Home

ဘာရယ်မဟုတ် စဉ်းစားမိခြင်း

ဒီနေ့ အဘွားအိမ်မှ အိမ်အပြန် အသားကင် ၀င်ဝယ်ရင်း ထိုင်စောင့်နေရသည်။ စောင့်နေတုန်း အသားကင်သည် ပိုင်ရှင်အမျိုးသမီးနဲ့ မိန်းမတစ်ယောက် သူ့ တို့ ယောင်္ကျားအကြောင်းကို ဘာရယ်မဟုတ် တစ်ယောက်က ထိုင်ရင်း တစ်ယောက်က ရပ်လျှက် အားရပါးရ ပြောနေကြသည်။
သူတို့ ဘာပြောနေလဲဆိုရင် ကျွန်မသာ ယောင်္ကျားလေးဆိုရင် အတင်းတုတ်နေတယ်လို့ ပဲ ရိုးရိုးပြောမိမှာပါ- ပထမတော့ သူများအကြာင်းအတင်းတုတ်တာပါ- နောက်တော့ သူတို့ 
ယောင်္ကျားတွေအကြောင်းပြောရင်း ဂုဏ်ယူနေကြသည်။ ကြံကြံဖန်ဖန် ပင်- ယောင်္ကျားယူရင် ချောလွန်းလျှင် နောက် ငါးနှစ်မကြာခင် သူတို့ မိန်းမပစ်ပြီး အသစ်ယူနိုင်တယ်ဆိုပြီး ပတ်ဝန်းကျင်ဝေဖန်သံကို ခံခဲ့ရပေမယ့်
အခု လက်ထပ်တာ ခြောက်နှစ်ကျော်ပြီဟု ပိုင်ရှင်မိန်းမက ပြောနေသည်။
လမ်းလျှောက်ရင်းလာသူအမျိုးသမီးကသူ့ အမျိုးသားလည်း သူ့ ထက်ချောတယ်ပြောပြီး မိန်းကလေးတွေဖြတ်သွားရင် လှည့်တောင်မကြည့်ဘူးဆို ပြီး တခြားရုပ်ဆိုးဆိုးယောင်္ကျားတွေက သူတို့ မိန်းမများကို ပစ်သွားပြီး နောက်မိန်းမယူတက်ကြောင်းကို သူတို့ အသိတွေထဲမှ ကောက်နှုတ်ပြီး ဖွယ်ဖွယ်ရာရာပြောနေ ကြပါတယ်-
နောက်သူတို့  ကောက်နှုတ်ချက်ကား ယောင်္ကျားယူရင် ချောပေမယ့်လည်း တစ်ချို့ က မပွေမရှုတ်တက်ကြောင်း ၊ တစ်ချို့ က ရုပ်အရမ်းဆိုးပေမယ့်လည်း နောက် မိန်းမ ယူတက်ကြောင်း လှလှပပ
လေး ဖွဲ့ နွဲ့ သွားပါသည်။ ဘေးမှ ထိုင်ပြီး ခဏလေးနှင့် သူတို့ အကြောင်းရော သူများတွေရဲ့ အကြောင်းရော သိသွားသည်။ အသားကင်တောင်မကျက်သေးခင် တော်တော်စုံသည့် အတင်းဗဟုသုတတွေပါလားဟု-
သွားခါနီး မတ်တပ်ရပ်လျှက် အမျိုးသမီးက အသားကင်အမျိုးသမီးကို " ဒါနဲ့  နင့်ယောင်္ကျား ဘယ်သွားသလဲ " ဟုမေးသောအခါ " ဘောလုံးသွားကန်တယ် " ဟူသတက် ၊ ဒီမှာတင် သူတို့  အတင်းပြောခြင်း ပြီးလေသည်။ -
မဆီမဆိုင် ကျွန်မအမ၀မ်းကွဲအကြောင်းရော ကျွန်မအစ်ကို ၀မ်းကွဲအကြောင်းရော စဉ်းစားနေမိတယ်- ဒီနေ့ လည်း အဘွားကပြောပြလို့ သိရတာက ကျွန်မအစ်ကို ကို တွဲနေတဲ့မိန်းကလေးနဲ့
လက်ထပ်ဖို့  အဒေါ်ကနေပြောခိုင်းတော့ ဘာပြောလည်းဆိုတော့ " အပျော်တွဲတာပါတဲ့ " သေရော - ဟိုကကြားရင် ထပ်သေမှာ- သူ့ မှာလည်းအမတွေညီမတွေရော အများကြီးနဲ့ ။ သူ့ ထက်ချောတဲ့ ကောင်မလေးမတွေ့ လို့ များလား။ အစ်ကိုဝမ်းကွဲက သူ့ ကောင်မလေးထက် ပိုချောပါတယ်-
တော်တော်ပဲ စဉ်းစားရခက်သည်။ ဒီကိစ္စတွေနဲ့ ပက်သက်ရင်........
ခေါင်းလည်းရှုပ်သည်။ တော်ပြီ........စဉ်းစားမရရင် လူပျိုကြီးပဲလုပ်တော့မည်။

No comments:

Home