Home

နောက်ကျတဲ့ နံနက်ခင်း

(၁)
သက်တော်(၇၀) ကျော် ဘုန်းတော်ကြီးက ချွဲသလိပ် တစ်ဆို့သော အသံတုန်တုန် အက်အက်ကို ဣနြေ္ဒရစွာ ညှစ်ထုတ်ရင်း မြတ်စွာဘုရား၏ မင်္ဂလသုတ် တရားတော်နှင့် တွဲစပ်လျက် အာဝါဟ၊ ၀ိဝါဟ မင်္ဂလာရေးရာများ၊ လင့်ဝတ်မယားဝတ် စသည်များကို ရှည်လျား ဝေ့လည်စွာ ဟောကြားပြီးနောက် အနု မောဒနာတရားကို တိုတိုကျဉ်းကျဉ်းဟော ပြောပြီးချိန်တွင် နံနက် (၁၁) နာရီထိုးသွားပြီ ဖြစ်သည်။လည်ချောင်း ခြောက်သွေ့သွားပုံရ သော ဘုန်းတော်ကြီးသည် အားလုံး သာဓုခေါ်သံများ ရပ်တန့် သွားသည်နှင့် သူ့ရှေ့မှာ အသင့် ရှိနေသော ကမ္ဗလာသီး ဖျော်ရည်ကို တစ်ကျိုက်၊ နှစ်ကျိုက်မျှ ဘုန်းပေးတော်မူသည်။
သူသည် ငယ်ဖြူစင်စစ်၊ သက် တော်ရှည်၊ သီလသမာဓိကြီး မားသော ရဟန်းတစ်ပါးဖြစ် သော်ငြား ယခုကဲ့သို့ မင်္ဂလာ ဆွမ်းကျွေး၊ မင်္ဂလာ အလှူ ဒါန ပွဲငယ်ကလေးများတွင် မမော မပမ်းနိုင် ရှည်ရှည်လျားလျား ကျယ်ကျယ်ပြန့်ပြန့် ဟော ကြား ဆုံးမလေ့ရှိပါသည်။ ဘာကြောင့်မှန်းတော့ ဘယ်သူမှ မသိ။

ပုကွဝဖိုင့်သော သတို့သား ခင်မောင်စိန်သည် ဘုန်းတော်ကြီးရှေ့ လေးပေ အကွာလောက်မှာ (၁)နာရီခန့်ကြာအောင် ကျုံ့ကျုံ့ဝပ်ဝပ် ထိုင်နေခဲ့ရသဖြင့် ညောင်းညာထုံကျဉ်ကာ ငုံ့ထား ခဲ့သော ဦးခေါင်းကို ပြန်မော့၍ မရတော့သလို ဇက်ကြီးခိုင် လျက် စိတ်ညစ်သလို ခံစားနေရ၏။ နံနက်(၁၀)နာရီနေရှိန် သောကြောင့် သူ့တစ်ကိုယ်လုံးမှာ ချွေးစိုပြီး ပူစပ်အိုက်လှောင်၊ ယားကျိကျိဖြစ်နေသည်။

(၂)
သူ့ဘေးမှ သတို့သမီး မာလာသန့်သည်လည်း ခင်ပွန်း လောင်းနည်းတူ မလှုပ်မယှက် ထိုင်နေခဲ့ရာက ကျောက်ရုပ် ကြီးဖြစ်သွားသကဲ့သို့ ပကတိ ငြိမ်သက်နေ၏။ မာလာသန့်၏ သေးသေး ချွန်ချွန်နှာခေါင်းဖျား ထိပ်၌ ချွေးပွင့်ကလေးတွေ စို့တွယ်နေသည်ကို သူမကိုယ် တိုင်ပင် သတိ မထားမိနိုင် ထုံထိုင်းနွမ်းနယ်နေသည်။
မင်္ဂလာဆွမ်းကျွေး၊ မင်္ဂလာ တရားပွဲ ကလေးသို့ လာရောက် တရားနာ သာဓုအနု မောဒနာခေါ်ကြသူ များများ စားစားမရှိ။ ဆရာတော်တရား ချီးမြှင့်ရာ အခန်းကလေးမှာလည်း တရားနာ ပရိသတ် များများစားစား အတွက် နေရာ ကျယ်ဝန်းမှု မရှိ။ နှစ်ဖက် မိဘများ၊ အရင်းခြာဆုံး နှစ်ဖက် ဆွေမျိုးအနည်းငယ်၊ ဆွေမျိုးလို ခင်မင်သူမိတ် သင်္ဂဟ အချို့နှင့်ဆိုလျှင် စုစုပေါင်း တစ်ဒါဇင်ခွဲ လောက်ပဲ ရှိနိုင်သည်။ ဆရာတော်၏ ကျောင်းသင်္ခမ်းအပြင်ဘက် ဓမ္မာရုံခန်းမကြီးထဲ၌မူ ဧည့်သည် ပရိသတ် (၁၀၀)နီးပါးခန့် စုဝေးနေကြ၏။ သူတို့ထဲက အများစုမှာ မင်္ဂလာဦး တရားနာ ရေစက်ချ အစီအစဉ်ပြီး သည်နှင့် ကြက်သားဒန်ပေါက် နှင့် ရေခဲမုန့် အ၀အပြဲ လွေးကြရန်သာ စိတ်စောနေကြ သူများဖြစ်သည်။ ဧည့်သည် အချို့မှာ ဟန်မဆောင်နိုင် လောက်အောင် ဣနြေ္ဒမဲ့လျက်၊ ဆရာတော်၏ တစ်ထပ်တိုက် ကျောင်း ကလေးဆီသို့ လည်ပင်းကြီးတွေ စောင်းလိမ်ရင်း မကြာခဏ လှမ်းကြည့်နေကြ သည်။ ကလေး အချို့ကတော့ စားပွဲများပေါ်ရှိ ရေခဲ ရေဘူးများထဲမှ ရေခဲရေများကို မကြာခဏ ငှဲ့သောက်နေကြ၏။ ယောက်ျားကြီး အချို့က စိတ်မရှည်ဟန်ဖြင့် စီးကရက်တွေ တရကြမ်း ဖွာရှိုက်နေကြသည်။

(၃)
အသက်(၄၁)နှစ်သား ခင်မောင်စိန်သည် သတ္တုကိုင်း ပါဝါမျက်မှန် ကလေးတပ် ထားပြီး ဥပဓိရုပ်ကောင်းသဖြင့် ဉာဏ်ပညာထက်မြက်သူတစ်ဦး အသွင် ပေါ်လွင်နေသော်လည်း (စင်စစ်)သူသည် “အခေါက် ထူ” ထုံထုံ ထိုင်းထိုင်းထဲက သာဖြစ်၍ အရက်အနည်းငယ် မျှ မူးချိန်မှအပ စိတ်မြန်လက် မြန် စကားပြော မြန်လှသူ မဟုတ်ချေ။ သူသည် “နိုင်ငံ ခြားပြန်”ကြေးရတတ် တစ်ဦး ဖြစ်သည့်တိုင် ပညာရှင်ပညာ တတ်တစ်ဦး မဟုတ်၊ အိမ်နီး ချင်းနိုင်ငံ တစ်နိုင်ငံရှိ အထည် လိပ်စက် ရုံကြီတစ်ရုံမှာ (၆) နှစ်ကြာ သာမန်ထုပ်ပိုး ၀န်ထမ်း အလုပ်သမားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူသာ ဖြစ်၏။ ရုတ်တရက်ကြည့်လိုက် လျှင်တော့ ခင်မောင်စိန်က ငယ်ငယ်ရွယ်ရွယ်နှင့်တက္ကသိုလ် တစ်ခုခုမှာ ပါမောက္ခ ရာထူး ရထားသည့် ပညာရှိငယ် တစ်ဦးအလား မှတ်ထင်ရ သည်။ ခင်မောင်စိန်သည် (စင် စစ်) ဆယ်တန်းပင် အောင်ခဲ့ သူ မဟုတ်ချေ။

အသားညိုညို၊ ပိန်ကပ် ကပ်ရိုးကြီးဂေါင်ဂင် သတို့သမီးမှာ အသက်(၃၆)နှစ်ရှိပြီ ဖြစ်၏။ နိုင်ငံကျော် အလှဖန်တီး ရှင်(ကို)စူဇီသက်လျာက သတို့ သမီးမာလာသန့်ကို (၁၆)နှစ် သမီးဟု ထင်ရလောက်အောင် ကြိုးစားပမ်း စားပြင်ဆင် ခြယ်မှုန်းပေးခဲ့သော်လည်း ထိုမိန်းမလျာကြီး ကြိုးပမ်းမှုက အောင် မြင်ခြင်းမရှိ။ မာလာသန့်မှာ ရွှေထည် စိန်ထည်လက်ဝတ် လက်စားများအောက်တွင် တောနယ် ကျေးလက်ဘုရားပွဲ ဈေးတန်းမှ တိုင်းရင်းဖြစ်ရိုးရာ အရုပ် တစ်ရုပ်ကဲ့သို့ မာတောင့်တောင့်ပြောင်ဝင်းဝင်းကြီး ဖြစ်နေပြီး မျက်တောင်တုကြီးတွေက သူမ၏ မျက်နှာ အပေါ်ခြမ်းကို လွှမ်းမိုးထားသယောင် ပင်ထင်နေရသည်။

No comments:

Home