အိမ်ထောင်သည်တွေပဲဖြစ်ဖြစ်၊ ချစ်သူ ရည်းစားတွေပဲဖြစ်ဖြစ် ကိုယ့်ဘက် သူ့ဘက် အသိုင်းအ၀ိုင်းထဲ ၀င်ဆံ့နိုင်ဖို့ ဘာတွေ သိထားသင့်သလဲဆိုတာ ဖတ်ကြည့်ပါဦး။
၁။ သင့်ချစ်သူ၊ ဒါမှမဟုတ် ခင်ပွန်းသည်က မိဘဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းတွေကို ခင်တွယ်တတ်သူလားဆိုတာ အရင်ဆန်းစစ်ပါ။
၂။ ခင်တွယ်တတ်သူဆိုရင်တော့ သူ့ရဲ့ ပတ်ဝန်းကျင်ကို သင်နားလည် ပေးနိုင်အောင်အရင်ကြိုးစားပါ။ သူက မတွယ်တာ တတ်တဲ့သူမျိုးဆိုရင်တော့ သင့်ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ တဖြည်းဖြည်းချင်းမိတ်ဆက်ပေးပါ။
၃။ သူ့ရဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အမူအကျင့်၊ စိတ်နေစိတ်ထားတွေကို သိအောင်ကြိုးစားဖို့လိုသလို သင့်ဘက်က သင်နဲ့ နီးစပ်တဲ့သူတွေအကြောင်းကိုလည်း သူ့ကို အလျဉ်းသင့်သလို ပြောပြပါ။
၎။ အလိုက်သိတတ်ပါစေ။ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး သင်က လိုက်လျောညီထွေစွာ နေထိုင်ပြုမူသင့်ပါတယ်။
၅။ နားလည်မှုပေးပါ။ လူဆိုတာက တစ်ဦးတစ်ယောက်တည်း နေထိုင်ရပ်တည်လို့ မရဘူးဆိုတာ သင့်စိတ်ထဲ သိထားရပါမယ်။ ဒါကြောင့် သင့် အတွက်ချည်းပဲ အချိန်ပေးရမယ်လို့ တွေးနေတယ်ဆိုရင်တော့ အဲဒီအတွေးကို ထုတ်ပစ်လိုက်ပါတော့။
No comments:
Post a Comment