အချစ်ဆိုသည်မှာ
ရယူပိုင်ဆိုင်လိုမှုဟု
အဓိပ္ပါယ်ဖွင့်ဆိုခဲ့လျှင်
ကျွန်ုပ်၏ ဖြူစင်သော
သူမအတွက်ပေးဆပ်လိုမှုတို့သည်……….
အုတ်ဂူဖြူဖြူလေး၏ ရှေ့တွင် အသက် ၂၄နှစ်အရွယ်ရှိ မိန်းမငယ်တစ်ယောက် ပန်းစည်းအဖြူတစ်စည်းကို ကိုင်၍ ဖြူဆုတ်သောမျက်နှာ နှင့် မင်သက်ငေးငိုင်နေသည်…။ သူမ၏ ဂါဝန်ရှည် အဖြူရောင်မှာ တိုက်ခတ်လာသော လေထဲတွင် ၀ဲပျံလျက်ရှိသည်…။ သူမ၏ စိတ်ဝိညာဉ်သည်လည်း အတိတ်နှင့် ပစ္စုပ္ပန် ကိုလူးလားခေါက်တုံ ပြန်သွားလျက်ရှိသည်…….။ သူမ သည်လိုနေ့ သည်လိုအချိန်တိုင်း သည်လိုအဖြစ်မျိုး ကိုရင်ဆိုင်လာခဲ့ရသည်မှာ ၅နှစ်ပင်ရှိခဲ့ပြီ ဖြစ်သည်…။ လွန်ခဲ့သောငါးနှစ်…………………………………
————————————————————————————
သူမတွင်သူမကို အလွန်ချစ်သော မိဘများ သူမအလိုရှိသမျှကို ဖြည့်ဆည်းပေးနိုင်သော စည်းစိမ်ဥစ္စာများနှင့်တကွ သူမအလိုကိုလိုက် သူမအနွံတာကိုခံသော သူမ အနိုင်ကျင့်သမျှကိုခံသော သူမချစ်သည့် သူမကိုလည်းလွန်စွာချစ်သည့် ချစ်သူတစ်ယောက်လည်း ရှိခဲ့သည်….။ သူမတွင် ထိုသို့ အရာရာ ပြည့်စုံခဲ့သော်လည်း သဘာဝ၏ သဘောတရားအတိုင်း အလုံးစုံတော့ ပြည့်စုံခဲ့သည်မဟုတ်…..။ သူမတွင် မွေါ်ရာပါနှလုံးရောဂါရှိနေသည့်အချက်ကသာ သူမအတွက် အကြီးမားဆုံး အားနည်းချက်ဖြစ်နေခဲ့သည်………။ ဒိနှစ်ပိုင်းတွေအတွင်း သူမရောဂါက ပိုလို့ဆိုးရွားလာခဲ့သည်…….။ မကြာခဏဆိုသလို အမောဖောက်လာခဲ့သည်….။ အချိန်တိုင်း ဆေးကိုသူမ၏ ကိုယ်နှင့်မကွာဆောင်ထားခဲ့ရသည်…….။ သူမ၏ ဆိုးရွားလာသော ကျန်းမာရေးအခြေအနေ များကိုခုခံ နိုင်ရန် သူမ၏ မိဘ သူမ၏ချစ်သူ သူမ၏ ပါတ်ဝန်းကျင်က သူမကို နည်းအမျိုးမျိုးဖြင့် အားပေးခဲ့သည်…….။ သို့သော် ကံကြမ္မာ၏ ထိုးနှက်ချက်ကို သူမတို့မည်သို့ပင် ကာကွယ်စေခဲ့ကာမူ နောက်ဆုံးတွင်တော့……………..။
————————————————————————————
ပထမ ဒုတိယ တတိယ
အားလုံးကို ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက်
အရာအားလုံးရဲ့ နောက်ဆုံးဆိုတာကိုလဲ
ပိုင်ဆိုင်ချင်ပါသေးရဲ့…………။
