မြို့နယ် ဘောလုံး ကွင်းတွင် ကျေးရွာအုပ်စု အဆင့် ဘောလုံးပွဲ ကျင်းပနေ၏။ ရှမ်းစုရွာ အသင်းက မြောက်ဘက် ဂိုးစည်းမှ နေရာယူပြီး၊ ကန်လှ ရွာ အသင်းက တောင်ဘက် ၈ိုးစည်းမှ ကစား နေကြသည်။
တစ်ချိန်လုံး ကန်လှ အသင်းက တိုက်စစ် ဆင် ဖိကစားရာ ဘောလုံးမှာ အလယ် စည်းပင် ကျော်မလား။ မြောက် ဘက် ဂိုးစည်း (ရှမ်းစု) အသင်း ဘက်တွင်သာ ၀ဲနေ၏။ ကန်လှ ရွာသားများက တခဲနက် သူ့ရွာ အသင်းကို အားပေးနေကြ၏။ ပထမပိုင်းကတည်းက တောင်ဘက် ပွဲကြည့်စင်မှ ကြည့်နေသော ပရိသတ်မှာ အနီးကပ် မကြည့်ရ၍ အားမလို အားမရ ဖြစ်လာသည်။ ကွင်းလယ် ဒိုင်လူကြီးကလည်း ဘောလုံး ၀ဲနေသော မြောက်ဖက် ဂိုးစည်း အနီးမှာပင် ခရာကို ကိုက်လျက် လိုက်ကြည့်နေရ၏။ စည်းကြပ် ဒိုင်များ ကလည်း မြောက်ဘက် ပိုင်းသာ အလံတပြပြနှင့် ကြပ်မတ် နေကြရသည်။
ထိုစဉ် အဝေး တောင်ဘက် ပွဲကြည့်စင်မှ ကြည့်ပြီး အားမလို အားမရ ဖြစ်နေသော၊ ထောင်ထောင် မောင်းမောင်း၊ ၀၀ဖိုင့်ဖိုင့် ဆံပင်ဖြူဖြူနှင့် ဦးကိုမောင်ဆိုသော ရှမ်းစုသားကြီးက ထအော် လိုက်သည်မှာ
“ဟေ့ ဒိုင်တွေကလည်း မတရားဘူး၊ တို့လည်း ပိုက်ဆံပေး ကြည့်တာကွ။ ဒီဘက်လဲ လာပြီး ကစား ခိုင်းဦးမှပေါ့” တဲ့ဗျ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment