဲ့တဲ့
နေရာလေးတစ်ခုမှာ ရပ်တည်နေတယ်လေ….။
ဒါပေမယ့်
မင်း…ဘယ်အချိန်
ဘယ်နေရာကို
ဘယ်လိုနည်းနဲ့ကြွေလွင့်သွားခဲ့တာလဲ
ငါမသိခဲ့ဘူး………။

ငါဟာမင်းပေးတဲ့ မျှော်လင့်ချက်နဲ့
မင်းကိုရှာနေဆဲပါနော်….
မင်းခွဲသွားလဲနောက်ဆုံးထွက်သက်ထိ
မျှော်လင့်ဆဲပါနော်…….
ပြန်လာခဲ့ပါ………။
ဖေဖော်ဝါရီရဲ့ ရီဝေတဲ့နံနက်ခင်းမှာ
ငါဟာအရင်ကအတူရှိဖူးတဲ့
ကျောင်းတော်ကြီးရဲ့ စိန်ပန်းပင်အောက်မှာ
တစ်ယောက်ထဲ အထီးကျန်စွာစောင့်နေဆဲပေါ့…..။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တိမ်တွေပြိုပြီး မိုးသည်းနေတဲ့နေ့လေးတစ်နေ့……..

သူ့ရဲ့အိမ်တံခါးကို ခေါက်သံကြားရတော့သွားဖွင့်ပေးမိတယ်….။ အဲ့မှာပဲ သူ့မျက်လုံးတွေပြာဝေသွားခဲ့တယ်…။ ပိန်ပိန်လှီလှီနဲ့ အားအင်ချိနဲ့နေသော
မိန်းကလေးတစ်ယောက်နှင့် သူ၏ငယ်သူငယ်ချင်း ကိုတွေ့ရတော့ သူ လန့်သွားသည်….။ ထိုပိန်ပိန်နှင့် မိန်းမငယ်မှာ သူမများဖြစ်လေမလား
ဟု သူ့စိတ်ထဲကထင်နေမိသည်….။ နောက်တော့ သူငယ်ချင်းရဲ့ပြောပြချက်အရ ထိုပိန်ချုံးနေသော မိန်းမငယ် မှာသူမတဲ့…။ ဘယ်လိုမှမယုံနိုင်စရာပင်…။
သူကြောက်လန့်သွားမိသည်…။ သူငယ်ချင်း၏ပြောပြချက်များကြားမှ သူ အရမ်းဝမ်းနည်းသွားခဲ့ရတယ်…။

“ဟုတ်တယ
် သူငယ်ချင်း….. သူမင်းနဲ့ အဆက်အသွယ်ပြတ်သွားတဲ့အချိန်က ထဲက ဒီလိုဖြစ်သွားတာပဲကွ…။ သူမှာမင်းကိုတစ်နေ့တစ်နေ့ မင်းအကြောင်း
ပြောပြီးငိုနေရလွန်းလို့…ဒီမှာကြည့်စမ်းပါဦးကွာ” ဟုဆိုကာ သူမ၏မျက်နှာကိုကျွန်တော်မြင်နိုင်စေရန်လက်နှင့်ပင့်ပေးလေသည်…။ သူမ၏မျက်နှာကို သေချာ
ကြ ည့်မိမှ သူမ၏မျကတွင်းများချိုင့်လျက် မဲနေပြီး လူနှင့်ပင်မတူတော့သော သူမ၏ မျက်နှာကိုကြည့်ပြီးသူလန့်ဖျတ်သွားမိသည်…။ ထို့နောက် သူ သူမကို
ဖက်လိုက်မိသည်…။ နောက်ငိုမိသည်….။ သူမကရှိသမျှအားနှင့်ပြောသည်….။ “ကို…..မငိုပါနဲ့တော့….ကို့ကိုနောက်ဆုံးအကြိမ်တွေ့ခွင့်ရတဲ့အတွက်သေပျော်
ပါပြီ ကို……”ဟုပြောပြီး သူမအသံတို့တိမ်ဝင်သွားခဲ့သည်….။ သူအော်ပြောမိသည်…… “မသေပါနဲ့ဦးကွာ…..ကိုယ့်ကို မျက်လုံးဖွင့်ကြည့်ပါဦးကွာ…။ ပြီးရင်
လက်ထပ်ကြတာပေါ့ကွာ….။” သူပြောသာပြောနေသော်လဲ သူ၏အသံတို့ကိုသူမမကြားနိုင်တော့ပေ….။ သူမ၏ခန္ဒာကိုယ်နဲ့အသက်ဝိဥာဉ်လွဲသွားခဲ့လေပြီ။
သူလဲပြော၍ငိုနေရင်းမေ့မြောသွားခဲ့သည်….။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx–
သူနှင့်သူမလက်တွဲပြီးမင်္ဂလာအခန်းအနားကိုကျင်းပနေသည်….။ သူမကအဖြူရောင်ဝတ်စုံကိုဝတ်လို့…..။ သူကတော့ ကုတ်အင်္ကျီအနက်ရောင်နှင့်…။ လွန်စွာ
မှလှပနေသည်….။ သို့သော် သူတို့လက်ထပ်ပွဲကိုတက်ရောက်သူမရှိ….။ ဖာသာတစ်ဦးသာရှိသည်….။ ဖာသာကဟိုဘက်လှည့်နေသည်…။ သူတို့တစ်လှမ်းချင်း
လျှောက်လာခဲ့သည်…။ သူတို့ဖာသာနားရောက်တော့ဖာသာဒီဘက်လှည့်လိုက်ရာ ယင်းဖာသာသည်ကြောက်စရာသေမင်းတမန် အဖြစ်ပြောင်းသွားပြီး သူမကို
သူ့လက်ထဲမှခေါ်သွားလေသည်….။ သူလဲအတင်းပြေးလိုက်သည်…။ သို့သော်မမှီတော့ …အလှမ်းဝေးလာသည်နှင့်သူလဲ ကုန်းအော်မိသည်….။
“မခေါ်သွားပါနဲ့…..မခေါ်သွားပါနဲ့”….“ပြန်လာခဲ့ပါနော်….ပြန်လာခဲ့ပါ……ကို့ကို ခွဲမသွားပါနဲ့” သူအော်ပြောနေသော်လဲ သူမလှည့်မကြည့်တော့…။ သူ၏
မြင်ကွင်းမှသူမပျောက်ကွယ်သွားသည်….။ တဖြည်းဖြည်းမြင်ကွင်းတို့ အရောင်ပြောင်းလာသည်….။ မျက်စိပင်စူးလာသည်…။ နောက်တော့nurse တစ်ဦး၏
အသံကြားရသည်….။ “သတိရလာပြီလား”တဲ့…။ ကျွန်တော်လဲနှိုးနှိုးချင်းမေးလိုက်သည်…။ “သူမရော”ဟုမေးသော် ဘယ်သူမှပြန်မဖြေတော့ပေ…။ ကျွန်တော်
သဘောပေါက်လိုက်သည်….။ သူမသေဆုံးသွားလေပြီဟု….။ “မဖြစ်နိုင်ဘူး…….လုံးဝမဖြစ်နိုင်ဘူး.. မင်းသေလို့မဖြစ်ဘူး…မင်းတစ်ယောက်ထဲပေးမသွားဘူး
ကိုယ်လဲလိုက်လာခဲ့မယ်ခဏတော့စောင့်ပါနော်….”တဖြည်းဖြည်းညကနက်လာသည်…။ သူကတင်ပေါ်ကထလိုက်သည်…။ ပြီးတော့ဆေးရုံမှန်တံခါးကိုဖွင့်လိုက်
သည်….။ “ကိုယ်လိုက်လာပြီ” ဟုပြောပြီး သူခုန်ချလိုက်သည်…။ ရုတ်တရတ်သူ့ကိုယ်တို့ပေါ့ပါးသွားခဲ့သည်…။ နောက်သူပန်းခင်းထားတဲ့လမ်းလေးတစ်ခုဆီသို့
ရောက်လာခဲ့သည်….။ နောက်မြစ်လေးတစ်ခုနားရောက်လာခဲ့သည်..။ မြစ်ကမ်းဘေးမှာလေတစ်စင်းရျိသည်…။ မြစ်ဟိုဘက်ကမ်းကိုကြည့်လိုက်သောအခါ သူမက
သူ့ကိုပြုံးပြီးကြည့်နေသည်…။ သူလှေလေးဆီသို့သွားပြီးလှောခတ်သွားသည်…။ ဟိုမှာဘက်ကမ်းရောက်တော့ သူမလက်ကိုစွဲလို့ချစ်သူနှစ်ဦးတိတ်ဆိတ်စွာ
ထွက်ခွာသွားတော့သည်….။

No comments:

Home