နေမင်းလွင် သည်တစ်ကောင်ကြွက်တစ်ကောင်ဖြစ်သည်…….။ သူ၏မိဘများမှာ သူအသက်နှစ်ခါလည်သား အရွယ်ကပင်ဆုံးပါးသွားခဲ့ပြီဖြစ်သည်…….။ ထိုအချိန်မှ စ၍ သူ၏အဖိုးဖြစ်သူ နှင့် နေလာခဲ့သူဖြစ်သည်………။ သူ့အဖိုးမှာလဲ သူ့အားအလွန်ချစ်သည်…..။ တစ်ဦးတည်းသော မြေးလေးဖြစ်သည့်အတွက် ရွှေကလပ်ပေါ်တင်ပြီး ဖူးဖူးမှုတ်ထားသည်….။ မြေးလေးဘ၀တွင် လိုတိုင်းရ ရလေအောင် ဖြည့်ဆည်းပေးခဲ့သည်…….။ နေမင်းလွင်၏ ဘ၀တွင် ဘာကိုလိုချင်လိုချင် ရခဲ့သည်သာဖြစ်သည်………။ သူ မရခဲ့သော သူအလွန်တပ်မက်သောအရာကိုကားသူမရခဲ့ပေ….။ ယင်းမှာ မိဘမေတ္တာနှင့် မိသားစုဘ၀ပင်ဖြစ်သည်…..။ နေမင်းလွင်၏ဘ၀သည် ကံဆိုးလွန်း လှသည်ဟုပြော၍ရသည်…..။ သူ၏တစ်ဦးတည်းသော ဆွေမျိုးဖြစ်သူ အဖိုးမှလြဲ သူ့အသက် ၂၀ကျော်အရွယ် ကျောင်းတတ်နေစဉ်မှာပင် ဆုံးပါးသွားခဲ့သည်……..။ သူ့အဖိုး ဆုံးသွားတော့ သူအကြီးအကျယ်စိတ်ဓါတ်ကျသွားခဲ့သည်….။ ထိုနှစ်က သူကျောင်းလဲဆက်မတတ် ဖြစ်ခဲ့ပေ…..။ စိတ်တွေလေလွင့်ရင်း စိတ်ပြေလက်ပျောက် သင်တန်းတွေလိုက်တတ်ဖြစ်သည်……။ တစ်စုံတစ်ခုကိုမှတော့ သူ စိတ်မပါခဲ့ပါ…..။ ထိုသို့လေလွင့်ရင်း နှင့်ပင် သူ မေဘုန်းနှင့်တွေ့ခဲ့သည်…..။ မေဘုန်းမှာမူ သူနှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်သည်….။ မေဘုန်းတွင် မိဘအစုံအလင်ရှိသည်…။ သူလိုချင်သော မိသားစုဘ၀မျိုးကို မေဘုန်းကပိုင်ဆိုင်နေနိုင်ခဲ့သည်…..။ ထို့အတွက် သူအားကျခဲ့သည်……။ မေဘုန်းကြောင့် သူ့စိတ်ဓါတ်အင်အားများ ပြန်လည်ဖြစ်ပေါ်လာစေခဲ့သည်…။ သူ့ဘ၀ရဲ့ လစ်ဟာနေသောတစ်စုံတစ်ခု ကိုမေဘုန်းကယူဆောင်လာခဲ့သည်…….။ သူ မေဘုန်းနှင့် စသိတော့ မေဘုန်းမှာ ၁၀တန်းဖြေပြီးကာစ ကလေးမလေးသာဖြစ်သည်…..။ မေဘုန်းကသူကထက်အသက် ၄နှစ်ကျော်မျှငယ်သည်….။ မေဘုန်းသည် သု့ဘ၀ထဲသို့ မဖိတ်ခေါ်ပဲ ရောက်ရှိလာသည့် ဧည့်သည့်ဖြစ်သည်……..။ မဖိတ်ခေါ်ပဲ ၀င်လာသည့်မေဘုန်းကို သူ့ဘ၀ထဲမှ မနှင်ပဲ ထွက်သွားမည်ကိုစိုးရွ့ခဲ့သည်……။ သို့သော်လည်း……….
————————————————————————————
အဖြူရောင်နဲ့အပြာရောင်တို့
ပေါင်းစပ်ခွင့်ရတဲ့အခါ ကောင်းကင်ဆိုတာဖြစ်၍
သူမနှင့်ကျွန်တော်သာပေါင်းစပ်ခွင့်ရခဲ့လျှင်…………….
မေဘုန်းကိုနေမင်းလွင်မတွေ့ရသည်မှာ တစ်ပါတ်ပင်ပြည့်တော့မည်ဖြစ်သည်…….။ အရင်ကဆို သူအလုပ်မအား၍ သွားမတွေ့နိုင်လျှင်ပင် ညဘက်ဆိုမေဘုန်းက ဖုန်းဆက်နေကျဖြစ်သည်……။ သို့သော် ယခုတော့ ထိုသို့မဟုတ်……။ မေဘုန်းက သူ့ကိုရှောင်နေသည်…..။ အိမ်မှာသွားရှာတော့လဲ ထွက်မတွေ့…။ ဖုန်းဆက်တော့လဲ မကိုင်နှင့်….။ မေဘုန်းနှင့်သူချစ်ခဲ့သည့် သက်တမ်းတစ်လျောက်လုံး မေဘုန်းသူ့ကိုဒီလိုရှောင်နေတာမျိုးမရှိခဲ့……။ သူမေဘုန်းအပေါ် ဘာအပြစ်လုပ်မိလို့လဲဆိုတာကိုသာ အခါခါစဉ်းစားနေမိသည်…..။ ဒီလိုနှင့်မေဘုန်းနှင့်မတွေ့ရသည်မှာ တစ်ပါတ်ကျော်၍ နှစ်ပါတ်ထဲပင်ရောက်လာခဲ့သည်….။ သူမည်သို့မျှမနေနိုင်တော့…..။ မေဘုန်းအိမ်သို့သွားပြီ မေဘုန်းနှင့်မတွေ့ရမချင်း မပြန်ရန်ဆုံးဖြတ်လိုက်သည်….။ ဟိုရောက်တော့ မေဘုန်းမေမေ၏ စကားများကြောင့် သူဆောက်တည်ရာမရဖြစ်ခဲ့သည်…..။ မေဘုန်းနှလုံးအစားထိုးကုသမှုမပြုလုပ်နိုင်လျှင် နောက်ထပ် လအနည်းငယ်သာခံတော့မည်တဲ့……။ ကြားကြားချင်း သူမည်သို့မျှ မယုံကြည်နိုင်ခဲ့……။ စိတ်တွေက သူ့အဖိုးဆုံးသွားသည့် လွန်ခဲ့သော ၃ နှစ်ကလိုပင် လေးလံလာခဲ့သည်…..။ မေဘုန်းကိုသူမစွန့်လွှတ်နိုင်ပေ…..။ ချစ်သူနှင့်ကွေကွင်းရသောဘ၀ကို သူမုန်းလှပြီဖြစ်သည်……။ မေဘုန်းကိုသူ့ဘ၀ထဲမှ မည်သို့မျှ ထွက်ခွာသွားခွင့်မပေးနိုင်ပေ…။ သူတစ်ခုတည်းသာဆုတောင်းနေမိသည်…။ “မေဘုန်း……. ကလေးမလေးရေ………. သွားမယ်ဆိုလဲ တားခွင့်မရှိတဲ့ကိုယ့်ကို တစ်ယောက်ထဲမထားခဲ့ပါနဲ့ကွယ်…။”
————————————————————————————
ဆုံးရှုံးခြင်းတွေများလာတဲ့အခါ
ဘာကိုမှငါလက်မလွှတ်နိုင်တော့တဲ့အခါ
နှလုံးသားမှာ အတ္တတွေဆူးရင်း
ငါ့ကိုယ်ငါပဲ……… စွန့်လွှတ်လိုက်တယ်………….။
မေဘုန်းကိုကို့ကို အရမ်းသတိရနေသည်……..။ သူမ၏ ခွဲစိတ်မှုအောင်မြင်ပြီးတဲ့အချိန် ကျလျှင် ကိုကို့ထံသိုကအရင်ဆုံးသွားပြီး ကိုကို့ကိုရှောင်နေမိသည့်အတွက် ခွင့်လွှတ်ရန်တောင်းပန်မည်…..။ ကိုကို့ကို ခွဲမသွားနိုင်လို့ အဖြစ်မှန်တွေကို ရင်မဆိုင်ရဲလို့ရှောင်နေတဲ့အကြောင်းတွေ ကိုကို့ကိုဘယ်လောက်ချစ်တဲ့အကြောင်းတွေကို ကိုကို့ရဲ့ရင်ခွင်ထဲမှာ မှီလို့ တီတီတာတာ ချွဲမည်ဟု စိတ်ကူးရင်း သူမ operation ခန်းထဲသို့ဝင်လာခဲ့သည်….။ အားလုံးခန့်မှန်းထားသည့်အတိုင်း သူမ၏ခွဲစိတ်မှုမှာ အောင်မြင်စွာပြီးဆုံးခဲ့သည်….။ ထို့အတွက်မေဘုန်း၏မိဘများမှာ ပျော်ရွှင်မှုတစ်ချို့နှင့်အတူ ၀မ်းနည်းနေမိသည်…..။ ထိုအချိန်တွင် “ကိုကို့ကိုတွေ့ချင်တယ် မေမေ ကိုကို့ကိုတွေ့ချင်တယ်……. ” မေဘုန်းရဲ့မေမေမှာသက်ပြင်းရှည်ကြီးကိုချပြီး “သမီးရဲ့ကိုကို ကသမီးရဲ့အနီးဆုံးမှာ ရှိနေပါတယ်သမီးရယ်……. ဒါပေမယ့် သမီးသူ့ကို မြင်ရမှာမဟုတ်ဘူး…… သူသမီးအတွက်ဒီစာလေးပေးခဲ့တယ်သမီး….. သူဘယ်ကိုထွက်သွားတယ်ဆိုတာ သမီးဒီစာဖတ်ပြီးရင်သိမှာပါကွယ်………။”ပြောပြီး မျက်လွှာချကာ စာကိုမေဘုန်းလက်ထဲသို့ထိုးပေးလိုက်သည်…..။ အမှောင်အရိပ်တို့က ခပ်ဆိတ်ဆိတ်ပဲ ကျဲပက်ထားတယ်……။ လေးလံသောစိတ် တုန်ရီသော လက်အစုံနှင့်မေဘုန်း စာကိုဖွင့်လိုက်သည်…………………..။
ကလေးမရေ
တစ်လှမ်းချင်း လှမ်းရင်တစ်လှမ်းစာပဲ ခရီးရောက်လိမ့်မယ်….။ တစ်ချက်ချင်းခပ်နစ်နစ်ခြစ်ရင် ဒါဏ်ရာတွေကပိုပိုပြီးနက်လာတယ်….။ ပိုပြီးခံစားရခက်တယ်…။ နှလုံးသားကရှင်လျက်နဲ့သေနေရာတာထက်စာရင် နှလုံးသားတစ်ခုလုံး ထုတ်ပြီး သေဆုံးသွားရတာမှ ခံစားရလွယ်ပါသေးတယ်ကွယ်………..။ အကို့ရဲ့ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့အချစ် ကကိုယ့်အတွက်နောက်ဆုံးဖြစ်နိုင်ပါစေ……….။ ကိုယ့်နှလုံးသားက တစ်ယောက်သောသူအတွက်ပဲ ဖြစ်ပါစေ…….။အနာဂါတ်တွေကခါးသက် လွန်းတဲ့အခါ အတိတ်တွေမှာ ပျားရည်မြစ်တွေစီးဆင်းခဲ့ဖူးတာကို သတိရပေးပါ…..။ ပစ္စုပ္ပန်တွေပြီးရင် အနာဂါတ်ဆိုတာ ရှိမလာခဲ့ရင် အတိတ်တွေထဲမှာပဲ ပျော်မွေ့ချင်တယ် ကလေးမလေးရေ……။ အများကြီးမမျှော်လင့်ပါဘူးကွယ်…….။ ကလေးမရဲ့ နှလုံးခုန်သံ စည်းချက်တိုင်းမှာ ကိုယ့်ရဲ့ အတ္တတွေ ပါခဲ့ရင်ပဲ ကျေနပ်ပါပြီကွယ်…..။ မမျှော်လင့်သောအရာတွေက မမျှော်လင့်ပဲ ရင်ကိုလာရိုက်ခတ်သွားတဲ့အခါ အတ္တတွေ စူးရင်းအရာရာကိုစွန့်လွှတ်ခဲ့တယ်…။ ကလေးမရဲ့ အနီးဆုံးဆိုတာရဲ့ အနီးဆုံးမှာ အဝေးဆုံးအရပ်က ကိုယ်အမြဲရှိနေပါဦးမယ်ကလေးမရယ်…………………………..။
အနားသတ်တွေပွန်းပဲ့သွားတဲ့နေ့
ခန္ဓာမပါပဲရှင်သန်နေ့မယ်
နေမင်းလွင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment